အခြေအနေ အချိ န်အခါအရ မျိုးညစ်တွေနဲ့ ထိပ်တိုက်မတွေ့အောင် အစ္စလာမ်ဘာသာဝင် ညီနောင်တွေဖက်က ရှောင်ရှားသင့်တယ်…လို့ ထင်ပါတယ်

Maung Maung

စိတ်တွေလေးနေတယ်ဗျာ

နေ့စဉ် ပူပန်စိတ်တွေနဲ့ နေ နေရတယ်

ကိုယ့်အတွက်မဟုတ်ပါဘူး
မြန်မာပြည်မှာရှိနေသူတွေ အတွက် ပါ

မွတ်စလင်တွေအတွက်ရော
ဗုဒ္ဓဘာသာဝင်တွေအတွက်ရောပေါ့

No automatic alt text available.
ဘယ်သူ့ ဘယ်သူမှ
ဘာမှ မဖြစ်စေချ င်ပါဘူး

အစိုးရရဲ့ ပျ က်ကွက်မှုကြောင့်
လူတိုင်း(ကိုယ့်အတိုင်းအတာနဲ့ကိုယ်) စိုးရိမ်ထိပ်လန့်နေကြရတယ်
အန္တရာယ်နဲ့ နေ့စဉ် ရင်ဆိုင်နေကြရတယ်

တဖက်မှာ ထိန်းသိမ်းသူမဲ့ ရမ်းကားနေသူတွေ သွေးကြွနေသူ
တွေ သွေးဆွနေသူတွေရဲ့ ရန်ရှာမှုက တနေ့တခြား ပိုဆိုးလာ
နေတယ်

သည်းခံတယ်ဆိုတာကလည်း အတိုင်းအတာရှိနေပါတယ်

လက်ရှိအနေအထားက သည်းခံနိုင်တဲ့ အတိုင်းအတာထက်
အများကြီး ကျော်လွန်နေပြီးနေပြီ

မြန်မာမွတ်စလင်တွေမှာသာ တိုင်းပြည်ကို ချ စ်တဲ့စိတ်မရှိဘူးဆိုရင်
တိုင်းပြည်ကို သံယောဇဉ်မရှိဘူးဆိုရင်
မတွေးရဲစရာဘဲ
တိုင်းပြည်ကြီးဟာ
ဂါဇာလိုဖြစ်နေမလား
ဆီးရီးယားလိုဖြစ်နေမလား
ကရှ်မီးယားလို ဖြစ်နေမလား
တခုခုတော့ ဖြစ်နေမှာ အသေအချာဘဲ

လက်ရှိအချိ န်မှာ
နိုင်ငံတကာခေါင်းဆောင်တွေနဲ့အတူ
ကုလသမဂ္ဂအဖွဲ့ကြီးက
ဒီအဖြစ်ဆိုးကြီးထဲက မြန်မာနိုင်ငံကို ကယ်တင်ဖို့
အစီအစဉ်တွေ လုပ်ဆောင်နေကြပြီ

စစ်တပ်နဲ့ စစ်အလိုတော်ရိတွေအတွက်
ဆေးခါးကြီးဖြစ်ပေမဲ့
တိုင်းရင်သားတွေ လူနဲစုတွေအပါအဝင် မြန်မာပြည်သူတွေ
အတွက်ကတော့
တသက်လုံးက စွဲကပ်နေခဲ့တဲ့ စစ်အာဏာရှင် ရောဂါဆိုးကြီး
နဲ့အတူဖြစ်ပေါ်နေတဲ့ နိုင်ငံရေးရောဂါ ၉၆ပါးစလုံး
ပျောက်ကင်းသွား
နိုင်တဲ့ ‘နတ်ဆေး’ ကြီးပါဘဲ

ဒီအခြေအနေကို မလိုလားတဲ့
စစ်ဘီလူးတွေဟာ
သူတို့ရဲ့ အာဏာကို လက်မလွှတ်ရရေး
နိုင်ငံတကာရဲ့အစီအစဉ်တွေ ရှုပ်ထွေးသွားစေရေး
လုပ်ရကိုင်ရ ခက်ခဲသွားစေရေးအတွက်
သူတို့ရဲ့ လက်ဝေခံ
သရဲတွေ သဘက်တွေ မှင်စာတွေ စုန်းပြူးတွေကို
ပွဲထုတ်ပြီး ပြည်တွင်းမှာ မတည်ငြိမ်မှုတွေဖြစ်လာအောင်
ပြသနာမျိုးစုံ ဖန်တီးလာနေကြပါတယ်

အကြီးမားဆုံးပြသနာဖန်တီးမှုကတော့
အစ္စလာမ်ဘာသာဝင်တွေကို ပြသနာရှာ စော်ကားနေတာပါဘဲ

အရည်အချ င်းမရှိတဲ့ အစိုးရကလဲ
ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဖြစ်နေပါတယ်

