မြန်မာနိုင်ငံက အစိုးရ စာသင်ကျောင်းတွေ မှာ ဘုရားခန်းထားတယ် ကျောင်းသား၊သူတွေ စုဝေးပြီး ဘုရားရှိခိုးစေတယ် ။ ဘုံကထိန်တွေ ကျင်းပတယ် …။ ဒါတွေကရော ? စာသင်ကျောင်းဆိုတာ စာသင်ဖို့အတွက်ပဲ ဝတ်ပြုခွင့် မရှိလို့ ပိတ်ပေးရမယ် ဆိုရင် … မြန်မာနိုင်ငံက အစိုးရ စာသင်ကျောင်းတွေ အကုန်ပိတ်ပေးရတော့မလား ?

Soe Min

“မြန်မာနိုင်ငံရဲ့ ဘာသာရေး လွတ်လပ်ခွင့်”
======================
အစ္စလာမ် ဘာသာဝင်တွေ တစ်နေ့ ငါးကြိမ် ဘုရားဝတ်ပြုတယ် …။ အိမ်မှာပဲ ဝတ်ပြုပြု၊ ဗလီမှာပဲ ဝတ်ပြုပြု၊ စာသင်ကျောင်းထဲမှာပဲ ဝတ်ပြုပြု … မေးချင်တာက ခင်ဗျားတို့အတွက် ကျွန်တော်တို့ ဝတ်ပြုမှုက ဘာလျော့နည်းစေလဲ … !?

Image may contain: one or more people and outdoor

စာသင်ကျောင်းဆိုတာ စာသင်ဖို့အတွက်ပဲ ဝတ်ပြုခွင့် မရှိလို့ ပိတ်ပေးရမယ် …
စာသင်ကျောင်းမှာ ဆက်ပြီး ဝတ်ပြုမယ်ဆို ဖျက်သိမ်းဖို့ထိ တောင်းဆိုရလိမ့်မယ် ဆိုရင် …
မြန်မာနိုင်ငံက အစိုးရ စာသင်ကျောင်းတွေ အကုန်ပိတ်ပေးရတော့မလား … !?
စာသင်ကျောင်းတိုင်းမှာ ဘုရားခန်းထားတယ် … ကျောင်းသား၊သူတွေ စုဝေးပြီး ဘုရားရှိခိုးစေတယ် …။ ဘုံကထိန်တွေ ကျင်းပတယ် …။ ဒါတွေကရော … !?
စာသင်ကျောင်းမှာ စာပဲ သင်ပါ့လား …။

Image may contain: 3 people, crowd and outdoor

Image may contain: one or more people, crowd and outdoor

ဗုဒ္ဓဘာသာ စာသင်တက္ကသိုလ်တွေမှာရော … ဘုရား မရှိခိုးကြဘူးလား !?
လူစုလူဝေးနဲ့ တခမ်းတနား ဘာသာရေးပွဲ မလုပ်ကြဘူးလား !?
စာသင်ဖို့ခွင့်ပြုထားရင် စာပဲသင်ပါဆို အဲ့လိုကျောင်းတွေရော ပိတ်ပေးမလား !?

Image may contain: one or more people, crowd and outdoor

အကြိမ်ကြိမ် မေးခွန်းထုတ်ချင်တာက တစ်ခုထဲရယ် …
ကျွန်တော်တို့ ဝတ်ပြုမှုက ခင်ဗျားတို့အတွက် ဘာလျော့နည်းစေလဲ … !?

စာသင်ကျောင်းမှာ ဝတ်ပြုနေတာတွေကို ကျွန်တော်တို့ ဓါတ်ပုံတွေ လိုက်ရိုက်ထားတယ်တဲ့ …
လိုက်ရိုက်ပြီး ဘာရလဲ !?
ရိုင်းရိုင်းပြောရရင် အားအားရှိ ကုလား ဖင်နောက်လိုက်နေတာ ဘာရလဲ !?

