ခေါင်းဆောင်ကို မရှာပါနဲ့၊ ကိုယ်တိုင်ခေါင်းဆောင်ပါ

Kyaw Win

ခေါင်းဆောင်ကို မရှာပါနဲ့၊ ကိုယ်တိုင်ခေါင်းဆောင်ပါ ….. (၁)
<><><><><><><><><><><><><><><><><>

ခေါင်းဆောင်နဲ့ ပတ်သက်ပြီး နှစ်သက်တဲ့ ဆိုရိုးစကားတစ်ခုကို ပြပါဆိုရင် ….. NO ONE IS BORN TO LEAD … ပါ။ ဆိုလိုတာက မည်သူတစ်ဦးတစ်ယောက်မျှ ခေါင်းဆောင်အဖြစ် မွေးဖွါးလာတာမဟုတ်ပါဘူး။ ဒါဆိုရင် ခေါင်းဆောင်ဆိုသူတွေ ခေါင်းဆောင်အဖြစ် ဘယ်လိုဖြစ်လာသလဲပြန်ကြည့်ရင် အခြားသူတွေထက် ပိုအလုပ်လုပ်၊ ပိုတော်၊ ပိုပြီးစွန့်လွှတ်အနစ်နာခံ၊ ပိုပြီးအင်အားရှိ …. စတဲ့ အရည်အသွေးနဲ့ လုပ်ရပ်တွေကြောင့် ခေါင်းဆောင်နေရာကို ရလာတာပါ။

အဖေအမေနဲ့ အကိုကြီးတွေရှိလျက်နဲ့ သားအငယ်ဆုံး(သို့မဟုတ်) သမီးလေးက အိမ်ထောင်စုရဲ့ ခေါင်းဆောင်ဖြစ်နေတာတွေ၊ ရပ်ကွက်ထဲမှာ ပညာတတ်၊ချမ်းသာတဲ့ လူကြီးတွေရှိနေပါလျက် လူငယ်လေးက ခေါင်းဆောင်ဖြစ်နေတာတွေ၊ ဘကြီးဘဘေတို့ ဒေါက်တာဘမော်တို့လို ပညာတတ်သူဌေးကြီးတွေရှိနေပါလျက် သခင်အောင်ဆန်းလို လူ့ဗလံငမွဲလေးက အမျိုးသားခေါင်းဆောင်ဖြစ်လာတာတွေ ….. ပြောရရင် အများကြီးပါ။ အဓိကအချက်က ခေါင်းဆောင်ဟာ ” ခေါင်းဆောင် ” လို့ နဖူးမှာစာကပ်ပြီး မွေးလာတာမဟုတ်ပဲ သူ့မိသားစု၊ သူ့ရပ်ကွက်၊ သူ့မြို့၊ သူ့နိုင်ငံ၊ သူ့လူမျိုးအတွက် ဦးနှောက်နဲ့ ကိုယ်ခန္ဓာကို အလုပ်ပိုလုပ်ခိုင်းတယ်၊ အသိဥာဏ်ပညာပိုတော်အောင်လုပ်တယ်၊ အခြားသူတွေထက် ပိုပြီးစွန့်လွှတ်အနစ်နာခံတယ်။ ခေါင်းဆောင်ဖြစ်လာမည့် သူတစ်ယောက်ဟာ ခေါင်းဆောင်ဖြစ်လာရေးထက် သူ့ထက် သာမယ်ထင်ရတဲ့ ခေါင်းဆောင်ရဲ့နောက်လိုက်ကောင်းအဖြစ်နဲ့ သူ့ဘက်ကလုပ်စရာရှိတာကို အကောင်းဆုံးလုပ်တယ်။ သူ့လုပ်ရပ်ရဲ့ အသီးအပွင့်ကိုကြည့်ပြီး ကျန်တဲ့သူတွေက သူ့ရဲ့နောက်ကနေ ယုံယုံကြည်ကြည်လိုက်လာတဲ့အခါ သူ့ဟာသူကိုယ်တိုင်မသိပဲ ခေါင်းဆောင်ဖြစ်မှန်းမသိဖြစ်လာတာပါပဲ။ အချို့လည်း ဓါးပြခေါင်းဆောင်၊ သူခိုးခေါင်းဆောင်၊ လူမိုက်ခေါင်းဆောင် …. စတဲ့ နေရာနဲ့လုပ်ရပ်ကိုလိုက်ပြီး မကောင်းတဲ့နေရာမှာ ခေါင်းဆောင်ဖြစ်လာကြတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အခြားသူတွေထက် ပိုမိုက်၊ ပိုရက်စက်ပြီး မကောင်းတဲ့နေရာမှာ ပိုတော်၊ ပိုအလုပ်လုပ်၊ ပိုပြီးစွန့်စားလို့ ခေါင်းဆောင်ဖြစ်လာတာပါပဲ။

