စစ်တပ်ရဲ့နှစ်ပတ်တာအကြမ်းဖက်စစ်ဆင်ရေးက မြန်မာရိုဟင်ဂျာအရေးကိုဘယ်လိုမီးတောက်လောင်စေခဲ့သလဲ

Successive Military Governments starting from General Ne Win had done atrocities on ALL the Muslims of Myanmar including Rohingyas. This led to retaliation of some extremist faction of Rohingyas. So IF the Bama Buddhist, Ma Ba Tha and Rakhine terrorists never done any Ethnic Cleansing and Genocide on Rohingyas, there would be no revenge attacks. The whole world knows that crimes. Why are you all AFRAID of international investigators and even reluctant to allow the International and local journalists to freely investigate there?

စစ်တပ်ရဲ့နှစ်ပတ်တာအကြမ်းဖက်စစ်ဆင်ရေးက မြန်မာရိုဟင်ဂျာအရေးကိုဘယ်လိုမီးတောက်လောင်စေခဲ့သလဲ

Myanmar Muslim Media

စစ်တပ်ရဲ့နှစ်ပတ်တာအကြမ်းဖက်စစ်ဆင်ရေးက မြန်မာရိုဟင်ဂျာအရေးကိုဘယ်လိုမီးတောက်လောင်စေခဲ့သလဲ

ဧပြီ ၂၉၊ ၂၀၁၇ Myanmar Muslim Media အပိုင်း ၁

ပြီးခဲ့တဲ့နိုဝင်ဘာလအတွင်းတစ်ရက် မြန်မာနိုင်ငံအနောက်မြောက်ပိုင်းက Rahim ရဲ့ရွာကို စစ်တပ်ကရဟတ်ယာဉ်တွေနဲ့ပစ်ခတ်တဲ့အခါ ရိုဟင်ဂျာကျောင်းဆရာက သူ့ရဲ့ကိုယ်ဝန်ဆောင်အမျိုးသမီးနဲ့ သမီးငယ်လေးသုံးယောက်ကို ထွက်ပြေးဖို့ပြောခဲ့ပြီး သူကတော့ ၇၂နှစ်အရွယ်မိခင်ဖြစ်သူနဲ့ ချန်နရစ်ခဲ့ပါတယ်။

Image may contain: one or more people and outdoor

နောက်တစ်နေ့နံနက်မှာတော့ စစ်သားတွေက၀ိုင်းထားပြီး ရွာထဲကိုဝင်လာခဲ့ကြပါတယ်။ Rahim နဲ့သူ့မိခင်တို့ဟာ စပါးလယ်ကွင်းထဲကိုတွားသွားပြီးရှောင်ကြပါတယ်။ ထွက်ပြေးနေကြတဲ့ ရွာသားတွေကိုသေနတ်နဲ့ ပစ်ခတ်နေရင်း အိမ်တွေကိုမီးရှို့ နေတာကို ၀ပ်နေရင်း Rahim ကသူတို့မြင်တွေ့ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ အဲဒီနေ့က ကျွန်တော်တို့သေတော့မယ်လို့ထင်ခဲ့မိတာ သေနတ်ပစ်သံတွေကိုကြားနေရတယ် လူတစ်ချို့သေနတ်နဲ့ပစ်သတ်ခံခဲ့ရတာကို ကျွန်တော်မြင်တွေ့ခဲ့တယ်လို့ Rahim ကပြောကြားခဲ့ပါတယ်။
ရိုဟင်ဂျာထောင်ပေါင်းများစွာခိုလှုံနေရတဲ့ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းမှာသူ့ရဲ့ပြောဆိုချက်တွေဟာ မှန်ကန်တယ်လို့ သူ့ရွာကလူလေးယောက်က ထောက်ခံပြောကြားခဲ့ပါတယ်။

Rahim ရဲ့ရွာ ဒါဂျီဇာကို နိုဝင်ဘာ၁၂-၁၃ရက်နေ့ကတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ရိုဟင်ဂျာသက်ကြီးရွယ်အိုတွေက ပြောကြားခဲ့ပါတယ်။ ရခိုင်ပြည်နယ်အနောက်မြောက်ပိုင်းကရိုဟင်ဂျာ၁၀ရွာကို စစ်တပ်က နှစ်ပတ်တာအပြင်းအထန်စစ်ဆင်ရေးနဲ့သတ်ဖြတ်မှုတွေ ပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။ လူပေါင်း၆၀၀ခန့်သေဆုံးခဲ့တယ်လို့ ရိုဟင်ဂျာသက်ကြီးရွယ်အိုတွေက ခန့်မှန်းထားပါတယ်။ ရာနဲ့ချီတယ် ဆိုတာကို ဖေဖေါ်ဝါရီလ ကုလအစီရင်ခံစာမှာလည်းဖော်ပြထားပါတယ်။ အနည်းဆုံး အိမ်ပေါင်း ၁၅၀၀ ခန့်ဖျက်ဆီးခံခဲ့ရတာကို လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ရဲ့ ဂြိုလ်တု ပုံရိပ်တွေမှာ ဖော်ပြနေပါတယ်။ မရေတွက်နိုင်လောက်အောင် အမျိုးသမီး အများအပြားလည်း အဓ္ဓမပြုကျင့်ခံခဲ့ရတယ်လို့ မျက်မြင်သက်သေတွေနဲ့ ကယ်ဆယ်ရေးဝန်ထမ်းတွေကပြောဆိုခဲ့ပါတယ်။
အဓမ္မပြုကျင့်ခံခဲ့ရတဲ့ အမျိုးသမီးတွေကို ဆေးဝါး ကုသမှုတွေပြုလုပ်ပေးခဲ့ရတယ်လို့ ဘင်္ဂလားဒေ့ရှ် ဆရာဝန်တွေက ရိုက်တာသတင်းဌာန ကိုပြောကြားခဲ့ပါတယ်။