ကန်တော့ပါရဲ့ … ကတုံးတုံး သင်္ဃန်းရုံပြီး ရုံးရောက် ဂတ်ရောက် နေရာတကာ လိုက်ပါနေတဲ့ ဘုန်းကြီးတွေကို ရှုံ့ချပါတယ် …။

တကယ်ဆို ဘုန်းကြီးတွေကတောင် ပြောရမှာ …
မင်းတို့ကြည့်စမ်းကွာ … ကုလားတွေ ဘာသာရေး ဘယ်လောက်ကိုင်းရှိုင်းလဲ …
မင်းတို့ တစ်ပတ်တစ်ခါတောင် မဟုတ် တစ်လတစ်ခါ ဘုန်းကြီးကျောင်း ရောက်ကြရဲ့လား လို့ ဆုံးမသင့်တာ …။ ခုတော့ အဲ့လိုမပြောတဲ့အပြင် သူများ ဘာသာရေး ကိုင်းရှိုင်းမှုကိုပါ မနာလို မရှုစိမ့်ဖြစ်နေတာ သံဃာဝတ်နည်းနဲ့ ညီရဲ့လားလို့ ပြန်မေးပါရစေ …။

ကိုယ်တိုင်လည်း ကိုယ့်ဘာသာတရား မလေးစား၊ ဘုရား မှန်မှန် မရှိခိုး၊ သူများဘာသာရေး လေးစားတာကျ မကျေမနပ်ဖြစ်နေကြတာ ဘာလို့လဲ … !?
သူများတွေ ဘာသာရေး လေးစားနေတာမြင်ရင် ကိုယ်တွေလည်း သူများလို ဘာသာရေး ကြိုပမ်းမယ်ဆိုတဲ အသိတရား ဘာလို့ မဝင်ပဲ ဝန်တိုစိတ်ပဲ များနေရတာလဲ … !?

သူများ ဘာသာရေး လိုက်ပိတ်ပင်နေတဲ့ အဲ့လိုလူတွေကို ထပ်မေးချင်သေးတယ် …
ခင်ဗျားတို့ ဘာသာရေး အခြေခံ စာပေတွေရော ခင်ဗျားတို့ ရရဲ့လား !?
ပရိတ်ကြီး ၁၁ သုတ် ရွတ်ပြနိုင်မလား … !?
၃၁ ဘုံ ထဲက ဘုံ ၂၀ ပြည့်အောင် ရွတ်ပြနိုင်မလား … !?
၂၄ ပစ္စည်း အကုန်သိလား … !?
အင်္ဂုလိမာလသုတ်တောင် မိန်းမမွေးခါနီးမှ အထစ်အထစ် အစမသိ အလယ်မေ့ အဆုံးမရတဲ့ ယောက်ျားတွေ ပုံလို့ …။
ကိုယ့်ဘာသာရေး ကိုယ်ကြိုပမ်းကြပါလား …။
ဒါတွေပြောလို့ ကုလားက ကမ္မဝါ ဖတ်ပြနေတယ်ပြောဦးမယ် …။

ကျွန်တော်တို့ ဘာသာက အသက်အရွယ်မရွေး နေ့စဉ် ငါးကြိမ် ဝတ်ပြုရတယ် …။
ခင်ဗျားတို့လည်း အဲလိုကြိုပမ်းကြပါလား …။ သမီးရည်းစား ချိန်းတွေ့မှ စေတီပုထိုး အလည်ရောက်တယ်၊ အသက်ကြီးမှ ဥပုသ်စောင့်တယ် … အဲ့အဖြစ်တွေကို ခင်ဗျားတို့ အရင်ပြုပြင်နိုင်ဖို့ ကြိုပမ်းကြပါလား … သူများ ဘာသာရေး မနာလို မရှုစိမ့် ဖြစ်နေကြမယ့်အစား …။

အရာရာ အလျော့ပေးဆက်ဆံနေတာ ခင်ဗျားတို့ကို ကြောက်လို့တော့ မထင်ပါနဲ့ …
ခင်ဗျားတို့ထဲက တစ်ချို့သော လူစိတ်မရှိတဲ့ လူရိုင်းတွေနဲ့ ပြဿနာ မဖြစ်ချင်လို့ပါ …။

စစ်မှန်တဲ့ သံဃာတော်တွေနဲ့ ဗုဒ္ဓဘာသာဝင်တွေကိုတော့ အားနာပါတယ် …။
ယောင်စိန် မျိုးချစ်တွေကိုတော့ ဆော်ရီးပါပဲ …။

# သူရနိုင် #
From Saya Thura Naing

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s