မြန်မာမွတ်စလင်တွေ ဘာတွေပြင်ဆင်ထားသင့်သလဲ?

This post should be read as a satire…about helpless Myanmar Muslims

မြန်မာမွတ်စလင်တွေ ဘာတွေပြင်ဆင်ထားသင့်သလဲ…..

တကယ်တမ်း မလိမ်တမ်း မညာတမ်းပြောရရင်…..
ကျ နော်လဲ မသိပါဘူး………..

ဒါပေမဲ့ ဒီအချိ န် ဒီအခါမှာ…….
“ဘာလုပ်ကြမလဲ / ဘာလုပ်ထားသင့်လဲ “…….ဆိုတာကိုတော့
အမြဲ စဉ်းစားနေမိပါတယ်……

ဒီအခါမှာ ၂၀၁၃ ခုနှစ် မိတ္ထီလာအရေးအခင်းပြီးစ……
ဝီရသူ က မန္တလေးကို ပြသနာလုပ်ဖို့ နည်းမျိုးစုံနဲ့ ကြိုးစားနေတဲ့ အချိ န်..
ကျ နော် မန္တလေးမှာရှိနေတုန်းက……….
နိုင်ငံခြားသတင်းထောက် တယောက်နဲ့ တွေခဲ့/ပြောဖြစ် ဆိုဖြစ်တာလေးတွေ
ကိုသတိရမိပါတယ်……..

အမေး/အဖြေ ပုံစံလေးနဲ့ဘဲ ရေးပြလိုက်ပါ့မယ်…..

(Q)…ခင်ဗျားက ဘယ်အဖွဲ့အစည်းရဲ့ ခေါင်းဆောင်ပါလဲ/ဘာတာဝန်ထမ်း
ဆောင်နေတာလဲ……..
(A)…ကျ နော် ဘယ်အဖွဲ့အစည်းဝင်မှာမဟုတ်သလို…ဘာတာဝန်မှလဲ ရှိသူ မဟုတ်ပါ….

(Q)…ကျ နော်က အစ္စလာမ်ဘာသာရေးအဖွဲ့က တာဝန်ရှိသူ တယောက်
ယောက်နဲ့ တွေချ င်ပါတယ်လို့ ပြောတာကို……..ကျ န်တဲ့လူတွေက
ဘာကြောင့်…ခင်ဗျားနဲ့ တွေ့ပေးတာပါလဲ…..
(A)…ကျ နော်က အစ္စလာမ်ဘာသာရေးအဖွဲ့ ပေါင်းစုံရဲ့ အလုပ်တွေကို ဒိုင်ခံ
လုပ်ပေးနေသူဖြစ်ပြီး……အခြေအနေ အားလုံးကို သိနေသူဖြစ်တယ်……နောက်
နိုင်ငံခြားသတင်းထောက် တယောက်နဲ့ စကားပြောဖို့အတွက်….ခေါင်းဆောင်
ကြီးတွေမှာ ဆန္ဒမရှိလို့လဲ ဖြစ်ပါလိမ့်မယ်……

(Q)…မြန်မာနိုင်ငံမှာ အစ္စလာမ်ဘာသာဝင် လူဦးရေ ဘယ်လောက် လောက်ရှိ
နေပါသလဲ….
(A)…အစိုးရထုတ်ပြန်တာ…..၄ သန်းလောက်ရှိတယ်ဆိုပေမဲ့……အဲ့ဒီလောက်
မကပါဘူး……ရိုဟင်ဂျာလူမျိုးတင် ၃သန်းလောက်ရှိနေတော့ ပြည်မထဲမှာ
နေတဲ့ မွတ်စလင်ဦးရေက ပိုများတဲ့ အတွက်…..စုစုပေါင်း မွတ်စလင်ဦးရေဟာ
၁၂သန်းကနေ ၁၄သန်းလောက် အထိရှိမယ်လို့ ယုံကြည်ပါတယ်….

(Q)…ခင်ဗျားတို့ မန္တလေးမြို့မှာ…..မွတ်စလင် လူဦးရေ ဘယ်လောက်ရှိပါသလဲ
(A)… ကျ နော်…မသိပါ…..စာရင်းကောက်ယူထားတာ မရှိပါ…..

(Q)…ခင်ဗျားတို့ရပ်ကွက်မှာ…မွတ်စလင် အိမ်ထောင်စုဘယ်လောက်/လူဦးရေ
ဘယ်လောက်လောက် နေထိုင်ကြပါသလဲ…..
(A)… မသိပါ…..

(Q)…ခင်ဗျားတို့က ပြန့်ကျဲ ပြီးနေကြတယ်နော်…..စုစည်းပြီးနေကြတာ မဟုတ် တော့…..တစုံတရာပြသနာပေါ်လာရင်…..ဘယ်လို ရင်ဆိုင် တုန့်ပြန်ဖို့ စီစဉ်ထား
ပါသလဲ…..
(A)…ဘာမှ စီစဉ်ထားတာမရှိပါ…

(Q)…ပြသနာ တစုံတရာဖြစ်လို့ မွတ်စလင်တွေကို မိတ္ထီလာမှာလို အတိုက်အခိုက်
ခံရပြီ……ဆိုရင်…….လုံခြုံ တဲ့နေရာ(Safety Zone) အဖြစ် ဘယ်နေရာကို တိမ်း
ရှောင်ကြမှာပါလဲ……
(A)…မသိသေးပါ…..

(A)…Safety Zone မှာ အမျိုးသမီးတွေ/ကလေးတွေ/ သက်ကြီးရွယ်အိုတွေကို
ခိုလှုံစေဖို့ အစီအစဉ်တွေ လုပ်ထားတာရှိပါသလား…..
(A)…မရှိပါ……..

