” မြန်မာမွတ်စလင် ညီအကို မောင်နှမအပေါင်းတို့ခင်ဗျား – ခင်ဗျားတို့မြန်မာမွတ်စလင်တွေ ရဲ့ ရင့်ကျက်စွာ သည်းခံတုန့်ပြန်မှုတွေအတွက် ငြိမ်းချမ်းရေးကို လိုလားတဲ့ မြန်မာပြည်သားတိုင်းက ဂုဏ်ယူကြရပါတယ်” ချိုတူးဇော်

Min Aung

” မြန်မာမွတ်စလင် ညီအကို မောင်နှမအပေါင်းတို့ခင်ဗျား ”

ခင်ဗျားတို့ အိမ်သာတက်ပြီး စွန့်ခဲ့တဲ့ မစင် ကို တခုတ်တရ အဘက်လုပ် နေသလား။

အဲသလိုပဲ မဘသကောင်တွေကို မစင်လို သဘောထားလိုက်စမ်းပါ။

ခွေးရူးတကောင် ဝင်လာပြီး လိုက်ကိုက်နေရင် သာမန်လူတွေအနေနဲ့ အကိုက်ခံပြီး ခွေးရူးကို ပြန်ရန်လုပ်မလား။ အဲဒါ ခွေးရူးနှိမ်နှင်းရေးသမား အလုပ်ပါ။ သာမန်လူတွေအနေနဲ့တော့ မတော်တဆတောင် အကိုက်မခံနိုင်ပါဘူး။ လုံလုံခြုံခြုံခွေးရူးရန်မပြုနိုင်အောင်နေကြရတာပဲ မဟုတ်လား။

အဲသလိုပဲ မဘသကောင်တွေကို ခွေးရူးလို ရှောင်ပါ။

ခင်ဗျားတို့ဟာ မြန်မာပြည်မှာမွေး၊ မြန်မာပြည်မှာကြီး၊ မြန်မာမွတ်စလင်တွေ ဖြစ်ကြတယ်။
မဘသ ရဲ့ အဓိက ဦးတည်ချက်က
ခင်ဗျားတို့ကို တခြားတပြည်ခြားသူစိမ်းတွေ လို့ မြင်လာအောင်၊ ခံယူလာအောင် လှုံ့ဆော်လုပ်ဆောင်နေတာ ဖြစ်တယ်။

ခင်ဗျားတို့ မယိမ်းယိုင်ဖို့ လိုတယ်။

မြန်မာပြည်မှာမွေး၊ မြန်မာပြည်မှာကြီးတဲ့ ခင်ဗျားအဖို့ မြန်မာပဲ ဖြစ်စရာရှိတယ်။
သေတဲ့အထိ မြန်မာပဲ ဖြစ်မယ်။
တခြားတိုင်းပြည်မှာ ပြောင်းရွှေ့နေထိုင်ရင်လဲ အမြဲလွမ်းဆွတ်နေရမှာဖြစ်တယ်။

ဘာကြောင့်လဲ ဆိုတော့ မြန်မာပြည်ဟာ ခင်ဗျားတို့ရဲ့ ဇာတိမြေ၊ အမိမြေ ဖြစ်နေလို့ပဲ။

လောကမှာ လူမှန်ရင် မိမိတို့ ဇာတိမြေ၊ အမိမြေ ကို ချစ်ကြသူတွေချည်းပဲ။
မဘသမိစ္ဆာကောင်တွေကြောင့် ခင်ဗျားတို့ရဲ့ အဲဒီအမိမြေချစ်စိတ် ကို အဆုံးရှုံးမခံပါနဲ့။

