Appointing Mhuu Zaw as Director of the President office would pull the President and his counsellor to ICC

U Ba Sein 

အတွေးနယ်ချဲ့စရာမလိုပါ။ ရိုးရိုးရှင်းရှင်းလေးပါ။ မှူးဇော်ကို အစိုးရပြောခွင့်ရ ခန့်အပ်ခြင်းဟာ ဒေါ်အောင်ဆန်းစုကြည် သွယ်ဝိုက်တဲ့နည်းနဲ့ လိမ္မာ ပါးနပ် စွာ လုပ်ဆောင်လိုက်တဲ့ ဗျူဟာတရပ်ပါ။

No automatic alt text available.

ဒီကိစ္စကို ဒေါ်အောင်ဆန်းစုကြည် သေသေ ချာချာ စဉ်းစားခဲ့ပုံရပါတယ်။ သူမ မပြောချင်တဲ့ အရာတွေ အများကြီး ရှိပါလိမ္မယ်။ ပြောခွင့်ရ ပုဂ္ဂိုလ် ယခင်ဇာတ်တိုက် ဆရာကြီးကနေတဆင့် ပြောခိုင်းတာ သင့်တော်မယ်လို့ ယူဆပုံ ရပါတယ်။

မှူးဇော် ဘာတွေပြောခဲ့တယ်၊ ဘာတွေရေးခဲ့တယ်ဆိုတာ တိုင်းသိပြည်သိ၊ ကမ္ဘာသိဖြစ်ပါတယ်။ မှူးဇော်ရဲ့ ရိုဟင်ဂျာများ အပေါ်ထားရှိတဲ့ အဆိုးမြင်ဝါဒ ကို ဒေါ်စုအစိုးရက ပြန်လည် အသက်သွင်းတဲ့ နည်းလမ်းအဖြစ် ခပ်မြန်မြန် ခန့်ထားခြင်း ဖြစ်ပါတယ်။ဆင်ခြေပေးစရာ ပေးမယ်ဆိုရင် ပေးနိုင်ပေမဲ့ အမှန်တရားကို မျက်ကွယ်ပြုချင်တဲ့ သဘောဖြစ်ပါတယ်။

Image may contain: 1 person

ကျနော်တို့အတွေ့ အကြုံအရ ဦးသိန်းစိန် အစိုးရလက်ထက် NLD အမတ်တွေ က ကြံ့ခိုင်ရေး အမတ်တွေထက် လွတ် တော်ထဲမှာ ပိုပြီး ဘာသာရေး ဆန့် ကျင်မှု ( Racist)တွေ ဖြစ်ခဲ့ကြပါတယ်။ NLD အစိုးရက ဘာသာရေးခွဲခြားမှု မရှိဘူး ဆိုရင် ဘာသာရေးဆန့်ကျင်တဲ့ ပုဂ္ဂိုလ်တဦးကို ဝန်ကြီး ခန့် အပ်ခြင်း ဟာ ဘာသာရေးဘယ်လောက် လွတ်လပ် လာမယ် ဆိုတာ ခန့်မှန်းနိုင်ပါ တယ်။

မြန်မာနိုင်ငံဟာ ဘာသာပေါင်းစုံ ရောနှော နေထိုင်တဲ့ နိုင်ငံ တနိုင်ငံပါ။ စာအုပ်ထဲမှာ ဘာသာရေးလွတ်လပ်ခွင့်ရှိကြောင်း ရေးထားပေမဲ့ လက်တွေ့ မှာ အစိုးရကိုယ်တိုင် ဘာသာရေး ချိုးဖေါက်နေတာဖြစ်ပါတယ်။ အ စွန်းရောက် အဓမ္မဝါဒီတွေကို မြှောက် စားပြီး ကျေနပ်ဝမ်း သာနေကြပါ တယ်။ နိုင်ငံသားတွေ က အဓမ္မဝါဒီတွေကို မလိုလားပေမဲ့ အစိုးရမှ ထိ ထိရောက် ရောက် ဆောင်ရွက်နိုင်ခြင်း မရှိကြောင်း တွေ့မြင်ရပါတယ်။

http://burmese.voanews.com/…/thura-u-aungko-in…/3266050.html

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s