‘နိုင်ငံသားကို ဥပဒေနှင့်အညီ မှန်ကန်မြန်ဆန်စွာ စိစစ်ပေးပါ’ (၂)

Myanmar Muslim Media

‘နိုင်ငံသားကို ဥပဒေနှင့်အညီ မှန်ကန်မြန်ဆန်စွာ စိစစ်ပေးပါ’ (၂)

May 13, 2017

ဦးအုန်းမောင် (ရန်ကင်း) တရားလွှတ်တော်ရှေ့နေ ရေးသားသည်…

(အပိုင်း ၂)

Image may contain: text


ဧည့်နိုင်ငံသား (Associate Citizen) ဆိုသည်မှာ ”၁၉၄၈-ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက် ဥပဒေအရ နိုင်ငံသားဖြစ်ရန် လျှောက်ထားသူများသည် သတ်မှတ်ချက်များနှင့် အရည်အချင်းကိုက်ညီပါက ဧည့် နိုင်ငံသားအဖြစ် ဗဟိုအဖွဲ့ကသတ်မှတ်နိုင်သည်” ဟု ၁၉၈၂-ခုနှစ် နိုင်ငံသားဥပဒေပုဒ်မ-၂၃ တွင် ပြဌာန်းထား ပါသည်။ ၁၉၄၈-ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံသား ဖြစ်မှုအက်ဥပဒေပုဒ်မ-၄ (၂) တွင် နိုင်ငံသားလျှောက် ထားသည့် ကိစ္စမပါဝင်ပါ။ ယင်းပြဌာန်းချက်တွင် အကျုံးဝင်လျှင် နိုင်ငံသားအဖြစ် မှတ်ယူကြောင်းသာ ဖော်ပြပါရှိပါသည်။ ပုဒ်မ-၄(၁)ပါ ၁၉၄၇-ခုနှစ်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေ ပုဒ်မ-၁၁ (ဃ) အရ နိုင်ငံသားအဖြစ် ရွေးချယ် ခွင့်၊ ၁၉၄၈-ခုနှစ်ပြည်ထောင်စုမြန်မာနိုင်ငံသားအဖြစ် (ရွေးချယ်ရေး) အက်ဥပဒေတို့အရ နိုင်ငံသားလက်မှတ်၊ နိုင်ငံသားပြုမှု လက်မှတ်လျှောက်ထားရရှိပြီးသူများသည် ပြည်ထောင်စု မြန်မာနိုင်ငံသားအဖြစ် တည်ရှိနေသည်ဟု မှတ်ယူရမည် ဖြစ်ကြောင်း ပြဌာန်းချက်အရ ၁၉၇၄-ခုနှစ်ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ-၁၄၅(ခ) အရ နိုင်ငံသားဖြစ်ပြီးသူများဖြစ်ပါ သည်။ ထို့ကြောင့် ထိုသူများသည် ၂ဝဝ၈-ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ-၃၄၅(ခ) အရလည်း နိုင်ငံသားဖြစ်ပြီးသူ များ ဖြစ်ပါသည်။ ထိုသူများနှင့် ထိုသူများမှ မွေးဖွားသူများ သည် ၁၉၈၂-ခုနှစ် မြန်မာနိုင်ငံသားဥပဒေပုဒ်မ-၆ အရ နိုင်ငံသားလက်မှတ်၊ နိုင်ငံသားစိစစ်ရေးကတ်ပြား (ပန်း ရောင်) ရထိုက်ခွင့် ရှိသူများဖြစ်ပါသည်။ ထို့ကြောင့် ၁၉၄၈-ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေပုဒ်မ-၄(၁)အရ နိုင်ငံသားလျှောက်ထားခဲ့သော်လည်း ၁၉၈၂-ခုနှစ် နိုင်ငံသားဥပဒေပြဌာန်းချိန်တွင် နိုင်ငံသားအဖြစ် မှတ်ယူခံခဲ့ရခြင်း မရှိသေးသဖြင့် ယခုတည်ဆဲဥပဒေအရ ဧည့်နိုင်ငံသားသတ်မှတ်သည်ဟုဆိုလိုရာ ရောက်ပါသည်။ သို့ရာ တွင် ၁၉၈၂-ခုနှစ် မြန်မာနိုင်ငံသား ဥပဒေပုဒ်မ-၂၃ ပြဌာန်းချက်မှာ ရှင်းလင်းခြင်းမရှိပါ။ ”၁၉၄၈-ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံသားဖြစ်မှုအက်ဥပဒေအရ နိုင်ငံသားဖြစ်ရန် လျှောက်ထားသူများသည်…” ဟု ဆိုထားရာ ၁၉၄၈-ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေကို ရုပ်သိမ်းလိုက်ပြီးဖြစ်သဖြင့် ယင်းအက်ဥပဒေ အရ လျှောက်ထား၍ မရနိုင်ကြောင်းတော့ ထင်ရှားပါ သည်။ ထိုသို့ဆိုလျှင် ၁၉၈၂-ခုနှစ် မြန်မာနိုင်ငံသားဥပဒေ အရ နိုင်ငံသားလျှောက်ထားရာတွင် ၁၉၄၈-ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေနှင့် အကျုံးဝင်ကြောင်း လျှောက်ထားသူများကို ရည်ညွှန်းခြင်းဖြစ်မည်ဟု ယူဆပါ သည်။ ထို့ကြောင့် ထိုသူများသည်လည်း ပုဒ်မ-၆ အရ နိုင်ငံသား (Citizen) ဖြစ်ထိုက်ခွင့်ရှိသူများ ဖြစ်သည်ဟု ယူဆပါသည်။ သို့ဖြစ်ရာ ဧည့်နိုင်ငံသား (Associate Citizen) ဆိုတာမရှိသင့်တော့ပါဟု အကြံပြုလိုပါသည်။ ၁၈၂၄-ခုနှစ်မှ ၁၉၄၈-ခုနှစ်အထိ နှစ်ပေါင်း ၁၂ဝခန့် နေထိုင်ခဲ့သူတွေကို ဧည့်နိုင်ငံသားလို့ အာဏာရှင်တစ်ဦးရဲ့ သတ်မှတ်ချက်ကိုသုံးသပ်သင့်ပါသည်။ သွားလေသူ အာဏာရှင်ဦးနေဝင်းက ဧည့်နိုင်ငံသားဆိုတာ ၁၈၂၄-ခုနှစ် နောက်ပိုင်း မြန်မာနိုင်ငံကိုရောက်လာပြီး အကြောင်းအမျိုးမျိုး ကြောင့် နေရပ်မပြန်နိုင်ဘဲ ဒီမှာတစ်သက်လုံး ဆက်နေတော့ မယ့်သူတွေကိုပေးတဲ့ နိုင်ငံသားတစ်မျိုးဖြစ်ဟုလည်းကောင်း၊ ဧည့်နိုင်ငံသားတွေဟာ မယုံကြည်ရကြောင်း ပြောခဲ့ပါတယ်။အလွန်အကြံပက်စက်ပါသည်။ဒါ့ကြောင့် ဧည့်နိုင်ငံသား ဆိုတာ မရှိသင့်ဟုဆိုချင်ပါသည်။

