လွင်ပြင်ရဲ့မရိုးမသားလုပ်ရပ်နဲ့ ၀ါဒဖြန့် ခရစ်ယာန်မီဒီယာ

Twal Har

မနေ့က Lwin Pyin (လွင်ပြင်) ဆိုတဲ့ အစုံသုပ်တင်နေတဲ့ သတင်းအမည်ခံ Page မှာ “ကိုရမ်ကျမ်း ကို ပထမဆုံး အကြိမ် ဖတ်မိ ပြီးသည့် နောက် ချက်ချင်းပင် အစ္စလာမ် ကို စွန့်ခွာ ခဲ့သည့် အမျိုးသမီး တစ်ယောက် အကြောင်း” ဆိုတဲ့ခေါင်းစဉ်နဲ့ သတင်းမဟုတ်တဲ့ အတင်းတစ်ပုဒ်ဖတ်လိုက်ရတယ်။ ဖတ်ပြီးတော့ အထဲမှာ အဲဒီအမျိုးသမီးပြောထားတဲ့အကြောင်းအရာတွေကို တုံ့ပြန်ဖို့ထက် လွင်ပြင်ကဘာသာပြန်ထားတဲ့ မူရင်း Website အနောက်ကို လိုက်ကြည့်ဖို့ပဲဆုံးဖြတ်လိုက်တယ်။ ဘာသာရေးဆိုင်ရာကိစ္စတွေတုံ့ပြန်ဖို့က ဘာသာရေးပညာရှင်တွေလုပ်ပါလိမ့်မယ်။ ကျနော်ကတော့ ကျနော်ကျွမ်းကျင်တဲ့အချက်အလက်ရှာဖွေထောက်ပြတာလုပ်ပါမယ်။ ကျနော့်ဆုံးဖြတ်ချက်မှန်လိုက်ပါတယ်။ သတင်းလာရာ Source ဟာ ခိုင်မာမှုမရှိဘူးဆိုရင် အဲဒီသတင်းက ဘယ်လောက်ပဲ ယုတ္တိရှိနေပါစေ၊ တန်ဖိုးမရှိတော့ပါဘူး။ မခိုင်မာဘူးလို့ ယူဆရမှာပါ။

Image may contain: 1 person, text

– **အစတွေဆွဲထုတ်မှာမို့ စာနည်းနည်းရှည်ပါမယ်လို့ ကြိုပြောထားပါရစေ** –

လွင်ပြင်ရဲ့မရိုးမသားလုပ်ရပ်နဲ့ ၀ါဒဖြန့် ခရစ်ယာန်မီဒီယာ
******************************************

(၁) မူရင်းအင်္ဂလိပ်လို ဖော်ပြထားတဲ့ Website က Christian Broadcasting Network (CBN News) တဲ့။ သူတို့သတင်းဌာန Logo မှာကတည်းက The Christian Perspective (ခရစ်ယာန်အမြင်/ရှုထောင့်) လို့ ရေးထားပြီးသားပါ။ အဲဒီအတွက် ခရစ်ယာန်ဝါဒဖြန့် Site လို့ သတ်မှတ်လို့ရပါတယ်။ မွတ်စလင်ဝါဒဖြန့် website တချို့မှာလည်း ခရစ်ယာန်/ဂျူး/ဟိန္ဒူ/ဗုဒ္ဓဘာသာ အစရှိတာတွေကနေ မွတ်စလင်ဖြစ်လာသူတွေရဲ့ Story တွေရေးထားတာ ထောင်နဲ့သောင်းနဲ့ချီပြီး ရေတွက်မကုန်နိုင်အောင်ရှိပါတယ်။

Image may contain: 1 person, text

(၂) လွင်ပြင်က ဖော်ပြထားတဲ့သတင်းကို CBN က 01-02-2016 ရက်စွဲနဲ့ Ex-Muslim: Koran Revealed a Religion I Did Not Like ဆိုတဲ့ခေါင်းစဉ်နဲပ မနှစ်က နှစ်စကတည်းက ဖော်ပြခဲ့ပြီးသားဖြစ်ပါတယ်။ တစ်နှစ်ကျော်ကြာပြီးတော့မှ လွင်ပြင်က လတ်လတ်ဆတ်ဆတ်သဖွယ် အစဆွဲထုတ်ပြီး ကိုယ့်တိုင်းပြည်ရဲ့ လက်တလောဘာသာရေးတင်းမာမှုအခြေအနေကို ငှဲ့ကွက်ခြင်းမရှိဘဲ ရည်ရွယ်ချက်ရှိရှိ ဆူပူအောင် ဆွခဲ့ ဖွခဲ့တာဖြစ်ပါတယ်။

