တရားမဝင်အဖွဲ့အစည်း လူရမ်းကား မျိုးညစ်တွေက သူတထူးရဲ့ဘာသာရေးဝတ်ပြု ကိုးကွယ်တာကို မင်းမဲ့စရိုက် ပုံစံနဲ့ ပြသနာရှာလာတယ် – အာဏာပိုင်အဖွဲ့အစည်း (ထွေ/အုပ် နဲ့ ရဲတပ်ဖွဲ့က) ဘာလုပ်ရမှန်းမသိဘူးလား ? လုပ်ထုံးလုပ်နည်းတွေ မရှိဘူးလား ? ဥပဒေနဲ့အညီ အရေးယူ နှိမ်နင်းရမှာ မဟုတ်ဘူးလား ? ရမ်းကားသူတွေကိုဟန့်တားရမှာ မဟုတ်ဘူးလား? အေးချ မ်းစွာနေတဲ့ ပြည်သူကို ကာကွယ်ရမှာ မဟုတ်ဘူးလား?

Maung Maung

နဲနဲ စဉ်းစားကြည့်
————–
တရားမဝင်အဖွဲ့အစည်း
လူရမ်းကား မျိုးညစ်တွေက
သူတထူးရဲ့ဘာသာရေးဝတ်ပြု ကိုးကွယ်တာကို
မင်းမဲ့စရိုက် ပုံစံနဲ့ ပြသနာရှာလာတယ်

လူစုလူဝေးနဲ့ ရမ်းရမ်းကားကားလုပ်ပြီး
ဒေသဆိုင်ရာ တာဝန်ရှိသူတွေကို
လူထုကို
ခြိမ်းခြောက်လာတယ်

ဒီ အဆင့်မှာ အာဏာပိုင်အဖွဲ့အစည်း
(ထွေ/အုပ် နဲ့ ရဲတပ်ဖွဲ့က)
ဘာလုပ်ရမှန်းမသိဘူးလား
လုပ်ထုံးလုပ်နည်းတွေ မရှိဘူးလား
ဥပဒေနဲ့အညီ အရေးယူ နှိမ်နင်းရမှာ မဟုတ်ဘူးလား
ရမ်းကားသူတွေကိုဟန့်တားရမှာ မဟုတ်ဘူးလား
အေးချ မ်းစွာနေတဲ့ ပြည်သူကို ကာကွယ်ရမှာ မဟုတ်ဘူးလား

ဒါပေမဲ့
အစိုးရတရပ်ရဲ့ ဝတ္တရားကို ပျ က်ကွက်ပြီးတော့
ရာဇဝတ်သား လူရမ်းကားတွေကို ပြောချ င်ရာ ပြောခွင့် ပေးခဲ့ တယ်
အခြားဘာသာတခုကို စိတ်တိုင်းကျ စော်ကားခွင့် ပေးခဲ့တယ်
လုပ်ချ င်ရာလုပ်ခွင့်ပေးခဲ့တယ်

အခင်းဖြစ်တဲ့ အချိန်က မြို့နယ်အဆင့်လောက်က
ခွင့်ပြု ချ က်နဲ့ သော့ခတ်ပြီး ချိတ်စည်းခဲ့တယ်

ချိတ်ပေါ်က တံဆိပ်ကိုကြည့်ရင် ဘယ်အဆင့်ကကောင်က
ချိတ်ပိတ်သလဲဆိုတာ တရားခံပေါ်တယ်

လူရမ်းကားတွေကို ကြောက်လို့
လူရမ်းကားတွေ စိတ်ကျေနပ်သွားအောင်
ချိတ်ပိတ်ပေးလိုက်
ရတယ်ဆိုရင်
နောက်ရက် ချိတ်ပြန်ဖွင့် သော့ဖွင့်ပေးပြီး တောင်းပန်စကား
ပြောဖို့
ဘယ်သူ့ကိုမှ တောင်းဆိုစရာမလိုဘူး
အာဏာပိုင်အဖွဲ့အစည်း အဆင့်ဆင့်က ကိုယ်တာဝန် ကိုယ်
ယူပြီး လူလို သူလို လုပ်ရမဲ့အလုပ်

ဒါကို သာသနာရေးဝန်ကြီးလုပ်တဲ့သူက သူမသိဘူး သူနဲ့
မဆိုင်ဘူး
ဒေါ်စု မနီလာက ပြန်လာမှ ကိုင်တွယ်မဲ့ပုံပြောတယ်
ဟိုက မနီလာက ပြန်လာတော့ တိုက်ချီဒို နဲ့အလွမ်းသယ်ပြီး
ဥရောပ ခရီးစဉ် ထွက်သွားတယ်

ဘာအစိုးရလဲ
ဘာဝန်ကြီးလဲ
ဘာအဆင့်ရှိတဲ့ ကောင်လဲ လို့ မေးချ င်တာ

၁၉၉၀ ကထဲက ဝတ်ပြု မိန့်ရထားတဲ့ အထောက်အထားလဲ
ပြထားပြီးပြီ

နောက်ထပ် ဘာကို အရစ်ရှည်နေတာလဲ

အရင်က ဝတ်ပြု ခွင့်ကို သဘောမကျရင် အခု ခွင့်ပြု မိန့် အသစ်ထုတ်ပေးလိုက်ပေါ့

ဒီမိုကရေစီအစိုးရ ဆို

လွတ်လပ်စွာ ကိုးကွယ်ခွင့် ရှိတယ်ဆို

ခိုးကြောင်ခိုးဝှက်နဲ့ ဟိုအကြောင်းပြ ဒီအကြောင်းပြ
ဝှေ့လယ်ကြောင်ပတ်တော့ လုပ်မနေပါနဲ့

သတ္တိရှိရင် အစ္စလာမ်ဘာသာဝင်တွေကို ဝတ်ပြု ကိုးကွယ်ခွင့်
မပြု နိုင်ပါဘူး…..လို့ ဗျောင် ကြေငြာလိုက်

အခုတော့ လုပ်နေကိုင်နေပုံက
ကျ က်သရေတုန်းတယ်

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s