ဦးတင်မောင်သန်း “မုန်းတီးရေးသွေးထိုးလှုံ့ဆော်ပြဿနာ ရှာသူတွေအလိုကျ ဖြေရှင်းတာကိုပြင်းပြင်းထန်ထန်ကန့်ကွက်မယ်။အရေးယူဖို့လည်းပြတ်ပြတ်သားသားတောင်းဆိုမယ်”

Myanmar Muslim Media

မုန်းတီးရေးသွေးထိုးလှုံ့ဆော်ပြဿနာ
ရှာသူတွေအလိုကျ ဖြေရှင်းတာကိုပြင်းပြင်းထန်ထန်ကန့်ကွက်မယ်။အရေးယူဖို့လည်းပြတ်ပြတ်သားသားတောင်းဆိုမယ်(ဦးတင်မောင်သန်း၊ အစ္စလာမ်သာသနာရေးရာကောင်စီ၊အတွင်းရေးမှူးချုပ်)

ဟိန်းအောင် ဧပြီ ၂၈၊ ၂၀၁၇

Image may contain: 1 person, sitting

သာကေတမြို့နယ်ရှိ အစ္စလာမ့်ဘာသာရေး အဆောက်အအုံ ၂ခုကိုတရားရုံးဆုံးဖြတ်ချက်မပါဘဲ အသုံးပြုခွင့်ဟန့်တားခံရမှုအတွက် အစိုးရကို ပြင်းပြင်းထန်ထန်ကန့်ကွက် သွာမည်ဖြစ်ကြောင်း အစ္စလာမ်သာသနာရေးရာကောင်စီမှတာဝန်ရှိသူတစ်ဦးကပြောကြားလိုက်သည်။

“ ဒီကိစ္စဟာအာဏာပိုင် အဆင့်ဆင့်မှာတာဝန်ရှိတယ် ၊ဒီကိစ္စကို မုန်းတီးရေးသွေးထိုးလှုံ့ဆော်ပြဿနာရှာသူတွေအလိုကျ ဖြေရှင်းတာကိုပြင်းပြင်းထန်ထန်ကန့်ကွက်မယ်။
အရေးယူဖို့လည်းပြတ်ပြတ်သားသားတောင်းဆိုမယ်”ဟု အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ် အတွင်းရေးမှူးချုပ် ဦးတင်မောင်သန်း က Myanmar Muslim Media သို့ပြောသည်။

အစ္စလာမ်ဘာသာဝင်များအား ရည်ညွန်းကာ“ကုလားလည်ချောင်းသွေးဖြင့်ချေဆေးမည်”ဟူသော လှုံ့ဆော်မှုများကို လူမှုကွန်ရက်တွင်ဖြန့်ဝေသူများပါဝင်သည့် အင်အား တစ်ရာဝန်းကျင်က သာကေတမြို့နယ် အုပ်ချုပ်ရေးမှူးရုံးတွင် အစ္စလာမ့်ဘာသာရေးစာသင်ကျောင်းများကိုပိတ်သိမ်းပေးရန် ယနေ့နေ့လည်ပိုင်းတွင် ဖိအားပေးတောင်းဆိုခဲ့ကြခြင်းဖြစ်သည်။

“မွတ်စလင်မ်တွေလုပ်တာကိုင်တာ ဥပဒေနဲ့မညီဘူးလို့ထင်ရင် သူတို့က အာဏာပိုင်ကိုတိုင်လို့ပဲရမှာ သူတို့ကိုယ်တိုင်ပဲ ပိတ်မလိုလို ဖျက်မလိုလို အဲသလိုဥပဒေမဲ့အင်အားပြခြိမ်းခြောက်နေတာတွေကို အာဏာပိုင်က အရေးယူကိုယူရမှာ ၊ အရေးမယူတာကိုက မျှတမှုမရှိတာဘဲ
လူနည်းစုတွေအပေါ်ညှာတာထောက်ထားမှုမရှိဘူး။
လူနည်းစုတွေကို ကာကွယ်စောင့်ရှောက်မှုမရှိဘူး။
လူနည်းစု အခွင့်အရေးကို လေးစားကာကွယ်မှုမရှိဘူး။တရားဥပဒေစိုးမိုးမှုမရှိဘူး။ဆိုဒါကို ပြနေတာဘဲ” ဟုလည်း ဦးတင်မောင်သန်းက ဝေဖန်သည်။

သာကေတမြို့နယ်အတွင်းရှိအစ္စလာမ့်ဘာသာရေးအဆောက်အအုံများတွင် ၀တ်ပြုခွင့်မပေးရန် မဘသ သြ၀ါဒခံ မျိုးချစ်ရဟန်းတော်များသမဂ္ဂနှင့် သာကေတမြို့နယ်အခြေစိုက် မျိုးချစ်သွေးဓမ္မကွန်ရက်ဝင်များက ဦးဆောင်ကာ အာဏာပိုင်အဆင့်ဆင့်ကို ဖိအားပေးတောင်းဆိုခဲ့ခြင်းဖြစ်သည်။

“ဘာသာရေးစာသင်ကျောင်းတွေ ဝတ်ပြုရှိခိုးတာမလုပ်ရဘူးဆိုတာ တဖက်သက်အနိုင်ကျင့်မတရားလုပ်တာဘဲ၊ ဘုန်းကြီးကျောင်းမှာ စာဘဲသင်ပြီး ဘုရားမရှိခိုးကြဘူလား ဘုရားစင်မရှိဘူးလား၊ရုပ်တုတွေ စေတီတွေမတည်ထားဘူးလား၊ဘုန်းကြီးကျောင်းမပြောပါနဲ့ လူမျိုးဘာသာစုံတက်တဲ့ လောကီကျောင်း မူလတန်းကျောင်းကနေတက္ကသိုလ်များအထိ ဘုရားရှိခိုးတယ် ဘုရားစင်ရှိတယ်”ဟု ဘာသာတရားများတွင်ဘာသာရေးအဆောက်အအုံများကိုအသုံးပြုပုံများကိုနှိုင်းယှဉ်ကာ ဦးတင်မောင်သန်းက သူ၏ အမြင်ကိုပြောသည်။

အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့၏ သြ၀ါဒခံအမျိုးသားရေးအစွန်းရောက်များဖိအားပေးတောင်းဆိုမှုကြောင့် သာကေတမြို့နယ် အနော်မာ ၁၁ လမ်းနှင့်အနော်မာ ၁၂ လမ်း ရှိအစ္စလာမ့်ဘာသာရေးအဆောက်အအုံ ၂ ခုကိုဆက်လက်အသုံးပြုခွင့်ဟန့်တားခံခဲ့ရသည်။

ထို့အပြင် ရမည်းသင်းရှိအစ္စလာမ့်ဝတ်ကျောင်းတော်များတွင် အာဇာန်(၀တ်ပြုရန်ဖိတ်ခေါ်သံ) ဆိုခွင့်ပိတ်ပင်ခံထားရခြင်းနှင့် ယခုလအတွင်း မြောင်းမြမြို့ ဗလီဝတ်ကျောင်းတော်အချို့ ပြင်ဆင်ခွင့် ပြန်လည်ရပ်နားခံထားရခြင်းများ လည်းကြုံတွေ့နေရသည်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s