သူတို့ဟာ ခင်ဗျားတို့ကိုယ်ခင်ဗျားတို့ သူစိမ်းတရံစာတွေ ဖြစ်လာအောင်၊ တခြားပြည်သူတွေအမြင်မှာသာမက ခင်ဗျားတို့ ခံယူချက်တွေထဲမှာပါ အဲသလိုဖြစ်အောင် လုပ်ဆောင်နေတာဖြစ်တယ်။
နည်းနည်းလေးမှ မယိမ်းယိုင်ပါနဲ့။
ခင်ဗျားတို့ဟာ မဘသမိစ္ဆာကောင်တွေ ရဲ့ တိုက်ခိုက်ခံရမှုတွေကြောင့် အမိမြေကို မုန်းတီးနာကြည်းစိတ် ဘယ်တော့မှ မဝင်မိပါစေနဲ့။ ဘာဖြစ်လို့လဲ ဆိုတော့ အမိမြေ ဆိုတာ ပြောင်းလဲလို့ မရတဲ့ အရာမို့ပါ။
အမိမြေ ကို ချစ်စိတ်ကို ပိုမိုတိုးမြှင့်ပါ။
အမိမြေအတွက် ပိုမို ပေးဆပ် ထမ်းဆောင်ပါ။
သူတို့ကြောင့် ခင်ဗျားတို့ အမိမြေကို မဆုံးရှုံးပါစေနဲ့။

သူတို့ကျဉ်းမြောင်းလေ၊ ကိုယ်တွေ ပိုမိုကျယ်ပြန့်လေ လုပ်ဆောင်ပါ။
မီရှဲလ် အိုဘားမား ရဲ့ စကားလုံး ယူသုံးရရင် When they go low, we go high. ဖြစ်အောင် လုပ်ပါ။ ကမ္ဘာက ယုတ်ညံ့တဲ့ ဗုဒ္ဓ ဘာသာ အမည်ခံ မိစ္ဆာဘုန်းကြီးတွေနဲ့ အင်မတန်ပြည့်ဝ မြင့်မားတဲ့ မြန်မာမွတ်စလင်တွေ ကို နှိုင်းယှဉ် မြင်သွားပါလိမ့်မယ်။

မေတ္တာရောင်ပြန်ဟပ်လို့ အဲဒီမိစ္ဆာဘုန်းကြီးတွေရဲ့ မှိုင်းမိပြီး ခင်ဗျားတို့အပေါ် အမြင်စောင်းနေတဲ့ ပြည်သူတွေကအစ နားလည်တုန့်ပြန် လာပါလိမ့်မယ်။

ခင်ဗျားတို့မြန်မာမွတ်စလင်တွေ ရဲ့ ရင့်ကျက်စွာ သည်းခံတုန့်ပြန်မှုတွေအတွက်
ငြိမ်းချမ်းရေးကို လိုလားတဲ့ မြန်မာပြည်သားတိုင်းက ဂုဏ်ယူကြရပါတယ်။

ချိုတူးဇော်

” ဘင်္ဂလီဗုဒ္ဓဘာသာ ဘုရားကျောင်း ဆောက်မလို့တဲ့ ”

အိန္ဒိယအင်ပါယာ ကနေ ပါကစ္စတန်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်လသုံးနိုင်ငံကွဲထွက်သွားတယ်။

ပါကစ္စတန်ကလူ ကို အိန္ဒိယသား ခေါ်လို့မရဘူး။ ဘင်္ဂလားဒေ့ရှ် က ဘင်္ဂလီကို ပါကစ္စတန်နီ ခေါ်လို့ မရဘူး။

ပြောချင်တာ တိုင်းပြည် ဆိုတာ ပထဝီမြေကြီး နယ်နမိတ်အပိုင်းအခြား ဒေသတခု။

မြန်မာပြည်မှာ မွေးရင်
ဘာဘာသာကိုးကွယ် ကိုးကွယ်၊
ဘာမျိုးနွယ်ဖြစ်ဖြစ်၊
ဘာရုပ်ဆင်းအသွင်ရှိရှိ မြန်မာ ပဲ။

