နိုင်ငံကိုချ စ်တဲ့ စိတ်နဲ့ အလုပ်လုပ်သူ – ပုဂ္ဂို လ်ရေးကိုးကွယ်မှုနဲ့ လုပ်တဲ့သူ – ကိုယ်ကျိုးစီးပွားအတွက်/ကိုယ့်နေရာအတွက်…လုပ်နေသူတွေ

Maung Maung
စဉ်းစားစရာပါဘဲ…..

နိုင်ငံကိုချ စ်တဲ့ စိတ်နဲ့ အလုပ်လုပ်သူ…….
ပုဂ္ဂို လ်ရေးကိုးကွယ်မှုနဲ့ လုပ်တဲ့သူ………
အရေအတွက်….တော်တော်ကွာပါတယ်…….
အင်း………………………
ကိုယ်ကျိုးစီးပွားအတွက်/ကိုယ့်နေရာအတွက်…လုပ်နေသူတွေကတော့
အများကြီးပေါ့ဗျာ….

Nyein Chan Aung

ပါးပါးလေးမှ ပါးပါးလေး (မွတ်စလင် လူငယ်များသို့ ရည်စူးပါသည်။)

ဆရာကြီး ဦးရာဇတ် ဟာ ဗမာ့မွတ်စလင်တွေထဲမှာတော့ အတုမရှိ တဲ့ သူရဲကောင်း အာဇာနည်အဖြစ် ကျနော် သတ်မှတ်ပါတယ်။ နောက် သူရဲကောင်းအဖြစ် ကျနော့် သတ်မှတ်ချက်ထဲမှာ အကြုံးဝင်တာက ဆရာ မောင်သော်က ပါ။ ဘာကြောင့် ကျနော့် စံနှုန်းအရ သတ်မှတ်ရလည်း မေးရင်လည်း သူတို့ဟာ ဗမာနိုင်ငံတခုလုံးနဲ့ ပါတ်သက်ပြီး ကိုယ်ကျိုးစွန့် အနစ်နာခံခဲ့လို့ပါ။ တခြားသော နိုင်ငံတခုလုံးအတွက် အသက်စွန့် ကိုယ်ကျိုးမရှာဘဲ ကွယ်လွန်သွားခဲ့တဲ့ အစ္စလာမ်ဘာသာဝင် ဗမာနိုင်ငံသား အားလုံးကိုလည်း ကျနော် လေးစား အသိအမှတ်ပြုပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း မိသားစုနဲ့ ပါတ်သက်ပြီး အနစ်နာခံ အသက်ပေးသွားတဲ့ အစ္စလာမ်ဘာသာဝင် ဗမာနိုင်ငံသား နှစ်ယောက်အကြောင်းကိုလည်း ကျနော် ပြောချင်ပါသေးတယ်။ လူပုဂ္ဂိုလ်အရတော့ ဒီလူတွေဟာ အလွန့်ကို တော်တဲ့သူတွေပါ။ လူငယ်တွေအနေနဲ့ သူတို့ရဲ့ ကြိုးစားမှု့၊ လေ့လာလိုက်စားမှု့တွေကို အတုယူသင့်ပါတယ်။ ဒီ ပုဂ္ဂိုလ်ကြီးတွေဟာ တကယ့်ကို တော်ပါတယ်၊ တကယ့်ကို တတ်ပါတယ်။ သို့သော် နိုင်ငံတခုလုံးအတွက် အသက်ပေးခဲ့သလား၊ ကိုယ်ကျိုးစွန့်ခဲ့သလား၊ အနစ်နာခံခဲ့သလား၊ ပုဂ္ဂိုလ်တယောက်အတွက် မိမိအရည်အချင်းကို အသုံးပြုခဲ့သလားဆိုတော့ ကိုယ့်ရှုထောင့်ကနေ ကိုယ်မြင်ပြီး အမှန်အမှားကို ခွဲခြား ပိုင်းဖြတ်ကြစေလိုပါတယ်။ ကျနော် အခု ရေးတာဟာ ကျနော့်အမြင်ဖြစ်ပြီး၊ ထို လူပုဂ္ဂိုလ် လူတော်ကြီးတွေကို စော်ကားလိုခြင်း မရှိသလို၊ ထို လူတော်လူကောင်း သစ္စာခံကြီးတွေ ကွယ်လွန်သွားရတဲ့အတွက်လည်း ကြေကွဲ ၀မ်းနည်းမိပါတယ်။

