သာကေတမှာလူစုပြီး မကွေးဝန်ချုပ်ဟောင်း ခိုးထားတဲ့ ၇ ဘီလီယံကိစ္စလည်း နောက်ကြောင်းပြန်အရေးမယူတော့ပါဘူးတဲ့။ နောက်ထပ်တစ်နေရာလောက်ထပ်ဆူပြလိုက်ရင် ၇ ဘီလီယံလည်း ပြန်မပေးနဲ့ရတယ်ဆိုပြီး ဖြစ်သွားမလား?

Twal Har

တိုင်းပြည်အုပ်ချုပ်မှာလား၊ စစ်တပ်အာဂျင်ဒါကို ဖြည့်ဆည်းမှာလား

နိုင်ငံရေးမှာ တိုက်ဆိုင်တာမရှိ ဆိုတဲ့အရာကို အကြွင်းမဲ့ယုံတယ်။ အားလုံးဟာ သူ့အကျိုးအကြောင်းနဲ့သူဖြစ်လာရတာ။

Ko Phoenix ထောက်ပြထားတာ တကယ်မှန်တယ်။ သာကေတမှာလူစုပြီး မကွေးဝန်ချုပ်ဟောင်း ခိုးထားတဲ့ ၇ ဘီလီယံကိစ္စလည်း နောက်ကြောင်းပြန်အရေးမယူတော့ပါဘူးတဲ့။ နောက်ထပ်တစ်နေရာလောက်ထပ်ဆူပြလိုက်ရင် ၇ ဘီလီယံလည်း ပြန်မပေးနဲ့ရတယ်ဆိုပြီး ဖြစ်သွားမလားတဲ့။

သတင်းတစ်ပုဒ်ထဲမှာ အဲဒီခိုးတဲ့ကိစ္စက ပြည်ခိုင်ဖြိုးပါတီဖျက်သိမ်းခံရတဲ့အထိအရေးယူခံရနိုင်တယ်ဆိုပြီး ဖော်ပြထားတာ ဖတ်လိုက်ရတယ်။

NLD အစိုးရက မီးစင်ကြည့်ကနေရတဲ့အနေအထားပါ။ စစ်တပ်နဲ့ရင်ကြားစေ့ရေးလုပ်ရင်းလုပ်ရင်း နောက်ဆုံး ဇာတ်ဆရာ(စစ်တပ်) အလိုကျကပြရတဲ့ ဘ၀ရောက်နေပြီလို့ပြောရတော့မယ်။

ဦးကိုနီကို မြန်မာပြည်ဝင်ပေါက်မှာ ပေါ်တင်သတ်ပြပြီး ကဲဘာလုပ်မလဲကွာဆိုပြီး ပေါ်တင်မေးခဲ့တယ်။ အခုထိဘာမှလုပ်လို့မရဘူး။ တကယ့်လက်သည်တရားခံမမိသေးဘဲ အရှေ့ကပွန်းရုပ်လေးတွေသာ ချကျွေးထားတယ်။ ပွန်းရုပ်သာပြောတာ၊ သကောင့်သားတွေကို ရဲတွေကအစတလေးတစားဆက်ဆံနေရတဲ့အနေအထား။ ရုံးထွက်လာရင် ၀တ်ထားစားထားတာ ကျော့ကော့ပြီး ဘောဒီဂတ်တစ်သိုက်နဲ့။

ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်ရဲ့ အာဂျင်ဒါတွေကိုများ ဖြည့်ဆည်းပေးနေရသလား အောက်မေ့မိတယ်။ တစ်ယောက်က The Blacklist Series ရုပ်ရှင်အကြောင်း တင်ထားတာတွေ့လို့ စဉ်းစားမိတယ်။

အဲဒီ Series မှာ FBI အလိုရှိတဲ့ထိတ်ထိတ်ကြဲရာဇ၀တ်ကောင် ရေမွန် ရက်ဒင်တန် ဆိုတဲ့ငနဲက FBI ရဲ့ အဖမ်းခံပြီး သတင်းပေးအဖြစ် အနီးကပ်ပူးပေါင်းဝင်ရောက်တယ်။ ပြီးတော့ FBI ကို ကူညီသယောင်နဲ့ သူ့ရဲ့ရာဇ၀တ်အင်ပါယာကို ချဲ့ထွင်တယ်။ နောက်ဆုံးတော့ FBI ဟာ သူ့ရဲ့ အာဂျင်ဒါကို တစ်ဖက်တစ်လမ်းက ကူညီဖြည့်ဆည်းပေးသလိုမျိုးဖြစ်နေခဲ့ရတယ်။ သူသတင်းပေးတဲ့ ရာဇ၀တ်ကောင်တွေကို ဖမ်းဆီးရင်း ရာဇ၀တ်မှုကို နှိမ်နင်းတာတော့ နှိမ်နင်းနေတာပဲ။ ဒါပေမဲ့ နောက်တစ်ဖက်မှာ တကယ့်ကမ္ဘာ့အလိုရှိ ရာဇ၀တ်ကောင်ကြီးကို တစ်ဖက်တစ်လမ်းက ကူညီပေးသလိုဖြစ်နေခဲ့တယ်။ သဘောက သူသတင်းပေးတဲ့ ရာဇ၀တ်ကောင်တွေက သူ့ရဲ့ ရာဇ၀တ်ဂိုဏ်းကို ဒုက္ခပေးနေသူတွေ။

တိုင်းပြည်ကိုမျက်နှာပြအုပ်ချုပ်ပြီး စစ်တပ်အကျိုးစီးပွားကို တစ်ဖက်တစ်လမ်းက ဖြည့်ဆည်းပေးနေရသလားဆိုတာကို အတွေးခေါင်မိပါပြီဗျာ။

29.4.17
(စတီဗင်)

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s