Communist China’s exploitation on Myanmar by bribing Myanmar Generals and USDP leaders

အဘတို့လက်ထက်မှာ စတင်ခဲ့သော အရှုံး (Video File)

တရုတ်မြန် ဓါတ်ငွေ့ပိုက်လိုင်းကို ၀င်ရောက်ရိုက်ကူးထားသော

အဘတို့ တုံးကြ ညံ့ကြ ပုံများကို အသေးစိတ် တတ်နိုင်သလောက်

တင်ပြလိုက်ပါတယ်/

အားလုံး အရှုံးခံပေးခဲ့ပါတယ် တဖက်ကပေးတဲ့ လာဘ်ငွေတွေကိုတော့

အဘတို့ အိတ်ထဲ ထည့်သွားခဲ့ကြပါပြီ။

*ဂိုလ်ရှယ်လေး

အဘတို့လက်ထက်တွင်ပြုလုပ်ထားခဲ့မှုများ ဆက်၍သာခါးဆီးခံကြရတော့မည်

Video Origin

ဂိုလ်ရှယ်လေး
တရုတ်မှ ကျောက်ဖြူ ဆိပ်ကမ်း ပိုင်ဆိုင်ခွင့် ၈၅% အထိ တိုးတောင်းပြီ
•=========================================•

ကျောက်ဖြူ ဆိပ်ကမ်း ပိုင်ဆိုင်ခွင့်ကို ၈၅% အထိ တိုးတောင်းထားသော စာရွက်စာတမ်းများကို ကိုယ်တိုင် ကြည့်ရှု့ခွင့် ရခဲ့သော ရိုက်တာ သတင်းဌာနမှ အဆိုပါ လုပ်ရပ်ကြောင့် နိုင်ငံအတွင်း တရုတ်ပြည်၏ စီးပွားရေးအင်အား တိုးချဲ့နေမှု အပေါ် ရှိပြီးသား တင်းမာမှုများ ပိုမို တိုးမြှင့်လာစေနိုင်တယ်လို့ ရေးသားလိုက်ပါတယ်။
တရုတ်တို့အနေဖြင့် ၎င်းတို့ရဲ့ ရည်မှန်းချက် ကြီးမားလှသည့် One Belt, One Road (OBOR) မဟာ စီမံကိန်းကြီး၏ တစိတ်တဒေသအဖြစ် ဘင်္ဂလား ပင်လယ်အော်အတွင်း အထူး ၀င်ရောက်နိုင်ခွင့် ရရှိရေး လိုလားလျက် ရှိနေပါတယ်။
အဆိုပါ အမေရိကန် ဒေါ်လာ သန်း ၇.၃ ဘီလီယံ တန်သည့် ကျောက်ဖြူ ဆိပ်ကမ်းကို ပိုင်ဆိုင်ခွင့် ၇၀% မှ ၈၅% အထိပေးရန် တရုတ် ကုမ္ပဏီ ဖြစ်သော CITIC မှ အဆိုပြုလာခြင်း ဖြစ်ပါတယ်။
မြန်မာဖက်မှ ၅၀/၅၀ ပိုင်ဆိုင်ခွင့်ရမည့် ဖက်စပ် လုပ်ငန်း အဖြစ် မူလ အဆိုပြုချက်ကို တရုတ်ဖက်မှ ပါယ်ချလိုက်ခြင်း ဖြစ်ပြီး မြစ်ဆုံ စီမံကိန်းကို စွန့်လွှတ်ပေးရန် ရှိလာသည့်အတွက် အခုလို တိုးမြှင့်တောင်းဆိုလာခြင်းလည်း ဖြစ်ပါတယ်။
အဆိုပါ သတင်းအပေါ် ထင်မြင်ချက်ပေးရန် တောင်းဆိုမှု အပေါ် CITIC နှင့် တရုတ် နိုင်ငံခြားရေး ၀န်ကြီးဌာန က တုန့်ပြန်မှု မရှိသေးဖူးလို့ ရိုက်တာ သတင်းက ဆိုပါတယ်။
ကျောက်ဖြူ ဆိပ်ကမ်းသည် တရုတ်မှ ၂၀၁၅ တွင် ရရှိထားခဲ့ပြီးသော ပရိုဂျက် နှစ်ခု အနက် တခု ဖြစ်ပြီး နောက် ပရိုဂျက်ကတော့ ကျောက်ဖြူ အထူး စီးပွားရေးဇုံ တည်ဆောက် ရေးပဲ ဖြစ်ပါတယ်။
ယင်းကိစ္စနှင့် ပါတ်သက်ပြီး နှစ်နိုင်ငံ အကြား ဆွေးနွေးပွဲကို ယခုအပါတ်တွင် ရန်ကုန်တွင် ပြုလုပ်ဖို့ ရှီနေပါတယ်။ အဆိုပါ စီမံကိန်းအတွက် CITIC မှ အစအဆုံး ဦးဆောင် အကောင်အထည် ဖေါ်ခဲ့ရသည့်က တကြောင်း မြန်မာ၏ ဘဏ္ကာရေး အနေအထားကြောင့်တကြောင်း မြန်မာဖက်မှ ၃၀% ထက်ပိုပြီး တောင်းဆိုခွင့်မရှိဟု ကုမ္ပဏီနဲ့ နီးစပ်သော သတင်းရပ်ကွက်တခုက ဆိုပါတယ်။

Image may contain: 1 person, text

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s