ဒါဟာမြန်မာနိုင်ငံမှာလူမျိုးရေး သွေးထွက်သံယိုမှု နောက်တစ်ကြိမ်ဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ်။ ဗုဒ္ဓဘာသာ အများစုနေထိုင်တဲ့နိုင်ငံမှာ ရိုဟင်ဂျာမွတ်စလင် တစ်သန်းခန့်ဟာ ဘေးဖယ်ခံထားရပါတယ်။ ဒုက္ခသည်စခန်းတွေမှာလည်းနေထိုင်နေရသလို ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပညာ သင်ကြားခွင့်လည်းငြင်းပယ်ခံထားရပါတယ်။ လူမျိုးရေး ဘာသာရေးနဲ့သတ်ဖြတ်ခံရပြီး အမြစ်ဖြုတ်ခံနေရတာလည်းဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ ၂၀၁၁ခုနှစ်မှာ ဒီမိုကရေစီခြေလှမ်းကိုစတင်ခဲ့ပြီး ရခိုင်ဗုဒ္ဓဘာသာဝင်တွေနဲ့ရိုဟင်ဂျာတွေကြား ရှည်ကြာစွာဖိနှိပ်ထားတဲ့လူမျိုးရေး ဘာသာရေးတင်းမာမှုတွေကို ဖွင့်ပေးခဲ့ပါတယ်။ ၂၀၁၂ခုနှစ် အဖွဲ့အစည်းနှစ်ခုကြားထိပ်တိုက်တွေ့မှုအတွင်း အနည်းဆုံးလူပေါင်း ၁၉၂ယောက် သေဆုံးခဲ့သလို လူပေါင်း၁သိန်း၎သောင်းခန့်ဟာလည်းနေရပ်ကနေရွှေ့ပြောင်းခံခဲ့ရပါတယ်။ အများစုဟာ ရိုဟင်ဂျာတွေဖြစ်ကြပါတယ်။

“နောက်ဆုံးတစ်ကြိမ် အကြမ်းဖက်ပေါက်ကွဲမှုကြောင့် ရိုဟင်ဂျာ၇သောင်း၅ထောင်ခန့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခိုလှုံခဲ့ရတယ်”လို့ ကုလသမဂ္ဂက ဆိုထားပါတယ်။ စစ်သားတစ်ချို့ ဟာပြစ်မှုတွေ ကျူးလွန်ခဲ့ကောင်း ကျူးလွန်ခဲ့မယ်လို့ မြန်မာအစိုးရ က၀န်ခံထားပြီး လူမျိုးတုံးရှင်းလင်းမှုဆိုတာကိုတော့ ငြင်းဆိုထားပါတယ်။ အမှားလုပ်ထားတဲ့ တပ်ဖွဲ့ဝင်တွေကို သက်သေအခိုင်အမာရှိတာနဲ့ တရားစွဲဆို သွားမယ်လို့ ကတိပေးထားပါတယ်။ စစ်သားအယောက် ၂ထောင်ပါဝင်တဲ့ စစ်တပ်တိုက်ခိုက်မှုဟာ ၂၀၁၅ခုနှစ်နှောင်းပိုင်း ရွေးကောက်ပွဲမှာ သူမ ပါတီအနိုင်ရကတည်းက ဒေါ်အောင်ဆန်းစုကြည် အစိုးရအတွက် အဓိက အရေးအခင်းပဲဖြစ်ပါတယ်။ စစ်တပ်အုပ်ချုပ်ခဲ့တဲ့နှစ်ပေါင်း၅၀ပြီးတဲ့နောက် နိုဗယ်ဆုရှင်က သည်းခံခြင်းခေတ်သစ်ကို ယူဆောင်လာမှာဖြစ်ပါတယ်။ ဗိုလ်ချုပ်တွေကတော့ အစိုးရပိုင်းရဲ့အရေးပါတဲ့ထိန်းချုပ်မှု အပိုင်းမှာရှိနေဆဲဖြစ်ပြီး လူ့အခွင့်အရေးစော်ကားမှုတွေကိုဆန့်ကျင်ကန့်ကွက်မှုမရှိဘူးဆိုတဲ့ စွပ်စွဲချက်တွေနဲ့ရင်ဆိုင်နေရပါတယ်။
ထိပ်တိုက်ရင်ဆိုင်တွေ့မှုတွေကိုမီးထိုးပေးဖို့ တစ်ချို့တစ်လေကဖိနှိပ်စော်ကားမှုတွေကျူးလွန်ခဲ့တာဖြစ်တယ်လို့ ဒေါ်စုရဲ့အမျိုးသားလုံခြုံရေးအကြံပေး ဦးသောင်းထွန်း ကပြောကြားခဲ့ပါတယ်။
ဒီလိုအပြုအမူတွေကို အစိုးရကမထောက်ခံခဲ့ဘူးလို့ သူကဆိုပါတယ်။
ရခိုင်ပြည်နယ်ကအဖြစ်အပျက်တွေနဲ့ပတ်သက်ပြီး ရိုက်တာရဲ့အသေးစိတ်မေးခွန်းတွေကို ဒေါ်စုကတုံ့ပြန်ခဲ့ခြင်းမရှိပါဘူး။ အောက်တိုဘာ၉ရက်နေ့ ကနယ်ခြားစောင့်စခန်းတွေကို ရိုဟင်ဂျာသောင်းကျန်းသူတွေက တိုက်ခိုက်ခဲ့ပြီးနောက် စစ်တပ်ကတစ်လတာ ရှင်းလင်းရေးစစ်ဆင်ရေးကိုစခဲ့တာဖြစ်ပါတယ်။
တော်လှန်ရေးသမားတွေကိုအပ်ဖို့ စစ်တပ်ကရွာသားတွေကိုဖိအားပေးခဲ့တာဖြစ်ပြီး အောင်မြင်မှုမရခဲ့ပါဘူး။ အဲဒီချည်းကပ်မှုကို နိုဝင်ဘာ၁၂-၁၃ရက်နေ့မှာ ဒါဂျီဇာနဲ့အိမ်နီးချင်းရွာ ရဲကန့်ချောင်းဂွဆုံကိုပြောင်းလဲခဲ့ပြီး စစ်တပ်စစ်ဆင်ရေးကိုအရှိန်မြင့်လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

