ရပ်ကွက် သို့မဟုတ် လမ်းထဲက ဘာသာခြားတွေနဲ့ သဟဇာတဖြစ်အောင်နေပါ။ အပြန်အလှန်မေတ္တာထားပါ။ ဟိုတယ်ကြီးတွေ၊ ခန်းမကြီးတွေ၊ စားသောက်ဆိုင်ကြီးတွေမှာ ငွေကုန်ကြေးကျမြောက်မြားစွာခံပြီး ဖန်ငွေရဖို့ လုပ်နေတဲ့ ဘာသာပေါင်းစုံချစ်ကြည်ရေးပွဲတွေထက် ရပ်ကွက်ထဲက တစ်ပိုင်တစ်နိုင် ဘာသာပေါင်းစုံချစ်ကြည်ရေးကမှ တကယ်ဖြစ်လာတဲ့အချိန်မှာ ကျုပ်တို့ခများတို့ကို ကာကွယ်ပေးနိုင်ပါလိမ့်မယ်

Twal Har

ပတ်ဝန်းကျင်မှာ ဘာသာပေါင်းစုံချစ်ကြည်ရေးလုပ်ပါ

ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံကို အကာအကွယ်ပေးနိုင်မယ့် အမုန်းစကားဖြန့်ဝေမှုတွေကို တားဆီးရေးဥပဒေမူကြမ်းထွက်ပေါ်လာဖို့ လုပ်ကြံခံလိုက်ရပြီးဖြစ်တဲ့ ဦးကိုနီက ဦးဆောင်ပြီး ဆောင်ရွက်ခဲ့တယ်။ အဲဒါကြီးဖြစ်မလာခင် ဆရာလည်း လုပ်ကြံခံလိုက်ရတယ်။ ဥပဒေကြမ်းမထွက်ပေါ်ခင်မှာ အမုန်းစကားဖြန့်ဝေပြောဆိုသူ မည်သူကိုမဆို တည်ဆဲဥပဒေအရ အရေးယူမယ်လို့ သာ/၀န်က ပြောခဲ့တယ်။ ဘာမှထူးခြားမလာဘူး။ တိတ်ကပ် အသံဖိုင်ဖွင့်ပြီး ဥပဒေကို လက်တလုံးခြားလုပ်ခဲ့တာပဲအဖက်တင်တယ်။

မြန်မာနိုင်ငံမှာဘယ်လောက်လုပ်လုပ် အဖက်မတင်ဘဲ ပိုတောင်ဆိုးဆိုးသွားတတ်တဲ့ ကိစ္စနှစ်ခုရှိတယ်။ တစ်ခုက တရားပွဲ၊ နောက်တစ်ခုက ဘာသာပေါင်းစုံချစ်ကြည်ရေးပွဲ။ တရားပွဲတွေလုပ်သလောက်တရားမဲ့ကြသလို ချစ်ကြည်ရေးပွဲလုပ်သလောက် အမုန်းတရားက အင်မတန်ကြီးစိုးနေတယ်။ ဓမ္မကို အဓမ္မက ဂိုးပြတ်အနိုင်ယူထားတယ်။

အားကိုးရာမဲ့နေတဲ့ မြန်မာမွတ်စလင်တွေဟာ ကိုယ်ထူကိုယ်ထ ကိုယ့်အားကိုယ်ကိုးပြီး ကိုယ့်အသက်အိုးအိမ်ကို ကာကွယ်စောင့်ရှောက်ဖို့သာ အကြံထုတ်နေရတဲ့ အနေအထားပါ။ အခုသာကေတကိစ္စမှာလည်း ပတ်ဝန်းကျင်က ဗုဒ္ဓဘာသာဝင်တွေက အများကြီးကာကွယ်ပေးခဲ့တာ လက်တွေ့မြင်ရတယ်။ ပြီးတော့ အကြမ်းဖက်လူအုပ်ကြီးထဲမှာ အဲဒီရပ်ကွက်ထဲက တစ်ယောက်မှမပါဘူးဆိုတာကို အင်တာဗျူးတစ်ခုမှာ နားထောင်လိုက်ရတယ်။

နောက်နောင်လည်း ဒီဗျူဟာပဲသုံးရမှာပါ။ အစိုးရအဖွဲ့၊ စစ်တပ်အောက်က ပြည်ထဲရေး ဘာဆိုဘာမှ အားကိုးလို့မရဘူး။ ဒေါ်အောင်ဆန်းစုကြည်အစိုးရ တက်လာပြီးကတည်းက သူရဲသမိန်၊ လုံးခင်းတို့မှာ လက်တွေ့တွေမြင်ခဲ့ရပြီပဲ။ သာကေတက လွှတ်တော်ကိုယ်စားလှယ်ကိုယ်တိုင်က ကျပ်ပြည့်တဲ့ပုံမပေါ်ဘူး။ လူကိုမကြည့်ဘဲ ပါတီကိုကြည့်ခဲ့တဲ့ အကျိုးဆက်တွေလို့ပဲ ကိုယ့်ဖက်ကိုယ်လက်ညိုးပြန်ထိုးရတော့မယ်။ ရွေးချယ်စရာလည်း ရှိမှမရှိခဲ့ဘဲ။

ရပ်ကွက် သို့မဟုတ် လမ်းထဲက ဘာသာခြားတွေနဲ့ သဟဇာတဖြစ်အောင်နေပါ။ အပြန်အလှန်မေတ္တာထားပါ။ ဟိုတယ်ကြီးတွေ၊ ခန်းမကြီးတွေ၊ စားသောက်ဆိုင်ကြီးတွေမှာ ငွေကုန်ကြေးကျမြောက်မြားစွာခံပြီး ဖန်ငွေရဖို့ လုပ်နေတဲ့ ဘာသာပေါင်းစုံချစ်ကြည်ရေးပွဲတွေထက် ရပ်ကွက်ထဲက တစ်ပိုင်တစ်နိုင် ဘာသာပေါင်းစုံချစ်ကြည်ရေးကမှ တကယ်ဖြစ်လာတဲ့အချိန်မှာ ကျုပ်တို့ခများတို့ကို ကာကွယ်ပေးနိုင်ပါလိမ့်မယ်။

29.4.17
(စတီဗင်)

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s