ပထမဆုံး စပြောချင်တာက ဦးဖေခင်ပါ။ ဦးဖေခင်ဟာ တကယ့်ကို တော်တဲ့ ပုဂ္ဂိုလ်ကြီးပါ၊ ဗမာနိုင်ငံရဲ့ ပထမဆုံးသော သံအမတ်ကြီးတွေ ဖြစ်ခဲ့တဲ့အထဲက အတော်ဆုံး လူတယောက်ပါ။ သို့သော် ဦးဖေခင်ဟာ ဗိုလ်ချုပ်အောင်ဆန်း တယောက်တည်းကိုပဲ သစ္စာခံခဲ့တာလား၊ နိုင်ငံတခုလုံးအတွက် လုပ်ခဲ့တာလား၊ သို့မဟုတ် ဗိုလ်ချုပ်အောင်ဆန်း နဲ့အတူ ဦးဖေခင် ကျဆုံးခဲ့သလားဆိုတာကို နောက်လာနောက်သားတွေ သေသေချာချာ သုသေသနပြုသင့်သလို၊ သမိုင်းသေသေချာချာ ရေးသင့်ပါတယ်။ ဘာကြောင့် ဒီလို ပြောရ၊ တိုက်တွန်းရသလည်း မေးရင်း အဖြေက ရှင်းပါတယ်။ ဒီနေ့ ခေတ် ပြန်လည်ခေတ်စားလာတဲ့ ပင်လုံ စာချုပ်၊ ပင်လုံ စိတ်ဓါတ် စကားတွေရဲ့ နောက်ကွယ်က အဓိက ဇာတ်ကောင်ဟာ ဦးဖေခင်ပါ။

ဗိုလ်ချုပ်အောင်ဆန်း လန်ဒန်ကို သွားတဲ့အချိန်မှာ ရှမ်းစော်ဘွားအချို့က ဗိုလ်ချုပ်အောင်ဆန်း ဟာ သူတို့ ကိုယ်စားလှယ် မဟုတ်ဘူးဆိုတဲ့ ကန့်ကွက်စာကို ကြေးနန်း ကြိုပို့ခဲ့လို့၊ နန်းရင်းဝန် အက်တလီက အောင်ဆန်း မင်းဟာ အားလုံးရဲ့ ကိုယ်စားလှယ်မဟုတ်ဘူးလို့ ပြောတဲ့အချိန်မှာ ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ လူငယ်အချို့ကို ခေါင်းဆောင်ပြီး ဗိုလ်ချုပ်အောင်ဆန်းကို ရှမ်းပြည်နယ်က ထောက်ခံတယ်ဆိုတဲ့ လက်မှတ်ရအောင် လုပ်ပေးခဲ့တဲ့ အဓိက ခေါင်းဆောင်ဟာ ဦးဖေခင်ပါ။ ဒါတွေဟာ သမိုင်းအမှန်တွေပါ၊ ဦးဖေခင်ရဲ့ ကိုယ်တွေ့ပင်လုံမှာလည်း ဖတ်ရှု့နိုင်ပါတယ်။ ဒါကြောင့် ဗမာ့ လွတ်လပ်ရေးနဲ့ ညီညွတ်ရေးတွေ၊ ပင်လုံအကြောင်းတွေ ပြောရင် ဦးဖေခင် ဟာ အရေးကြီးတဲ့ အခန်းကဏ္ဍက ပါသလို၊ ဗိုလ်ချုပ်အောင်ဆန်းကို ကာကွယ်ခဲ့တာလည်း ဦးဖေခင်လို့ ပြောရင် မမှားပါဘူး။

