Myanmar Muslim Media

‘နိုင်ငံသားကို ဥပဒေနှင့်အညီ မှန်ကန်မြန်ဆန်စွာ စိစစ်ပေးပါ’ (၁)

May 13, 2017

ဦးအုန်းမောင် (ရန်ကင်း) တရားလွှတ်တော်ရှေ့နေ ရေးသားသည်

မြန်မာနိုင်ငံတွင် ၂ဝ၁၄-ခုနှစ် သန်းခေါင်စာရင်း ထုတ်ပြန်ချက်အမှတ် (၁)အရ လူဦးရေ ၅၁,၄၁၉,၄၂ဝ ဦး ရှိသည်ဟု ဆိုပါသည်။ စာရင်းကောက်ယူနိုင်သော လူဦးရေ မှာ ၅ဝ,၂၁၃,ဝ၆၇ ဦးဖြစ်ပြီး စာရင်းမကောက်ယူနိုင်သော ဒေသများအတွက် ခန့်မှန်းလူဦးရေမှာ စုစုပေါင်း ၁,၂ဝ၆, ၃၅၃ ဦးဟု ဆိုပါသည်။ ကိုးကွယ်သည့်ဘာသာ၊ အစီရင် ခံစာအတွဲ (၂-ဂ)တွင်မူ စာရင်းကောက်ယူရရှိသည့် ဦးရေ (၅ဝ,၂၇၉,၉ဝဝ) ဟုလည်းကောင်း၊ စာရင်းမကောက်နိုင် သော ဦးရေထည့်တွက်လျှင် (၅၁,၄၈၆,၂၅၃)ဦးဟု လည်း ကောင်း ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။ စာရင်း ကောက်ယူနိုင်သော လူဦးရေအရ ဗုဒ္ဓဘာသာကိုးကွယ်သူ ၈၉.၈ ရာခိုင်နှုန်း၊ ခရစ်ယာန် ဘာသာကိုးကွယ်သူ ၆.၃ ရာခိုင်နှုန်း၊ အစ္စလာမ်ဘာသာကိုးကွယ်သူ ၂.၃ ရာခိုင်နှုန်း၊ ဟိန္ဒူဘာသာကိုးကွယ်သူ ဝ.၅ ရာခိုင်နှုန်းဟုဆိုပါသည်။ စာရင်းမကောက်ယူနိုင်သော လူဦးရေကို ထည့်သွင်းစဉ်းစား မည်ဆိုပါက ဗုဒ္ဓဘာသာ ၈၇.၉ ရာခိုင်နှုန်း၊ ခရစ်ယာန် ဘာသာ ၆.၂ ရာခိုင်နှုန်း၊ အစ္စလာမ်ဘာသာ ၄.၃ ရာခိုင် နှုန်း၊ ဟိန္ဒူဘာသာ ဝ.၅ရာခိုင်နှုန်းဟုဆိုပါသည်။ အစ္စလာမ် ဘာသာက ၂ ရာခိုင်နှုန်းခန့်ကွာခြားနေကြောင်းတွေ့ရပါ သည်။

Image may contain: text

မြန်မာနိုင်ငံတွင် ၁၉၇၃၊ ၁၉၈၃၊ ၂ဝ၁၄ ခုနှစ် သန်းခေါင်စာရင်းများကို အခြေခံ၍ လူဦးရေကို ကိုးကွယ် သည့် ဘာသာအလိုက် ရာခိုင်နှုန်းဖြင့် နှိုင်းယှဉ်ဖော်ပြချက် အရ ဗုဒ္ဓဘာသာသည် ၈၈.၈၊ ၈၉.၄၊ ၈၉.၈ဟု လည်း ကောင်း၊ ခရစ်ယာန်ဘာသာသည် ၄.၆၊ ၄.၉၊ ၆.၃ ဟု လည်းကောင်း၊ အစ္စလာမ်ဘာသာသည် ၃.၉၊ ၃.၉၊ ၂.၃ ဟုလည်းကောင်း၊ ဟိန္ဒူဘာသာသည် ဝ.၄၊ ဝ.၅၊ ဝ.၅ ဟုလည်းကောင်းဖော်ပြထားသည်ကို လေ့လာတွေ့ရှိရပါ သည်။ ထိုသို့ နှိုင်းယှဉ်ကြည့်လျှင် ဗုဒ္ဓဘာသာ ၉ဝ ရာခိုင် နှုန်းခန့်ပုံမှန်ရှိနေပြီး ခရစ်ယာန်ဘာသာက ၁.၄ ရာခိုင်နှုန်း တိုးလာကာ အစ္စလာမ်ဘာသာက ၁.၆ ရာခှိုင်နှုန်းလျော့ နည်းသွားကြောင်း ဟိန္ဒူဘာသာက ဝ.၅ ရာခိုင်နှုန်းအတိုင်း တည်မြဲနေကြောင်း တွေ့မြင်နိုင်ပါသည်။

