မဘသဖြစ်ဖြစ် မျိုးချစ် ဖြစ်ဖြစ် ပြည်သူ မလိုလားတာလည်း သိတယ်။ လုပ်နေတာက သွေးထိုး လှုံ့ဆော်နေတာလည်း သိတယ်။ အရေးယူလိုက်ရင် ဘုန်းကြီးတွေ၊ မျိုးချစ်တွေ ဆူပူ၊ တပ်က အာဏာ ပြန်သိမ်း ဆိုတာကြီး ကြောက်ပြီး လုပ်စရာရှိတာ မလုပ်ရင် ငွေညှစ်သမားလို ကြောက်မှန်း သိလေ တိုးယုတ်လေ ဖြစ်မှာပဲ။ အရေးယူ မကြည့်ပဲ (တစ်စက်မှတောင် စမ်းမကြည့်ပဲ) အသေကြီးလို ခံနေရင် ပိုသောင်းကျန်းလာမှာပဲ

Credit – သက္ကမိုးညို

၁- မြန်မာ နိုင်ငံ နောက်ကြောင်းမှာ တပ်က အာဏာသိမ်းပြီး နှစ်ရှည်လများ ယူထားတာ။ ဒီတော့ နောက်ကြောင်းပြန်မယ် ဆိုတာ တည့်တည့် ပြောရင် တပ်က အာဏာ ပြန်သိမ်းမှာကို ပြောတာ။ ပါတီကြီး တစ်ခုက ဥပဒေနဲ့ မညီ လုပ်ထားတာ သက်သေ သက္ကာယနဲ့ မိလို့ ဥပဒေနဲ့ ညီအောင် ပြန်လုပ်မှာကြောက်ပြီး တပ်က အာဏာ ပြန်သိမ်းရင် သိမ်းပါစေ။ အဲဒါဆို တပ်အပြစ်။ သူသိမ်းမှာကြောက်ပြီး ကိုယ်က လုပ်စရာရှိတာ မလုပ်ရင် ကိုယ့်မှာပရင်စီပယ် မရှိရာရောက်တယ်။

၂- မဘသဖြစ်ဖြစ် မျိုးချစ် ဖြစ်ဖြစ် ပြည်သူ မလိုလားတာလည်း သိတယ်။ လုပ်နေတာက သွေးထိုး လှုံ့ဆော်နေတာလည်း သိတယ်။ အရေးယူလိုက်ရင် ဘုန်းကြီးတွေ၊ မျိုးချစ်တွေ ဆူပူ၊ တပ်က အာဏာ ပြန်သိမ်း ဆိုတာကြီး ကြောက်ပြီး လုပ်စရာရှိတာ မလုပ်ရင် ငွေညှစ်သမားလို ကြောက်မှန်း သိလေ တိုးယုတ်လေ ဖြစ်မှာပဲ။ အရေးယူ မကြည့်ပဲ (တစ်စက်မှတောင် စမ်းမကြည့်ပဲ) အသေကြီးလို ခံနေရင် ပိုသောင်းကျန်းလာမှာပဲ။

၃- အရေးကြီး ဝန်ကြီး ဌာန သုံးခု ကာချုပ်က ခန့်တယ်။ ကိုယ့်လက်အောက်မှာ မရှိဘူး မှန်းဆကြတယ်။ ကိုယ်တိုင်က ကိုယ့်လက်အောက်ကို ရောက်လာဖို့ တာဝန်ပေးကြည့်ဖူးလား။ ကလိန်ကကျစ် လုပ်ရင် ဖိထောင်းကြည့်ဖူးလား။ ဖိထောင်းလို့ မရရင် ပြည်သူကို ချပြပါ။ ပြည်သူနားပေါက်ရင် တနည်းနည်း ဆက်ဝန်းရံပေးလို့ရတယ်။ ကြိတ်ခံပြီး ကြိတ်ရှင်းမယ်ဆိုရင် တသက်လုံးမရ။

၎- အဂတိ ကင်းသော အစိုးရ ဖြစ်ရပါစေမယ် ဆိုပြီး တက်လာတယ်။ ဝန်ကြီးတွေ လာဘ်မစားဘူး။ မှန်တယ်။ ဝန်ကြီး လာဘ်မစားခြင်းဟာ ကျန်သူတွေ လာဘ်စားတာ တိုက်ဖျက်မှု မပါမချင်း အလကားပဲ။ ပြည်သူအပေါ် အဂတိဖိစီးမှု တစက်မှ လျော့သွားတာမဟုတ်။ ရောက်နေတဲ့ နေရာသည် ကိုယ့် ဌာန တခုလုံးပါ လာဘ်မစားအောင် တိုက်ပေးရမယ့်နေရာ။