သို့သော် ဗိုလ်ချုပ်အောင်ဆန်း သေဆုံးသွားပေမဲ့ ဦးဖေခင် ရှင်သန်နေခဲ့တဲ့အချိန်မှာ ပင်လုံစာချုပ်ကို အကောင်အထည်ဖေါ်ဖို့ သို့မဟုတ် ပင်လုံစာချုပ်ကို အဓိက ကြိုးစားခဲ့တဲ့ ဦးဆောင် အခန်းကဏ္ဍက ပါခဲ့တဲ့ ဦးဖေခင်ရဲ့ အခန်းကဏ္ဍဟာ မရှိသလို၊ ဦးဖေခင်ဟာ ပင်လုံစာချုပ်က ကတိက၀တ်တွေကို စစ်အာဏာရှင်တွေက လိုက်နာဖို့ ပျက်ကွက်တဲ့အကြောင်းကို ပြောရမဲ့အစား သံတမန်အဖြစ်နဲ့ နိုင်ငံရပ်ခြားမှာ နေသွားခဲ့သလို၊ ကွယ်လွန်ခါနီးမှာလည်း ပင်လုံစာချုပ်ကို ဗမာ အာဏာရှင်တွေ ဖျက်ဆီးခဲ့တယ်ဆိုတာ မပြောခဲ့ပါဘူး။ ဒါကြောင့် ဦးဖေခင် ကို ကျနော့် အမြင်နဲ့ ပြောရရင် လူပုဂ္ဂိုလ်အနေနဲ့ အလွန်တော်သော၊ လူငယ်တွေ အတုယူသင့်သော လူပုဂ္ဂိုလ်ကြီး ဖြစ်သော်လည်း ဗိုလ်ချုပ်အောင်ဆန်းကိုသာ သစ္စာခံပြီး တိုင်းပြည်အတွက်တော့ တာဝန်ပျက်ကွက်ခဲ့တယ်၊ အခြေအနေတခုခု ကြောင့် အမှန်တရားကို ပြောဖို့ တာဝန်မကျေခဲ့ဘူးလို့ သုံးသပ်ပါတယ်။

နောက်တယောက်ကတော့ သိပ်မကြာခင် က လုပ်ကြံခံရတဲ့ ဦးကိုနီပါ။ ဦးကိုနီ ဟာ တကယ့်ကို တော်တဲ့ လူတယောက်အပြင်၊ သားသမီးတွေကို ပြုစုစောင့်ရှောက်ပေးခဲ့တဲ့ ဖခင် ကောင်း တယောက်အဖြစ် ကျနော် အမြဲ လေးစားနေမဲ့ လူပုဂ္ဂိုလ်တဦးပါ။ သို့သော် သူဟာ နိုင်ငံရေးအရ စစ်အာဏာရှင်စနစ်ကို မကြိုက်သော်လည်း အခြားသော အစ္စလာမ်ဘာသာဝင် ဗမာနိုင်ငံသားတွေလို နိုင်ငံရေးထဲမှာ အရေးအကြောင်းဆိုတိုင်း တက်တက်ကြွကြွ ထဲထဲဝင်ဝင် မပါခဲ့ပါဘူး။ သူဟာ ဒေါ်အောင်ဆန်းစုကြည် အတွက်သာ သို့မဟုတ် ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည်လို့သာ နိုင်ငံရေးထဲကို သို့မဟုတ် NLD ထဲကို ရောက်လာတယ်လို့ ကျနော်ကတော့ သုံးသပ်ပါတယ်။ ဒါဟာ ပုဂ္ဂိုလ်ရေးမပါပါဘူး။ ကျနော့် အမြင်သပ်သပ် ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သစ္စာခံ၊ ဒေါ်အောင်ဆန်းစုကြည်ကို အလုပ်အကျွေးပြုသူလို့ပဲ ကျနော်ကတော့ သတ်မှတ်ပါတယ်။