မြန်မာနိုင်ငံလူဦးရေ ၅ဝ,၂၁၃,ဝ၆၅ ဦးတွင် ၂ဝ၁၄-ခုနှစ် သန်းခေါင်စာရင်းကောက်ယူသည့် ပုံစံဇယား စာတိုင်-၁ဝ အရ ကိုင်ဆောင်ထားသည့် လက်မှတ်အမျိုးအစားများ မှာ နိုင်ငံသားစိစစ်ရေးကတ် (ပန်းရောင်) ကိုင်ဆောင်သူ (၂၈,၃၉၇,၅၁၉)ဦး၊ နိုင်ငံသားပြုခွင့်ရသူကတ် (အစိမ်း ရောင်)ကိုင်ဆောင်သူ (၃၇,၄၂၉)ဦး၊ အမျိုးသားမှတ်ပုံ တင်ကတ် (သုံးခေါက်ချိုး)ကိုင်ဆောင်သူ (၆၉၂,၂၈၈)ဦး၊ ယာယီသက်သေခံကတ် (အဖြူရောင်) ကိုင်ဆောင်သူ (၁၈၂,၉၈၂)ဦး၊ မည်သည့်လက်မှတ်မျှ မကိုင်ဆောင်သူ (၁၁,၂ဝ၇,၇၆၉)ဦးဟု ထုတ်ပြန်ထားပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံလူဦးရေဆိုသည်မှာ မြန်မာနိုင်ငံသား ဦးရေ မဟုတ်ဘဲ (၂၉.၃.၂ဝ၁၄)ရက်ညတွင် မြန်မာနိုင်ငံအတွင်း ရှိနေသော လူဦးရေသာဖြစ်ပါသည်။ မြန်မာနိုင်ငံသား ဦးရေမည်မျှ၊ တိုင်းရင်းသားလူမျိုး ဦးရေမည်မျှ၊ တိုင်းရင်း သားလူမျိုးအမည် မည်မျှဖြစ်သည်ကို ယနေ့တိုင် ထုတ်ပြန် ကြေညာနိုင်ခြင်း မရှိသေးကြောင်း တွေ့ရှိရပါသည်။ ၂ဝ၁၄ -ခုနှစ် သန်းခေါင်စာရင်း ကောက်ယူရာတွင် လူမျိုးအမည် ဂဏန်းသင်္ကေတ (Code Number) များ ကြိုတင်သတ် မှတ်ပေးခဲ့ပါသည်။ ကချင်စုက (၁ဝ၁ မှ ၁၁၂)၊ ကယားစုက (၂ဝ၁ မှ ၂ဝ၉)၊ ကရင်စုက (၃ဝ၁ မှ ၃၁၁)၊ ချင်းစုက (၄ဝ၁ မှ ၄၅၃)၊ ဗမာစုက (၅ဝ၁ မှ ၅ဝ၉)၊ မွန်စုက (၆ဝ၁)၊ ရခိုင်စုက (၇ဝ၁ မှ ၇ဝ၇)၊ ရှမ်းစုက (၈ဝ၁ မှ ၈၃၃) စုစုပေါင်း (၁၃၅) မျိုး တွေ့ရပါသည်။ ထို့ပြင် (သွေးနှော) မြန်မာ+နိုင်ငံခြားသားဆိုသည်ကို (၉ဝဝ)၊ နိုင်ငံခြားသားကို (၉ဝ၁ မှ ၉၁၃)၊ အခြား (မြန်မာနိုင်ငံအတွင်းရှိ အခြား လူမျိုးများနှင့် အခြားနိုင်ငံခြားသားများ)ကို (၉၁၄)ဟု သတ်မှတ်ကြောင်း တွေ့ရပါသည်။