၅- အစိုးရ ပြောင်းကာနီးမှာ ညွှန်ချုပ်အထက် ဒုဝန်ကြီးအောက် အမြဲတမ်း အတွင်းဝန်တွေ ထိုးထည့်သွားတယ်။ အဲဒါ သူတို့လူတွေ။ ဒါ သိပါရဲ့နဲ့ နေရာချင်း ချိန်းတာတောင် မလုပ်ပဲ ဒီအတိုင်း ဆက်ထားတယ်။ ကျားကို သတ်သတ်လွတ် စားနိုးစောင့်ချင်ရင် မြက်ချည်းသက်သက် ရှိတဲ့နေရာရှာလေ။ ကျားလက်ထဲမှာ ယုန်တွေ တပုံကြီး ရောက်နေတာကို ဒီကျားတွေ သတ်သတ်လွတ် စားနိုး စောင့်ရမယ့် အချိန်မဟုတ်။ မဖြုတ်မချင်း ဝန်ထမ်းတွေ ဆက်နာနေမှာ။

၆- စထွက်ကတည်းက တမှုန်တပိုင်းမှ လျော့မပေးခဲ့သူတွေနဲ့ ရင်ကြားစေ့ဖို့ အားထုတ်မိရင်လည်း ပြည်သူကို ပြောပါ။ ပြည်သူ့အားကို ယုံရင် ပြည်သူ့အားကို ယူပါ။ ပြည်သူနာမှာ စိုးလို့ ငါတို့ချည်း ခံမယ်ဆိုတာ အတိုက်အခံ ဘဝမှာပဲ မှန်မယ်။ အစိုးရ ဘဝမှာ အိုင်ဒီယာလွဲရင် ပြည်သူ တန်းနာတာပဲ။

Advertisements

2 thoughts on “မဘသဖြစ်ဖြစ် မျိုးချစ် ဖြစ်ဖြစ် ပြည်သူ မလိုလားတာလည်း သိတယ်။ လုပ်နေတာက သွေးထိုး လှုံ့ဆော်နေတာလည်း သိတယ်။ အရေးယူလိုက်ရင် ဘုန်းကြီးတွေ၊ မျိုးချစ်တွေ ဆူပူ၊ တပ်က အာဏာ ပြန်သိမ်း ဆိုတာကြီး ကြောက်ပြီး လုပ်စရာရှိတာ မလုပ်ရင် ငွေညှစ်သမားလို ကြောက်မှန်း သိလေ တိုးယုတ်လေ ဖြစ်မှာပဲ။ အရေးယူ မကြည့်ပဲ (တစ်စက်မှတောင် စမ်းမကြည့်ပဲ) အသေကြီးလို ခံနေရင် ပိုသောင်းကျန်းလာမှာပဲ

  1. Naythit NT with Nay Zaw and 8 others.
    21 hrs ·
    “မြင်းခွာတချက်ပေါက်ရင် . . .
    မီးဟုန်းဟုန်းတောက်စေ့မယ်”
    ဒါက သခင်ဗဟိန်းရဲ့ သမိုင်းဝင် တိုက်ပွဲခေါ်တဲ့စကား. . . ။

    မြင်းက စစ်ပုလိပ်တွေရဲ့ မြင်း
    သပိတ်မှောက်အလုပ်သမားတပ်ကြီးကို
    မြင်းနဲ့တိုက် နံပါတ်ဒုတ်နဲ့ ရိုက်ပြီး ဖြိုခွဲလို့
    နယ်ချဲ့စစ်ပုလိပ်ရဲ့ မြင်းခွာ တချက်ပေါက်တာနဲ့ တိုင်းပြည်မှာ သပိတ်တိုက်ပွဲမီးတွေ ဟုန်းဟုန်းတောက်စေရမယ်လို့ ကိုလိုနီနယ်ချဲ့သမားကို စိန်ခေါ်တဲ့ တိုက်ပွဲခေါ်သံစစ်စစ်ပါ။

    ဒီကနေ့ အချိန်
    စစ်ဗြူရိုကရက်ယန္တရားရဲ့ လက်ပါးစေ မဘသဆိုတဲ့ မြင်းတွေဟာ တချိန်က နယ်ချဲ့စစ်ပုလိပ်မြင်းတွေနဲ့ တကယ်တော့ တန်းတူပါပဲ။ ဝီရသူဟာ ဒီနေရာမှာတော့ အမှန်ပြောလိုက်တယ်လို့ ဆိုချင်ပါတယ်။
    ဝီရသူနဲ့ အပေါင်းပါတွေဖြစ်တဲ့ မဘသတွေဟာ စစ်အုပ်စုမွေးထားတဲ့ စစ်ခရိုနီတွေရဲ့ ခွစီးခံ ကျောကုန်းတွေဆိုတာ ဝန်ခံလိုက်ပါပြီ။
    သူတို့လိုမြင်းတွေကြောင့် မီးဟုန်းဟုန်းလဲ တောက်ခဲ့ပါပြီ။
    မိတ္ထီလာ
    လားရှိုး
    ထန်းကုန်း
    သုံးဆယ်
    စတဲ့ မြို့ရွာတွေဟာ မဘသနဲ့ စစ်မြင်းတွေရဲ့ လက်ချက်နဲ့ မီးဟုန်းဟုန်း တောက်ခဲ့ပြီးပါပြီ။