ဒီဆောင်းပါးဟာ အဖြစ်အပျက်တွေကိုဖော်ထုတ်ပြီး ရိုဟင်ဂျာဒုက္ခသည်တွေ သံတမန်တွေ ကယ်ဆယ်ရေးလုပ်သားတွေနဲ့ မြန်မာအစိုးရတာဝန်ရှိသူတွေနဲ့ အင်တာဗျူးထားတာတွေကိုအတူတကွ ပေါင်းပြီးဖော်ပြထားတာပဲဖြစ်ပါတယ်။ ရိုက်တာသတင်းဌာနဟာ မြန်မာလုံခြုံရေးတာဝန်ရှိသူတွေရဲ့ ရှားပါးတဲ့ခွင့်ပြုချက်နဲ့ ရိုဟင်ဂျာသူပုန်ခေါင်းဆောင်နဲ့ စကားပြောခဲ့ရပါတယ်။ စစ်တပ်ရဲ့စစ်ဆင်ရေးမှာ စစ်တပ်ပရိယာယ်နဲ့တပ်အဖွဲ့ပါဝင်ခဲ့တဲ့ ပရိယာယ်ဆင်မှုမှာ စစ်တပ်ဟာ သောင်းကျန်းသူတွေကိုအပ်ဖို့ရွာသားတွေနဲ့ ဆွေးနွေးညှိနှိုင်းခဲ့တဲ့ သတင်းဖော်ပြခြင်းမရှိတဲ့အသေးစိတ် အချက်အလက်တွေလည်းပါဝင်ပါတယ်။
ရက်စက်တဲ့လုပ်ရပ်တွေကိုစုံစိမ်းစစ်ဆေးမှုတွေနဲ့ပတ်သက်ပြီး မြန်မာစစ်တပ်နဲ့ပြည်ထဲရေးဝန်ကြီးဌာနတို့ဆောင်ရွက်နေတဲ့အသေးစိတ်အချက်အလက်အသစ်တွေကို ရိုက်တာကရရှိခဲ့ပါတယ်။
အကြမ်းဖက်မှုကရက်စက်ပါတယ်။ အသက် ၁၆နှစ်အရွယ်မိန်းကလေးဟာ ကျာဂေါင်တောင်ရွာမှာ ကိုယ်ထိလက်ရောက်ကျူးလွန်ခံခဲ့ရပါတယ်။ စစ်သားနှစ်ယောက်က သူမကိုအဓ္ဓမပြုကျင့်ခဲ့ပါတယ်။ တိုက်ခိုက်ခံရပြီးနောက် သူမဟာစိုးရိမ်သောကနဲ့ စိတ်ဒဏ်ရာတွေခံစားနေရတယ်လို့ သူမကဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းမှာပြောကြားခဲ့ပါတယ်။ ရိုဟင်ဂျာ ဖြစ်ရတဲ့အတွက် ကျွန်မဒေါသဖြစ်မိပါတယ်။ ကျွန်မသာဘင်္ဂလားဒေ့ရှ်ဒါမှမဟုတ်အမေရိကန်တစ်ယောက်သာ ဖြစ်မယ်ဆိုရင် အဓ္ဓမပြုကျင့်ခံရမှာမဟုတ်ဘူး ဒါပေမယ့်ကျွန်မကရိုဟင်ဂျာဖြစ်တာကြောင့် သူတို့ကျွန်မကိုဒီလိုကျူးလွန်ခဲ့ကြတယ်လို့ အမည်မဖော်လိုတဲ့ဆယ်ကျော်သက်မိန်းကလေးက ရိုက်တာသတင်းဌာနကိုပြောကြားခဲ့ပါတယ်။

ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပေါ်နေတဲ့စော်ကားမှုတွေနဲ့ပတ်သက်ပြီးစစ်တပ်ကငြင်းဆန်ထားပြီး သောင်းကျန်းသူတွေနှိမ်နင်းတဲ့စစ်ဆင်ရေးလို့ ပြောကြားထားပါတယ်။ရခိုင်ပြည်နယ်ကအဖြစ်အပျက်တွေနဲ့ပတ်သက်ပြီး ရိုက်တာရဲ့အသေးစိတ်မေးခွန်းတွေကို စစ်တပ်နဲ့ပြည်ထဲရေးဝန်ကြီးဌာနတို့ကတုံ့ပြန်ထားခြင်းမရှိပါဘူး။ “တစ်ချို့လုံခြုံရေးတပ်ဖွဲ့ဝင်နဲ့ရဲသားတွေက တရားလွန်တဲ့အပြုအမူတွေနဲ့တုံ့ပြန်ခဲ့တာဖြစ်နိုင်ပါတယ်။ဒါပေမယ့် ဒါဟာအစိုးရရဲ့ပေါ်လစီမဟုတ်တာ သေချာရှင်းလင်းစေချင်တယ်”လို့ လုံခြုံရေးအကြံပေးဦးသောင်းထွန်းကပြောကြားခဲ့ပါတယ်။
နှစ်ပေါင်းများစွာဖိနှိပ်ခံခဲ့ရတာကြောင့် ရိုဟင်ဂျာတစ်ချို့ကပြန်လည်တိုက်ခိုက်လာခဲ့တာဖြစ်ပါတယ်။ Harakah al-Yaqin ဒါမှမဟုတ် “ယုံကြည်မှုနဲ့လှုပ်ရှားမှု”လို့ အမည်ရတဲ့သူပုန်အဖွဲ့ကို ၂၀၁၂ခုနှစ်အကြမ်းဖက်ပဋိပက္ခဖြစ်ပွားပြီးနောက် ဆော်ဒီမှာနေထိုင်နေတဲ့ ရိုဟင်ဂျာတွေကဖွဲ့စည်းခဲ့တာဖြစ်တယ်လို့ နိုင်ငံတကာပဋိပက္ခရေးရာအဖွဲ့အဆိုအရသိရပါတယ်။ ခေါင်းဆောင်က Ata Ullah ဖြစ်ပြီး ရိုဟင်ဂျာအမျိုးသားလူငယ်ရာနဲ့ချီပြီး အဖွဲ့ထဲဝင်ရောက်ခဲ့ပြီး အာရကန်ရိုဟင်ဂျာကယ်ဆယ်ရေးတပ်လို့ လို့ပြောင်းလဲဖို့ရှိနေပါတယ်။ တိုက်ခိုက်ရေးသမား ၄၀၀ခန့်ရှိမယ်လို့ မြန်မာအစိုးရကခန့်မှန်းထားပါတယ်။
“၂၀၁၂ခုနှစ်မှာ သူတို့ကျွန်တော်တို့ကိုသတ်ခဲ့တယ် အဲဒီအချိန်မှာပဲသူတို့ကျွန်တော်တို့ရဲ့အခွင့်အရေးကိုပေးမှာမဟုတ်ဘူးလို့ ကျွန်တော်တို့နားလည်ခဲ့တယ်” လို့ မြန်မာနိုင်ငံထဲကအတည်မပြုနိုင်တဲ့နေရာမှာရိုက်ကူးထားတဲ့ဗီဒီယိုထဲကနေ Ata Ullah ကပြောကြားခဲ့ပါတယ်။
အောက်တိုဘာ၉ရက်နေ့နံနက်မတိုင်ခင် ရိုဟင်ဂျာသူပုန်တွေဟာ နယ်ခြားစောင့်ရဲတွေကိုတိုက်ခိုက်ခဲ့ပါတယ်။ သူပုန်တွေကိုဖမ်းဆီးနိုင်ဖို့ စစ်တပ်ကကြိုးစားနေပါတယ်။ သူပုန်တွေကိုသူတို့လက်အပ်ဖို့ ရွာသားတွေကိုဖိအားပေးဖို့ တစ်လလောက်စစ်တပ်ကရည်ရွယ်ခဲ့တယ်လို့ ရိုဟင်ဂျာသက်ကြီးရွယ်အိုတွေနဲ့ရွာသားတွေရဲ့အဆိုအရသိရပါတယ်။ ကြက်ရိုးပြင်ရွာက ရခိုင်ပြည်နယ်မြောက်ပိုင်းက ဘင်္ဂလားဒေ့ရှ်ကိုသွားတဲ့ပင်မလမ်းမကြီးရဲ့မြောက်ပိုင်းမှာ တည်ရှိပါတယ်။ အဲဒီရွာဟာ အောက်တိုဘာ ၁၃ရက်နေ့မှာ စစ်တပ်ရဲ့အာရုံစိုက်မှုကိုရရှိခဲ့တဲ့ ပထမဆုံးရွာဖြစ်တယ်လို့ စစ်တပ်ထောက်လှမ်းရေးသတင်းအရင်းအမြစ်တွေအရ သိရပါတယ်။ “သူပုန်တွေဟာ အိမ်ခြေ၁၃၀၀ရှိတဲ့အနီးအနားမှာ စစ်တပ်ယာဉ်တွေဝင်လို့မရအောင် သစ်လုံးတွေကိုအသုံးပြုကြပါတယ်။” လို့ဒေသခံတွေနဲ့ တပ်ထောက်လှမ်းရေးသတင်းတွေကဆိုပါတယ်။
လက်တုံ့ပြန်တဲ့အနေနဲ့ စစ်သား၄၀၀ခန့် ကြက်ရိုးပြင်ရွာအစိတ်အပိုင်းကိုမီးရှို့ခဲ့ပြီး လူတစ်ချို့ကိုသေနတ်နဲ့ပစ်ခဲ့တယ်လို့ ရွာသားလေးယောက်ကပြောပြပါတယ်။ တာဝန်ရှိသူတွေက သူပုန်တွေအပေါ်လွှဲချပြီး ရွာသားတွေကကိုယ့်အိမ်ကိုယ်မီးနဲ့ရှို့ခဲ့တာလို့ ပြောကြားပါတယ်။