အလားတူ နိုင်ငံသားပြုခွင့်ရသူ (Naturalized Citizen) ဆိုသည်မှာ ”၁၉၄၈-ခုနှစ်၊ ဇန်နဝါရီလ ၄ရက်နေ့ မတိုင်မီကာလတွင် နိုင်ငံတော်အတွင်း၌ ရောက်ရှိနေထိုင်သူ နှင့် ထိုသူတို့မှ နိုင်ငံတော်အတွင်း မွေးဖွားသည့် သားသမီး သည် ၁၉၄၈-ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေအရ လျှောက်ထားရန် ကျန်ရှိနေကြောင်း ခိုင်လုံသော အထောက်အထားဖြင့် ဗဟိုအဖွဲ့သို့ နိုင်ငံသား ပြုခွင့်ရရန် လျှောက်ထားနိုင်သည်” ဟု ၁၉၈၂-ခုနှစ် မြန်မာ နိုင်ငံသားဥပဒေပုဒ်မ-၄၂တွင်ပြဌာန်းထားပါသည်။ ထို့ပြင် ဤဥပဒေအာဏာတည်သည့်နေ့မှစ၍ နိုင်ငံတော်အတွင်း၌ ဖြစ်စေ၊ နိုင်ငံတော်ပြင်ပ၌ဖြစ်စေ မွေးဖွားသည့် –

