ပြည်ပက အလှုရှင်တွေကို သူတို့ လိုချင်တဲ့ လမ်းကြောင်းပေးပြီး အလှူ ငွေ တွေ လှူ ခိုင်း တယ်။ ပြီးတော့ တ၀က်လောက်ဘဲ သုံးတယ်။ ကျန်တဲ့ တ ၀က်လောက်က အိတ်ကပ်ထဲရောက်သွားပါတယ်

Ko Lucky

မြန်မာ ပြည်မှာ NGO ,INGO တွေ ပေါများ စွာ ရှိ နေကြတယ်။ ဘာသာရေး၊ လူမှု ရေး ၊ ကျန်းမာရေး ၊ နိုင်ငံေ၇း စသည့် အကြောင်းအရာ အသီးသီး နဲ့ သက်ဆိုင်စွာ အလုပ်လုပ်နေကြသည်၊ နယ်စပ်ဒေ သနှင့် တိုင်းရင်းသားဒေများ တွင် အများ ဆုံး တွေ့ နေ ကြရသည်။ ပြည်ပ အလှူ ရှင် များ ၏ လှု ဒါန်း
ငွေ များ ဖြင့်ရပ်တည် နေကြသော NGO များ မှာ အများစု ဖြစ်သည်။ မြန်မာ
ပြည်၏ ပြည်တွင်းစစ်၊ ဆင်းရဲ မွဲ တေမှု ၊ ဘာသာရေး လူမျိုးရေး ကို အာ
ဏာရှင် တို့ က သွေး ခွဲ မှု တွေ ကြောင့် NGO များပို မို များပြားလာ ကြသည်။
ဒါကြောင့် NGO , INGO များကို အချိန်ပေး ပြီး လေ့ လာဖြစ် သည်။ကိုယ့်
တိုင်းပြည် အတွက်အလုပ်လာ လုပ်ကြသူတွေ ဆိုတော့ စိတ် ၀င် စား မိ
တာပေါ့လေ။ အဲလို လေ့လာလိုက်တော့ ဘာသွားတွေ့ သလဲ ဆိုတော့ ၆၀ ရာခိုင်နှုန်းက လုပ်စားနဲ့ အလှုငွေ လိမ် ယူနေတာ တွေ ဖြစ်နေတယ်။