သူပုန်တွေကိုဖမ်းဆီးဖို့ကြိုးစားတာမအောင်မမြင်ဖြစ်ပြီး ရက်တစ်ချို့အကြာ စစ်သားတွေကရွာလူကြီးတွေနဲ့ညှိုနှိုင်းဖို့တောင်းဆိုပါတယ်။ “ကြက်ရိုးပြင်ရွာအနောက်ဘက်ပိုင်းမှာ အရာရှိလေးယောက် ရိုဟင်ဂျာလူကြီးငါးယောက်နဲ့စကားပြောနေချိန်မှာ စစ်သား၃၀၀ခန့်က လမ်းကိုဝိုင်းထားခဲ့တယ်”လို့ တွေ့ဆုံပွဲမှာပါဝင်ခဲ့တဲ့ ရွာလူကြီးကဆိုပါတယ်။ တွေ့ဆုံပွဲကိုတပ်ထောက်လှမ်းရေးအရင်းအမြစ်တွေအရ အတည်ပြုလိုက်ပြီး သူပုန်တွေဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာဖော်ထုတ်ဖို့ အစောပိုင်းရက်သတ္တပတ်တွေကရွာသားတွေကို ဖိအားပေးဖို့ စစ်တပ်ရည်ရွယ်ထားတဲ့ဥပမာတစ်ခုပဲဖြစ်ပါတယ်။ “သူတို့ရဲ့ပထမဆုံးမေးခွန်းကတော့ သစ်ပင်တွေကိုဘယ်သူခုတ်တာလဲဆိုတာပဲ ကျွန်တော်တို့မသိဘူးလို့သူတို့ကိုပြောပါတယ်။ သူတို့ကကျွန်တော်တို့ကိုပြောတယ် ငါတို့မင်းတို့ကိုအခွင့်အရေးပေးမယ် မင်းတို့တွေကငါတို့ကိုသူပုန်နာမည်တွေပေးရင်ပေး မဟုတ်ရင်မင်းတို့ကိုသတ်မယ်”လို့ သူတို့ကပြောပါတယ်လို့ ရွာလူကြီးကပြန်လည်ပြောပြခဲ့ပါတယ်။