ဂဏန်းသင်္ကေတ (Code Number) စုစုပေါင်း (၁၅ဝ) ဖြစ်ပါသည်။ သို့ရာတွင် တိကျသေချာမှု မရှိခြင်း ကြောင့် လူမျိုးအမည်သစ်များ ပေါ်ထွက်လာပြီး လူမျိုး ပေါင်း ၈ဝဝ ကျော်ဟုပင် သတင်းများ ထွက်ပေါ်ခဲ့ပါသည်။

၂ဝ၁၄-ခုနှစ် သန်းခေါင်စာရင်းကောက် ပုံစံဇယား တိုင်-၉ တွင် စတုရန်းပုံ ဂဏန်းသင်္ကေတ (၃)ကွက်နှင့် ကွက်လပ်မျဉ်းတစ်ကြောင်းပါရှိပါသည်။ ကြိုတင် ဂဏန်း သင်္ကေတနှင့် ယှဉ်တွဲပါ လူမျိုး (၁၃၅)မျိုးအတွက် အကွက် (၃)ကွက်နှင့် လုံလောက်သော်လည်း (၉ဝ၁ မှ ၉၁၃)အပြင် အခြားနိုင်ငံခြားသားများကို မြန်မာနိုင်ငံအတွင်းရှိ အခြား လူမျိုးများနှင့်ရောပြီး (၉၁၄)ဟု သတ်မှတ်လိုက်ခြင်းသည်ပင် လျှင် နိုင်ငံသားလူမျိုးအမည်နှင့် နိုင်ငံခြားသား လူမျိုး အမည်ကို ရောလိုက်ခြင်းကြောင့် မည်သည့်ရည်ရွယ်ချက် ဖြစ်သည် ကို သံသယဖြစ်ဖွယ်ရာရှိပါသည်။ ထို့ပြင် မြန်မာ+နိုင်ငံခြားသား (သွေးနှော)ဆိုသည်ကို (၉ဝဝ)ဟု တစ်ခုတည်း သတ်မှတ်လိုက်သော်လည်း မြန်မာဆိုသည့် ၁၃၅ မျိုးနှင့် နိုင်ငံခြားသားဆိုသည့် အကန့်သတ်မရှိသော လူမျိုးများ ပေါင်းစပ်ထားခြင်းကြောင့် လူမျိုးအမည်များ ခွဲခြားစိစစ်ရန် ခက်ခဲနိုင်ပါသည်။ ထို့ကြောင့် (၉ဝဝ)နှင့် (၉၁၄)အရ လူမျိုးပေါင်း (၇ဝဝ)ခန့် ပွားများလာနိုင်ဖွယ်ရာ ရှိသည်ဟုသုံးသပ်ရပါသည်။ သန်းခေါင်စာရင်းကောက်ခြင်း သည် နိုင်ငံသားကိစ္စနှင့် မဆိုင်ဆိုသော်လည်း မြန်မာနိုင်ငံ တွင် နိုင်ငံသားကို သွေးဖြင့် (By Blood) ခွဲသည်ဟု ဆိုခြင်း ကြောင့် တိုင်းရင်းသား၊ နိုင်ငံသား၊ နိုင်ငံခြားသားခွဲခြားရာ တွင် ပြဿနာပေါ်နိုင်ပါသည်။

သန်းခေါင်စာရင်းလူမျိုးအမည် မေးခွန်းမေးရခြင်းမှာ လူမျိုးနွယ်တစ်ခုချင်း၏ လူဦးရေအကြောင်း လေ့လာရန် ဟု ဆိုထားပြီး မည်သူမဆို မိမိလူမျိုးနှင့်အမည်ကို ကိုယ်တိုင် ထုတ်ဖော်ပြောခွင့်ပြုထားပါသည်။ ဖြေဆိုသူက ပြောကြား သည့် လူမျိုးအမည်ကို စာရင်းကောက်က ရေးသွင်းရမှာ ဖြစ်ပါသည်။ထိုသို့ဆိုလျှင် လူမျိုးအမည်အမှန် ရနိုင်ပါ့မလား ဆိုတာ သံသယဖြစ်ဖွယ်ရာရှိပါသည်။ သန်းခေါင်စာရင်း အချက်အလက်တွေကို လျှို့ဝှက်ထားဖို့ အာမခံချက်ပေး ထားပါသည်။သန်းခေါင်စာရင်းဥပဒေဖြင့် ကာကွယ်ပေး ထားပါသည်။သန်းခေါင်စာရင်းမှ ထွက်ပေါ်လာသည့်လူမျိုး အမည်များမှာ လက်ရှိ နိုင်ငံသားကတ်များတွင် ရေးသွင်း ထားသော လူမျိုးအမည်များနှင့် ထပ်တူဖြစ်နိုင်စရာ အကြောင်းမရှိကြောင်း သုံးသပ်သိရှိနိုင်ပါသည်။

