လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ ဟာ ဆူနာမီလို ဖုံးလွှမ်းနေတဲ့ ခေတ်ကာလမှာ တရားခံဟာ အစိုးရ ဖြစ်နေခဲ့ရင် သူတို့ကို လူ့အခွင့်အရေး ချိုးဖေါက်တဲ့ အုပ်စုဘက်ကို အရောက်ပို့နိုင်ဘို့လိုတယ်။

Buddha Tamang

တော်ပါတယ် ဆရာ

နိုင်ငံတကာ စုံစမ်းစစ်ဆေးရေး ၀င်ရောက်မယ့် ကိစ္စ၊ ရက်ပိုင်းလေးက EU က ကန့်ကွက်တော့မယ် ဆိုတော့ ဆရာ ဘယ်လို လုပ်မလဲ မေးမိ။

ဟားဟားဟား ဒါများကွာ တရားခံတွေကို အရှင်ဖမ်းလို့ မရရင် အသေဖမ်းဘို့ပဲ ရှိတာပေါ့။ အဲ့တော့ အသေဖမ်းနိုင်မယ့် ကမ္ဘာ့ အခြမ်းဘက်ကို ပို့ပစ်ပေါ့။

ဟ ဆရာ လုပ်ပြီ။ Face Book ပေါ်က ကမ္ဘာ နှစ်ခြမ်းကွဲတာ ဆရာ့ ပါးစပ်ထဲ ရောက်လာပြီလား?

ဟေ့ကောင် နိုင်ငံရေး အရ ကမ္ဘာ နှစ်ခြမ်းကွဲနေတယ် ဆိုတဲ့ သီအိုရီကို ငါ ပြောနေတာ နှစ် ၂၀ လောက် ရှိနေပြီ။ ပညာရှင်တိုင်း သိတဲ့ ကိစ္စ၊ အရင်ကတော့ ဘက်မလိုက် အုပ်စု ဆိုတာ ရှိတယ်။ အခု အဲ့ဒီ ဘက်မလိုက်အုပ်စုက ဖုတ်လိုက်ဖုတ်လိုက် ထွက်သက် ငင်နေပြီ။ ဆိုဗီယက် ယူနီယံ ပြိုကွဲကတည်းက ဘက်မလိုက်အုပ်စု ဇတ်ပျက်သွားခဲ့ပြီ။

ဟုတ် ဆရာ၊ ဒါနဲ့ EU က UN စုံစမ်းစစ်ဆေးမှု ဟန့်တားတာ ဘယ်လို ပတ်သက်လဲ?

မဟန့်တားရသေးပါဘူးကွာ၊ ခဏစောင့်ကြည့်လေ။ မင်းတို့ကလည်း စိတ်ပျက်လွယ်၊ စိတ်ဓါတ်ကျလွယ် တဲ့ လူ အတန်းအစားတွေပဲ။ အဲ့လို လူ အတန်းအစားက အလုပ်လုပ်နေသူတွေကိုလည်း မအောင်မြင်ရသေးဘူးလားလို့ အပြစ်ပြောလွယ်သလို၊ အောင်မြင်သွားရင်လည်း ကျေးဇူးမသိတဲ့ အပြင် နောက်ထပ် ရှာကြံ အပြစ်တင်ဦးမယ်။ ကိုယ်တိုင်က ဘာကြံရည်ဖန်ရည်မှ မရှိသလို ၀ိရိယလည်း မရှိဘူး။ ကိုယ်တော် မူဆာရဲ့ နောက်လိုက်တွေကိုသာ နမူနာကြည့်။ ငါတို့က ကျေးဇူးတင်ခံချင်လို့ ပြောနေတာ မဟုတ်ဘူး။ ငါတို့ စ လုပ်ကတည်းက ဘယ်သူ့ ကျေးဇူးကိုမှလည်း မမျှော်လင့်ခဲ့ဘူး။ ကိုယ်လုပ်စရာ ရှိတာကို လုပ်နေတာပဲ။ အေး မင်းတို့ ကံကြီးသင့်မှာ စိုးလို့သာ သတိပေးနေတာ။

လုံခြုံရေး ကောင်စီကို တင်မယ် ဆိုရင် တရုတ် နဲ့ ရုရှားက ကန့်ကွက်မှာပဲ။ ဒါက ဗေဒင်မေးမနေနဲ့၊ ဒါပေမယ့် တရုတ်၊ ရုရှား ကန့်ကွက်တာဟာ ငါတို့ အတွက် အဓိက မဟုတ်ဘူး။ သူတို့ ကန့်ကွက်လေ ကောင်းလေပဲ။ အဓိက EU နဲ့ US က မကန့်ကွက်ဘို့ လိုတယ်။ တနည်းအားဖြင့် EU နဲ့ US က ကိုယ့်ဘက်က ရပ်ဘို့ လိုတယ်။

အဲ့တော့ EU ကို ဘယ်လို လုပ်မလဲ ဆရာ?

ဟ ကြမ်းတစ်ပြေးတည်း မထိုင်ဘူး ဆိုသူကို မသိမသာ ဖျာ တစ်ချပ်တည်း ခင်းပေးလိုက်ပေါ့။ ကြမ်းတစ်ပြေးတည်း မထိုင်သူက သူ့ဟာသူ ထ ထွက်သွားလိမ့်မယ်။

ဘယ်လို ဘယ်လို

EU, US ဆိုတာ တရုတ်၊ ရုရှားနဲ့ ကြမ်းတစ်ပြေးတည်း ဘယ်တော့မှ မထိုင်ဘူးလေ။ တရုတ်၊ ရုရှားက မြန်မာဘက်က အပြတ်ခြေကန်ရပ်မယ်လို့သာ အသံမြည်အောင် ထုတ်ပေးလိုက်ပေါ့။ EU နဲ့ US က သေချာပေါက် ငါတို့ဘက်က ရပ်ပြီ။

ခု ကိစ္စက UN မှာ ဆုံးဖြတ်မှာလေ ဆရာ၊ ဘယ်နိုင်ငံကမှာ ဗီတို မသုံးဘူး သဘောတူတယ် ဆိုရင် ပို မကောင်းဘူးလား?