ရဲတပ်ဖွဲ့တွေက ကြက်ရိုးပြင်ရွာကိုရောက်လာပြီး သူပုန်တွေကိုမေးပါတယ်နောက်တော့ ကျန်နေတဲ့အိမ်တွေကိုမထိခိုက်စေဖို့ အလဲအလှယ်အနေနဲ့ငွေတွေကိုယူသွားကြပါတယ် လို့ရွာသားတွေကဆိုပါတယ်။ ဒီလိုမျိုးပဲတစ်ခြားရွာတွေမှာလည်းဖြစ်ပျက်ခဲ့တယ်လို့ ဒေသခံတွေကပြောကြပါတယ်။ ရခိုင်ပြည်နယ်အနောက်မြောက်ပိုင်းကရွာနှစ်ရွာရဲ့မြောက်ပိုင်းမှာ စစ်တပ်နဲ့သူပုန်တွေကြားထိပ်တိုက်တွေ့ခဲ့ပြီး နိုဝင်ဘာ၁၂ရက်နေ့မှာ ရုတ်တရက်ပြင်းပြင်းထန်ထန်အရှိန်မြင့်ဖြစ်ပွားခဲ့ပါတယ်။Rahim ရဲ့ ဒါဂျီဇာရွာမှာအိမ်ခြေ၄၀၀ကျော်ရှိပြီး ရဲကန့်ချောင်းဂွဆုံမှာ အိမ်ခြေ ၆၀၀ခန့်ရှိပါတယ်။ ဒါဂျီဇာရွာက နောက်ထပ်ရိုဟင်ဂျာကျောင်းဆရာတစ်ဦးဖြစ်သူ Muhammad Ismail က မနက်၎နာရီအချိန်လောက်မှာသူ့ရွာရဲ့မြောက်ပိုင်းကီလိုမီတာတစ်ချို့လောက်မှာ စစ်တပ်ကသူပုန်တွေကို ခြေရာခံမိခဲ့ပါတယ်။ နှစ်နာရီလောက်တိုက်ပွဲဖြစ်ပြီးနောက် သူပုန်တွေကအိမ်နီးချင်း ရဲကန့်ချောင်းဂွဆုံရွာဆီထွက်ပြေးခဲ့ပါတယ်။ အဲဒီမှာပဲနေ့လည်အချိန် တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့ပါတယ်။ အဲဒီနေရာဟာတောအုပ်ထူထပ်ပြီး အဲဒီမှာသူပုန်ဘယ်နှစ်ယောက်ရှိနိုင်လဲဆိုတာ ဒေသခံတွေကမပြောနိုင်ပါဘူး။
သူပုန်ခေါင်းဆောင် Ata Ullah ကသူနဲ့သူ့လူတွေဝိုင်းခံထားရတာကိုသိပြီးတဲ့နောက် တိုက်ပွဲဝင်ရမယ်လို့ သူကရိုက်တာကိုပြောခဲ့ပါတယ်။ တိုက်ပွဲအတွင်းသူပုန်ဘယ်နှစ်ယောက်ပါဝင်ခဲ့လဲဆိုတာ သူကမပြောခဲ့ပါဘူး။ တစ်နေ့လုံးတိုက်ပွဲအတွင်း တစ်ချို့ရွာသားတွေကသူပုန်တွေနဲ့ပူးပေါင်းပြီး လုံခြုံရေးတပ်ဖွဲ့တွေကိုဓားတွေ တုတ်တွေနဲ့တိုက်ခိုက်ခဲ့တယ်လို့ Ata Ullah နဲ့ စစ်တပ်ကဆိုပါတယ်။ စီနီယာအရာရှိတစ်ယောက်သေဆုံးပြီး စစ်တပ်က ရဟတ်ယာဉ်နှစ်စီးစစ်ကူခေါ်ခဲ့တယ်လို့ တရားဝင်သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
ဒီတိုက်ပွဲဟာ သူပုန်တွေကခြုံခိုတိုက်ခိုက်ခဲ့တယ်လို့ဖော်ပြခဲ့ပါတယ်။ ညနေ၄နာရီလောက်ရဟတ်ယာဉ်တွေ ထိုးဆင်းလာခဲ့ပြီး ဒါဂျီဇာနဲ့ရဲကန့်ချောင်းဂွဆုံကိုဆက်သွယ်ထားတဲ့လမ်းပေါ်မှာ ၀ဲနေခဲ့တယ်လို့ မျက်မြင်သက်သေတွေကဆိုပါတယ်။ ရဟတ်ယာဉ်တွေက သူပုန်တွေကိုကျည်ဆံတွေနဲ့ပစ်တဲ့အခါ ရွာသားတွေကကြောက်လန့်ပြီးထွက်ပြေးကြပါတယ်။ ရဟတ်ယာဉ်တစ်စီးကတော့ ထွက်ပြေးနေတဲ့သူတွေအပေါ်ပစ်ခတ်ခဲ့တယ်လို့ မျက်မြင်သက်သေတွေကပြောကြားခဲ့ပါတယ်။ ရဟတ်ယာဉ်တွေကလူစုကွဲအောင်လုပ်ခဲ့တာမှန်ပေမယ့် အရပ်သားတွေကိုပစ်တယ်ဆိုတာကိုငြင်းဆန်တယ်လို့ စစ်တပ်ထောက်လှမ်းရေးအရင်းအမြစ်တွေကအတည်ပြုထားပါတယ်။

ရခိုင်ပြည်နယ်အနောက်မြောက်ပိုင်းတစ်ခွင်ကိုထိုးစစ်စတင်ခဲ့တာ နှစ်ပတ်လောက်ကြာခဲ့တယ်လို့ ရွာသားတွေ ကယ်ဆယ်ရေးလုပ်သားတွေနဲ့ လူ့အခွင့်အရေးစောင့်ကြည့်လေ့လာသူတွေနဲ့ Amnesty International အဖွဲ့တွေရဲ့ ဂြိုလ်တုပုံရိပ်တွေအရသိရပါတယ်။ လုံခြုံရေးနဲ့အုပ်ချုပ်ရေးအာဏာပိုင်တွေက ထိုးစစ်ကိုအတည်ပြုခဲ့ပြီး စော်ကားမှုတွေကိုသိမြင်ခဲ့ခြင်းမရှိဘူးလို့ဆိုထားပါတယ်။ ရဲတွေလိုက်ဖမ်းတာကြောင့် လူ့အဖွဲ့အစည်းတစ်ခုလုံးဟာ ပိုကြီးမားတဲ့ရွာတွေရှိတဲ့မြောက်ပိုင်းကိုထွက်ပြေးခဲ့သလို အနောက်ဘက်ဘင်္ဂလားဒေ့ရှ်ကိုလည်း ထွက်ပြေးခဲ့ကြပါတယ်။ အဓ္ဓမပြုကျင့်ခံရတဲ့အမျိုးသမီးတွေက စစ်သားတွေကသူတို့ကိုဘင်္ဂလားဒေ့ရှ်ပြန်သွားလို့အော်ဟစ်ခဲ့ကြတယ်လို့ ပြောပြပါတယ်။
အဓ္ဓမပြုကျင့်ခံခဲ့ရတဲ့ သုံးဒါဇင်လောက်ရှိတဲ့ရိုဟင်ဂျာအမျိုးသမီးတွေကို ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းနား ဆေးခန်းလေးတွေက ဆရာဝန်သုံးယောက်ကကုသမှုတွေပြုလုပ်ပေးခဲ့ရပါတယ်။ ကျွန်တော် အမျိုးသမီးတစ်ယောက်ကိုဆေးကုသမှုလုပ်ပေးခဲ့တယ်။ သူကတော်တော်ဆိုးဆိုးအဓ္ဓမပြုကျင့်ခံခဲ့ရတာ သူ့ရဲ့ခြေလက်အင်္ဂါတွေကိုထိတွေ့ရင်တောင် အသိမရှိတော့ဘူး လို့ရိုဟင်ဂျာဒုက္ခသည်စခန်းမှာရှစ်နှစ်လောက် အလုပ်လုပ်ခဲ့တဲ့ အသက်၄၀အရွယ်ဘင်္ဂလားဒေ့ရှ်ဆရာဝန် John Sarkar ကပြောကြားခဲ့ပါတယ်။
ဒီဇင်ဘာလကဒေါ်စုဖွဲ့စည်းလိုက်တဲ့ကော်မရှင်ကို ဒုသမ္မတမြင့်ဆွေနဲ့ စစ်တပ်ထောက်လှမ်းရေး အကြီးအကဲဟောင်း တို့ကဥက္ကဌအဖြစ်တာဝန်ယူဆောင်ရွက်ပြီး စုံစမ်းစစ်ဆေးဖို့အချိန်လိုတယ်လို့ အမျိုးသားလုံခြုံရေးအကြံပေးသောင်းထွန်းက ပြောကြားခဲ့ပါတယ်။ “မြန်မာစစ်တပ်ကလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု လိင်ကျွန်တွေ ဒါမှမဟုတ် အဓ္ဓမပြုကျင့်တာကို လက်နက်တစ်ခုလိုအသုံးပြုတာကို ကျွန်တော်တို့တကယ်ကိုယုံကြည်ဖို့ခက်ခဲပါတယ်။ မြန်မာနိုင်ငံမှာဒါဟာစက်ဆုပ်ရွံရှာဖွယ်ကောင်းပြီး လက်ခံနိုင်စရာမရှိပါဘူး”လို့ သူကဆက်လက်ပြောကြားခဲ့ပါတယ်။