Facebook ပေါ်က အနီးစပ်ဆုံးဥပမာကို ကြည့်ကြရအောင်ပါ။ မိုးလေဝသပညာရှင် ဒေါက်တာ Tun Lwin နဲ့ စစ်တပ်လော်ဘီ ရဲမိုးတို့မှာ Follower တစ်သိန်းကျော်ရှိကြတယ်။ ဘာ့ကြောင့်လည်းဆိုတော့ သူတို့နောက်လိုက်တွေအတွက် သူတို့အလုပ်လုပ်ကြလို့ပါ။ ရဲမိုးက အခြားစစ်လော်ဘီတွေထက် အလုပ်ပိုလုပ်ပြတော့ သူနဲ့အသွေးတူ၊အမွှေးတူတွေက သူ့နောက်လိုက်ပြီး သူ့ကိုခေါင်းဆောင်တင်၊ သူပြောသမျှယုံတော့တာပေါ့။ ဒေါက်တာထွန်းလွင်ကလည်း ဥာဥ့်နက်သန်းခေါင်အထိ အလုပ်လုပ်တော့ သူ့ရဲ့ မိုးလေဝသသတင်းကို လူတွေသိန်းချီပြီး ယုံယုံကြည်ကြည်နဲ့ စောင့်ဖတ်ကြရတယ်။ နောက်ထပ် အကောင်းဆုံး ဥပမာတစ်ယောက်ကတော့ သိပ်အထွေအထူးရှင်းပြစရာမလိုတဲ့ ဦးဝီရသူပဲ။ ဘာပဲပြောပြော မျက်ကန်းမျိုးချစ်တွေအတွက် ဦးဝီရသူထက် ကြီးတဲ့ခေါင်းဆောင်မရှိဘူး။ ဘာ့ကြောင့်ဆိုတော့ အလုပ်လုပ်လို့ပါပဲ။

ဆိုတော့ကာ လူတိုင်းလူတိုင်း(အထူးသဖြင့် မြန်မာမွတ်စ်လင်မ်တွေ)ဟာ ကိုယ်ကဘာမှမလုပ်ပဲ ခေါင်းဆောင်ကို ရှာနေ မျှော်နေရင် အဲဒီလူမျိုးက လုံးပါးပါးသွားမယ်၊ ခေါင်းဆောင်တော့ရမယ်မထင်ဘူး။ လူတိုင်းက ကိုယ်ရောက်ရာနေရာမှာ လုပ်သင့်တဲ့အလုပ်ကို စေတနာသန့်သန့်နဲ့ အများအတွက်အနစ်နာခံပြီး စတင်လုပ်ဆောင်ရမှာပါ။ ကိုယ့်လုပ်ရပ်ပေါ်မူတည်ပြီး လိုတဲ့လူတွေက ကောင်းခြီးပေးဂုဏ်ပြုမယ်။ မလိုတဲ့သူတွေက ကဲ့ရဲ့ပြစ်တင်ရှုတ်ချမယ်။ ဂရုမစိုက်ပါနဲ့။ သူတို့ဘက်က သစ္စာဖေါက်လို့ မြင်တာထက် ကိုယ့်ဘက်က သူရဲကောင်းလို့ မြင်လာအောင်သာ စေတနာအပြည့်နဲ့ အလေးထား အလုပ်လုပ်ပါ။ ကျွန်တော်ပြောရဲပါတယ်။ ခင်ဗျားဟာ မကြာခင် ခေါင်းဆောင်တစ်ယောက်ဖြစ်လာမှာပါ။

Kyaw Win
29 April, 2015

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s