မနေ့က ဆဲဗင်းအလဲဗင်း တခုမှာ ဗုဒ္ဓကျောင်းတော်ဆောက်ရန် ဆိုပြီး အလှူခံဗုံးလေး ချထားတယ်။ ပိုတဲ့ အကြွေလေးထည့်လိုက်တော့ ရောင်းနေတဲ့ ကုလား က ဝမ်းသာအားရ လာမေးတယ်။ ခင်ဗျား ဗုဒ္ဓဘာသာလား တဲ့။ ဟုတ်တယ် ဆိုတော့၊ ဘယ်ကလာတာလဲ တဲ့။ မြန်မာပြည်က ဆိုတော့ မျက်နှာ နည်းနည်းမကောင်းဘူး ဖြစ်သွားတယ်။
ကျနော်က ဘင်္ဂလားဒေ့ရှ်က လာတာပါ။ ဗုဒ္ဓဘာသာပါ၊ တဲ့။
အကိုတို့ တိုင်းပြည်ကလူတွေ ဘာဖြစ်နေကြတာလဲဟင် တဲ့။ ကျနော်တို့ ဘင်္ဂလားဒေ့ရှ်မှာလဲ အာရကန်တွေ နေကြ၊ ဗုဒ္ဓဘာသာတွေ ရှိကြပါတယ် တဲ့။
ငတို့တိုင်းပြည်မှာ ဗုဒ္ဓဘာသာအစစ် ကွယ်ပြီး၊ ဘုန်းကြီးတွေ လိုသလို ပြဌာန်းနေတာ ကြီးစိုးနေလို့၊ ပြည်သူတွေကလဲ စာမတတ်ကြတော့ ဘုန်းကြီးပါးစပ်မှာ ယုံကြည်မှု ဆုံးနေတယ်။ စစ်ဗိုလ်တွေကလဲ သူတို့ အာဏာအတွက် အဲဒါတွေကို တမင်ဖြစ်အောင် ဖန်တီးပေးနေတယ် လို့ ရှင်းပြလိုက်ရတယ်။

ချိုတူးဇော်

” ဂုဏ်ယူစွာပဲ ပြောပါရစေ၊ ကျနော့်မှာ မျိုးချစ်စိတ် မရှိပါ ”

ကိုယ့်လူမျိုး မှ အကောင်း၊ အမှန် ထင်၊ သာစေ၊ မြတ်စေ ချင်စိတ် ဟာ မျိုးချစ်စိတ် ဆိုရင်၊
ကိုယ့်မွေးရပ်မြေမှာပဲ သေသည်အထိ ဖက်တွယ်နေမှ မျိုးချစ်စိတ် ဆိုရင်၊
တခြား လူမျိုး၊ ဘာသာ၊ ယဉ်ကျေးမှုတွေကို ဆန့်ကျင်မုန်းတီးမှ မျိုးချစ်စိတ် ဆိုရင်၊

ဂုဏ်ယူစွာပဲ ပြောပါရစေ။
ကျနော့်မှာ ‘မျိုးချစ်စိတ်’ မရှိပါ။

ရှိမိမှာ ရှက်လှပါသည်။

လူမျိုး ဘာသာမရွေး လူလူချင်း မျှတစွာ ပေါင်းသင်းဆက်ဆံကြသော ကမ္ဘာ ကိုသာ ကျနော် လိုလားပါသည်။

တိမ်လွှာမို့မိုလွင် ထဲက ကမ်းခြေမှာ ဦးဝင်းဦး ပြောခဲ့တဲ့
“ကမ္ဘာကြီး က ဘယ်နေရာမှာဖြစ်ဖြစ် လှပါတယ်” ဆိုတဲ့ စကား ကို ကြိုက်လှ၊ ချစ်လှ၊ မြတ်နိုး ယုံကြည်လှတယ်။

ကျနော့်တိုင်းပြည် ကျနော့်လူမျိုးတွေ ကို အမြဲ ချမ်းသာစေ့ချင်ပါတယ်။ ထိုနည်းတူ ကမ္ဘာကြီး ကိုလဲ ချမ်းသာစေ့ချင်တယ်။ ဒီလောက်နဲ့ မလုံလောက်ဘူးလား။