ဒေါ်စုကစုံစမ်းစစ်ဆေးရေးတာဝန်ပေးအပ်ခဲ့တာဟာ တစ်ချို့တွေထဲကတစ်ခုလည်းဖြစ်ပါတယ်။ ပြည်တွင်းစုံစမ်းစစ်ဆေးရေးကို စစ်တပ်ကဆောင်ရွက်နေပြီး စစ်တပ်ထိန်းချုပ်ထားတဲ့ပြည်ထဲရေးဝန်ကြီးဌာန ကလည်း စုံစမ်းစစ်ဆေးမှုတွေကိုဆောင်ရွက်နေပါတယ်။ သီးခြားအနေနဲ့ လူ့အခွင့်အရေးချိုးဖောက်စော်ကားမှု စွပ်စွဲချက်တွေကိုစစ်ဆေးဖို့ အချက်အလက်ရှာဖွေရေးမစ်ရှင်ကို ကုလကတာဝန်ပေးအပ်ထားပါတယ်။ စစ်တပ်တပ်ခွဲခေါင်းဆောင်က စစ်ဆင်ရေးကိုဦးဆောင်ခဲ့တာဖြစ်တယ်လို့ စီနီယာအစိုးရသတင်းအရင်းအမြစ်နဲ့ စီနီယာစစ်တပ်အရင်းအမြစ်တွေက ပြောဆိုပါတယ်။ ဗိုလ်မှူးချုပ် ခင်မောင်စိုးကို စစ်တပ်စုံစမ်းစစ်ဆေးရေးက စစ်ဆေးရေးမှူးတွေက မေးမြန်းမှုတွေရှိနေပါတယ်။ ခင်မောင်စိုးရဲ့လုပ်ဆောင်ရမှုပုံစံနဲ့ပတ်သက်ပြီး ရိုက်တာရဲ့ မေးမြန်းမှုကိုတော့ စစ်တပ်ကတုံ့ပြန်ခဲ့ခြင်းမရှိပါဘူး။ ရိုက်တာကလည်းသူနဲ့တိုက်ရိုက်ဆက်သွယ်လို့မရပါဘူး။ ပြည်ထဲရေးဝန်ကြီးဌာနက လူသတ်မှုသံသယရှိမှု၅မှု အဓ္ဓမပြုကျင့်မှု ၆မှု လုယက်မှု၂မှု မီးရှို့မှုတစ်မှု နဲ့ ရှင်းပြလို့မရသေးတဲ့လူ၇ဦးသေဆုံးမှုအပါအ၀င် အမှု၂၁ကိုစုံစမ်းစစ်ဆေးနေပါတယ်။ ရဲမှူးရွှေသောင်းအဆိုအရ စုံစမ်းစစ်ဆေးရေးမှူးတွေက စစ်သားတွေကိုစစ်ကြောတဲ့နေရာမှာ စစ်တပ်ရဲ့ပူးပေါင်းပါဝင်မှုရဖို့ကြိုးစားနေတယ် လို့သိရပါတယ်။