”သွေးနှော”ဆိုသည်မှာ ကြိုတင်ဂဏန်း သင်္ကေတ ပေးထားသော ၁၃၅ မျိုးအချင်းချင်း သွေးနှောတာလည်း ရှိပါသည်။၁၃၅ မျိုးနှင့် အခြားလူမျိုးများ သွေးနှောတာ လည်း ရှိပါသည်။ မြန်မာနှင့် နိုင်ငံခြားသား သွေးနှော ဆိုတာ မှားပါသည်။ ”နိုင်ငံခြားသား” နှင့် ”နိုင်ငံခြားသား လူမျိုး” မတူပါ။ ဥပမာ ရှမ်းနှင့် နိုင်ငံသား တရုတ်သွေးနှော တိုင်း ရှမ်းတရုတ် (တိုင်းရင်းသား) မဖြစ်နိုင်ပါ။ ရှမ်းနှင့် နိုင်ငံခြားသား တရုတ်လူမျိုး သွေးနှောလျှင် တိုင်းရင်းသား စစ်စစ် ရှမ်းတရုတ်မဖြစ်နိုင်ပါ။ ”ဝ”တို့ ”ကိုးကန့်”တို့ ဖြစ်သွား တာတော့ရှိကောင်းရှိနိုင်ပါသည်။ ဗမာနှင့် နိုင်ငံခြားသား ကချင်သွေးနှောလို့ တိုင်းရင်းသား စစ်စစ် (ဗမာ+ကချင်) မဖြစ်နိုင်ပါ။ ၁၃၅ မျိုးမှအပ ကျန်လူမျိုးအမည်များကို တိုင်း ရင်းသား ဟုတ်မဟုတ် စိစစ်ရခြင်း မရှိသေးဘဲ နိုင်ငံခြား သားဟု ဖော်ပြခြင်းမှာ မှားယွင်းပါသည်။ နိုင်ငံခြားသား ဆိုသည်မှာ နိုင်ငံခြားသားလက်မှတ်ကိုင်ဆောင်ထားသူ တိုင်းရင်းသားလူမျိုးအမည်အပါအဝင်ကို ဆိုလိုခြင်းဖြစ်ပါ သည်။ ဥပမာ နိုင်ငံခြားသား လက်မှတ်ကိုင်ဆောင်ထား သော ဗြိတိန်နိုင်ငံသား အင်္ဂလိပ်လူမျိုး၊ နိုင်ငံခြားသား လက်မှတ်ကိုင်ဆောင်ထားသော အမေရိကန်နိုင်ငံသား ဗမာလူမျိုးကို ခေါ်ခြင်းဖြစ်ပါသည်။ မြန်မာနိုင်ငံသား လက် မှတ် တစ်မျိုးမျိုး ကိုင်ဆောင်ထားသော (နိုင်ငံခြားသား လက်မှတ်ကိုင်ထား ခြင်းမရှိသော)လူမျိုးသည် နိုင်ငံခြား သား လူမျိုးမဟုတ်ပါ။

