” ဘုန်းကြီးမလို “

” တရားခံ ၂ ”

ဗုဒ္ဓအရေခြုံ
လူလိုနေသော
သင်္ကန်းခြုံကတုံးတို့၏ သာသနာကြောင့်လဲ
ဤပြည်ထောင်စု ပျက်စီးရာ၏။

ချိုတူးဇော်

Min Aung

” ဘုန်းကြီးမလို ”

မင်္ဂလာဆောင်စရာရှိ ကိုယ့်ဖါသာဆောင်၊ ရုံးတက် လက်မှတ်ထိုးထိုး၊ ခိုးပြေးပြေး။
မွေးနေ့ပွဲလုပ်လုပ်။
သေလည်း သပိတ်သွပ်စရာမလို၊ အကုသိုလ်များ အပါယ်လားလိမ့်၊ သပိတ်သွပ်လို့ လွတ်ရိုးမရှိ။ ကုသိုလ်လုံက သုဂတိကျမယ် သပိတ်သွပ်မှ အစွဲကိုရှောင်။
လှူစရာ တန်းစရာ မြတ်သောဒါန ဆိုသည်မှာ
” လိုအပ်နေသောနေရာ၊ လိုအပ်နေသောအချိန်၊ လိုအပ်နေသော ပုဂ္ဂိုလ် ကို လှူခြင်း” ဟုသာ ဗုဒ္ဓ လမ်းညွှန်ခဲ့လေ၏။

တိုင်းပြည်ဆင်းရဲနေသော ဤကာလမှာ ဘုရားတည်၊ ကျောင်းဆောက်၊ ဘုန်းကြီး လှူ လုပ်နေကြသူမှန်သမျှ ဗုဒ္ဓဝါဒလွဲသော ဒါနပြုနေကြခြင်းသာ ဖြစ်သည်။

ဗုဒ္ဓဝါဒ မှာ ကိုးကွယ်ရမည့်သူ တဦးတယောက်သာ ရှိသည်။
ထိုသူမှာ မိမိကိုယ်တိုင်သာ ဖြစ်သည်။ မိမိ၏ ကောင်းကျိုး၊ ဆိုးကျိုး ဖြစ်ပျက်သမျှတို့ အရင်းခံမှာ မိမိကြောင့်သာ ဖြစ်သည်။

ကောင်းမှုကုသိုလ်လုပ်သူ ကိုသာ ဗုဒ္ဓ က ချီးမွန်းသည်။ မည်သည့် အယူဝါဒယုံကြည်သည်ဖြစ်စေ သူတော်ကောင်းကို သူတော်ကောင်းဟူ၍ပင် ဗုဒ္ဓ ချီးမွန်းခဲ့သည်။
အယူဝါဒစွဲ ကျဉ်းမြောင်းမှု ဗုဒ္ဓဝါဒ မှာ မရှိသလို၊
မည်သည့်ဖန်ဆင်းရှင်၊ မည်သည့် ဖန်ဆင်းမှုကိုမှလည်း လက်မခံ။

အင်မတန် လွတ်လပ်သော ဝါဒ။ လွတ်လပ်မှုအတွက် အားထုတ်သော ဝါဒ၊ ဘဝနေထိုင်မှုသာ ဖြစ်တော့သည်။

ဗုဒ္ဓလွန်သော် ထိုယောက်ျားသိန်ယောက်ျားဖျင်းတို့ ဗုဒ္ဓဗန်းပြ အချောင်ခို လူထုကို ခေါင်းပုံဖြတ်ထူထောင်ထားသော အယူဝါဒတို့သည် ဗုဒ္ဓဝါဒ အစစ်မဟုတ်လေ။

မျက်မှောက်မှာပင် ၇၈၆ ကိုတုပ၊ ၉၆၉ ဟု တီထွင်သကဲ့သို့၊ စေတီပုထိုးတို့ထွင်ခဲ့၏။ နတ်တို့၊ ဗြဟ္မာတို့၊ သျှီဝတို့ပူဇော်သလို ဗုဒ္ဓကိုလဲ ဆွမ်းရေချမ်းပန်းမလ်တို့ဖြင့် ပူဇော်ရာ၏ ဟု ပြဌာန်းခဲ့၏။
ဤသို့ဖြင့် သာသနာစစ်မှတိမ်း အလွဲကြီးလွဲကာ လူတို့အလိုကျ ရောပြွန်းနေသော ဗုဒ္ဓအမည်ခံ ဘုန်းကြီးသာသနာကြီးပေါ်ထွန်းခဲ့သည်။