နိုဝင်ဘာ ၁၂ရက်နေ့ ဒါဂျီဇာနဲ့ရဲကန့်ချောင်းဂွဆုံတို့မှာနေ၀င်သွားပြီးနောက် တိုက်ပွဲဟာရပ်တန့်ခဲ့ပါတယ်။ “ညဘက်ဟာတင်းမာမှုရှိနေခဲ့ပြီး တစ်ချို့လူတွေကအိမ်နီးချင်းရွာတွေဆီခိုးထွက်ခဲ့ကြပါတယ်။ တစ်ခြားသူတွေကတော့ မနက်မိုးလင်းတာနဲ့ထွက်သွားဖို့ပြင်ဆင်ထားကြတယ်လို့” တိုက်ပွဲကိုမျက်မြင်ကြုံခဲ့ရတဲ့ ရိုဟင်ဂျာကျောင်းဆရာ Muhammad Ismail ကပြောကြားခဲ့ပါတယ်။ ဒါပေမယ့် “နောက်တစ်နေ့မနက်မှာ စစ်သားတွေက ရွာနှစ်ရွာကိုဝိုင်းပြီး အိမ်တွေကိုမီးရှို့ခဲ့တယ်”လို့ မျက်မြင်သက်သေငါးယောက်ကဆိုပါတယ်။သူတို့ကတော့ ထွက်ပြေးနိုင်ခဲ့တယ် ဒါပေမယ့်သက်ရွယ်ကြီးသူတွေနဲ့ အိုမင်းမစွမ်းတဲ့သူတွေကတော့ကျန်ရစ်ခဲ့ပါတယ်။ သူပုန်းနေတဲ့စပါးခင်းကနေ စစ်သားတွေပရမ်းပတာပစ်ခတ်နေတာကိုမြင်ခဲ့တယ်လို့ Rahim ကပြောကြားခဲ့ပါတယ်။ လုံခြုံရေးတပ်ဖွဲ့တွေကရွာ၁၀ရွာကိုအာရုံစိုက်ခဲ့တယ်လို့ ရဲအစီရင်ခံစာမှာဖော်ပြထားပါတယ်။ ဒါဂျီဇာ ရဲကန့်ချောင်းဂွဆုံနဲ့ တစ်ခြားအနီးအနားကရွာတွေဖြစ်ပါတယ်။ နိုဝင်ဘာ၁၂ကနေ ၃၀အတွင်းလူပေါင်း၄၀၀လောက်ကို ဖမ်းဆီးခဲ့တယ်လို့နေ့စဉ်သတင်းပေးပို့ချက်တွေရနေတဲ့ပြည်နယ် မြို့တော်စစ်တွေက စီနီယာအုပ်ချုပ်ရေးမှူးအဆိုအရသိရပါတယ်။ အစီရင်ခံစာတွေဟာ ဥပဒေနဲ့လျော်ညီတဲ့သူပုန်နှိမ်နင်းတဲ့စစ်ဆေးရေးလို့ အမည်မဖော်လိုတဲ့အုပ်ချုပ်ရေးမှူးက ရိုက်တာသတင်းဌာနကိုရှင်းလင်းပြောကြားခဲ့ပါတယ်။
နိုဝင်ဘာ၁၂ရက်နေ့အကြမ်းဖက်စစ်ဆင်ရေးမှာ ထိခိုက်ခဲ့တဲ့ရွာတွေမှာ ကျားဂေါင်တောင်လည်းအပါအ၀င်ဖြစ်ပါတယ်။ အဲဒီမှာအိမ်ခြေ၃၀၀ခန့်ရှိပါတယ်။
နိုဝင်ဘာ ၁၆၀န်းကျင်ကနေစပြီး ငါးရက်လောက်လုံခြုံရေးတပ်ဖွဲ့တွေက အမျိုးသားတွေကိုရှာဖွေကြတယ်လို့ ဒေသခံတွေကဆိုပါတယ်။ အိမ်နီးချင်းရွာတွေမှာလည်း ဖမ်းဆီးမှုတွေ အလုပ်လုပ်နိုင်ဆုံးအမျိုးသားတွေကိုသတ်ဖြတ်မှုတွေ နဲ့ အမျိုးသမီးတွေကိုစုဝေးခိုင်းပြီး ခန္ဓာကိုယ်ကိုရှာဖွေရေးတွေနဲ့ အနှောက်အယှက်လုပ်ခဲ့ကြပါတယ်။ ရိုက်တာက နိုဝင်ဘာကနေ မတ်လအတွင်း ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေမှာရောက်ရှိနေတဲ့ ကျားဂေါင်တောင်ရွာသူရွာသား ၁၇ယောက်နဲ့စကားပြောခဲ့ပါတယ်။ ငါးယောက်ဟာအဓ္ဓမပြုကျင့်ခံခဲ့ရပါတယ် အဲဒီထဲကသုံးယောက်ဟာ ရွာအကြီးအကဲတွေနဲ့အမျိုးတော်ပါတယ်။ သူတို့ကလည်းပြောဆိုချက်တွေကို အချင်းချင်းထောက်ခံထားပါတယ်။
ကလေးခြောက်ယောက်မိခင်ဖြစ်သူအသက်၃၀အရွယ် Shamshida ဟာသူမအိမ်ကနေထွက်လာဖို့ အမိန့်ပေးခံရပါတယ်။ “စစ်သားတစ်ယောက်ကတောခုတ်ဓားကို ကျွန်မ၀မ်းဗိုက်ပေါ်တင်ပြီးအနောက်ကနေကိုက်ပါတယ်။ နောက်လမ်းပေါ်မှာစုခိုင်းထားတဲ့ အဖွဲ့ထဲကအမျိုးသမီးတွေကို စရွေးထုတ်ပါတယ်။ ကျွန်မရွေးချယ်ခံရပြီး အိမ်ထဲဆွဲသွင်းခံရပါတယ်။ ကျွန်မဒူးထောက်ပြီး အကူအညီရလို့ရငြားစဉ်းစားမိပေမယ့် နောက်ဆုံးကျွန်မမှတ်မိလိုက်တာကတော့ စစ်သားတွေကကျွန်မခေါင်းကိုကန်နေခဲ့တာပဲဖြစ်ပါတယ်။” လို့ Shamshida ကပြောပြခဲ့ပါတယ်။