နိုင်ငံသားလူမျိုးတစ်မျိုးသာလျှင် ဖြစ်ပါသည်။ တိုင်း ရင်းသားရော နိုင်ငံသားပါ ပြည်ထောင်စုသားများဖြစ် ပါသည်။မည်သည့်ဘာသာကိုးကွယ်သည်ဖြစ်စေ၊ နိုင်ငံသား ဖြစ်ခြင်းသည် လူမျိုး၊ကိုးကွယ်သည့် ဘာသာနှင့် မသက် ဆိုင်ပါ။ ဥပဒေပြဌာန်းချက်နှင့် ညီညွတ်လျှင် နိုင်ငံသားသာ ဖြစ်ပါသည်။ နိုင်ငံသားဖြစ်သော လူမျိုးအမည်ကို မြန်မာ+ နိုင်ငံခြားသား (သွေးနှော)ဟု သတ်မှတ်ခြင်းမှာ စည်းလုံး ညီညွတ်မှုကို ထိခိုက်စေပါသည်။ ပြည်ထောင်စု စိတ်ဓာတ် ကို သွေးခွဲရာ ရောက်ပါသည်။ ကမ္ဘာပေါ်တွင် သွေးမနှော သော လူမျိုးဆိုတာ မရှိတော့ကြောင်း ကမ္ဘာ့ကုလသမဂ္ဂ (ယူနက်စကို) က ကြေညာပြီး ဖြစ်ပါသည်။ ပြည်ထောင်စု ချစ်စိတ်နှင့်မျိုးချစ်စိတ်သည် လုံးဝမတူပါ။ မျိုးချစ်စိတ် ဆိုတာ အလွန်ဘောင်ကျဉ်းပါသည်။ ကိုယ့်လူမျိုးတစ်မျိုး တည်း၊ကိုယ့်ဘာသာတစ်ခုတည်းကို ချစ်၍မရပါ။ပြည် ထောင်စုသား လူမျိုး၊ ဘာသာအားလုံးကို တန်းတူရည်တူ ချစ်မြတ်နိုးခြင်းသာလျှင် စစ်မှန်သော ပြည်ထောင်စု စိတ်ဓာတ်ဖြစ်ပါသည်။

၂ဝ၁၄-ခုနှစ် သန်းခေါင်စာရင်းလူမျိုးအမည် ကြိုတင် ဂဏန်းသင်္ကေတ (Code Number) ၉၁၄ ဟုဆိုရာ တွင် လည်း မြန်မာနိုင်ငံတွင်းရှိ အခြားလူမျိုးများနှင့် အခြားနိုင်ငံ ခြားသားများကို အခြားဟုရေးသွင်းခိုင်းခြင်းသည်ပင်လျှင် ရှုပ်ထွေးစေပါသည်။ အခြားနိုင်ငံခြားသားများ အမည်များ ကို ဖယ်လိုက်လျှင် ဂဏန်းသင်္ကေတ မပေးထားသော မြန်မာနိုင်ငံသားအခြားလူမျိုးများကို ဆိုလိုတာလားဆိုတာ ပေါ်လွင်ထင်ရှားဖို့ လိုပါသည်။ မြန်မာနိုင်ငံသား အခြား လူမျိုးများကို Code Number (၉ဝဝ) တွင် (မြန်မာ နိုင်ငံခြားသားဟုလည်းကောင်း) Code Number (၉၁၄) တွင် အခြားနိုင်ငံခြားသားများအမည်နှင့်ရော၍လည်း ကောင်း ရေးသွင်းစေခြင်းသည် မြန်မာနိုင်ငံသားလူမျိုး များကို နိုင်ငံခြားသားနှင့် ရောထွေးသတ်မှတ်ခြင်းဖြစ် သည်ဟု ခံစားကြရပါသည်။ ၂ဝ၁၄-ခုနှစ် သန်းခေါင်စာရင်း ကောက်ယူရာတွင် လူမျိုးနွယ်စုများနှင့် စပ်လျဉ်း၍ လူမျိုးဆိုင်ရာ အချက်အလက်များကို အသုံးပြု၍ ကွဲပြား သောလူမျိုးစုများ ရောနှောနီးကပ်ရာမှ တွေးခေါ်မှုများ ပြောင်းလဲလာပြီး မိမိကိုယ်မိမိ မည်သူမည်ဝါဖြစ်သည်ကို သတ်မှတ်ပြောင်း လဲလာခြင်းနှင့် လူမျိုးစုဆိုင်ရာ အဓိပ္ပာယ် ဖွင့်ဆိုချက်အသစ်များ ပြောင်းလဲလာခြင်းစသည်တို့ကို သုတေသနပြု ဆောင်ရွက်ရန်ဟု ဆိုထားပါသည်။ လူမျိုးစု များ သွေးနှောခြင်းကို လက်ခံသည့်သဘော ဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် နိုင်ငံသားနှင့်စပ်လျဉ်း၍ ဖွဲ့စည်းပုံ အခြေခံဥပဒေအရဖြစ်သော နိုင်ငံသားနှင့် နိုင်ငံသားဆိုင်ရာ ပြဌာန်းဥပဒေများအရဖြစ်သော နိုင်ငံသားဟု နှစ်မျိုးနှစ်စား တွေ့ရှိနိုင်ပါသည်။ တစ်ဖန် ၁၉၈၂-ခုနှစ် မြန်မာနိုင်ငံသား ဥပဒေပြဌာန်းလိုက်တော့ မွေးရာပါနိုင်ငံသားနှင့် ဥပဒေ အရ နိုင်ငံသားဟု နှစ်မျိုးခွဲခြားလိုက်သည်ကို တွေ့ရပါသည်။ ထို့ကြောင့် ၁၉၄၇-ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေ ပုဒ်မ-၁၁ (က) (ခ) (ဂ) အရလည်းကောင်း၊ ၁၉၄၈-ခုနှစ် မြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေပုဒ်မ-၄ (၂) အရ လည်း ကောင်း၊ ၁၉၇၄-ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ-၁၄၅ (က) နှင့် ၁၉၈၂-ခုနှစ်မြန်မာနိုင်ငံသားဥပဒေပုဒ်မ-၅၊ ၂ဝဝ၈-ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ- ၃၄၅ (က) အရ နိုင်ငံ သားအမျိုးအစားများသည် မွေးရာပါနိုင်ငံသားများ ဖြစ်သည်ဟုလည်းကောင်း၊ ၁၉၄၇-ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပုဒ်မ-၁၁(ဃ)၊ ၁၉၄၈-ခုနှစ် မြန်မာနိုင်ငံသား ဖြစ်မှု အက်ဥပဒေပုဒ်မ-၄(၁)၊ ၁၉၇၄-ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ-၁၄၅ (ခ)၊ ၁၉၈၂-ခုနှစ် မြန်မာနိုင်ငံ သားဥပဒေ ပုဒ်မ-၆၊ ၂ဝဝ၈-ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ-၃၄၅ (ခ)အရ နိုင်ငံသားအမျိုးအစားများသည် ဥပဒေအရ နိုင်ငံ သားဖြစ်သည်ဟုလည်းကောင်း မှတ်ယူ နိုင်ပါသည်။

