” ဂုဏ်ယူစွာပဲ ပြောပါရစေ၊ ကျနော့်မှာ မျိုးချစ်စိတ် မရှိပါ “

Min Aung

” ဂုဏ်ယူစွာပဲ ပြောပါရစေ၊ ကျနော့်မှာ မျိုးချစ်စိတ် မရှိပါ ”

ကိုယ့်လူမျိုး မှ အကောင်း၊ အမှန် ထင်၊ သာစေ၊ မြတ်စေ ချင်စိတ် ဟာ မျိုးချစ်စိတ် ဆိုရင်၊
ကိုယ့်မွေးရပ်မြေမှာပဲ သေသည်အထိ ဖက်တွယ်နေမှ မျိုးချစ်စိတ် ဆိုရင်၊
တခြား လူမျိုး၊ ဘာသာ၊ ယဉ်ကျေးမှုတွေကို ဆန့်ကျင်မုန်းတီးမှ မျိုးချစ်စိတ် ဆိုရင်၊

ဂုဏ်ယူစွာပဲ ပြောပါရစေ။
ကျနော့်မှာ ‘မျိုးချစ်စိတ်’ မရှိပါ။

ရှိမိမှာ ရှက်လှပါသည်။

လူမျိုး ဘာသာမရွေး လူလူချင်း မျှတစွာ ပေါင်းသင်းဆက်ဆံကြသော ကမ္ဘာ ကိုသာ ကျနော် လိုလားပါသည်။

တိမ်လွှာမို့မိုလွင် ထဲက ကမ်းခြေမှာ ဦးဝင်းဦး ပြောခဲ့တဲ့
“ကမ္ဘာကြီး က ဘယ်နေရာမှာဖြစ်ဖြစ် လှပါတယ်” ဆိုတဲ့ စကား ကို ကြိုက်လှ၊ ချစ်လှ၊ မြတ်နိုး ယုံကြည်လှတယ်။

ကျနော့်တိုင်းပြည် ကျနော့်လူမျိုးတွေ ကို အမြဲ ချမ်းသာစေ့ချင်ပါတယ်။ ထိုနည်းတူ ကမ္ဘာကြီး ကိုလဲ ချမ်းသာစေ့ချင်တယ်။ ဒီလောက်နဲ့ မလုံလောက်ဘူးလား။

နယူးယောက်ခ် မှာ နေ ရတာ အင်မတန်ပျော်လှတယ်။
ဘာအကြိုက်ဆုံးလဲ ဆို ပုံပန်းသဏ္ဍန် အမျိုးမျိုးရှိသော လူတွေ ကိုပါ။ ဖြူ၊ မည်း၊ ညို၊ နီ၊ ဝါ လူတွေ အသွေးရောင်စုံ နိမ့် မြင့်စုံ ကို နေ့စဉ်တွေ့နေရတာ ကြိုက်လှတယ်။

တစုံတယောက် က
” မင်းတို့ဆီက လူတွေနဲ့ ဒီက လူတွေ ဘာကွာလဲ ” မေးဖူးတယ်။
” အတူတူပါပဲ သူတို့လဲ စားတယ်၊ အိပ်တယ်၊ သွားတယ်၊ လာတယ်၊ ချစ်တယ်၊ မုန်းတယ်၊ မွေးတယ်၊ သေတယ် ”
လို့ ပြန်ဖြေခဲ့တယ်။

မြန်မာပြည်မှာတုန်းက ကျနော်ဟာ ‘မြန်မာကွ’ လို့ ဘဝင်စိတ်ရှိပြီး၊ တရုတ် ကုလား တို့ကို ငတို့တိုင်းပြည်မှာ လာနေကြသူတွေ လို့ ကျဉ်းမြောင်းသော အမြင် ရှိခဲ့တယ်။
ခု အမေရိကန်ပြည် မှာ ကျနော်က တရုတ် ကုလား နေရာနေရ
အဖြူတွေက ချေ ပြန်တော့ ကိုယ့်ကိုယ်ကိုယ် ပြန်မြင်ရ၊ ဉာဏ်အလင်းတွေ ပွင့် ရ တယ်။
မြန်မာပြည်မှာတုန်းက တရုတ်တယောက် ကုလားတယောက်နဲ့ မြန်မာမ တယောက်တွဲလာရင် ‘မျိုးဖျက်မ’ လို့ မြင်တယ်။
ခု အမေရိကန်မှာ အဖြူနဲ့ အမည်း၊ အညိုနဲ့အဝါ၊ အမည်းနဲ့ အဝါ တွဲလျှက်တွေ့ရင် အချစ် ပါလား လို့ မြင်လာတယ်။
ကားဆားဗစ်လောကမှာ အမျိုးတူရာ အုပ်စုဖွဲ့ ပင်းကြ သင်းကြ အသာယူကြတာ ကြုံရတဲ့ အခါ အဲသလို မမျှတသော လုပ်ရပ်မျိုး ကိုယ်အလှည့်မှာ လုပ်မိမှာကိုလဲ စိုးမိ ကြောက်မိရတယ်။ ရှက်စရာကောင်းတဲ့ ဒုစရိုက်ကြီးပါပေ။

အဲသလို မမျှတ ပင်းသင်းစိတ် ကို “မျိုးချစ်စိတ်” ဟု ခေါ်ကြမည် ဆိ မရှိအောင်သာ အားထုတ်သွားမည်ပဲ ဖြစ်ပါတယ်။ မရှိတာကိုလဲ ဂုဏ်ယူပါတယ်။

သာကီဝင်မင်းသားတွေရှေ့ ဆတ္တာသည် ကို အရင် ရဟန်းပြုပေးခဲ့သော ဗုဒ္ဓ ကို ကြည်ညို ပူဇော်ပါ၏။
ထိုဗုဒ္ဓထူထောင်ခဲ့သော နိုင်ငံသားပေါင်းစုံ၊ လူမျိုးကွဲပေါင်းစုံ ပါဝင်ခဲ့သည့် စစ်မှန်သော ဗုဒ္ဓဝါဒ ကိုလဲ ယုံကြည်ပါ၏။

ချိုတူးဇော်

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s