(Q)…Safety Zone မှာ ထိခိုက်ဒဏ်ရာရလာသူတွေကို အရေးပေါ်ပြုစုကုသမှု
ပေးနိုင်ဖို့ နဲ့…..ပုံမှန်ဆေးကုသမှုခံနေသူတွေအတွက်…..အရေးပေါ် ဆေးဝါး စု ဆောင်းထားတာရှိပါသလား…..
(A)…မရှိပါ…..

(Q)…အရေးပေါ် စားနပ်ရိက္ခာ…သိုလှောင်ထားတာ/ အစီအစဉ်လုပ်ထားတာ
ရှိပါသလား…..
(A)…မရှိပါ……

(Q)…Safety Zone ကိုရောက်အောင် မလာနိုင်တဲ့သူတွေ/ တိုက်ခိုက်မှုထဲမှာ
ပိတ်မိနေတဲ့ မိသားစုတွေကို…ဘယ်လို ကယ်တင်ကြမလဲ…..လူငယ်အဖွဲ့တွေ
ဖွဲ့စည်းထားတာရှိပါသလား…….
(A)…ဘာမှ အစီအစဉ် မရှိပါ……

(Q)…Safety Zone ကို တိုက်ခိုက်လာမယ်ဆိုရင်…ခိုလှုံနေသူတွေကို အကာ အကွယ်ဘယ်လို ပေးမလဲ…….မီးနဲ့ ရှို့လာရင် ငြိမ်းသတ်နိုင်အောင် အစီအစဉ်တွေ
လုပ်ထားပြီးပြီလား…..
(A)…ဘာမှ မလုပ်ရသေးပါ…..

(Q)… ပြသနာ တစုံတရာဖြစ်လာရင်…စစ်တပ် နဲ့ ရဲ…..ဘယ်အဖွဲ့အစည်းကို
ယုံကြည် အားကိုးနိုင်မလဲ…..
(A)…ဘယ်သူမှ အားကိုးလို့ရမယ်လို့ စိတ်မချ ရပါဘူး….

(Q)…ဒီလို ဆိုရင် ပြသနာတစုံတခုကြောင့် မိတ္ထီလာ လိုမျိုး မွတ်စလင်တွေကို
တိုက်ခိုက်တာ ကြုံ ရရင်…ခင်ဗျားတို့ ဘာလုပ်ကြမှာလဲ….
(A)…ခြေဦးတည့်ရာ ပြေးကြရမှာပါ…….အထူးသဖြင့် နီးစပ်ရာ ဘုန်းကြီးကျောင်းတွေထဲ ပြေးဝင် ခိုလှုံကြရမှာပါ…..

(Q)…ရန်သူက ဘုန်းကြီးကျောင်းထဲက စောင့်ပြီးတိုက်ခိုက်ရင်ကော…..
(A)…ဘုန်းကြီးအများစုကတော့ အကာအကွယ်ပေးပြီး စောင့်ရှောက်ထားကြ
မယ်…လို့ ယုံကြည်ပါတယ်……..
ကံ ဆိုးလို့ မဘသ ဘုန်းကြီးကျောင်းဖြစ်နေရင်တော့…..သေကြယုံပေါ့…

(Q)…ပြသနာဖြစ်လာရင်…..ခင်ဗျားတို့ တအားအထိနာမယ် ဆိုတာ သိသလား
(A)…ဟုတ်ကဲ့…….သိပါတယ်….
သိလို့လဲ……ဘာပြသနာမှ မဖြစ်အောင် လိုက်လံ ဖြေရှင်း ထိမ်းသိမ်းနေရတာပါ

(Q)…ခင်ဗျားတို့ မွတ်စလင် ကွန်မျူ နတီရဲ့ ခေါင်းဆောင်အဖြစ် ဘယ်လိုလူ
တွေ ကို သတ်မှတ်ထားတာပါလဲ….
(A)…မွတ်စလင်ကွန်မျူနတီမှာရှိတဲ့ အစိုးရ အသိအမှတ်ပြု အဖွဲ့ တခုခုမှာ
ရာထူးနေရာတနေရာကို ယူထားနိုင်တဲ့သူကို ခေါင်းဆောင်ကြီးတွေအဖြစ်
သတ်မှတ်ထားပါတယ်…အဲ့ဒီလူ…ဘာဘဲတတ်တတ် မတတ်တတ်…….
ဘာဘဲ လုပ်လုပ် မလုပ်လုပ်…..ခေါင်းဆောင်ပါဘဲ…..

(Q)…ခင်ဗျားတို့ တခုခု လုပ်သင့်ပြီ….လို့ မထင်ဘူးလား……
(A)… တခုခု…လုပ်သင့်ပြီလို့ တော့ထင်ပါတယ်…..

(Q)…ခေါင်းဆောင်တွေက ဘာမှ မလုပ်ကြရင်လဲ……
ခင်ဗျားတို့ လုငယ်တွေစုပြီး…..Safety Zone တို့ အခုနက ကျ နော်ပြောခဲ့
တဲ့ အစီအစဉ် တွေ….လုပ်ထားသင့်တယ်…..
(A)…ဟုတ်ကဲ့ ကျ နော်တို့ အဲ့ဒီ အလုပ်တွေ လုပ်ရင်……ခေါင်းဆောင်တွေ
ကိုယ်တိုင်က…..အစိုးရကို သွားပြီး တိုင်ကြမှာပါ

(Q)…ခင်ဗျား….ဘာတွေ ပြောနေတာလဲ…….
(A)…လူကြီးမင်း မေးတဲ့ မေးခွန်တွေကို ဖြေနေတာပါ…….


သတင်းထောက် စိတ်ဆိုးပြီး ထပြန်သွားတယ်ဗျာ……

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s