ဝဠ်နာကံနာ ဖြစ်နေတဲ့ နိုင်ငံ
Ye Min Nyi Nyi
ဝဠ်နာကံနာ ဖြစ်နေတဲ့ နိုင်ငံ
ရက်ကွက်တစ်ခု မှာ
ဘုံဆွမ်းလောင်းအသင်းနှစ်ခု
နာရေးကူညီမှု အသင်းတစ်ခုနဲ့အတူ
ဘီယာဆိုင်နှစ်ဆိုင်
အပေါင်ဆိုင်နဲ့ လောင်းကစား တစ်ဒိုင်
အတူတူ ဖြစ်တည်နေတဲ့ နိုင်ငံ
သုတရသ စာအုပ်တွေ
တနိုင်ငံလုံး မှာ အုပ်တစ်သောင်း
ကုန်အောင်မရောင်းနိုင်တဲ့အချိန်
ဝါဒဖြန့်စာအုပ် သန်းဂဏန်းလောက်
အခမဲ့ ဖြန့်ချီမှိုင်းတိုက် ခံထားရတဲ့နိုင်ငံ
နည်းနည်းခိုးရင် ထောင်ကျ
များများခိုးရင် ဘုရားတကာ အဖြစ်သတ်မှတ်လို့ ….
ကိုကြီးညီလေး အဘငါ့တူ ဆိုပီး
ဆရာမွေး တပည့်မွေး လုပ်စားရာကတဆင့်
သာသနာကို အလွဲသုံး လို့
ကျောင်းလှူ…ပီး..ဘုန်းကြီးမွေး တဲ့ အဆင့် ရောက်လာတဲ့ နိုင်ငံ
…..
ရာထူးကြီးရင်(အများစု)
အော်တိုမတ်တစ် ချမ်းသာ သွားပီး
ပြည်သူအများစု မွဲတေဆင်းရဲ နေချိန်မှာ
အဂတိ အဓမ္မ လုပ်သူတွေအကြောင်း
မစဉ်းစား သတင်းမကြား ရလေအောင်
“မရှိလို့ မလှူ မလှူလို့မရှိ” ဆိုတဲ့
ဒါနသီလအကြောင်း ဟောပီး
ချွေးသိပ် တတ်တဲ့နိုင်ငံ
လူခြောက်သန်းလောက်
နိုင်ငံခြားမှာကျွန်ခံ နေရပီး
နိုင်ငံသားတဝက်လောက်
ဆင်းရဲမွဲတေ နေတာတောင်
လုပ်သင့် လုပ်ထိုက်တာတွေ ကို
မလုပ်ရဲသေးတဲ့ အစိုးရ ရှိနေတဲ့ နိုင်ငံ
ဝဠ်နာကံနာ ဖြစ်နေတဲ့ နိုင်ငံ
Advertisements
4 thoughts on “ဝဠ်နာကံနာ ဖြစ်နေတဲ့ နိုင်ငံ
  1. Nay Win
    1 hr ·
    ဒီလောက်ထင်ထင်ရှားရှား ပြသနာတွေဖန်တီးနေတာ
    တိုက်ရိုက်ကိုင်တွယ်ဖို့ အာဏာမရှိဘူးဆိုရင်လည်း …
    လွှတ်တော်တင် အများရှေ့ချပြ စုပေါင်းအဖြေရှာတာမျိုး မလုပ်ကြဘူးလား???
    ဒီအတိုင်းမျှောထားပြီး ဘာသာရေးထိုးကျွေးထာတာ
    ကာကယံရှင်တွေအတွက် အကျိုးပိုရှိမယ်လို့ ယူဆလို့လား??
    ကိုင်တွယ်ဖြေရှင်းခြင်ရင်နည်းလမ်းတစ်ခုမကရှိပါတယ်။
    အောက်တန်းစားနိုင်ငံရေးသမားတွေ အမှန်တကယ်ဖြစ်နေကြပြီလား??
