ဖေ့စ်ဘုတ်လောကမှာ ဆဲနည်းမျိုးစုံရှိတယ်။ အဆဲဝါသနာပါသူတွေလဲ အောတိုက် အဓမ္မများလှပါတယ်။ ဆဲဆိုခြင်းဆိုတာ ဖရုဿဝါစာပါ။ ဝစီဒုစရိုက်လေးပါးထဲက တပါးပေါ့

Khin Maungoo

အသဲနာလို့ ဆဲတာဟေ့
ဖေ့စ်ဘုတ်လောကမှာ ဆဲနည်းမျိုးစုံရှိတယ်။ အဆဲဝါသနာပါသူတွေလဲ အောတိုက် အဓမ္မများလှပါတယ်။ ဆဲဆိုခြင်းဆိုတာ ဖရုဿဝါစာပါ။ ဝစီဒုစရိုက်လေးပါးထဲက တပါးပေါ့။ မုသာဝါဒါ လိမ်လည်ပြောဆိုခြင်း- ပိသုဏဝါစာ
ကုန်းတိုက်ခြင်း- ဖရုဿဝါစာ ကြမ်းတမ်းစွာပြောဆိုခြင်း-
သမ္ဖပ္ပလာပဝါစာ- သိမ်ဖျင်းသောစကားကိုဆိုခြင်းဟူသော
ဝစီဒုစရိုက်လေးပါး ရှိပါတယ်။
“ပြည်သူ့အသံ လွှတ်တော်အသံ။” ပြည်သူဆန္ဒ လွှတ်တော်
ဆန္ဒ။” စတဲ့စကားတွေဟာ အပေါ်ယံဘန်းပြစကားသာ
ဖြစ်ရင် မုသာဝါဒကံ မြောက်ပြီး လွှတ်တော်ဟာ ‘မုသာဝါဒ
လွှတ်တော်’ လို့ ပြောင်းခေါ်ရမယ်။


“ပြည်သူနဲ့အတူ”လို့ ဒီနှစ်ဆန်းမှာ အော်လာပြန်ပြီ။
တကယ်မဟုတ်ပဲ မဲရရုံလေး ကြားကောင်းရုံလေးပဲ
ပြောတာဆိုရင် သမ္ဖပ္ပလာပဝါစာပါပဲ။
ပြည်သူလူထု ၉၂%ကျော် (အဓမ္မနည်းဖြင့်ရယူထားလို့)
ထောက်ခံ(သည်ဟုဆို)ခဲ့သော ၂၀၀၈ ခြေဥကို အပြတ်
ကာကွယ်သွားမယ်လို့ အဖန်ဖန် ပြောတဲ့စကားဟာလဲ
မတရားမှုကို ဆက်တိုက်ကာကွယ်နေမယ်လို့ ဝန်ခံလိုက်
တဲ့ စကားပါပဲ။
မွတ်ဒေါင်းတို့ ဒေါက်ဖိနပ်အစိုးရတို့စတဲ့အသုံးအနှုံး
များဟာ အစိုးရအပေါ်အကြည်ညိုပျက်အောင် လူထုအား ကုန်းတိုက်ပေးသော ပိသုဏဝါစာ စကားတွေချည်းပါပဲ။ ဓမ္မတရား မေတ္တာတရားကိုမဟောပဲ သင်္ကန်းဝတ်ကြီးနဲ့ အရှက်မဲ့စွာ အမုန်းစကားတွေ ဟောနေ ဟောခွင့်ပြုနေ
တာဟာဖြင့် ဖရုဿဝါစာမက ဝစီဒုစရိုက်ပေါင်းစုံကို လက်
ကုန် ကျူးလွန်ပြနေတယ်။
ကာမသုခဓါတ်ချောင်း ခွေးမယားလုပ်စတဲ့ ယီးစကားများ ပြောခြင်းဖြင့်လဲ သင်္ကန်းကို အားပင်မနာ အသိစိတ်မဲ့စွာ
အကုသိုလ်မှောင်ဖုံးနေကြပါပြီ။
ကြားရ ကြားရ နားဝမသက်သာ အမယ်မင်း ဆုပ်ကပ်တွင်း
ရောက်နေပါပေါ့လား။
လိုချင်သောပစ္စည်းလဲရ ကြားချင်သောစကားလဲ ကြားရ ဆိုရင် “ကောင်းပါပေ့”လို့မဆိုကြပဲ”မိုက်တယ်ကွာ”တဲ့။
ခုလို ပြောတတ်ကြစမြဲပါ။ မိုက်မဲခြင်းကိုပင် ဂရုစိုက်လွန်း
ဂုဏ်တင်လွန်းသလိုဖြစ်နေတော့တယ်။
နိုင်ငံအနှံ့ မျက်စေ့စပါးမွှေးစူး နားကြားပြင်းကပ်လို့ သည်း
မခံတော့တဲ့ အဆုံး အသဲနာလွန်းလို့ ဆဲရှာဘူးတဲ့အောက်
ပါ စာဆိုနှစ်ဦးရဲ့စာကဗျာနဲ့ဘဲ ဒီခေတ်ဆိုးကို ဒီလိုမြင်ခဲ့ပြီ။
“အချုပ်တန်းဆရာဖေ” ဆဲခဲ့သော “မြန်မာလူမျိုများ”
* မြန်မာတွေ စည်းကမ်းဖောက်
ထီးနန်းပျောက် ဖြစ်ပြီ
မှီငြမ်းထောက် အသစ်မှီတယ် ညစ်ပလီလူမျိုး။
မိပြစ်လို့ ဖရှောင်သွေသည်
ဂွကောင်တွေ ခွေးဖြစ်ပေါ့ဗျိုး။
* မြန်မာချင်း ကြွားကြချင်
ဓားပြသွင်လူဆိုး။
ကုလားမြင် သူ့အမေရိုးတော့မလို
ခုမြေလျှိုး ပုန်းအောင်းရှောင်။
မိုက်မနော် ပြုမဟေးတို့က
သူ့ပထွေးတော့ ခွေးသို့မဟောင်။
* ပြောရောဟဲ့ ရာဇဝင်ပြောင်အောင်
စာဇင်တောင် ဦးချလို့
ပလူးရ ပြေးကြို့ခါခါ ခွေးသို့ပမာ။
တွေးမိတိုင်း အရိုးနာသည်
အမျိုးပါ ဆဲချင်ပေါ့လေး။ ။
“နိုင်မြန်မာ” ပေးခဲ့သော ” ကောင်းချီး”
* ငါ ဘုရင်ဖြစ်မှ
ရာဇဝင်အသစ် ရေးတော့ခင် ။
ဒီ”ဥပဒေ”
ဒီ”စစ်” ထောင်းနေသမျှတော့
တခေတ်ပြောင်းဖို့ မမြင် ။
* တစ်ယောက်တစ်ပေါက်နဲ့ အရာမထင်
ရာဇဝင်က ဇောက်ထိုး ။
ဟိုကတစ်မျိုး ဒီကတစ်မျိုး
ငိုရနိုး ရယ်ရနိုး
တို့ပြည်မှာ လူ့သဝေထိုးတွေနဲ့
သူ့အမေရိုး. . . .။
ဖိုးဇော် ( ဆေး – ၂ )

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s