ကိုယ့် နိုင်ငံသား အခွင့်အရေး ထိပါးလာရင်လည်း မကြိုက်သလို သူတစ်ပါးရဲ့ နိုင်ငံသား အခွင့်အရေးကို ထိပါးနေတာကိုလည်း သဘောမတွေ့ပါဘူး ပိုဆိုးတာက အုပ်ချုပ်သူ အစိုးရက ဖိနှိပ်တာ မဟုတ်ဘဲ နိုင်ငံသား အချင်းချင်းး ဖိနှိပ်နေတာကို သဘောမကျတာပါ

Kyaw San shared (ညီသစ်)

ခုလို အစ္စလာမ်တွေ ဖိနှိပ်ခံရတဲ့ အချိန်ဆို ကျွန်တော်တို့လို လူတွေရဲ့
အသံတွေက ပိုပို ကျယ်လာတတ်တယ် တချို့ကလည်း အဲ့ဒါကြောင့် ကုလားအားပေး ကုလားလော်ဘီလို့ ခေါင်းစဉ်တပ်ကြတာ ၀မ်းမနည်းပါဘူး
ကိုယ်တိုင်လည်း သတိထားမိတယ် တော်တန်ယုံ တရားဥပေဒရေးရာ ကိစ္စ ဆိုရင်တောင် သိပ်သဘော မတွေ့ဘူး ဆိုတာလောက်နဲ့ပဲ နေတာ
အစ္စလာမ် ဘာသာဝင်တွေကို ဘာသာရေးကြောင့် ဖိနှိပ်ပီ ဆိုရင်
မခံမရပ်နိုင် ဖြစ်တဲ့ အထိ ဖြစ်တယ်

ဘာလို့ ဖြစ်တာလည်း ?

ကျွန်တော်နဲ့ ပြင်ပမှာရော online မှာရော
ကျေးဇူးခံ ကျေးဇူးစား တွေ ရှိလို့လား ? မရှိပါဘူး
မျက်နှာနာရမယ့် လူတွေရှိလို့လား ? မရှိပါဘူး
ဒါဆို အစ္စလာမ် ဘာသာဝင်တွေကို ဂရုဏာ ပိုနေတာလား ? မဟုတ်ပါဘူး
ငွေရေးကြေးရေး ပတ်သက်ဆက်စပ်နေရလို့လား ? မဟုတ်ပါဘူး

ဒါဆို ဘာလို့လည်း ?

နိုင်ငံသားခြင်း နိုင်ငံသား အခွင့်အရေး အပြည့်အ၀ ရစေချင်လို့ပါ
ကိုယ့် နိုင်ငံသား အခွင့်အရေး ထိပါးလာရင်လည်း မကြိုက်သလို
သူတစ်ပါးရဲ့ နိုင်ငံသား အခွင့်အရေးကို ထိပါးနေတာကိုလည်း သဘောမတွေ့ပါဘူး ပိုဆိုးတာက အုပ်ချုပ်သူ အစိုးရက ဖိနှိပ်တာ မဟုတ်ဘဲ
နိုင်ငံသား အချင်းချင်းး ဖိနှိပ်နေတာကို သဘောမကျတာပါ
လူ့အခွင့်အရေး ဘာညာ ဆိုတာ နောက်တဆင့်ပါ
ကုန်ကုန်ပြောရရင် မင်းတို့ လူ့အခွင့်ရေး သမားတွေ ဘာဖြစ်တယ် ညာဖြစ်တယ်လို့ ပြောနေတဲ့ လူတွေကိုယ်တိုင်တောင် နိုင်ငံသား အခွင့်အရေးက သေချာတွေးကြည့်ရင် အပြည့်အ၀ ရကြတာ မဟုတ်ပါဘူး

မြန်မာပြည်မှာ ကိုယ့် နိုင်ငံသား အခွင့်အရေးကို ကိုယ်တိုင် မသိလို့ ဥပဒေကြောင်းအရ ပြည့်ပြည့်၀၀ နားလည်မထားလို့
အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး ပိုင်းက အကျင့်ပျက် ၀န်ထမ်းတွေရဲ့ အနိုင်ကျင့်စော်ကားမူတွေကို ခံနေရသူတွေ အများကြီး ရှိပါတယ်
စစ်တပ်ကလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေကို အသက်နဲ့လဲ ကာကွယ်မယ် လို့သာ ပြောနေတာ အခြေခံဥပဒေထဲက ဘာသာရေးနဲ့ ပတ်သက်တဲ့ ပုဒ်မတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက် အားလျော့အောင် လုပ်နေတဲ့ ကတုံးတွေကိုကျ ဖွဲ့စည်းပုံနဲ့ ဆန့်ကျင်နေတယ်နော်လို့ သတိပေးဖော်တောင် မရတဲ့အပြင် အမျိုးဘာသာ ကာကွယ်ဖို့ စစ်တပ်မှာလည်း တာဝန်ရှိတယ်ဆိုပီး အလိုတူ အလိုပါ သဘောတောင် ပြောဆိုထားပါသေးတယ်

ဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲမှာ အကျဉ်းချူံး ပြောရရင်
လွတ်လပ်စွာ ကိုးကွယ်ခွင့် ပြုတယ် ဆိုတဲ့ အချက် ပါသလို
လူဦးရေ အရ ဗုဒ္ဓဘာသာ ကို အထူး ၀ိသေသ ရှိသော ဘာသာအဖြစ် ခွင့်ပြုတယ် ဆိုပြီး favour ပေးထားပြီးသားလည်း ဖြစ်ပါတယ်
တခြား ဘာသာတွေကိုလည်း တတ်နိုင်သလောက် အကာအကွယ်ပေး ကူညီစောင်မ ရမယ်လို့လည်း ပါထားပါတယ်

ခုလို အချိန်မှာ ကျွန်တော်တို့ အသံတွေ ကျယ်လောင်နေတာ အစ္စလာမ် ဘာသာဝင်တွေကို ဖိနှိပ်နေလို့ ဆိုတာထက် နိုင်ငံသား အချင်းချင်း နိုင်ငံသား အခွင့်အရေး ဆုံးရှူံးအောင် ယုတ်မာ အောက်တန်းကျနေတာကို မခံနိုင်လို့သာ ဖြစ်ပါတယ် သူတစ်ပါးရဲ့ နိုင်ငံသား အခွင့်အရေးကို မထီမဲ့မြင်ပြု ရန်ရှာရင် ကိုယ့် နိုင်ငံသား အခွင့်အရေး အပြည့်အ၀ ရဖို့လည်း ရေရာမှာ မဟုတ်ပါဘူး တချိန် ကိုယ့် နိုင်ငံသား အခွင့်အရေးတွေလည်း ဆုံးရှုံးရနိုင်ပါတယ် ပြည်သူတွေ အတွက် အာဏာရှိ လက်နက်ရှိတဲ့ အုပ်ချုပ်သူ လူတန်းစားတွေနဲ့ ဆက်ဆံရာမှာ နိုင်ငံသား တစ်ယောက်ရဲ့ အခွင့်အရေး ခိုင်မာဖို့က အရမ်း အရေးကြီးပါတယ် ဒီအချက်ကို အင်အား ဆုတ်ယုတ်အောင် လုပ်တာဟာ ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းစွပ်နေတာပဲ ဖြစ်မှာပါ..(ညီသစ်)

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s