လက်ရှိပြဿနာတွေမှာ အစိုးရပါဝင်ပတ်သက်နေတယ်လို့ ကင်တားနားပြော

Maung Maung

Jason Jannati
April 15, 2013 ·
လက်ရှိပြဿနာတွေမှာ အစိုးရပါဝင်ပတ်သက်နေတယ်လို့ ကင်တားနားပြောတုန်းက ငြင်းလိုက်ပုံများ ကြားလို့တောင်မကောင်းဘူး။
မနေ့က မိတ္ထီလာဗီဒီယိုတွေကြည့်ရတယ်ဗျ။ သတ်တာဖြတ်တာတွေမြင်မကောင်းဘူး။
တစ်ခုသတိထားမိတယ်ဗျ။ ဗီဒီယိုတိုင်း ရဲကိုကိုတွေ ပါတယ်။ အခင်းဖြစ်တဲ့နေရတိုင်း
သူတို့ရှိတယ်။ မတ်တပ်ရပ်ပြီးပွဲကြည့်တယ်လေ။ ရေသန့်ပါကမ်းလိုက်သေးတယ်။
“မင်းတို့တွေ မြန်မြန်လုပ်နော်”တဲ့ ရဲတပ်ဖွဲ့ဝင်တစ်ဦးစကားတဲ့ဗျာ။


“ဆရာကြီး ဟိုဖက်မှာကုလားတွေလာနေပြီ” လက်ထဲမီးတုတ်နဲ့ မျိုးချစ်တစ်ဦးကလဲ
စခန်းမှူးလား၊ရဲမှူးလား မသိ ဗိုက်တစ်တောင်လောက်ထွက်နေတဲ့ စားဖားရုပ်နဲ့
ယူနီဖောင်းဝတ်တစ်ဦးကို အကူအညီခေါ်သဗျ။ သူမီးရှို့နေတုန်း ရိုက်ခံရမှာစိုးလို့ထင်တယ်။
ဆိုင်ဖျက်တဲ့ အချိန်လူမရှုပ်အောင် ရှင်းပေးတာလဲ ရဲကိုကိုတွေပဲ။ Eleven လိုမီဒီယာကပါရဲကိုကိုတွေ
သောက်သုံးမကျတာကိုပြောခဲ့တယ်လေ။ ဒါတောင် ငြင်းတယ် အစိုးရမပါတဲ့။
ဟုတ်ပါပြီ။ အစိုးရဆိုတာ သမ္မတနဲ့ လွှတ်တော်ကိုပြောတာလား။ ဘကြီးပြောင် မီးဆင်းရှို့မှ အစိုးရပါတယ်ပေါ့။
ဟုတ်စ။ ဥက္ကဌအန်ကယ်မန်း လူဆင်းသတ်မှ အစိုးရပါတာပေါ့။ ဟုတ်လား။
ငတုံးတွေကိုနည်းနည်းလောက်ပြောပြချင်တယ်ဗျ။ ရဲတပ်ဖွဲ့ဆိုတာ စစ်တပ်ပြီးရင် လက်နက်ကိုင်အများဆုံးရှိတဲ့
တရားဝင်အဖွဲ့အစည်းဆိုတာမမေ့နဲ့။ ဒီလို အစိုးရအဖွဲ့အစည်းတစ်ခုက အကြမ်းဖက်သမားတွေကကို
ရေသန့်ကမ်းနေမှတော့ ပြီးပြီပေါ့။ “ကဲ ဦးကြီး ဘာလိုသေးလဲ”ပေါ့ဗျာ။
သတင်းကြားလိုက်ပါတယ်။ ဖျက်ခံလိုက်ရတဲ့ ဆိုင်ရင်တွေ တစ်ယောက်14နှစ်တဲ့။ လူသတ်ရင်တောင် 7နှစ်နော်။
ရွှေဆိုင်မှာပြဿနာဖြစ်ရင် 14နှစ်ဗျ။ ကောင်းလိုက်တဲ့ ဥပဒေမျိုး။ ဟမ္မူရာဘီ ပါသေချင်သွားမယ်။
ကဲထားပါတော့ ဒီလူတွေ 14,14,14, ဆိုတော့ တာဝန်မျက်ကွယ်ပြုပြီး လက်ပိုက်ကြည့်ခဲ့တဲ့ ရဲကိုကိုတွေကိုရော. . .
ဘယ်လိုအရေးယူမလဲ။ မန္တလေးတိုင်းရဲချုပ် ဘယ်လိုရှင်းလင်းချက်ပေးမလဲ။ သက်သေမရှိဘူးမပြောနဲ့။ ကျုပ် ကွန်ပြူတာထဲမှာ
သက်သေအပြည့်ရှိတယ်။ ဒီလိုပဲ ပွဲပြီးမီးသေ ရှောင်ရှောင်လေး လွတ်သွားလို့ရမလား။
လက်ပံတောင်းမီးရှို့တုန်းကလဲ ရဲကိုကိုတွေပဲ။
ဥပဒေအထက်မှာ ဘယ်သူမှမရှိရဆိုတဲ့ Clean and Clear ဘဘကြီး ဘာလုပ်နေလဲမသိဘူး။
တရားဥပဒေစိုးမိုးဖို့လိုတယ်အမြဲပြောတဲ့ ငြိမ်ဝပ်ပိပြားရေးဥက္ကဌအဘွားကြည်ရော ပီကေဝါးနေလားမသိ။ အာစီးကိုပိတ်လို့။
ဒီလို ဒီလိုနဲ့ လူများရင် အီက ကျွဲဖြစ်တဲ့ ခေတ်မှာ မြန်မာကမွတ်စလင်မဟုတ်တဲ့ အခြားလူနည်းစုတွေရောဘယ်လိုလုပ်မလဲ။
ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေလုပ်နေပြီး တစ်ဖက်လည်းက ဂျီနီဗာကွန်ဗီးရှင်းဆိုတာကိုတောင် မကြားဖူးပါဘူးလုပ်နေတော့လဲ. . . . .
အင်းးးးးးးးးးကောင်းရောပေါ့. . .
မြင်ယောင်မိပါတယ်။ စည်းစည်းလုံးလုံးနဲ့ တိုးတက်နေတဲ့ ပြည်မြန်မာကြီးကို။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s