ထို့ကြောင့် ၁၉၈၂-ခုနှစ် မတိုင်မီက ပြဌာန်းခဲ့ပြီး သော ဖွဲ့စည်းပုံအခြေခံဥပဒေများနှင့် နိုင်ငံသားဖြစ်မှုဥပဒေ များအရ နိုင်ငံသားဖြစ်ပြီးသူများနှင့် ထိုနိုင်ငံသားများမှ မွေးဖွားသော သားသမီးများသည် နိုင်ငံသားအဖြစ်ကို စွန့် လွှတ်ခြင်းမရှိလျှင်လည်းကောင်း၊ နိုင်ငံသားအဖြစ်မှ ရုပ်သိမ်း ခံရခြင်းမရှိလျှင်လည်းကောင်း၊ နိုင်ငံသားဖြစ်ပြီးသော သို့မဟုတ် နိုင်ငံသားဖြစ်ထိုက်ခွင့်ရှိသော မိဘနှစ်ပါး၏ အခွင့်အရေးကို ဆင်းသက်ခံစားခွင့်ရှိပါသည်။ အကြောင်း အမျိုးမျိုးကြောင့် နိုင်ငံသားလျှောက်ခွင့်မရခဲ့သဖြင့် လည်း ကောင်း၊ နည်းအမျိုးမျိုးဖြင့် ပိတ်ပင်တားဆီးခံရသဖြင့် လည်းကောင်း၊ ဥပဒေနှင့်အညီ စိစစ်ပေးခြင်းမပြုဘဲ နည်း အမျိုးမျိုးဖြင့် ငြင်းပယ်ခြင်းခံနေရသဖြင့် လည်းကောင်း၊ နိုင်ငံသားလျှောက်ထားပါလျက် နိုင်ငံသားလက်မှတ် မထုတ်ပေးသည်ကို အကြောင်းခံပြီး ကာယကံရှင်အား မွေးဖွားစဉ်က မိဘနှစ်ပါး နိုင်ငံသားဦးစွာလျှောက်ပြီးမှ သားသမီး နိုင်ငံသားလျှောက်ရမည်ဟု ပြဿနာများနှင့် ရင်ဆိုင်ကြုံတွေ့နေကြရပါသည်။ ဥပဒေနှင့် လုံးဝဆန့်ကျင် နေပါသည်။ မိဘနှစ်ပါး နိုင်ငံသားလက်မှတ် (နိုင်ငံသား စိစစ်ရေးကတ်ပြား) မရှိရုံမျှဖြင့် နိုင်ငံသားမဟုတ်ဟု သတ် မှတ်၍မရပါ။ မိဘနှစ်ပါးနိုင်ငံသား စိစစ်ရေးကတ်ပြားမရမီ ကွယ်လွန်သွားလျှင် သားသမီးကနိုင်ငံသား လျှောက်ခွင့်မရှိ တော့ဘူးလားဆိုတာ သုံးသပ်ဖို့လိုပါသည်။ ၁၉၄၇-ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပုဒ်မ-၁၁ (ဂ) အရ ဤ အခြေခံဥပဒေ အာဏာတည်သည့် နေ့တွင် အသက်ရှင်နေ ပါက တိုင်းရင်းသားလူမျိုးအဖြစ် ရခွင့်ရှိသောသူများမှ ပြည်ထောင်စုအတွင်း မွေးဖွားလာသူများသည် နိုင်ငံသား လျှောက်ရန်မလိုဘဲ ၁၉၄၈-ခုနှစ် မြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ ပုဒ်မ-၄ (၁) အရ နိုင်ငံသားအဖြစ် မှတ်ယူ ရမည်ဖြစ်သော နိုင်ငံသားများဖြစ်ရာ ထိုသူများသည် မည်သည့်လက်မှတ်မျှ ကိုင်ဆောင်ရခြင်းမပြုမီ ကွယ်လွန် သွားပြီး ၎င်းတို့မှ ဆင်းသက်မွေးဖွားလာသူများသည် ၁၉၈၂-ခုနှစ် ဥပဒေအရ နိုင်ငံသားလျှောက်ခွင့်၊ နိုင်ငံသား ဖြစ်ခွင့်ရှိရမည် ဖြစ်ပါသည်။ ၎င်းတို့၏ မိဘများ နိုင်ငံသား မလျှောက်ရသေးသဖြင့် လည်းကောင်း၊ လျှောက်ထားပြီး သော်လည်း နိုင်ငံသားစိစစ်ရေးကတ် မရသေးသဖြင့် လည်းကောင်း၊ နိုင်ငံသားမလျှောက်နိုင်စရာအကြောင်း မရှိပါဘူး။ နိုင်ငံသားမဖြစ်နိုင်စရာအကြောင်း မရှိပါဘူး။ နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိခြင်းမဟုတ်ပါ။ မစစ်ပေး၍ (သို့မဟုတ်) မထုတ်ပေး၍ မရခြင်းဖြစ်ပါသည်။

