လက်ရှိမြန်မာနိုင်ငံရဲ့ ဘာသာရေးလွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး စာအုပ်ထဲမှာပေါ့လေ။ ၄၇ရော၊ ၇၄ရော၊ ၂၀၀၈မှာရောက ဘာသာရေးနဲ့ပတ်သက်ပြီးတော့ ခွဲခြားဆက်ဆံမှု မရှိစေရ၊ နိုင်ငံသားတစ်ဦးရဲ့ရပိုင်ခွင့်တွေ အပြည့်အ၀ ရရမယ်လို့ ပြောထားတယ်။ သို့သော် လက်တွေ့အကောင်အထည်မပေါ်ဘဲနဲ့ မရေးထားသော ဥပဒေများ Unwritten Law တွေက အစ္စလာမ်ဘာသာဝင်တွေကျတော့ တိတိကျကျကို ခွဲခြားဆက်ဆံမှုတွေက ဖြစ်လာတယ်

Maung Maung

RFA မေးလို့ ဦးအေးလွင်ဖြေပါတယ်
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

အမေရိကန်ရောက်နေတဲ့ အစ္စလာမ့်ဗိမာန်ရဲ့ ဦးဆောင်ဆော်သြရေးမှူးတစ်ဦးလည်းဖြစ်၊ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး အဖွဲ့ဝင်တစ်ဦးလည်းဖြစ်တဲ့ ဟာဂျီဦးအေးလွင်ကို RFA က မေးမြန်းထားတာဖြစ်ပါတယ်။ ဒီနေ့မနက် ၇ နာရီ RFA အစီအစဉ်မှာ ပါလာတဲ့ မေးမြန်းခန်းပါ။

မေး။ မြန်မာနိုင်ငံမှာ အခုဆိုရင် ခေတ်စနစ်တွေပြောင်းလဲလာပြီ။ ဒါပေမဲ့ အမေရိကန်လို နိုင်ငံကြီးတွေက ဘာသာရေးလွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီးတော့ ဝေဖန်မှုတွေက ရှိနေဆဲပေါ့။ ဆရာတို့အနေနဲ့ရော လက်ရှိမြန်မာနိုင်ငံရဲ့ ဘာသာရေးလွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး ဘယ်လိုတွေများ ရှုမြင်အကဲခတ်လို့ရမလဲခင်ဗျ။

စာအုပ်ထဲမှာပေါ့လေ။ ၄၇ရော၊ ၇၄ရော၊ ၂၀၀၈မှာရောက ဘာသာရေးနဲ့ပတ်သက်ပြီးတော့ ခွဲခြားဆက်ဆံမှု မရှိစေရ၊ နိုင်ငံသားတစ်ဦးရဲ့ရပိုင်ခွင့်တွေ အပြည့်အ၀ ရရမယ်လို့ ပြောထားတယ်။ သို့သော်အင်္ဂလိပ်စကားလိုပေါ့။ Work the talk (ပြောသလိုလုပ်)ပေါ့လေ။ တကယ်လက်တွေ့အကောင်အထည်ပေါ်မလာဘူး။ လက်တွေ့အကောင်အထည်မပေါ်ဘဲနဲ့ မရေးထားသော ဥပဒေများ Unwritten Law တွေက ဘာဖြစ်နေလဲဆိုရင် အထူးသဖြင့် လူနည်းစုနေရာမှာပေါ့လေ။ လူနည်းစု လူမျိုးစုတွေလည်းပါတယ်၊ ဘာသာဝင်တွေလည်းပါတယ်။ တကယ်အရေးပါတဲ့နေရာမှာဆို ချန်ထားတဲ့ ကိစ္စတွေ။ အစ္စလာမ်ဘာသာဝင်တွေကျတော့ တိတိကျကျကို ခွဲခြားဆက်ဆံမှုတွေက ဖြစ်လာတယ်။ ဥပမာ တပ်မတော်ထဲမှာ ထူးထူးချွန်ချွန်အမှုထမ်းခဲ့တဲ့ အစ္စလာမ်ဘာသာဝင်တွေရှိခဲ့တယ်။ ဦးနေ၀င်းလက်ထက်ကတော့ သူရဘွဲ့ရတဲ့ စစ်သားကောင်းကြီးတွေရှိခဲ့တယ်။ သို့သော်လည်းပဲ တဖြည်းဖြည်း တဖြည်းဖြည်း တပ်မတော်ထဲမှာတောင်မှ အမှုထမ်းခွင့်မရအောင် အစ္စလာမ်ဘာသာဝင်ဆို ပိတ်ပင်တာတွေ ရှိတယ်။ အခုရဲဝန်ထမ်းအဖြစ်တောင်မှ အမှုထမ်းခွင့်မရလောက်အောင်ဆိုတဲ့ Unwritten Law (ရေးဆွဲပြဋ္ဌာန်းထားခြင်း မရှိတဲ့ ဥပဒေ) တွေရဲ့ သြဇာတွေက သက်ရောက်မှုရှိနေတယ်။ ဒါ့အပြင် ဘာကိုပြနေသလဲဆိုတော့ အစ္စလာမ်ကို အန္တရာယ်သဖွယ် အဖြစ်နဲ့ အခုထက်ထိကို ယုံကြည်နေသေးတယ်လို့ ထင်တယ်။ အဲဒါဟာ အင်မတန်ဝမ်းနည်းဖို့ ကောင်းပါတယ်။ မတူကွဲပြားမှုဆိုတာ ခွဲခြားဖို့ မဟုတ်ဘဲနဲ့ တွဲသွားရမယ်ဆိုတဲ့ အသိ သူတို့မှာ မရှိသေးဘူးခင်ဗျ။ အဲဒါလေးတွေ ၀င်လာဖို့ လိုအပ်ပါတယ်။