တရားဥပဒေကြောင်းနဲ့ ၂၀၀၈ အခြေခံ ဥပဒေကို ကျွမ်းကျွမ်းကျင်ကျင် နားလည်တဲ့ ဦးကိုနီဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဥပဒေထဲကနေ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဆိုတဲ့ ရာထူးကို တီထွင်ပြီး စစ်အာဏာရှင်တွေ အညိုအညင်ခံကာ တင်ပေးခဲ့သူလည်း ဖြစ်ပါတယ်။ နောက်တဆင့် တက်လာတာက ဦးကိုနီဟာ တိုင်းပြည်အတွက် သို့မဟုတ် ဒေါ်အောင်ဆန်းစုကြည် နုတ်ကျွံထားတဲ့ ရွေးကောက်ပွဲ ကတိဖြစ်တဲ့ ၂၀၀၈ အခြေခံဥပဒေကို ပြင်ဖို့ ကြိုးစားချိန်မှာ လုပ်ကြံခံရတာ ဖြစ်ပါတယ်။ ဒါဟာ ကျနော့်အနေနဲ့ သုံးသပ်ရင် သူယုံကြည်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သေမိန့်ပေးလို့ သေရတာလားလို့ ကျနော်က တော့ ဦးကိုနီ ကွယ်လွန်ချိန်မှာ သတင်းမမေးတာ၊ ပန်းစည်းမပို့တာ၊ နိုင်ငံရေးအခင်းအကျင်းကို ကြည့်ပြီး သံသယ ကြီးကြီးရှိပါတယ်။ ဘာကြောင့်လည်း မေးရင် ဒေါ်အောင်ဆန်းစုကြည်ဟာ ပါးစပ် အရသာ မကောင်းတတ်လွန်းလို့ ၂၀၀၈ အခြေခံဥပဒေကို ပြင်ဖို့ ပြောရင်ပြောမယ်၊ အခြေအနေအရ ၂၀၀၈ အခြေခံဥပဒေကို မပြင်မှသာ ဗမာပြည်အကြောင်းနဲ့ တိုင်းရင်းသားတွေရဲ့ ခံစားမှု့ကို ဘာမှမသိတဲ့ သူမရဲ့ နိုင်ငံရေးနဲ့ အရည်အချင်းတွေကို လက်တွေ့မှာ မပြနိုင်တဲ့အခါ အပြစ်ရှာ လက်ညှိုးထိုးပြီး ၂၀၀၈ အခြေခံဥပဒေကြောင့် ကျမ ဘာမှမလုပ်နိုင်ဘူး၊ ပြည်တွင်းစစ်ကြောင့် ကျမ စိတ်ညစ်တယ် ပြောနိုင်ဖို့အတွက် နိုင်ငံရေးလှည့်ကွက်ကို ထားတာကို ဦးကိုနီ သိချင်လည်း သိမယ်၊ မသိချင်လည်း မသိဘူး။ ဒါကြောင့်လည်း ဦးကိုနီဟာ အလုပ်ကြံခံ သေဆုံးရတယ်ပဲ မြင်ပါတယ်။