အကြောက်တရား၊ အခြောက်တရားများဖြင့် လူအများကို အုပ်စီးထားကြသော ထိုသာသနာသည် သတ္တဝါတို့ကို ကယ်လဲမကယ်တင်၊ အပြစ်လဲပေးခြင်းမရှိသော ‘ဘုရားမရှိဝါဒ’ ဗုဒ္ဓအယူစစ်စစ်ဖြင့် အပုံကြီးကွာလှပေတော့သည်။

ချိုတူးဇော်

” နိုးကြားသောနိုင်ငံရေးအမြင်ဖြင့် တိုင်းပြည်ကို ချစ်ရင် ဘုန်းကြီးတွေကို မကိုးကွယ်ပါနဲ့ ”

နိုင်ငံရေးစိတ်ဓါတ်နိုးကြားကြတဲ့ ဗကသတွေ၊ လူငယ်တွေကို နောင်အရှည်တိုင်းပြည်ကောင်းဖို့ တခု ထမ်းဆောင်စေချင်တာ မြန်မာပြည်မှာ ကြီးစိုးနေတဲ့ ‘ဘုန်းကြီးသာသနာ’ ပ ပျောက်သွားဖို့ ဝိုင်းဝန်းအားထုတ်ကြစေ့ချင်တာပဲ။
လူမျိုးဘာသာဖြည့်ရင် ဘာသာမဲ့ လို့သာ ဖြည့်ကြပါ။
ဗုဒ္ဓဝါဒအစစ်အမှန်၊
ဗုဒ္ဓအဆုံးအမအတိအကျနဲ့ အနီးအစပ်ဆုံးဟာ ‘ဘာသာမဲ့’ အယူဝါဒ ပါ။
ထေရဝါဒ အပါအဝင် ဗုဒ္ဓဘာသာအမည်ခံဂိုဏ်းဂဏတွေရဲ့ အမူအကျင့် လက္ခဏာတွေဟာ တခြား နတ်ကိုးကွယ်မှု အပါအဝင် ဗြဟ္မဏ ဓလေ့တွေ ရောယှက်နေတာ တွေ့ရတယ်။

စေတီပုထိုးတည်၊
ဆွမ်းတင်၊ ပန်းကပ်၊ ရေသပ္ပါယ် တွေက အစ၊
အကုန်လုံး
ဗုဒ္ဓအယူ မဟုတ်ပါလေ။

ဗုဒ္ဓလွန်သောအခါမှ ထိုထိုသော သင်္ကန်းဝတ်တို့
၎င်းတို့ ဆက်ရှင်သန်ရေးအတွက် တီထွင်ကြံဆတည်ထောင်ထားသော သာသနာ၏ တခြားသော နတ်ကိုးကွယ်မှုအပါအဝင် ကိုးကွယ်မှုများကို လိုက်လံတုပ တီထွင်ထားကြသော အကျင့်များသာ ဖြစ်ပါတယ်။

ဗုဒ္ဓဝါဒစစ်စစ်ကား အင်မတန်ရိုးရှင်းလှပါတယ်။

၁။ မိမိကိုယ်သာကိုးကွယ်ပါ။
၂။ သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်လိုလျှင်
– ငါဘုရား၏ အဆုံးအမကို နာခံ။
– ငါဘုရားလမ်းညွှန်သည့်အတိုင်း လုပ်ဆောင်။
– ငါဘုရား၏အဆုံးအမကို နာခံပြီး၊ ငါဘုရားလမ်းညွှန်သည့်အတိုင်း တသဝေမတိမ်းလုပ်ဆောင် ပေါက်မြောက်ထားသော ငါဘုရား၏ တပည့် သံဃာတို့ထံမှ နည်းနာယူ။
ဖြစ်ပါတယ်။

ကိုးကွယ်ပူဇော်ပသမှုတွေအားလုံးဟာ ဗုဒ္ဓလွန်မှ ထိုသာသနာကို ထူထောင်သူတို့ အကျိုးစီးပွားမျှော် တီထွင်ထားကြသည် ချည်းသာ တွေ့ရ။

ချိုတူးဇော်

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s