နာရီတစ်ချို့ကြာပြီးနောက်သူမရဲ့ခင်ပွန်းနဲ့ညီမဖြစ်သူတို့ သူ့ကိုရှာတွေ့တဲ့အချိန်မှာ သူမဟာအ၀တ်အစားတွေမရှိတော့သလို ပွန်းပဲ့ဒဏ်ရာတွေနဲ့သတိလည်းမေ့နေပါတယ် သူမရဲ့ပါးစပ်နဲ့ မိန်းမကိုယ်ကနေ သွေးတွေလည်းထွက်နေခဲ့ပါတယ်။သူတို့တွေက သူမကိုသိမ်မဝေးတဲ့ ဦးရွှေကျားရွာကိုသယ်သွားခဲ့ပြီး အဲဒီမှာမှသူမသတိပြန်ရလာခဲ့ပါတယ်။ အဲဒီမှာရွာဆရာဝန်ရဲ့ဆေးကုသမှု ခံယူခဲ့ရပါတယ်။ ရှစ်ရက်လောက်ကြာပြီးနောက် သူမရွာပြန်တဲ့အခါ ယောင်္ကျားတစ်ယောက်မှမရှိတော့သလို အိမ်အများအပြားဟာလည်း မီးရှို့ခံထားရပါတယ်။ ရိုဟင်ဂျာအမျိုးသမီးတွေဟာ မိန်းမကိုယ်တစ်ရှုးတွေပျက်ဆီးထိခိုက်မှုတွေရှိနေခဲ့ပြီး ပါးစပ်တွေထဲမှာလည်းသေနတ်ထိုးသွင်းတဲ့ ဒဏ်တွေကြောင့် အမာရွတ်တွေဖြစ်နေခဲ့ပါတယ်။ တစ်ချို့အမျိုးသမီးတွေဆိုလမ်းတောင်မလျှောက်နိုင်လို့ ဆွေမျိုးတွေက ဆေးခန်းတွေကိုသယ်သွားခဲ့ရတယ်။ အများအပြားဟာပွန်းပဲ့ဒဏ်ရာတွေနဲ့ ကိုက်ရာတွေရှိနေတယ်လို့ ဘင်္ဂလားဒေ့ရှ်ကဆရာဝန်တွေကပြောကြားခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်ဆရာဝန် Sarkar နဲ့ တစ်ခြားစီမံခန့်ခွဲရေးတာဝန်ရှိသူတွေက အကိုက်အခဲပျောက်ဆေးတွေ ပဋိဇီဝဆေးတွေနဲ့ ကိုယ်ဝန်ဖျက်ချတာတွေလုပ်ပေးခဲ့ပါတယ်။ တစ်ချို့ဆေးတွေကအဆင်မပြေတာကြောင့် ကိုယ်ဝန်ဖျက်ချဖို့ဒေသတွင်းဆေးရုံကို အမျိုးသမီးတွေကိုသွားဖို့ ညွှန်ကြားကြပါတယ်။

ရိုဟင်ဂျာထောင်ပေါင်းများစွာဟာမြစ်ကိုဖြတ်ပြီး ဘင်္ဂလားဒေ့ရှ်ကိုထွက်ပြေးတဲ့အချိန်မှာ ဒေါ်စုဟာနိုင်ငံတွင်းမှာရှိမနေပါဘူး။ ဒီဇင်ဘာအစောပိုင်းကသူမဟာ စင်္ကာပူကိုသွားရောက်ခဲ့ပြီး မြို့ရဲ့ရုက္ခဗေဒဥယျာဉ်မှာသူမနာမည်ပေးထားတဲ့ ခရမ်းရောင်သစ်ခွကိုရဖို့ အစည်းအဝေးနဲ့အခမ်းအနားကို တက်ရောက်နေပါတယ်။ အနောက်သံတမန်တစ်ချို့အပါအ၀င် ဒေါ်စုကိုကာကွယ်သူတွေကတော့ သူမဟာ စစ်တပ်ရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့် ထိထိရောက်ရောက်မလုပ်နိုင်ပဲဟန့်တားခံနေရတယ်လို့ ဆိုပါတယ်။ စစ်တပ်ဟာအဓိကကျတဲ့လုံခြုံရေးဝန်ကြီးဌာနတွေနဲ့ နိုင်ငံရဲ့အစိတ်အပိုင်းတော်တော်များများကို ထိန်းချုပ်ထားပါတယ်။ ဒေါ်စုဟာရှည်ကြာတဲ့ပွဲကိုကစားရမယ်လို့ ဒီသံတမန်တွေကဆိုပါတယ်။ စစ်တပ်ကိုအခုချိန်မှာနောက်ခံအင်အားပြုပြီး သူတို့ရဲ့အင်အားလျော့နည်းစေဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်ရေးဆွဲတာကိုလက်ခံလာစေဖို့ ဗိုလ်ချုပ်တွေနဲ့အပျော့ဆွဲနဲ့ကြိုးစားနေတာပဲဖြစ်ပါတယ်။ သူမရဲ့ခရီးစဉ်အတွင်း Channel News Asia နဲ့ ဒေါ်စုအင်တာဗျူးလုပ်ခဲ့ပါတယ်။ အဲဒီမှာသူမက “နိုင်ငံတကာအဖွဲ့အစည်းတွေက မကျေနပ်မှုတွေကိုပိုကြီးတဲ့မီးဖြစ်စေဖို့အမြဲတမ်းဒရမ်တီးနေပါတယ်။ လူတိုင်းကအခြေအနေရဲ့အနုတ်လက္ခဏာဘက်ကိုသာအာရုံစိုက်နေရင် ဒါဟာအကူအညီမရပါဘူး။” လို့ပြောကြားခဲ့ပါတယ်။

@ https://m.facebook.com/story.php?story_fbid=1627930363914088&substory_index=0&id=990010991039365

အပိုင်း ၂
ဧပြီ ၂၉၊ ၂၀၁၇ Myanmar Muslim Media

“သူမနိုင်ငံရဲ့လူမျိုးစုရှုတ်ထွေးမှုကိုနားလည်ထားပြီး စစ်တပ်စစ်ဆင်ရေးဟာ နယ်ခြားစောင့်စခန်းတွေကိုတိုက်ခိုက်ခဲ့တဲ့ ရိုဟင်ဂျာသူပုန်တွေကိုတုံ့ပြန်တာကို တစ်ကမ္ဘာလုံးနားလည်ထားသင့်တယ်”လို့ ပြောဆိုခဲ့ပါတယ်။ ရွာကျောင်းဆရာ Rahim နဲ့သူ့မိသားစုဟာ ၁.၂မိုင်ရှိတဲ့မြစ်ကိုဖြတ်ပြီး ဘင်္ဂလားဒေ့ရှ်ကိုထွက်ပြေးခဲ့တဲ့ ထောင်နဲ့ချီတဲ့ရိုဟင်ဂျာတွေထဲမှာပါဝင်ခဲ့ပါတယ်။

ဧပြီလ၈ရက်နေ့ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းမှာ Rahim ရဲ့ဇနီးသည် Rasheda ကသူတို့ရဲ့ပထမဆုံးသားကိုမွေးဖွားခဲ့ပြီး Futu (သားငယ်လေး) လို့အမည်ပေးခဲ့ပါတယ်။ Futu တစ်ယောက် သူ့ရဲ့အမိမြေကိုပြန်လည်တွေ့ခွင့်ရဦးမလားဆိုတာကိုတော့ Rahimမသိပါဘူး။

အပိုင်း၁ link https://m.facebook.com/story.php…

Source : Reuters
ဘာသာပြန် : ညောင်နီရွက်

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s