မေး။ အစ္စလာမ်အစွန်းရောက်တွေရဲ့ လှုပ်ရှားမှုပေါ့နော်။ ပြီးခဲ့တဲ့နှစ်တွေကဆို အယ်ကိုင်ဒါးလို့ အဖွဲ့တွေရဲ့ ခြိမ်းခြောက်မှုတွေရှိတယ်။ ဒီနှစ်ပိုင်းမှာဆိုလည်း အိုင်အက်စ်ဆိုတဲ့ အစ္စလာမ္မစ်နိုင်ငံတော် ထူထောင်ရေးအဖွဲ့၊ ဥပမာ မလေးရှားတို့ အင်ဒိုနီးရှားတို့ဆိုရင် အီရတ်တို့ ဆီရီးယားတို့သွားပြီးတော့ အမှုထမ်းကြတယ်။ ဒါမျိုးတွေကို အစိုးရတွေက အစ တော်တော်စိုးရိမ်နေကြတယ်။ ပြီးခဲ့တဲ့ ၂၀၁၃လောက်ကဆိုရင် အယ်ကိုင်ဒါးအဖွဲ့က မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် လို နေရာမျိုးအတွက် ရုံးခွဲဖွင့်မယ် စသဖြင့် ကြားလိုက်မှာပေါ့လေ။ အခုလက်ရှိအခြေအနေမှာ မြန်မာနိုင်ငံရော အပြင်က ဒီလိုအစွန်းရောက်အဖွဲ့တွေရဲ့ ခြိမ်းခြောက်မှုတွေက စိုးရိမ်စရာရှိသလားဆရာ။

ဦးအေးလွင်။ ကျွန်တော်တို့အနေနဲ့ အိုင်အက်စ်နဲ့ ပတ်သက်တဲ့ ခြိမ်းခြောက်မှုကို သိပ်မစိုးရိမ်ဘူး။ ဘာကြောင့်လဲဆိုတော့ အိုင်အက်စ်ရဲ့လုပ်ရပ်တွေ အစ္စလာမ်သာသနာနဲ့ မကိုက်ညီဘူး၊ ဘာမှမပတ်သက်ဘူးဆိုတာ သာသနာရေးပညာရှင်တွေ ကမ္ဘာနဲ့အ၀န်းက ကြေညာပြီးပြီ။ သို့သော် စိုးရိမ်စိတ်က ဘာရှိလဲဆိုရင် လူငယ်လေးများအစွန်းရောက်အောင် တွန်းပို့စေတဲ့ အကြောင်းတရားတွေရှိနေတယ်။ အဲဒါတွေကဘာလဲဆိုတော့ ခွဲခြားဆက်ဆံခံရမှု။ သူတို့တွေမှာ အနာဂတ်ပျောက်သွားပြီ ဆိုရင်၊ သူတို့ဘ၀မှာ အနှိမ်ခံရပြီဆိုရင် သူတို့ချစ်မြတ်နိုးတဲ့ သာသနာအစော်ကားခံရပြီဆိုရင်၊ သူတို့ချစ်မြတ်နိုးတဲ့ တမန်တော်မြတ်ကြီးကို စော်ကားပြီဆိုရင် ဒီလူတွေဟာ အခုဏပြောတဲ့ အစွန်းရောက်သမားများရဲ့ သိမ်းသွင်းစည်းရုံးမှု အောက်မှာ ပါသွားနိုင်စရာတွေ ရှိတယ်။ ဥပမာ မှတ်ပုံတင်တဲ့အတွက် ဘာမှလုပ်လို့မရတဲ့အတွက် မွတ်စလင်ဆိုတဲ့ မှတ်ပုံတင်မရတာ မြန်မာပြည်မှာ ဖြစ်နေတာ။ အဲဒီလိုအနေအထားမျိုးမှာ အနာဂတ်ပျောက်နေတဲ့ ဒီလူငယ်လေးတွေဟာ အစွန်းရောက်အောင် တွန်းပို့နေတဲ့ အကြောင်းတရားတွေရှိနေတယ်။ အဲဒီအကြောင်းတရားတွေကို အမြန်ဆုံးရပ်စဲသွားအောင် လုပ်မှသာလျင် အိုင်အက်စ်အပါအ၀င် မသမာသူများရဲ့ ထောင်ချောက်ထဲကို ကျွန်တော်တို့ လူငယ်တွေ ၀င်မသွားမှာပါ။ ကာကွယ်ဖို့ အထူးလိုအပ်နေပါတယ်လို့ ထင်ပါတယ်။

အပြည့်အစုံနားထောင်ရန် –

RFA မြန်မာပိုင်း အသံလွှင့်အစီအစဉ်များကို နားထောင်ရန်အတွက် လက်ယာဖက်ရှိ နားထောင်ရန် ကိုနှိပ်ပါ။ ဒေါင်းလုယူရန်အတွက် အသံဖိုင်ယူရန် ကိုနှိပ်ပါ။ နေ့ရက်နဲ့ အချိန်အလိုက်ဖိုင်များကို တင်ပေးထားပါတယ်။ မြန်မာစံတော်ချိန် နံနက်…
RFA.ORG
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s