Image may contain: 1 person, suit

(၃) အဲဒီ CBN ကို ဘယ်သူထူထောင်ခဲ့သလဲဆိုတာသိလိုက်ရင်တော့ ဇာတ်လမ်းက ပြတ်ပါပြီ။ အထက်မှာရေးခဲ့တဲ့ ခရစ်ယာန်ဝါဒဖြန့် Website ဆိုတဲ့ အချက်ကို ပိုပြီးခိုင်မာစေမှာပါ။ သူကတော့ televangelist (ရုပ်သံ၊ ရေဒီယိုများအသုံးပြုပြီး ခရစ်ယာန်ဝါဒဖြန့်သူ) ပတ်ရောဘတ်ဆန် (Pat Robertson) ပါ။ သူဟာ ရှေးရိုးစွဲဝါဒီ ခရစ်ယာန် (Conservative Christian) အစွန်းရောက်တစ်ယောက်ပါ။ သူ့ကိုဘာကြောင့်အစွန်းရောက်လို့ပြောရသလဲဆိုရင် သူပြောခဲ့တဲ့စကားတွေကို စုစည်းပြီး Hate Speech မြောက်ကြောင်း၊ ဟာသမြောက်ကြောင်း ထောက်ပြသရော်တာတွေအများကြီးရှိနေလို့။ မယုံရင် Pat Robertson Controversies ဆိုပြီး Googling လုပ်ကြည့်ပါ။

(၄) ခရစ်ယာန်အစွန်းရောက် Pat Robertson ပြောခဲ့တဲ့ အစွန်းရောက်စကားနဲ့ ကမောက်ကမစကားတချိုကို wiki မှာစုစည်းထားတဲ့ထဲက ကောက်နုတ်ပြီး ဖော်ပြပါမယ်။

– ခရစ်ယာန်မဟုတ်သူတွေကို “ခြ” ကောင်တွေနဲ့ခိုင်းနှိုင်းခဲ့ပါတယ်။
– ပရိုတက်စတင့်ခရစ်ယာန်တွေကို ခရစ်တော်ကိုဆန့်ကျင်သူတွေလို့ စွပ်စွဲတိုက်ခိုက်ခဲ့ပါတယ်။ (ခရစ်ယာန်အချင်းချင်းလည်းလှော်တာပဲ)
– အစ္စလာမ်ဘာသာနဲ့ပတ်သက်လာရင်တော့ အကြမ်းတမ်းဆုံးစွပ်စွဲခဲ့ပါတယ်။ အစ္စလာမ်ဘာသာနဲ့မွတ်စလင်တွေကိုရှုတ်ချခြင်း၊ တမန်တော်မုဟမ္မဒ် pbuh ကို မိုက်ရိုင်းစွာပုတ်ခတ်စော်ကားခြင်း အစရှိတာတွေ ပုံစံအမျိုးမျိုးနဲ့လုပ်ခဲ့ပါတယ်။ အထူးသဖြင့် CBN က စီစဉ်တင်ဆက်တဲ့ 700 Club ရုပ်သံအစီအစဉ်မှာပြောတာပါ။

(၅) မူရင်းသတင်းထဲက ဆိုမာလီရွှေ့ပြောင်းဒုက္ခသည်အမျိုးသမီးဟာ ၁၉၉၄ ခုနှစ်ကတည်းက ဆိုမာလီကိုစွန့်ခွာပြီး ဆွီဒင်နိုင်ငံမှာ ဒုက္ခသည်ခံယူခဲ့သူပါ။ အဲဒီလိုဒုက္ခသည်အဖြစ်ကနေ ဥရောပနိုင်ငံတွေကိုရောက်တဲ့အခါ ခရစ်ယာန်အဖြစ်ခံယူလိုက်ကြတာတွေ ဒီနေ့ခေတ်မှာလည်းရှိနေပါတယ်။ တချို့ကတော့ တကယ်သက်ဝင်ယုံကြည်လို့ ကူးပြောင်းသွားတာရှိပြီး ဘယ်သူကိုမှပုတ်ခတ်စော်ကားမှုမျိုးမလုပ်ပါဘူး။ တချို့ကျတော့ အနေအစားချောင်အောင်နဲ့ “၀ယ်” ခံလိုက်ရတာကြောင့် အရင်ကိုးကွယ်ခဲ့တဲ့ ဘာသာတရားကို စီမံကိန်းနဲ့ ပြန်လည်နှုတ်လန်ထိုးတတ်တာရှိပါတယ်။ ဒါကဘာမှထူးဆန်းတဲ့ကိစ္စမဟုတ်ပါ။ ဘာသာရေးအခြေခံလည်းမရှိ၊ ဘ၀ရပ်တည်မှုလည်း ခြေခြေမြစ်မြစ်မရှိတဲ့ ဆိုမာလီဒုက္ခသည်တစ်ယောက်ကို အလွယ်တကူစည်းရုံးလို့ရနိုင်မယ်ဆိုတာကို ကျနော်သံသယမရှိပါဘူး။

အဆုံးသတ်အနေနဲ့ ရိုးသားကြပါလို့ပဲပြောချင်ပါတော့တယ်။

26.4.17
(စတီဗင်)

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s