မျိုးချစ်စိတ် ဇာတိမာန်ဟာ သူတော်ကောင်းတရား ဟုတ်မဟုတ် ဘုရားဟော မေတ္တာသုတ်နဲ့ ချိန်ထိုးပါ

Atta Kyaw

မျိုးချစ်စိတ် ဇာတိမာန်ဟာ သူတော်ကောင်းတရား ဟုတ်မဟုတ် ဘုရားဟော မေတ္တာသုတ်နဲ့ ချိန်ထိုးနိုင်ပါတယ်။
======================

ထွက်သက်ဝင်သက် အသက်ရှုနေကြသော သတ္တ၀ါများ၊ ကြောက်ရွံ့ ထိတ်လန့်တတ်ကြသော သတ္တ၀ါများ၊ မကြောက်မရွံ့ တတ်သောသတ္တ၀ါများ၊ ခန္ဓာကိုယ် ရှည်လျားသောသတ္တ၀ါ၊ ခန္ဓာကိုယ် ကြီးမားသောသတ္တ၀ါ၊ မရှည်မတို၊ မကြီးမသေး အလယ်အလတ်ဖြစ်ကြသော သတ္တ၀ါ၊ ခန္ဓာကိုယ် ဆူဖြိုးသောသတ္တ၀ါ၊ အဏုမြူတမျှ သေးငယ်ကုန်သော သတ္တ၀ါများ အပါအ၀င် သတ္တ၀ါ အားလုံးတို့သည် ဘေးရန်ကင်းကွာ ချမ်းသာပကတိ ရှိကြပါစေကုန်သတည်း။

မျက်စိဖြင့်မြင်နိုင်သော သတ္တ၀ါ၊ မမြင်နိုင်သောသတ္တ၀ါ၊ အဝေးမှာ၊ အနီးနားမှာ၊ မနီးမဝေးမှာ ရှိနေသောသတ္တ၀ါများ၊ ဘ၀တစ်ဖန် ပြန်မရကြတော့မည့်၊ ဘ၀တစ်ဖန် ပြန်ရကြလေဦးမည့် သတ္တ၀ါအားလုံးတို့သည်လည်း ဘေးရန်ကင်းကွာ ချမ်းသာကြပါစေကုန်သတည်း။

လူတစ်ယောက်ကိုဖြစ်စေ၊ တိရစ္ဆာန်တကောင်ကိုဖြစ်စေ မည်သည့်အကြောင်းကြောင့်မျှ မည်သည့်နေရာမှာမဆို၊ စဉ်းလဲကောက်ကျစ်မကောင်းကြံခြင်း၊ မာန်မာနထောင်လွှားကာ မထီမဲ့မြင်မပြုကြရာ။ ကိုယ်နှုတ်တို့ဖြင့် စော်ကားပုတ်ခတ်ခြင်း မပြုရာ၊ ဒေါသအာဃာတ မထားရာ၊ သူတပါးဒုက္ခရောက်သည်ကို အလိုမရှိရာ။

—————————————

ရှင်တော်မြတ်ဘုရားက အဲသလို အတိအလင်း မိန့်မှာဟောကြားတော်မူခဲ့တယ်။

ငါ့အမျိုး ငါ့အဆွေ ငါနဲ့ လူမျိုးဇာတိတူသူတွေသာ ဘေးကင်းချမ်းသာကြပါစေ။
မျိုးမတူတဲ့သူတွေကို စော်ကားပုတ်ခတ်ပါ၊ ဒေါသ အာဃာတတွေ ထားကြပါ၊ မျိုးမတူသူတွေ ဒုက္ခရောက်အောင် လုပ်ကြပါလို့ ဘုရားက တစ်ခါမှ မဟောဖူးခဲ့ပါဘူး။

အဲဒါကိုမှ မျိုးချစ်စိတ် မျိုးချစ်စိတ်ပဲ မဲတင်းပြီး အာဏာရှင်တို့ ပေးထားတဲ့ နှပ်ကြောင်းအတိုင်း ဆက်ချိုးချင်သပဆိုလည်း ကိုယ့်သဘောနဲ့ ကိုယ်ပါ။

သေချာတာကတော့ ကိုယ်ပြုသည့်ကံ (ကိုယ့်ကာယကံ ၀စီကံ မနောကံ) က ကိုယ့်ဆီ ပြန်လာမှာကတော့ မလွဲပါဘူး။ နှေးတာနဲ့ မြန်တာပဲ ကွာမှာပါဗျား။

နှစ်သစ်မှာ မင်္ဂလာရှိကြပါစေ။
သူတော်ကောင်းတို့ရဲ့ ကုသိုလ်စိတ်များ ပွားများနိုင်ကြပါစေ။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s