မနက်ဖန် သောကြာနေ့ ဝတ်ပြု ချိန်မှာ သာကေတကို ပြသနာရှာမယ်လို့ စစ်ခွေးမျိုးညစ်တွေက
ဗျောင် ကြေငြာ ချိန်းခြောက်ထားပါတယ်

သာမာန်အားဖြင့်ပြောရမယ် ဆိုရင်တော့
သိပ်လွယ်ပါတယ်

မင်းတို့ ဇ ရှိရင် လာခဲ့ကြပေါ့

မင်းတို့လဲ မြန်မာပြည်သား
ငါတို့လဲ မြန်မာပြည်သား

စိတ်ဓာတ်ခြင်း ခံယူချ က်ခြင်း သတ္တိခြင်း သွေးရဲတာခြင်း
ကြို က်သလို ယှဉ်လို့ရတယ်

မင်းတို့က မတရား ကျူးကျော် ရန်စ စော်ကားတဲ့သူ
ငါတို့က တရားသဖြင့် ခုခံမဲ့သူ

ဘာကိုမှ ဂရု စိုက်စရာမရှိဘူး

တခုဘဲရှိတယ် မင်းတို့ဘက်က သင်္ဃန်းကိုခြုံ ပြီး
အကာအကွယ်ယူလာမှာကို

ဒါပေမဲ့
မထူးဇာတ်ခင်းပြီ ဆိုတဲ့အချိန်မှာတော့ ဘယ်သူကမှ
ထည့်စဉ်းစားနေမှာ မဟုတ်ပါဘူး

အခြေအနေက ဒီအဆင့်အထိဖြစ်နေတော့ စိတ်ပူမိတယ်

အမှန်တကယ် စိတ်ရင်းအတိုင်းပြောရရင်တော့
ဘာပြသနာမှမဖြစ်စေချ င်ဘူး
ဘယ်သူ့ကိုမှ မထိခိုက်စေချ င်ဘူး

စစ်ဘီလူးတွေဖန်တီးလို့
တစုံတရာ ပြသနာပေါ်ခဲ့ရင်
အဲ့ဒီ ပြသနာ ကြီးထွား ကျ ယ်ပြန့် သွားခဲ့ရင်

နိုင်ငံတကာက/ကုလသမဂ္ဂ က လုပ်ဆောင်မဲ့ လုပ်ငန်းတွေ
မှာ အနှောက်အယှက် အဟန့်အတားဖြစ်သွားမှာကို
စိုးရိမ်မိတယ်

အဲ့ဒီတော့ အခြေအနေ အချိ န်အခါအရ
မနက်ဖန်မှာ
မျိုးညစ်တွေနဲ့ ထိပ်တိုက်မတွေ့အောင်
အစ္စလာမ်ဘာသာဝင် ညီနောင်တွေဖက်က
ရှောင်ရှားသင့်တယ်…လို့ ထင်ပါတယ်

ကိုယ်တွေဖက်မှာက
လောက်လောက်လားလား မားမားမတ်မတ် ဦးဆောင်မဲ့သူ
မရှိတာရယ်
အစိုးရက အစိုးမရတဲ့ ပြည်ထဲရေးနဲ့ တရားစီရင်ရေးက
အစ္စလာမ်ဘာသာဝင်တွေကို ခွဲခြားဖိနှိပ် ဆက်ဆံမှာရယ်
ထွေ/အုပ်က အကြမ်းဖက်အုပ်စုဖက်က ရပ်တည်ပေးနေတာ
တွေရယ်ကြောင့်
ကိုယ်တွေက ခံဖက်ကချ ည်းဖြစ်နေပါတယ်

ဒီအခြေအနေမှာ ပြသနာဖြစ်လိုက်လို့
နိုင်ငံတကာက အရေးယူ ဆောင်ရွက်မဲ့ ကိစ္စပါ
နောက်ဆုတ်သွားမယ် ဆိုရင်
ကိုယ်တွေအတွက် တအားနစ်နာပါတယ်

ဒီတော့
စိတ်ပူတာလည်း နေ့စဉ် စိတ်ပူနေရတာပါဘဲ

ဒါပေမဲ့
မွတ်စလင်ညီနောင်များအနေနဲ့
မိမိတို့စိတ်ကို မိမိတို့ ထိန်းချု ပ်ပြီး
ခနလေးသည်းခံပေးကြပါဦး

စစ်မှန်တဲ့ ဗုဒ္ဓဘာသာဝင် ညီတော်နောင်တော်များအနေနှင့်
လည်း
ဘာသာရေး အရေခြုံ မျိုးညစ်များကို ဝိုင်းဝန်း ထိန်းသိမ်းပေး
တော်မူကြပါ…လို့ တိုက်တွန်း နှိုးဆော် အကြံပြု လိုက်ပါတယ် ခင်ဗျား

မောင်မောင်
ရွှေကရဝိက်
မလေးရှား

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s