(က) နိုင်ငံသားနှင့် နိုင်ငံခြားသား မိဘနှစ်ပါးမှ မွေးဖွားသူများ

(ခ) ဧည့်နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူမိဘနှစ်ပါး မှ မွေးဖွားသူများ

(ဂ) ဧည့်နိုင်ငံသားနှင့် နိုင်ငံခြားသားမိဘနှစ်ပါးမှ မွေးဖွားသူများ

(ဃ) နိုင်ငံသားပြုခွင့်ရသူ မိဘနှစ်ပါးမှ မွေးဖွားလာသူများ

(င) နိုင်ငံသားပြုခွင့်ရသူနှင့် နိုင်ငံခြားသားမိဘနှစ်ပါး မှ မွေးဖွားသူများသည် ပုဒ်မ-၄၃ အရ နိုင်ငံသားပြုခွင့်ရရန် လျှောက်ထားနိုင်သည်ဟု ပြဌာန်းထားပါသည်။

ထို့ပြင် နိုင်ငံသား (သို့မဟုတ်) ဧည့်နိုင်ငံသား (သို့ မဟုတ်) နိုင်ငံသားပြုခွင့်ရသူနှင့် အိမ်ထောင်ကျခဲ့သော် ဤ ဥပဒေအာဏာတည်သည့်နေ့မတိုင်မီက နိုင်ငံခြားသား မှတ်ပုံတင်လက်မှတ် (FRC) ကိုင်ဆောင်သူသည်လည်း အသက် ၁၈နှစ်ပြည့်ပြီး အကျင့်စာရိတ္တကောင်းလျှင် ရူးသွပ် သူမဟုတ်ပါက တစ်လင်တစ်မယားစနစ်ဖြင့် တရားဝင်ဇနီး သို့မဟုတ် ခင်ပွန်းအဖြစ် နိုင်ငံတော်အတွင်း အနည်းဆုံး ၃နှစ် အဆက်မပြတ်နေထိုင်ခဲ့လျှင် နိုင်ငံသားပြုခွင့်ရရန် လျှောက်ထားနိုင်ကြောင်း ပုဒ်မ-၄၅ တွင် ပြဌာန်းထားပါ သည်။