တကယ်တော့ အခြေခံဥပဒေကို ပြင်ဖို့ ဆန္ဒ ဒေါ်အောင်ဆန်းစုကြည် မှာ ရှိရင် ပုဒ်မ ၄၃၆ ပြင်ဆင်ဖို့အတွက် လူထုကြီးက ပေးအပ်ထားတဲ့ ဆန္ဒမဲ ၅ သန်းကျော် မှတ်ပုံတင် နံပါတ် အပြည့်အစုံ၊ အိမ်လိပ်စာ အပြည့်အစုံနဲ့ ရှိပြီးသား လူထုအင်အား၊ လူထုရဲ့ လုပ်ကိုင်ခွင့် ပေးထားမှု့တွေကို ကိုင်ပြီး အာဏာရနေတဲ့ လွှတ်တော်မှာ အရေးပေါ် အဆိုတင်လို့ ရပါတယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် ရူးချင်ယောင် ဆောင်နေတဲ့ ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေး၊ ဖျက်ပစ်ရေးကို လုပ်နေတဲ့ ဦးကိုနီကို ဒေါ်အောင်ဆန်းစုကြည်က မလိုချင်တော့ပါဘူး။ သို့သော် ထုတ်ပယ်ပစ်မယ်ဆိုရင်လည်း ဗမာနိုင်ငံသား အစ္စလာမ်တွေကို အယုံသွင်းပြီး ဦးကိုနီ ကိုပြ လိမ်လည်ဖို့လည်း ဖြစ်နိုင်မှာ မဟုတ်ပါဘူး။ ဒီအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည်တဲ့ သစ္စာခံတဲ့ ဟာဂျီ ဦးအေးလွင် ပေါ်လာတဲ့အချိန်၊ ဦးကိုနီကို ဒေါ်အောင်ဆန်းစုကြည်က ကန်ထုတ်ပြီး မလိုချင်တဲ့အချိန်မှာ ဦးကိုနီဟာ သူ့ဂုဏ်သိက္ခာကို ထိန်းသိမ်းတဲ့အနေနဲ့ အခြေခံဥပဒေ ၂၀၀၈ ကို အသစ်ပြန်လည် ရေးသားဖို့ တိုက်တွန်းတဲ့သူ၊ လွှတ်တော်ကိုယ်စားလှယ်တွေကို အကြံပြုတဲ့သူ ဖြစ်လို့ ဖြစ်ပါတယ်။ ဒါကြောင့်လည်း အောင်ဝင်းဇော် ၊ အောင်ဝင်းခိုင်၊ ကြည်လင်းဆိုတာထက်၊ ကာလုံ အစည်းအဝေးတက်နိုင်သူတွေ အားလုံးက ဦးကိုနီကို သတ်ဖို့ တညီတညွတ်တည်း အမိန့်ပေးတာပဲလို့ ကျနော်က တော့ သုံးသပ်ပါတယ်။

အထက်ပါ လူပုဂ္ဂိုလ်နှစ်ယောက်ကို ကျနော့်အနေနဲ့ အလွန်အမင်းပဲ လေးစားပါတယ်။ လူပုဂ္ဂိုလ်အရလည်း တန်ဖိုးထားပါတယ်။ သို့သော် သူတို့ဟာ ဗမာနိုင်ငံတခုလုံးအတွက် လုပ်ခဲ့တာလား၊ သူတို့ ယုံကြည်တဲ့ လူပုဂ္ဂိုလ်တွေဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်း၊ ဒေါ်အောင်ဆန်းစုကြည် ဆိုတဲ့ လူတွေအတွက်ပဲ လုပ်ခဲ့တာလားဆိုတာကို အစ္စလာမ်ဘာသာကို ကိုးကွယ်ကြတဲ့ ဗမာနိုင်ငံသား ညီအစ်ကို အပေါင်းက သေသေချာချာ လေ့လာသုံးသပ်ပြီး သမိုင်းမှတ်တမ်းတင်ထားသင့်သလို၊ နောက်လာနောက်သားများကိုလည်း အတုယူ ဆင်ခြင်စဉ်းစားနိုင်ဖို့အတွက် ဥပမာ ပေးသင့်ကြောင်းကို တိုက်တွန်းလိုပါတယ်။

ကျနော် ချစ်သော အစ္စလာမ်ဘာသာဝင် ဗမာနိုင်ငံသားများ အကြောင်းကို ဆက်လက် ရေးသားပါဦးမည်။

ငြိမ်းချမ်းအောင်

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s