၁၉၄၈-ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေပုဒ်မ-၄ (၂) အရ ”ပြည်ထောင်စုနယ်မြေ တစ်ခုခုတွင် အနည်းဆုံးဘိုးဘွားအားလုံးလက်ထက်မှစ၍ မိမိတို့၏ ပင်ရင်းတိုင်းပြည်အဖြစ်ဖြင့် မျိုးဆက်မပြတ် ထာဝစဉ်အခြေစိုက်နေထိုင်လာခဲ့သည့်ပြင် မိမိ၏မိဘ နှစ်ပါးနှင့်တကွ မိမိကိုယ်တိုင် ထိုနယ်မြေတစ်ခုခုတွင် မွေးဖွားသူဖြစ်လျှင် ထိုသူအား မြန်မာနိုင်ငံသားဖြစ်သည်ဟု မှတ်ယူရမည်။” ဖြစ်ကြောင်း အတိအလင်း ပြဌာန်းထား ပါသည်။ ထိုဥပဒေပြဌာန်းချက်ကို ၁၉၈၂-ခုနှစ် မြန်မာ နိုင်ငံသား ဥပဒေပုဒ်မ-၇၆ အရ ရုပ်သိမ်းခဲ့ပါသည်။ မရုပ်သိမ်းမီ ၁၉၈၂ -ခုနှစ် မတိုင်မီက ပြည်ထောင်စု နယ်မြေတစ်ခုခု (အောင်ဆန်းအက်တလီစာချုပ် နောက် ဆက်တွဲ (က) အဓိပ္ပာယ် ဖော်ပြချက်၊ မြန်မာနိုင်ငံလွတ်လပ် ရေးအက်ဥပဒေပုဒ်မ-၂ (၂)၊ ၁၉၄၈-ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေပုဒ်မ-၃ (၂)၊ ၁၉၄၈-ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံသားအဖြစ် (ရွေးချယ်ရေး) အက်ဥပဒေပုဒ်မ-၃(က) (ခ) တို့အရ အကျုံးဝင်သောနယ် မြေများ) တွင် လွတ်လပ်ရေးမရမီ (၁၉၄၈-ခုနှစ်မတိုင်မီ) က ယခုနိုင်ငံသားလျှောက်မည့် ကာယကံရှင်၏ ဖခင်ဘက် မှ အဘိုးနှင့်အဘွား၊ မိခင်ဘက်မှ အဘိုးနှင့်အဘွားတို့သည် မြန်မာနိုင်ငံအား ပင်ရင်းနိုင်ငံအဖြစ်မျိုး စဉ်ဆက်မပြတ် အမြဲအခြေစိုက်နေထိုင် (မွေးဖွားရန်မလို) လာခဲ့လျှင်၊ ထို့ပြင် မိမိ၏ မိဘနှစ်ပါးနှင့် မိမိကို မြန်မာနိုင်ငံ နယ်နိမိတ် တစ်ခုခုအတွင်း မွေးဖွားလျှင် ထိုသူသည် နိုင်ငံသားဖြစ် သည်ဟု ဥပဒေအရ မှတ်ယူခြင်းခံရပြီး ဖြစ်ပါသည်။

