“မဘသ အန္တရာယ်သိတ်ကြီးနေပြီ ဗမာပြည်သားတို့”

Htun Htun Gin Gyi

“မဘသ အန္တရာယ်သိတ်ကြီးနေပြီ ဗမာပြည်သားတို့”
==================================
မနေ့က (မဘသ)အဖွဲ့ဆိုတာ ဘာသာရေးဖက်ဆစ်တွေလို့ သုံးတော့ တယောက်က ပြင်းထန်လွန်းပါတယ်တဲ့ ဒီတော့ ဒီဆောင်းပါးထပ်ရေးဖြစ်အောင်ဖြစ်လာပါတယ်။
ဖက်ဆစ်ဂျပန်တွေ အာရှတိုက်မှာ စစ်ဦးထိုးတော့ အများစုက ဥရောပနယ်ချဲ့တွေလွှမ်းမိုးထားတဲ့ အာရှအရှေ့ဖျားနဲ့ပစ္စိဖိတ်မှာ ထိုးစစ်စခဲ့တာဖြစ်တယ် ဒီတော့အဲ့ဒီကိုလိုနီနဲ့ ကိုလိုနီတပိုင်းဒေသတွေကို ဘယ်ကြွေးကြော်သံနဲ့ စည်းရုံးခဲ့ပါသလဲ အဲ့ဒီကိုလိုနီလှိုင်းတံပိုးပိနေတဲ့နိုင်ငံတွေက လူအတော်များများအလွယ်တကူသဘောကျမဲ့ “အာရှတိုက်သား သာတူကောင်းစားရေး” ဟေ့လို့ကြွေးကြော်ခဲ့တာဖြစ်တယ်။ တကယ့်ဂျပန်တပ်ရောက်လာခဲ့ချိန်မတော့ တခြားစီဖြစ်လာတယ် ဗမာအမျိုးသမီးတွေ လိင်အစော်ကားခံရတယ် ဂျပန်ဗိုလ်ကျတာကိုမကြိုက်တဲ့ အမျိုးသားတွေ အနှိပ်စက်ခံရတယ် အဖမ်းဆီးခံရတယ် ဂျပန်ပါးရိုက်တာအင်မတန်နာမည်ကြီးလှပါတယ် ထားတော့ အဲ့ဒီအချိန်က ဂျပန်အလိုတော်ရိတွေ ဗမာပြည်မှာထွက်လိုက်တာအများကြီး ဂျပန်ကင်ပေတိုင်အလိုတော်ရိတွေ ဖက်ဆစ်ကိုဖော်လန်ဖားတဲ့သူတွေ နောက်ဆုံးပြောရရင် “ဖြေးဖြေးလုပ်ပါမာစတာရယ် ယောတောရှိ ယောတောရှိ” ဆိုတာတွေအထိရှိခဲ့ကြတာဖြစ်တယ်။


ဗမာပြည်မှာ ပြည်တွင်းဖက်ဆစ်စစ်အာဏာရှင်တွေလည်းရှိတယ် လူတိုင်းသိပြီးသား ဒီကနေ့ မဘသ ဆိုတဲ့ ဘာသာရေးဖက်ဆစ်တွေကို ဘယ်သူတွေက မြှောက်ပေးခဲ့သလဲ၊နောက်ကွယ်မှာဘယ်သူတွေရှိလဲ သတင်းဓါတ်ပုံတွေအများကြီးမှာ လူအတော်များများတွေ့ဘူးကြမယ် ခင်ညွန့်စစ်ထောက်လှမ်းရေးတွေ မဘသ နောက်မှာအုပ်လိုက်ရှိတယ် ဦးကိုနီသတ်တဲ့အုပ်ကိုကြည့်လိုက်ပါ အဲ့ဒီထောက်ပြုတ်တွေ၊စစ်ဗိုလ်ဟောင်းတွေ ဒီလိုအုပ်စုဖွဲ့ပြီး လုပ်ကြံသတ်ဖြတ်ရေးကိုကြံစည်တယ်ဆိုတာ အများပြောနေတဲ့ နောက်ကွယ်က လက်မဲကြီးဆိုတာ စစ်အုပ်စုထဲက သြဇာကြီးလက်မဲရှိနေတာကျိန်းသေပါတယ် လွတ်နေတဲ့လူသတ်သမား