“ဥပဒေအကာအကွယ် ရဖို့ မျှော်လင့်လို့ မလွယ်တဲ့ နိုင်ငံမှာ ကျ နော်တို့တွေ ဒီထက်ပိုပြီး စုစည်းနေဖို့ လိုမယ်ထင်ပါတယ် ။ တရစ်ပြီး တရစ် တိုးလာတဲ့ သူတို့ လှုပ်ရှားမှုဟာ မကြာခင် ကြီးကြီးမားမား တခုခုဖြစ်လာနိုင်လို့ သတိလည်းထားကြပါ “

Maung Maung

“ဥပဒေအကာအကွယ် ရဖို့ မျှော်လင့်လို့ မလွယ်တဲ့ နိုင်ငံမှာ ကျ နော်တို့တွေ ဒီထက်ပိုပြီး စုစည်းနေဖို့ လိုမယ်ထင်ပါတယ် ။ ”

“တရစ်ပြီး တရစ် တိုးလာတဲ့ သူတို့ လှုပ်ရှားမှုဟာ မကြာခင် ကြီးကြီးမားမား တခုခုဖြစ်လာနိုင်လို့ သတိလည်းထားကြပါ ။”-
D Min Swe · Yangon, Myanmar ·

Credit – theinny oo

မနေ့က .. မီဒီယာ သမား တဦး ရန်စခံခဲ့ ရတယ်​။.!!
ဒီနေ့ သတင်းနှစ်ခုအတွက် ဓာတ်ပုံလိုက်ရိုက်ဖြစ်တယ် ။
နှစ်ခုလုံးကလည်း မျိုးချ စ်အမည်ခံ အဖွဲ့အစည်းတွေနဲ့ ပတ်သတ်တယ် ။

ပထမ တခုက ကမာရွတ်တရားရုံးမှာ ။
ဖြစ်ချ င်တော့ ၀ီရသူ ရောက်လာတယ် ။
ရောက်လာတာကို ဓာတ်ပုံရိုက်နေ သတင်းယူနေတဲ့ သတင်းထောက်သုံးလေးယောက်လောက်ရှိနေတဲ့ နေရာထဲကို …….
လူငယ်လေးငါးယောက်လောက်က အရှိန်နဲ့ ပစ်ဝင်ပြီး ကျ နော်တို့ကို တွန်းထုတ်တယ် ။

တခြားလူတွေ ဘယ်လိုဖြစ်သွားလဲမသိပေမယ့်
ကျ နော်ကတော့ နောက်မှာရှိတဲ့ ကားနံရံမှာ ကပ်သွားတယ် ။
ကိုယ့်ရင်ဘတ်ကို တွန်းပြီး မင်းက ဘာဖြစ်ချင်လို့လဲ မင်းက ဘာလုပ်ချင်လို့လဲလို့လေသံမာမာနဲ့ မေးတဲ့လူက လေးယောက်လောက်ရှိတယ် ။

ဒီတော့ အေးအေးဆေးဆေးပဲ ကိုယ့်အလုပ် ကိုယ်လုပ်နေကြောင်း ဘာမှ
ပြသနာမရှိကြောင်းပြန်ပြောတယ် ။
ဘေးမှာရှိတဲ့ မျိုးချစ်အုပ်စုထဲက အဒေါ်ကြီးတွေဝင်တားလို့ အဲ့ကောင်တွေ ပြန်ထွက်သွားတယ် ။

ဒါနဲ့ ၀ီရသူ နောက် ဆက်မလိုက်ပဲ နေခဲ့တယ် ။

စစ်ထက်အောင်နဲ့ သီဟပြန်ထွက်လာတော့ အဲ့တရားရုံးနဲ့ တစ်မှတ်တိုင်လောက်ဝေးတဲ့ လက်ဘက်ရည်ဆိုင်သွားထိုင်တယ် ။

ခဏနေတော့ ဆိုင်ထဲ လေးယောက်ဝင်လာပြီး ခုဏ ရန်ဖြစ်သွားတာ ဘယ်သူလဲ ဘာညာနဲ့ လာလုပ်တယ် ။
မသိဘူးပေါ့ ဘာဖြစ်လို့လဲဆိုတော့ သူတို့လူတစ်ယောက်ကို ပါးရိုက်သွားလို့တဲ့ ။
ဘယ်လိုပုံစံလဲဆိုတော့ ဆံပင်အရှည်နဲ့ဆိုပြီး ကိုယ့် ကြည့်ပြီးပြောတာ ။
ဒါနဲ့ ဆိုင်အပြင်လှမ်းရှိုးလိုက်တော့ လေးငါးယောက်လောက်ကလည်းဆိုင်
အပြင်မှာ ။

ဒါနဲ့ မဟုတ်တဲ့အကြောင်း လူမှားတဲ့အကြောင်း အေးဆေးရှင်းပြတော့
သတင်းနဲ့ပတ်သတ်ပြီး အမျိုးမျိုးခြိမ်းခြောက်ပြီး ပြန်ထွက်သွားတယ် ။
ဒါနဲ့ ခဏနေပြန်လာတယ် ။