(နိုင်ငံသားလျှောက်ထားမှ နိုင်ငံသားဖြစ်ခြင်းမဟုတ် ပါ။) … shall be deemed to be a citizen of the Union. ဟု အတိအလင်းပြဌာန်းထားပါသည်။

ထို့ကြောင့် ၁၉၈၂-ခုနှစ် မတိုင်မီက (၁၉၈၂ – နိုင်ငံသား ဥပဒေမပြဌာန်းမီက) မွေးဖွားသူများသည် အဆိုပါ ဥပဒေပြဌာန်းချက်များနှင့် ညီညွတ်လျှင် နိုင်ငံသား လျှောက်ရန်မလိုဘဲ နိုင်ငံသားအဖြစ် မှတ်ယူခံရပြီးသော နိုင်ငံသားများသာဖြစ်ပါသည်။ ၁၉၈၂-ခုနှစ် နိုင်ငံသားဥပဒေ ပြဌာန်းပြီး နောက် အဆိုပါ နိုင်ငံသားအဖြစ်မှတ်ယူခြင်း ခံရပြီးသော မိဘနှစ်ပါးမှ မွေးဖွားသူများသည်လည်း ၁၉၈၂-ခုနှစ် နိုင်ငံသားဥပဒေနှင့် စိစစ်လျှင် ပုဒ်မ-၃၊ ၅ နှင့် အကျုံးမဝင်လျှင်ပင် အနိမ့်ဆုံး ပုဒ်မ-၆ အရ နိုင်ငံသား များဖြစ်ပါသည်။ ဤဥပဒေမပြဌာန်းမီက ဥပဒေများအရ နိုင်ငံသားဖြစ်ပြီးသူများဖြစ်၍ ဖြစ်ပါသည်။ ထိုသူများသည် မည်သို့မျှ နိုင်ငံသားပြုခွင့်ရသူ မဖြစ်နိုင်ပါ။ နိုင်ငံသား လက်မှတ်၊ နိုင်ငံသားစိစစ်ရေးကတ်ပြား (ပန်းရောင်) သာ ရထိုက်ခွင့် ရှိသူများဖြစ်ပါသည်။ ၎င်းတို့သည် Citizen ဖြစ်ပါသည်။ အထက်ပါပြဌာန်းချက်များနှင့် အကျုံးဝင် ကြောင်း အထောက်အထားအချက် အလက်ပြည့်စုံ မှန်ကန်စွာ တင်ပြနိုင်ဖို့လိုပါသည်။
မူရင်း – Fridaytimesjournal.com

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s