သို့ဖြစ်ရာ ပုဒ်မ-၄၂ အရ ထိုသူများသည်လည်း ၁၉၄၈-ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံသားဖြစ်မှု အက် ဥပဒေနှင့် နိုင်ငံသားအဖြစ် (ရွေးချယ်ရေး)အက်ဥပဒေတို့နှင့် အကျုံးဝင်သူများဖြစ်ပြီး နိုင်ငံခြားသားဖြစ်၍ ပုဒ်မ-၄(၁) အရ နိုင်ငံသားလက်မှတ်သော်လည်းကောင်း၊ နိုင်ငံသားပြုမှု လက်မှတ်သော်လည်းကောင်း၊ လျှောက်ထားခဲ့ခြင်းမရှိ၍ နိုင်ငံသားဖြစ်ခွင့်ရှိပါလျှက် နိုင်ငံသားအဖြစ်မှတ်ယူခြင်း မခံခဲ့ ရသဖြင့် ၁၉၇၄-ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ-၁၄၅ (ခ) အရ နိုင်ငံသားမဖြစ်သေးဟု သုံးသပ်ရမည့်သဘောဖြစ် ပါသည်။ ထို့ကြောင့် နိုင်ငံသားပြုခွင့် အခွင့်အရေးပေးသည့် သဘောဆောင်သည်ဟု ယူဆပါသည်။ ထို့ကြောင့် ထိုသူ များသည် နိုင်ငံသားပြုခွင့်ရရန် လျှောက်ထားရန် ပြဌာန်း ခြင်းဖြစ်သည်ဟု ယူဆရပါသည်။ သို့ရာတွင် တိုင်းရင်းသား မဟုတ်သော်လည်း တိုင်းရင်းသားများနည်းတူ ၁၉၄၉-ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင် ရေး အက်ဥပဒေနှင့် ၁၉၅၁-ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံ အတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး နည်းဥပဒေပုဒ်မ-၁၂ (၁)အရ ထုတ်ပေးသည့် အမျိုးသားမှတ်ပုံတင် သက် သေခံကတ်ပြား၊ အမတ (ခေါ်) NRC ကိုင်ဆောင်သူများ သည် ၁၉၄၈-ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေပုဒ်မ-၄(၂) ပြဌာန်းချက်နှင့် အကျုံးဝင်လျှင် မြန်မာနိုင်ငံသားဖြစ်သည်ဟု မှတ်ယူရမည်ဟု ဆိုသည့် နိုင်ငံသားဖြစ်ခွင့် အခွင့်အရေးကို ရထိုက်ခွင့်ရှိခြင်းကြောင့် ၁၉၈၂-ခုနှစ် မြန်မာနိုင်ငံသားဥပဒေပုဒ်မ-၆ အရ နိုင်ငံသား (Citizen) သာဖြစ်သင့်ပါသည်။

၁၉၈၂-ခုနှစ် မြန်မာနိုင်ငံသားဥပဒေပုဒ်မ-၄၅ အရ နိုင်ငံခြားသား မှတ်ပုံတင်လက်မှတ် (FRC) ကိုင်ဆောင် ထားသူကိုပင် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရ သူနှင့် အိမ်ထောင်ကျလျှင် နိုင်ငံသားပြုခွင့်ရရန် လျှောက် ထားခွင့်ပေးထားရာ၊ နိုင်ငံခြားသားမဟုတ်သည့် အမျိုးသား မှတ်ပုံတင်သက်သေခံကတ်ပြား (NRC) ကိုင်ဆောင်ထားသူ များ နိုင်ငံသားနှင့် အိမ်ထောင်ကျလျှင် နိုင်ငံသားလျှောက် ခွင့်ပြုသင့်ပါသည်။ ¤င်းတို့မှ မွေးဖွားသော သားသမီးများကို လည်း နိုင်ငံသားအဖြစ် သတ်မှတ်ပေးသင့်ပါသည်။ အမျိုးသားမှတ်ပုံတင်သက်သေခံကတ်ပြား (NRC) သည် နိုင်ငံခြားသားမဟုတ်ခြင်းကြောင့် ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ ဖွဲ့စည်းပုံအခြေခံဥပဒေပြဌာန်းချက်များ အရလည်းကောင်း၊ နိုင်ငံသားဆိုင်ရာ ဥပဒေပြဌာန်းချက်များ အရလည်းကောင်း၊ နိုင်ငံခြားသားလက်မှတ် (FRC) ကိုင် ဆောင်သူမဟုတ်သူများအား နိုင်ငံသားလျှောက်ခွင့်ပေးပါ ရန်လည်းကောင်း၊ မှန်ကန်မြန်စွာ စိစစ်ပေးပါရန်လည်းကောင်း၊ ဥပဒေပါအခွင့်အရေးအတိုင်း နိုင်ငံသားအဖြစ် အသိအမှတ်ပြု ထုတ်ပေးပါရန် တင်ပြအကြံပြုအပ်ပါသည်။

မူရင်း – http://www.fridaytimesjournal.com

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s