Sr General Than Shwe’s negligence after cyclone Nagis disaster led to increase in prostitution in Myanmar

Aung N Htwe
ကေတီဗွီဖေါင်းပွသွားခြင်းရဲ့တရားခံဘယ်သူလဲ?

Video Origin

စာဖတ်သူများ မေ့နေကြမယ်ထင်ပါတယ်
ဒီကနေ့ဟာ မြန်မာ့ရေပိုင်နက် အစပ်မှာ အမေရိကန်မှ

ကူညီဖို့ ရောက်ရှိနေတဲ့ ဆေးဝါး အစားအစာ သောက်ရေနဲ့

ယာယီနေထိုင်နိုင်ကြရေးအတွက် အလှူပစ္စည်းများကို

တန်ပေါင်း (၄၄) တန် တင်ဆောင်ပြီး ရောက်ရှိနေတဲ့

နာဂစ်ဆိုင်ကလုံး ဒုက္ခသည်များအတွက် ၀မ်းနည်းဖွယ်ရာ နေ့ရက်ပါ

အဆိုပါလူမှု ကယ်ဆယ်ရေး အမေရိကန် လေယာဉ်တင်သဘောင်္ကြီးကို

နိုင်ငံတကာ အချုပ်ချာ ပိုင်စိုးမှု စည်းမျဉ်းများအရ သက်ဆိုင်ရာ စစ်အစိုးရ၏

ဗိုလ်ချုပ်မှူးကြီး သန်းရွှေမှ ၀င်ရောက်ခွင့် မပြုပဲ တားမြစ်ထားတဲ့ နေ့ရက် အစလည်း ဖြစ်ပါတယ်။

ထိုအချိန်က စာရေးသူနှင့် အမေရိကန် ခြက်ခြေနီအသင်းဖွဲ့မှ စာရေးဆရာတို့ ပူးပေါင်းပြီး

နယူးယောက်တိုင်းသတင်းစာမှာ ( Crime Against Negligence In Myanmar Now) ဆိုသော
“ လက်ရှိမြန်မာနိုင်ငံအတွင်းမှ ရာဇ၀တ်မှု မြောက်သော ဥပက္ခာတရား) ဆိုသည့် ခေါင်းစဉ်ဖြင့်

တကမ္ဘာလုံးမှ လူသားမဆန်မျက်ကွယ်ပြုနေသော မြန်မာစစ်အစိုးရကို တိုက်တွန်း ဖိအားပေးလာအောင် ဆောင်းပါးကြီးတစ်ပုဒ် ရေးသားဖေါ်ပြခဲ့သောနေ့လည်းဖြစ်ပါတယ်။

အဆိုပါ ဆောင်းပါးကြီးနောက်တွင် နိုင်ငံတကာ ဖြစ်သော ပြင်သစ် ကယ်ဆယ်ရေးသဘောင်္ (၁) တစ်စီးပါ
မြန်မာ့ ရေပိုင်နက် အစပ်သို့ ကူညီပေးရန်ရောက်ရှိလာပြီး ကုလ အရေးပေါ်အစည်းဝေးတွေနဲ့ ပွဲဆူသွားစေခဲ့ဘူးပါတယ်။

မြန်မာ နိုင်ငံအတွက် အထူးခန့်အပ်ထားသော ကိုယ်စားလှယ်ကြီး မစ္စတာ ဂမ်ဘာလီလည်း ချက်ခြင်း
အထုပ်ကောက်ပြီး မြန်မာနိုင်ငံသို့ သွားရောက်ညှိနိုင်းရန် ထွက်လာရပြီး ဘန်ကောက်မှာ (၃) ရက် ထပ်မံ သောင်တင်နေရတဲ့ အဖြစ်မျိုးတွေ ဖြစ်ခဲ့ကြရပါတယ်။

ဧရာဝတီတိုင်းမှာတော့တကယ့်ကို အခြေနေဆိုးသည်ထက် ဆိုးဝါးသွားစေအောင် မြန်မာစစ်အစိုးရမှ အချိန်ဆွဲနေခဲ့ခြင်းဟာ (၂၀၀၈) အခြေခံဥပဒေကို အတည်ပြုဖို့ တစ်ခုတည်းသာဖြစ်နေခဲ့ပါတယ်။

မေလ (၂၄) ရက်နေ့မှာတော့ ခေါက်ဆွဲခြောက်ထုပ်တွေ ပြပြီး (၂၀၀၈) အခြေခံဥပဒေကို နာဂစ်ဒုက္ခသည်များအား အကြပ်ကိုင် ခြိမ်းချောက် အတည်ပြုလိုက်ပြီးနောက်
အလုပ်လက်မဲ့ စားဝတ်နေရေ ခက်ခဲနေတဲ့ ဧရာဝတီမှ မိန်းမငယ်အချို့ ပြည့်တန်ဆာဘ၀ ရောက်ခဲ့ရကြောင်း
တရာခံကတော့ ယနေ့ ဦးသန်းရွှေဆိုတာ မည်သူမှ ငြင်းကွယ်နိုင်ကြမယ်မဟုတ်ကြောင်းပါ။
သို့ကြောင့် ထိုအချိန်မှ စ၍ ကေတီဗွီ မာဆတ်တွေ ယခင်ကထက် တခုပြီးတစ်ခု အကြီးကျယ် စည်းကားတွင်ကျယ်လာရကြောင်းပါ။

ဂိုလ်ရှယ်လေး

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s