အဲ့မှာတည်းက ဒီကောင်တွေကို နောက်အဖက်မလုပ်ဖို့ ဆုံးဖြတ်မိတယ် ။
ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေလည်းပြောဖြစ်တယ် ။
ကိုယ်တွေကို ပစ်မှတ်ထားနေမှန်းက သေချာနေပြီလေ ။

သတင်းထောက်တွေနဲ့ ရန်ဖြစ်အောင်ဖန်တီးပြီး သတင်းထောက်တွေလွန်လို့
ဖြစ်တာပါဆိုတဲ့ အချိုးမျိုးဖန်တီးနေတာ သိသာလွန်းတယ် ။
ဗိုလ်စိန်မှန်မှာ မြတ်သူကျော်ကို စထိုးပြီး ကွိုင်ရှာကတည်းက
သဘောပေါက်နေတာ ။

ဒါနဲ့ ရုံးမှာနေရင်း သာကေတမှာ အာရဗီစာသင်ကျောင်းတွေကို
အဲ့ကောင်တွေ သွားပြသနာရှာနေပြီဆိုတာ ကြားရတယ် ။

ဒါနဲ့ သေသေချာချာစဉ်စားရတယ် ။
မီဒီယာသမားတွေသီးသန့်ပစ်မှတ်ထားနေတဲ့ကောင်တွေကြားကို……
ဒီကောင်တွေတခါလိုက်တည်နေတဲ့ ကိုယ်က သွားလို့သင့်မသင့် တော်တော်စဉ်းစားပြီးမှ ဘာဖြစ်ဖြစ်ကွာဆိုပြီးထွက်သွားခဲ့တယ် ။

ထင်တဲ့အတိုင်းပဲ ဟိုရောက်တာနဲ့ ကျ နော့်ကို ဖုန်းတွေနဲ့ခိုးရိုက်တာရော ပေါ်တင်လာရိုက်တာရော အမျိုးမျိုးကြုံရတော့ စိတ်ထဲတော်တော်
အနှောင့်အယှက်ဖြစ်ရတယ် ။
မကြာဘူး AP က မင်းကြည်သိန်းကို ဒီကောင်တွေ ပြသနာရှာပြီး ကိုယ်ထိ
လက်ရောက်တွေပါလာရော ။

ဖြစ်ရတဲ့ ပြသနာက အုပ်ချုပ်ရေးမှူးရုံးထဲဝင်မယ့် သတင်းထောက်ကို
ဘာမှမဟုတ်တဲ့ စကားပြောရိုင်းတဲ့ မျိုးချ စ်အမည်ခံကောင်တွေက
ဝင်ခွင့်မပေးလို့ အပြန်အလှန်ပြောနေတာကို……
ဘေးက သင်္ဃန်းဝတ်တစ်ယောက်က မင်းတို့မီဒီယာတွေ ဘလာ ဘလာနဲ့
ရပ်တည်ချက် ယုံကြည်မှု ထိခိုက်စေတဲ့ စကားတွေပြောလို့ ပြန်ပြောရင်း
ဖြစ်ကြတာပဲ ။

တကယ်တော့ ဒါက ပြသနာဖြစ်ရမယ့်ကိစ္စမဟုတ်ဘူး ။
ဒါပေမယ့် တကယ်ဖြစ်ခဲ့တယ် ။

ဒီတော့ ဘာလဲဆိုတော့ သူတို့မီးထွန်းပြသနာရှာနေတဲ့ အစ္စလာမ်အသိုင်းအ၀ိုင်းက သည်းခံနေတော့
မီးမွှေးလို့ရမယ့် …သူတို့လုပ်သမျှ ကို.. အမှန်အတိုင်း အထုပ်ဖြေပြနေတဲ့ ..မီဒီယာဘက်ကို လှည့်တာလို့မြင်တယ် ။

ရှင်းရှင်းပြောရရင် ပွဲမဖြစ်ဖြစ်အောင် လိုက်တည်နေသလိုဖြစ်နေတယ် ။

ဒီတော့ ဒီကောင်တွေနဲ့ မလွှဲသာမရှောင်သာပက်သတ်ရမယ်ဆိုရင် မိတ်ဆွေတွေအနေနဲ့ သတိထားကြပါ ။

ဥပဒေအကာအကွယ် ရဖို့ မျှော်လင့်လို့ မလွယ်တဲ့ နိုင်ငံမှာ ကျ နော်တို့တွေ ဒီထက်ပိုပြီး စုစည်းနေဖို့ လိုမယ်ထင်ပါတယ် ။

တရစ်ပြီး တရစ် တိုးလာတဲ့ သူတို့ လှုပ်ရှားမှုဟာ မကြာခင် ကြီးကြီးမားမား တခုခုဖြစ်လာနိုင်လို့ သတိလည်းထားကြပါ ။
သတိပေးစရာရှိရင်လည်းအချ င်းချ င်း သတိပေးကြပါ မိတ်ဆွေအပေါင်းတို့

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s