မမိသေးတာပဲကြည့်ပါ။ ထားတော့ ဒီကနေ့ မဘသ ကြွေးကြော်နေတာက “အမျိုး၊ဘာသာ၊သာသနာ စောင့်ရှောက်ကာကွယ်ရေး”ဆိုတဲ့ အသံကိုထုတ်ထားတာဖြစ်တယ် ဒီကနေ့ဗမာပြည်မှာ အသိညဏ်အရ လူပိန်းတွေရှိနေတယ်ဆိုတာ အလကားပြောနေတာမဟုတ်ဘူး တခုခုဆိုအယုံလွယ်တတ်တဲ့ သာမန်လက်လုပ်လက်စားတွေရှိတယ် ပညာတတ်တွေတောင်ပါတယ် မိရိုးဖလာဘာသာရေးသမားတွေပါပါတယ် မဘသတွေကို အထင်မသေးနဲ့ နယ်တွေမှာ ဘုမသိဘမသိတွေကြားမှာ အင်အားရှိနေတယ် သေသေချာချာလေ့လာကြရမှာဖြစ်တယ် နောက်တခုက “ဖြေးဖြေးလုပ်ပါမာစတာရယ် ယောတောရှိ ယောတောရှိ နဲ့အင်မတန်တူလှတဲ့” “သင်္ဃန်းဝတ် မဘသ ကိုယ်တော်တွေကို ဘုန်းဘုန်းဘုရားဆိုပြီး လုပ်နေတဲ့” ယောတောရှိတွေအများကြီးရှိတယ် ဂျပန်ကင်ပေတိုင် လက်ဝေခံတွေလို လူဆိုးလူမိုက်တွေအများကြီးပါနေတယ် ဖက်ဆစ်စစ်ဗိုလ်တွေလို “ခူးရား ခူးရား”လို့ အမိန့်ပေးနေတဲ့ “ဝီရသူလို ဖက်ဆစ်သင်္ဃန်းဝတ်ကလည်းရှိနေတာဖြစ်တယ်” နောက်ကွယ်ကလက်မဲကြီးဆိုတာ “ဖက်ဆစ်ဂျပန်ဘုရင် ဟီရိုဟီတိုလို့ ၊နန်းရေးဝန်တိုဂျိုလိုလူစားတွေ အာဏာ၊ငွေကြေး၊လက်နက်ကိုင်ရှိတဲ့ စစ်ဘုရင်တွေဖြစ်နေတာကို” တွေ့ရလိမ့်မယ်……ဘာကြောင့်အခုလိုရေးတာလဲလို့ပြောရင် တိုင်းပြည်အတွက်အန္တရာယ်အင်မတန်ကြီးတဲ့ ကိစ္စကြီးဖြစ်နေတယ် အခုက နုသေးတယ်လို့ပြောရမယ် “အာရှတိုက်သားသာတူညီမျှရေး”အော်သလိုမျိုး “အမျိုးဘာသာ၊သာသနာ”လို့အော်နေတဲ့အချိန်ဖြစ်နေသေးတယ် ဒီကြားထဲမှာမတော်မတရားလုပ်ခဲ့တာတွေ လူသတ်တာ အနိုင်ကျင့်တာ အများကြီး မိတ္ထီလာက ဗွီဒီယိုဖိုင်တွေရှာကြည့်ကြ ဆင်းရဲသားလက်လုပ်လက်စား ကုလားလေးတွေ(ကုလားလို့သုံးခွင့်ပြုဗျာ)လိုက်ရိုက်သတ်နေတာ ဘယ်သူတွေလဲ ဒါဟာ မျက်မြင်သက်သေတခုပဲရှိပါသေးတယ် ဆင်းရဲလို့လမ်းဘေးဈေးရောင်းစားနေတဲ့ မရှိဆင်းရဲသားကုလားလေးတွေကို သင်္ဃန်းဝတ်က လိုက်အနိုင်ကျင့်တာလည်း ဆိုရှယ်မီဒီယာခေတ်မှာ ရုပ်သံတွေပါ မှတ်တမ်းရှိတယ် မနေ့တနေ့ကဖြစ်သွားတဲ့ သာကေတကိစ္စမှာ သူများဘာသာရေးအဆောက်အုံထဲကို