    မဘသ စတဲ့
    ခိုင်းစေခံများဟာ တိုင်းပြည်နဲ့ လူထုအတွက် အဖျက်အမှောင့်သမားများ၊ စစ်အာဏာရှင်ရဲ့ ဒေါက်တိုင်အပိုင်းအစများ သာ ဖြစ်တယ်လို့ပဲ ပြောချင်ပါတယ်။

    Naythit NT

    Like

  2. So…IF he revealed like that his superiors: Min Aung Hlaing, Shwe Mann, Home Minister and Than Shwe should be made to answer @ ICC.
    Hla Win at Rangoon Tea House – ရန်ကုန်တီးဟောက်စ်.Follow
    April 30 at 11:07pm · Yangon, Myanmar ·
    – BREAKING NEWS

    သောကြာနေ့ကဖြစ်ပွားခဲ့သောသာကေတမြို့နယ် ဘာသာရေးစာသင်ကျောင်းနှစ်ကြောင်းပိတ်ခံမှုနှင့်ပတ်သက်၍သာသနာရေးဝန်ကြီး၏ပြောကြားချက်အချို့
    #####################

    the latest news
    pk.com
    phuket
    ThaiLand

    သာကေတမြှို့နယ်ကိစ္စရပ်နှင့်ပတ်သက်ပြီး
    ဝန်ကြီးဦးအောင်ကိုက

    “”””ဒါ နိုင်ငံကို မဆူဆူအောင်လုပ်နေတဲ့
    hard liner တစုရဲ့ခေါက်ရိုးကြိုးလုပ်ရပ်ပါ
    ဘယ်သူတွေပါဝင်တယ်
    ဘယ်သူတွေ ဦးစီးတယ်
    ဘယ်သူတွေပံ့ပိုးတယ် ဆိုတာအကုန်သိပါတယ်

    ဒါပေမယ့် အရေးယူနိုင်တဲ့အခွင့်ရေးကျွန်တော့်မှာမရှိပါဘူး
    ကုန်ကုန်ပြောရရင် အာဏာရNLDပါတီမှာတောင်လုပ်ပိုင်ခွင့်မရှိပါဘူး

    အဲ့ဒီတော့ ထစ်ခနဲဆို ကျွန်တော် တို့ကို
    လက်ညိုးထိုးနေကြမယ့်အစား
    ဖွဲ့စည်းပုံကို ပြစ်တင်ပါ
    လုပ်ပိုင်ခွင့်ကိုနားလည်ပါ

    ဖြစ်ပေါ်လာတဲ့ပဋိပက္ခတိုင်းမှာ ကိုယ့်တနိုင်ငံသားထဲချင်း
    စုစုစည်းစည်းနဲ့ညီညီညွှတ်ညွှတ်
    ရင်ဆိုင်ဖြေရှင်းပါ
    အချိန်တန်ရင်ဓမ္မက အဓမ္မကို
    အနိုင်ရသွားပါလိမ့်မယ်
    အစိုးရအပေါ်တော့အပြစ်မမြင်ကြပါနဲ့

    ဒေါ်အောင်ဆန်းစုကြည်မနီလာကပြန်ရောက်တာနဲ့
    ဒီကိစ္စကိုတင်ပြပြီးတတ်နိုင်သလောက်တော့ကူညီပါ့မယ်လို့ကတိပြုပါတယ်

    နိုင်ငံတော်အေးချမ်းသာယာဖို့ဆိုတာ
    အစိုးရတခုထဲရဲ့အလုပ်မဟုတ်ပဲပြည်သူတွေအပေါ်မှာလည်းတာဝန်ရှိတယ်လှို့
    ကိုယ်စီကိုယ်ငှခံယူထားကြရင်
    ကျွန်တော်တို့လည်းလုပ်ပိုင်ခွင့်မရှိတဲ့
    ဘဝမှာ အသက်ရှူတော့တချက်ချောင်တာပေါ့ “”!

    ဟုပြောကြားသည်

    ဝန်ကြီးသည် myanmar now အယ်ဒီတာကိုဆွေမင်းနှင့်မဘသမျိုးချစ်ကွန်ယက်၏ထိပ်တိုက်တိုးမှုတွင်မျိုးချစ်အမည်ခံအကြမ်းဖက်သမားအချို့၏ ခြိမ်းခြောက်မှုကို ခံထားရသူလည်းဖြစ်သည်

    (နောက်ဆက်တွဲအတွင်းကျကျသတင်းများအချိန်နှင့်တပြေးညီတင်ပေးမည် )

    the latest news group

    Sunday Times

    Like

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s