လူ အမြင်မှာ ကောင်းတယ်။ ဒါပေမယ့် နိုင်ငံတစ်ခုရဲ့ အာဏာပိုင် အာဏာရှင်ကို လှဲတဲ့ အခါ UN က ဆုံးဖြတ်လိုက်ရင် Process ကြာတယ်။ အမှု တစ်ခုကို တရားရုံးက ဆုံးဖြတ်သလိုမျိုး ရုံးချိန်းပေးရင်း အချိန်တွေ ထပ်ကြာတယ်လေ။ တနည်းအားဖြင့် တရားခံကို ပစ်ဖမ်းပြီး ရုံးပေါ်တင်ဘို့ သိပ်မလွယ်ဘူးပေါ့။

တရားခံကို အနုနည်းနဲ့ ဖမ်းမယ် ဆိုရင် တရားခံကလည်း အဖမ်းခံမယ် ရင်ဆိုင် ဖြေရှင်းမယ် ဆိုရင် သူ့မှာ တရားခံ ခံစားခွင့်တွေ၊ သူ့ဘက်က ရှေ့နေတွေ၊ သူ့ဘက်က အော်ပေးမယ့် မီဒီယာတွေ နဲ့ အချိန်တွေက ကြာတတ်တယ်။ အဲ့တော့ အဖမ်းမခံလို့ အာခံနေလို့ ပြန်လည်တိုက်ခိုက်လို့ အသေပစ်ဖမ်းလိုက်ရတယ် ဆိုတာက ပို ရှင်းတယ် လေကွာ။

အဲ့လို ဖြစ်လာအောင် ဘယ်လို လုပ်မလဲ ဆရာ?

ဟ ပြောပြီးသားလေ ကမ္ဘာ နှစ်ခြမ်း ကွဲ နေတာ၊ သေမယ့် အခြမ်းဘက်ကို တရားခံကို ပို့လိုက်။ ကဒါဖီ တို့ ဆဒမ်ဟူစိန် တို့ လည်း အဲ့ဒီဘက် ပို့ခံလိုက်ရတာပဲ။ တရုတ် ရုရှားမှာ ကာကွယ်နိုင်စွမ်း ရှိလို့လား?

ဆီးရီးယား တော့ ကာကွယ်တယ်လေ ဆရာ

ဖြစ်စဉ်၊ အခြေအနေ၊ နောက်ခံသမိုင်း၊ နိုင်ငံ အနေအထား မတူညီဘူး။ အရေးယူမယ့် ပုံစံလည်း မတူဘူး။ မင်းစောင့်ကြည့်နေကွာ- လောလောဆယ် EU က ငါတို့ဘက်က ရပ်အောင် အရင်လုပ်လိုက်ဦးမယ်။ အဲ့ဒါ တစ်ချက်ခုတ် အချက်များစွာ ပြတ်ပဲ။ တရားခံတွေလည်း ကမ္ဘာသိ တရုတ် ရုရှားဘက်သားတွေ ဖြစ်သွားမယ်။ အဲ့ဒါ အရေးကြီးတဲ့ သော့ချက်ပဲ။

လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ ဟာ ဆူနာမီလို ဖုံးလွှမ်းနေတဲ့ ခေတ်ကာလမှာ တရားခံဟာ အစိုးရ ဖြစ်နေခဲ့ရင် သူတို့ကို လူ့အခွင့်အရေး ချိုးဖေါက်တဲ့ အုပ်စုဘက်ကို အရောက်ပို့နိုင်ဘို့လိုတယ်။ မင်း မှတ်ထားရမှာက မြန်မာနိုင်ငံဟာ တရုတ်၊ ရုရှားလောက် အင်အားရှိ နိုင်ငံမဟုတ်ဘူး။ တရုတ် ရုရှားကို မှီခိုပြေးကပ်ရတဲ့ ကြွေကျလုလု ဇီးရွက်လောက် နိုင်ငံ ဆိုတာပဲ။ တရုတ် ရုရှား ဆိုတာလည်း ကမ္ဘာ ချိန်ခွင့်လျှာ အရ မသိမသာ လွှတ်ပေးထားလို့ သူ့ဟာသူ ရပ်တည်နိုင်တဲ့ အဆင့်။ သူက ဘယ်သူ့ကိုမှ မကယ်နိုင်ဘူး၊ စီးပွားရေး အရလည်း မထူထောင်ပေးနိုင်ဘူး ဆိုတာ မင်း မှတ်ထား။

————-

သိပ်တော်ပါတယ် ဆရာ၊

ခုတော့ EU, US က ကိုယ့်ဘက်က။ ရာဇ၀တ်ကောင်တွေကတော့ တရုတ် ရုရှားရဲ့ ဒူးမနာသား စစ်စစ်ကြီးတွေ ဖြစ်သွားပြီ။ အခင်းအကျင်းကတော့ လှလှပပ မြင်ရတော့မယ် သေချာတယ်။

သုခမိန် ဗုဒ္ဓ

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s