ဦးပါမောက္ခအပါအ၀င် အမျိုးသားရေးလူပ်ရှားသူ ၇ဦးကို ကမာရွတ်မြို့နယ် တရားရုံးမှ ၅၀၅(ခ) နဲ့ ထပ်မံစွဲချက်တင်

ဦးပါမောက္ခအပါအ၀င် အမျိုးသားရေးလူပ်ရှားသူ ၇ဦးကို ကမာရွတ်မြို့နယ် တရားရုံးမှ ၅၀၅(ခ) နဲ့ ထပ်မံစွဲချက်တင်

ရန်ကုန်၊ ဧပြီ ၂၉ – ကမာရွတ်မြို့နယ် တရားရုံးကနေ ဦးပါမောက္ခအပါအ၀င် အမျိုးသားရေးလူပ်ရှားသူ ၇ဦးကို ၅၀၅(ခ) နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ ထပ်မံ စွဲချက်တင် စစ်ဆေးတော့မယ်လို့ သိရပါတယ်။ ” ၅၀၅(ခ)နဲ့ အရေးယူဖို့ တရားရုံးကနေ ဆင့်ခေါ်ထားပေမယ့် လက်ရှိမှာ ၂ယောက်ပဲ အကြောင်းပြန်ကြားသေးတယ် ” လို့ ကမာရွတ်မြို့နယ် တရားသူကြီး ဒေါ်သန္တာရှင် က ပြောပါတယ်။ အမျိုးသားရေးတက်ကြွလူပ်ရှားသူတွေဟာ ၂၀၁၆ခုနှစ် ဧပြီလ ၂၈ရက် က အမေရိကန်သံရုံးရှေ့မှာ ရိုဟင်ဂျာအရေးနဲ့ ပတ်သတ်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

အဲ့ဒါကြောင့် အရင် ကမာရွတ်မြို့နယ် ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းအောင် က၂၉ရက်နေ့မှာ တရားလိုလုပ်ပြီး ပုဒ်မ ၁၉နဲ့ တရားစွဲဆိုဖို့ ရဲစခန်းကို အကြောင်းကြားခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒါအပြင် လူမျိုးစုတစ်ခုနဲ့တစ်ခုအကြား မှာ ဆူပူအုံကြွလာအောင် လှုံဆော်တာ ဖြစ်တဲ့အတွက် အခြားပုဒ်မနဲ့လည်း အရေးယူပေးဖို့ တရားရုံးကို ဦးတိုက် လျှောက်ထားခဲ့တယ်လို့ သိရပါတယ်။

” ဖြစ်ရပ်တစ်ခုတည်းမှာ နှစ်မှုစွဲတဲ့အတွက် အရင်အမှုကို စစ်ဆေးပြီးတဲ့ အထိစောင့်နေတာပါ။ မနေ့ကတော့ ပုဒ်မ ၁၉နဲ့ စစ်တော့ ၅၀၅(ခ)နဲ့ လည်း စစ်မယ်ဆိုပြီး သူတို့ကို အသိပေးလိုက်ပါတယ် ” လို့ ကမာရွတ်မြို့နယ် တရားသူကြီး ဒေါ်သန္တာရှင် က ပြောပါတယ်။ တရားစွဲဆိုခံရသူတွေဟာ ဆရာတော်ဦးပါမောက္ခ၊ ဦးဥာဏဓမ္မ၊ ဦးသုစိတ္တ၊ ကိုဝင်းကိုကိုလတ်၊ ကိုသက်မျိုးဦး၊ ကိုနေ၀င်းအောင်နဲ့ကိုနောင်တော်လေးတို့ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ သူတို့ကို ပုဒ်မ၁၉နဲ့ ရုံးတင်စစ်ဆေးနေကာ အမှုပြီးပြတ်တော့မယ်လို့ သိရပါတယ်။

ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ) ဆိုတာ နိုင်ငံတော်အစိုးရကို ဖြစ်စေ၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကိုဖြစ်စေ၊ ထိခိုက်တဲ့ ပြစ်မှုကို တစ်ဦးတစ်ယောက်သောသူက ကျူးလွန်ချင်လာအောင် အများပြည်သူတွေကို သာမက အများပြည်သူတို့ရဲ့ သီးခြားလူတစ်စုကို လည်း ကြောက်ခြင်း ထိတ်လန့်စေခြင်း တစ်ခုခုဖြစ်စေရန် အကြံရှိရင် ဒါမှမဟုတ် အဲ့ဒီလိုဖြစ်စေရန် အကြောင်းရှိရင် နိုင်ငံတော် အကြည်ညို ပျက်စေတယ်လို့ သိရပါတယ်။

Author  အောင်လေး

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s