    Like
  2. Kyaw Sann Thinn with Kyaw Sann Thinn.
    4 hrs ·
    မဘသ အဖွဲ့ဟာ
    တရားမဝင်ပါဘူးလို့ပြောခဲ့တဲ့
    ရကတ ဝကခ အနေနဲ့
    မဘသ နဲ့ မျိုးညစ်တွေပေါင်းပြီး
    ကိုယ့်တိုင်းဒေသကြီးထဲ ပြဿနာမီးမွှေးနေတာကို
    ဘယ်ပုံဘယ်နည်း စီမံဆောင်ရွက်ဖို့ရှိပါသလဲ
    နာရီကိစ္စ အစွပ်စွဲခံစဉ်ရတုန်းကလို
    ယူနီဖောင်းဝတ်ဝန်ကြီးဘေးမှာထားပြီး
    သတင်းစာရှင်းလင်းပွဲတွေလုပ်
    မြန်မြန်ဆန်ဆန် အရေးယူဆောင်ရွက်သွားပုံလေး
    သတိရမိလို့ မေးခွန်းထုတ်ရတာပါ
    Like
  3. Mohammad Abdullah
    5 hrs ·
    (ကိုဆွေမွန်ရေးပါသည်)
    အစိုးရ သိပါတယ်​၊ မြင်​တယ်​၊ မသိတာ မဟုတ်​ဘူး။ သိကို သိပါတယ်​။
    ဖြစ်​စဉ်​တစ်​ခုပြီးသွားတိုင်း ဘာသာတူမို့ အ​ရေးမယူချင်​တာလား၊ သင်္ကန်းနဲ့မို့ အ​ရေးမယူချင်​တာလား၊ အထက်​အမိန့်​နဲ့ လာ​မွှေ​နေသူ​တွေမို့ အ​ရေးမယူရဲတာလား၊ ဘာ​ကြောင့်​ ဒီလူ​တွေ တရားဥပ​ဒေရဲ့ ကင်းလွတ်​ခွင့်​ကို ရ​နေသလဲ၊ ဒီ​မေးခွန်း​တွေကိုပဲ တက်​လာ​စေပါတယ်​။
    ဒီမနက်​ပိုင်းမှာပဲ သတင်း​တွေ ပြန့်​ပါပြီ။ တကမ္ဘာလုံးက သိမြင်​ပါပြီ။ ဒီလူ​တွေပဲ၊ ဒီအုပ်​စုတစ်​ခုတည်းကပဲ ကြိုတင်​စီစဉ်​ထားတဲ့ လှုံ့​ဆော်​ဖန်​တီးမှု​တွေ လုပ်​​ဆောင်​လာတာ၊ အကြမ်းဖက်​ရိုက်​နှက်​တာ၊ ရဲ နဲ့ လ၀က စတဲ့ အာဏာပိုင်​​တွေကို အချိန်​အခါမဲ့ သူတို့ကိုယ်​တိုင်​ ​ခေါ်​ဆောင်​ခွင့်​ရှိ​နေတာ​တွေကို လက်​ရှိအစိုးရဟာ သိပါတယ်​။ မြင်​ပါတယ်​။ “ဥပ​ဒေပ” လုပ်​ရပ်​မှန်းလည်း သိပါတယ်​။
    ဒီအဖွဲ့တစ်​ခုတည်းကပဲ အကြိမ်​ကြိမ်​ ပြသနာရှာ​နေပါတယ်​၊ တာဝန်​ရှိ ရဲ​တွေ လုံခြုံ​ရေး​တွေကို ဗုဒ္ဓဘာသာဝင်​​တွေ​ရော မွတ်​စ်​​လင်​မ်​တွေပါ သွားတိုင်​ဖူးပါတယ်​။ အကြိမ်​ကြိမ်​ ​တိုင်​တန်းခဲ့​ပေမယ့်​ အကြိမ်​တိုင်း အ​ရေးယူ မခံရပါ။ မကြာ​သေးခင်​ကပဲ ​ရွှေတိဂုံ​စေတီ​တော်​၊ သင်္ဃန်းကျွန်း၊ သာ​ကေတ စတဲ့​နေရာ​တွေမှာ ဒီတစ်​ဖွဲ့တည်းကပဲ လွတ်​လွတ်​လပ်​လပ်​ ဆူပူခွင့်​ ရခဲ့ပါတယ်​။
    ဒါ​ပေမယ့်​ #အ​ရေးမယူပါဘူး #ကြိုက်​တာလုပ်​ခွင့်​​ပေးထားဆဲပါ။ အချို့​နေရာ​တွေမှာ အာဏာပိုင်​​တွေကိုယ်​တိုင်​ ပူး​ပေါင်းလုပ်​​ဆောင်​​ပေး​နေတာကို မြင်​​ခဲ့ရပါတယ်​။
    ဒီတစ်​ကြိမ်​လည်းပဲ ဒီသင်္ကန်းဝတ်​အုပ်​စုကို အ​ရေးမယူရင်​ ဒီ ​မေလထဲမှာပဲ ​နောက်​တစ်​​နေရာမှာ ​နောက်​ ပုံစံတစ်​မျိုးနဲ့ ရိုက်​တာ နှက်​တာ အုပ်​စုဖွဲ့ ဆဲဆို ရမ်းကား အကြမ်းဖက်​တာ​တွေ ရှိလာဦးမှာပါ။