တရသ ဒေ သတွေမှာ အများဆုံးတွေ့  နေရတယ်။
ပြည်ပက အလှုရှင်တွေကို သူတို့ လိုချင်တဲ့ လမ်းကြောင်းပေးပြီး အလှူ
ငွေ တွေ လှူ ခိုင်း တယ်။ ပြီးတော့ တ၀က်လောက်ဘဲ သုံးတယ်။ ကျန်တဲ့ တ
ဝက်လောက်က အိတ်ကပ်ထဲရောက်သွားပါတယ်။ မြစ်ဆုံး ဆည် အတွက် တ
ရုတ် က ပညာ ရှင် တွေနဲ့ ပေါင်း ပြီး မြစ်ဆုံမှာသုတေ သန လုပ်ခဲ့ တဲ့ NGO က ဒါ၇ိုက်တာ တယောက်ဆိုယင်သိန်းထောင် ချီ ချမ်း သာသွားပါတယ်။ နာမည် တော့ မဖော် ပြတော့ ပါဘူး။ ဒီလိုဘဲ ရခိုင်ဒေ သမှာ အခြေစိုက်နေတဲ့
NGO တချို့ ဆိုယင် ဘာသာရေး တဖက် သတ် ရပ်တည်မှု တွေ လူမျိုးရေး တဖက် သတ် ရပ်တည် မှု တွေ ပြု လုပ်နေတာကို တွေ့ ရှိနေရတယ်။ နောက်
တရသ ဒေသတွေ ဖြစ်တဲ့ ချင်း၊ကချင်၊ ရှမ်းနဲ့ ကရင်ဒေ သတွေ မှာအခြေစိုက်
ပြီး လုပ်ဆောင်နေတဲ့ NGO အဖွဲ့ တချို့ ဟာ ကိုယ်ကျိုးစီးပွားရှာတာတွေ အရမ်း များနေတာကို တွေ့ နေရတယ်။ ဒီလို ဟိုမရောက်ဒီမရောက် အလှူ
ငွေကို ဘာသာရေး ၊ လူမျိုးရေး ဗန်းပြ လိမ်စားနေတဲ့ အဖွဲ့ တွေ ကြောင့်
တကယ် ကိုယ်ကျိုးစွန့် ပြီး ပြည်သူတွေ အကျိုးအတွက် လုပ်နေတဲ့ NGO အ
ဖွဲ့ တွေ နစ်နာပါတယ်။ နာမည် ပျက် ပါတယ်။ ကရင် ပြည်မှာ ဆိုယင် ကျော
ပိုးအိတ် နဲ့ နယ် လှည့် ဆေးကုပေးနေတဲ့ အဖွဲ့ ဆိုယင် အင်မတန် လေးစား
စရာကောင်းလှပါတယ်။
မလေးရှားကို ရောက်လာတဲ့ တရသ ဒေသက တိုင်းရင်းသားအများစု
ဟာ ဘာသာရေး လူမျိုးရေးကို အခြေ ခံတဲ့ NGO အဖွဲ့ တွေ ရဲ့  ထေက်ပံ့ မှု
တွေ နဲ့ ရောက်လာ ကြတာတွေကိုတွေ့ နေရပါတယ်။ မြန်မာ စစ်အာဏာရှင်
တွေ ရဲ့  ဆိုးရွားတဲ့ လုပ်ရပ်တွေ ဟာ တိုင်းပြည်ကိုဆိုးကျိုး သက်ရောက်စေခဲ့
ပေမယ့် တခြားသော ဒီမိုယောင်ဆောင် အသင်းအဖွဲ့ တွေ အတွက်ကတော့
ငွေတွင်းကြီးဖြစ်နေပါတော့တယ်။ NGO တွေထဲမှာ စံချိန်တင် ခိုးယူခြစားမှု
ဖြစ်ခဲ့ တဲ့ အဖွဲ့ အစည်းကတော့ MPC ဆိုတဲ့ ငြိမ်းချမ်းရေး အကျိုးတော်ဆောင်
အဖွဲ့ အစည်းဖြစ်ပါတယ်။ ဒေါ်လာ သန်း ရာချီ ပျောက်ဆုံးခဲ့ပါတယ်။ ခြစားခဲ့ပါ
တယ်။ တချို့ သော INGO ကြီးတွေ ဆိုယင်လည်း စစ်အာဏာရှင် ခေတ်က အဘတွေ နဲ့ လက်ဝါးချင်းရိုက်ပြီး ပြည်ပက အလှူ ငွေ ဒေါ်လာသန်းချီ အ
ပျောက်ရိုက်တာတွေ ရှိခဲ့ တာကို လေ့ လာ တွေ့ ရှိနေရတယ်။ ဒါကြောင့် လက်ရှိ အစိုးရအနေနဲ့ NGO ,INGO အဖွဲ့ တွေရဲ့ လုပ်ဆောင်ချက်တွေ ၊ လုပ်
ငန်း ဦးတည်ချက်တွေ ၊ မြန်မာ ပြည်ရဲ့ အခြေအနေကို ဘယ်လို အနေအထား
နဲ့ အသုံးချ လုပ်ဆောင်နေတယ်ဆိုတာ သေချာ စွာ စီစစ်သင့်နေပြီဖြစ်ပါတယ်။

 

Advertisements

One thought on “ပြည်ပက အလှုရှင်တွေကို သူတို့ လိုချင်တဲ့ လမ်းကြောင်းပေးပြီး အလှူ ငွေ တွေ လှူ ခိုင်း တယ်။ ပြီးတော့ တ၀က်လောက်ဘဲ သုံးတယ်။ ကျန်တဲ့ တ ၀က်လောက်က အိတ်ကပ်ထဲရောက်သွားပါတယ်

  1. Even Malay NGOs, Malay Gov and OIC all know that only 10% of their donations arrived the Muslim Rohingyas. So they tried to pay directly up to them promising 50% (knowingly) to fake refugee Rakhines. But Myanmar Gov shamelessly refused because of ?pressure from Military, USDP, Rakhine Gov and Rakhine NGOs because they knew that they could get their “cut” if allow to send directly.

    Like

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s