အတင်းဝင်ဖို့ကျိုးစားနေတဲ့ မဘသ လူအုပ်စုရဲ့ခေါင်းဆောင် သင်္ဃန်းဝတ်ပုံစံလေ့လာကြည့်လိုက်ပါ တကယ့်ဖက်ဆစ်ကင်ပေတိုင်ပုံပဲ အုပ်ချုပ်ရေးအရာရှိကတောင် လေပြေထိုးပြောနေရတာကြည့် ဒါကြောင့် ဒါဟာ နုနယ်ပေမဲ့ ဖက်ဆစ်ဆန်တဲ့လုပ်ဟန်အမူအကျင့်တွေ တိုင်းပြည်ထဲမှာ ဘာသာရေးဘန်းပြပြီး လူတွေကြားထဲ မတော်မတရားကိစ္စတွေလုပ်ဖို့ကြံနေ၊တွေးနေ၊လုပ်နေ၊စီစဉ်နေတာသာဖြစ်တယ်။ မဘသ ကို သာမန်ပြည်သူတွေ၊ နိုင်ငံရေးအင်အားစုတွေ၊လက်နက်ကိုင်တော်လှန်ရေးတွေ၊လူမှုအဖွဲ့အစည်းတွေ၊သမဂ္ဂတွေ နားလည်သူတွေက ခတ်ရှင်းရှင်းဆန့်ကျင်တိုက်ဖျက်ဖို့လိုလာပြီ အခုတက်လာတဲ့အစိုးရတို့ မဟနသံဃာ့အဖွဲ့အစည်းတို့နှာစေးသလိုလို၊တခုခုထိမ်းနေသလိုလို၊တွန့်ဆုတ်နေသလိုလိုမျိုးလုပ်ကိုင်နေကြရင် မဘသဟာ တိုင်းပြည်ကို ဖက်ဆစ်လိုထင်တိုင်းကျဲသွားလိမ်မယ်ဆိုတာ သတိပေးတာဖြစ်တယ်။ ကိုယ်ပိုင် ညဏ်ပညာနဲ့ မြတ်ဗုဒ္ဓပြောခဲ့သလို သတိနဲ့ဆင်ခြင်သုံးသပ်ဖို့ လူတိုင်းမှာတာဝန်ရှိနေတယ် အစိုးရမှာသိတ်ကိုတာဝန်ရှိပါတယ် လက်ရှိဗမာပြည်လူ့အဖွဲ့အစည်းမှာ ကြုံရာကြဘမ်းငွေအတွက် ဘာမဆိုလုပ်မယ်ဆိုတဲ့ လူဆိုးလူမိုက်တွေသိတ်များတယ်ဆိုတာ ဘယ်သူမှငြင်းမရဘူး တိုင်းပြည်ကနလဗိန်းတုန်းများနေတာအမှန်ပဲ အဖိနှိပ်ခံလူထုစော်ကားတာမဟုတ်ဘူး အဲ့ဒီထဲကပဲ သူလျှိုတွေ၊ကြေးစားတွေ၊လူမိုက်တွေ၊ နှာခေါင်းမပါ၊မျက်စေ့မပါသူတွေထွက်နေလို့ပြောနေတာဖြစ်တယ်…နောက်ကထောက်ပြုတ်တွေ၊လက်မဲတွေက ဒါကိုကောင်းကောင်းအသုံးချနိုင်တယ် သိတ်လျှင်တဲ့မြေခွေးတွေဆိုတာမမေ့ကြနဲ့ မြေခွေးနဲ့ ရင်ကြားစေ့ထားသူတွေလည်း သတိထားကြ မြေခွေးအစွယ်က ခင်ဗျားတို့လည်ပင်းမြုတ်ထွက်အောင်ခဲလိုက်လိမ့်မယ် လက်ဦးအောင်သာ မဘသ ကိစ္စ ကိုင်တွယ်ကြ နောက်ကျသွားရင် နောင်ဆိုလွတ်တော်တက်တာတောင် ခေါင်းပေါင်းနေရာမှာ သင်္ဃန်းစလေးပါတ်တက်နေရမယ် ဘာသာရေးအရေခြုံ မဘသအန္တရာယ်သိတ်ကြီးနေပြီ ဗမာပြည်သားအပေါင်းတို့…။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s