    မ​နေ့က ပုံစံမျိုး ဗုဒ္ဓဘာသာ “မဟုတ်​သူ​တွေက” ညကြီးမင်းကြီိး အ ကာလ ညအချိန်​မ​တော်​ကြီးမှာ စုရုံးဆူပူ ​သောင်းကျန်းပြီး စကျူးလွန်​ရင်​​ရော … ဒီအတိုင်းပဲ ဘာမှ အ​ရေးမယူဘဲ ငုတ်​တုတ်​ကြီး သည်းခံ​နေကြမလားလို့သာ သိချင်​မိတယ်​။
    SM
    Like
  4. U Tin Maung Tun
    6 hrs · Vancouver, BC, Canada ·
    သတင်း သိရသလောက်ကို ပြောရမယ်ဆိုရင်။
     ပုဂ္ဂိုလ်နှစ်ဦးအငြင်းပွားတာကို မဧပရယ်ထွန်းဆိုသူက လိမ်လည်ပြီး ရခိုင်ပြည်နယ်မှ ဘင်္ဂလီများလာရောက်ကြောင်း မဘသ အမျိုးသမီးကို တိုင်တန်းခြင်းသည် လိမ်လည်မှုမြောက်ပေသည်။
     ထို့အပြင် တိုင်တန်းရာမှာ တာဝန်ရှိအဖွဲ့ အထူးသဖြင့် ရဲတပ်ဖွဲ့ကို မတိုင်ပဲ ဥပဒေနှင့်ပတ်သက်၍ တာဝန်မရှိသောအဖွဲ့ကို လိမ်လည်တိုင်ကြားခြင်းသည်၊ မတရားပြစ်မှုကျူးလွန်ရန် ရည်ရွယ်ချက်ဖြင့် တိုင်ကြားသောကြောင့် ပြစ်မှု မြောက်ပြန်သည်။
     မဧပရယ်ထွန်း၏ လိမ်လည်တိုင်သည်ကို မဘသ အမျိုးသမီးအဖွဲ့က မဘသ အရှင်သုစိတ္တဦးဆောင်သွားခဲ့ခြင်းသည်။ လုပ်ပိုင်ခွင့်မရှိပဲ တာဝန်ဝတ္တရား နှောက်ယှက်သည့် ပြစ်မှု မြောက်ပါတယ်။
     ရဲတပ်ဖွဲ့သည် မမှန်သတင်းကို သွားရောက်စစ်ဆေးရာတွင် မဘသအဖွဲ့ဝင်တွေနှင့် အတူသွားစစ်ဆေးခြင်းသည် ရဲလုပ်ထုံးလုပ်နည်း နှင့်ဆန့်ကျင်၍ အပြစ်ထိုက်သင့်ပါတယ်။
     သွားရောက် စစ်ဆေးသောအခါ မဟုတ်မှန်းသိသော်လည်း ဖမ်းစီးရန် လူတွေကို ရဲစခန်းကို ခေါ်သွားရန် ရဲကိုအမိန့်ပေးခြင်းသည်လည်း ပြစ်မှုမြောက်ပါတယ်။
     သွားရောက်စစ်ဆေးသောအခါ လိမ်လည်တိုင်တန်းသည်ကို ရဲက သိလျှင်သိခြင်း ၀တ္တရားနှောက်ယှက်မှု။ လိမ်လည်မှုတို့ဖြင့် အရေးယူရမည်။ အရေးမယူတဲ့အတွက် ရဲတပ်ဖွဲ့မှာ အပြစ်ရှိသည်။
     လာရောက်ကြည့်ရှုသူကို ရိုက်နက်ခြင်းသည်လည်း ရိုက်နက်သူအားလုံး ကာယကံမြောက် ပြစ်မှုမြောက်ပြီး အားပေးသူများမှာလည်း ကြံရာတွေဖြစ်ပါတယ်။
     တာဝန်ရှိသူအဆင့်ဆင့်ကလည်း အရေးယူမှုမလုပ်ခဲ့ရင် မှုခင်းထိန်ချန်မှု၊ အားပေးအားမြောက်ပြုမှုကို အဆင့်ဆင့်အားလုံးက ကျူးလွန်ကြပါတယ်။
    Like
Leave a Reply
Fill in your details below or click an icon to log in:
WordPress.com Logo
You are commenting using your WordPress.com account. Log Out / Change )
Twitter picture
You are commenting using your Twitter account. Log Out / Change )
Facebook photo
You are commenting using your Facebook account. Log Out / Change )
Google+ photo
You are commenting using your Google+ account. Log Out / Change )
Connecting to %s