နယူးယောက်ခ် မှာ နေ ရတာ အင်မတန်ပျော်လှတယ်။
ဘာအကြိုက်ဆုံးလဲ ဆို ပုံပန်းသဏ္ဍန် အမျိုးမျိုးရှိသော လူတွေ ကိုပါ။ ဖြူ၊ မည်း၊ ညို၊ နီ၊ ဝါ လူတွေ အသွေးရောင်စုံ နိမ့် မြင့်စုံ ကို နေ့စဉ်တွေ့နေရတာ ကြိုက်လှတယ်။

တစုံတယောက် က
” မင်းတို့ဆီက လူတွေနဲ့ ဒီက လူတွေ ဘာကွာလဲ ” မေးဖူးတယ်။
” အတူတူပါပဲ သူတို့လဲ စားတယ်၊ အိပ်တယ်၊ သွားတယ်၊ လာတယ်၊ ချစ်တယ်၊ မုန်းတယ်၊ မွေးတယ်၊ သေတယ် ”
လို့ ပြန်ဖြေခဲ့တယ်။

မြန်မာပြည်မှာတုန်းက ကျနော်ဟာ ‘မြန်မာကွ’ လို့ ဘဝင်စိတ်ရှိပြီး၊ တရုတ် ကုလား တို့ကို ငတို့တိုင်းပြည်မှာ လာနေကြသူတွေ လို့ ကျဉ်းမြောင်းသော အမြင် ရှိခဲ့တယ်။
ခု အမေရိကန်ပြည် မှာ ကျနော်က တရုတ် ကုလား နေရာနေရ
အဖြူတွေက ချေ ပြန်တော့ ကိုယ့်ကိုယ်ကိုယ် ပြန်မြင်ရ၊ ဉာဏ်အလင်းတွေ ပွင့် ရ တယ်။
မြန်မာပြည်မှာတုန်းက တရုတ်တယောက် ကုလားတယောက်နဲ့ မြန်မာမ တယောက်တွဲလာရင် ‘မျိုးဖျက်မ’ လို့ မြင်တယ်။
ခု အမေရိကန်မှာ အဖြူနဲ့ အမည်း၊ အညိုနဲ့အဝါ၊ အမည်းနဲ့ အဝါ တွဲလျှက်တွေ့ရင် အချစ် ပါလား လို့ မြင်လာတယ်။
ကားဆားဗစ်လောကမှာ အမျိုးတူရာ အုပ်စုဖွဲ့ ပင်းကြ သင်းကြ အသာယူကြတာ ကြုံရတဲ့ အခါ အဲသလို မမျှတသော လုပ်ရပ်မျိုး ကိုယ်အလှည့်မှာ လုပ်မိမှာကိုလဲ စိုးမိ ကြောက်မိရတယ်။ ရှက်စရာကောင်းတဲ့ ဒုစရိုက်ကြီးပါပေ။

အဲသလို မမျှတ ပင်းသင်းစိတ် ကို “မျိုးချစ်စိတ်” ဟု ခေါ်ကြမည် ဆိ မရှိအောင်သာ အားထုတ်သွားမည်ပဲ ဖြစ်ပါတယ်။ မရှိတာကိုလဲ ဂုဏ်ယူပါတယ်။

သာကီဝင်မင်းသားတွေရှေ့ ဆတ္တာသည် ကို အရင် ရဟန်းပြုပေးခဲ့သော ဗုဒ္ဓ ကို ကြည်ညို ပူဇော်ပါ၏။
ထိုဗုဒ္ဓထူထောင်ခဲ့သော နိုင်ငံသားပေါင်းစုံ၊ လူမျိုးကွဲပေါင်းစုံ ပါဝင်ခဲ့သည့် စစ်မှန်သော ဗုဒ္ဓဝါဒ ကိုလဲ ယုံကြည်ပါ၏။

ချိုတူးဇော်

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s