မ.ဘ.သ က သံဃာလား?

Justice Pao

ဦးလေး ကံကြီးထိုက်လိမ့်မယ်”

“ဟင် …. ဘာပြုလို့တုန်းဟ?”

“သံဃာကို စော်ကားလို့လေ”

“ဘယ်သံဃာကို စော်ကားလို့လဲ?”

“မ.ဘ.သ လေဗျာ မ.ဘ.သ သံဃာတော်တွေကို ဦးလေး စော်ကားနေတာ တော်တော် တရားလွန်နေပြီ”

“ဟင် … မ.ဘ.သ က သံဃာလား?”

“ဟုတ်တယ်လေ”

“ဟင်”

“ရဟန်အစုအဝေးကို သံဃာလို့ ခေါ်တယ်ဗျ။ ဒါလေးတောင်မသိဘူးလား?”

“လုပ်စမ်းပါဦး သံဃာ ဘယ်နှစ်မျိုးရှိသလဲ?”

“ဘာမှ လာပြောမနေနဲ့ ဦးလေး သံဃာကို စော်ကားတယ်”

“မသိရင် မသိဘူးလို့ပြော ဝေ့မနေနဲ့ သံဃာဘယ်နှစ်မျိုးရှိသလဲသိလား?”

“သိတော့သိတယ် မေ့နေလို့”

“သတိရသွားအောင် နှီးလေးနဲ့ ထိုးပေးရမလား?”

“ဦးလေး မညစ်ပတ်နဲ့”

“ကဲ … မှတ်ထား သံဃာ ဆိုတာ အယူသီလ တူမျှသော ရဟန်းအစုအဝေးကိုခေါ်တာကွ”

“ဒါဆို မ.ဘ.သ လည်း အယူသီလ တူမျှတဲ့ ရဟန်းတွေ စုနေတာပဲလေ”

“ဘာအယူသီလလဲ? ပြည်ခိုင်ဖြိုးကိုထောက်ခံပြီး အမုန်းတရားပွားတဲ့ အယူသီလမျိုးလား?”

“ဟာဗျာ”

“မသိရင်သေသေချာချာမှတ် .. သံဃာ ဆိုတဲ့ ရဟန်းအစုအဝေး နှစ်မျိုးနှစ်စားရှိတယ် အဲ့ဒါသိလား?”

“မသိဘူး”

“အေး … ပထမ တစ်မျိုးက ဒက္ခိဏေယျ သံဃာ လို့ခေါ်တယ် ရှစ်ပါးသော ရဟန်းအစုအဝေး။ အဲ့ဒီရဟန်းရှစ်ပါး စုဝေးနေတဲ့ သံဃာ တွေထဲမှာ အနိမ့်ဆုံးအဆင့်ရဟန်းက သောတာပတ္တိမဂ်ရတယ်၊ အမြင့်ဆုံးအဆင့်ရဟန်းက အရဟတ္တဖိုလ်ဆိုက်နေတဲ့ရဟန်း။ အဲ့ဒီ ဒက္ခိဏေယျ သံဃာဟာ အရိယာ သံဃာ တွေ အဲ့ဒီလို သံဃာတွေကို စော်ကားရင် မင်းပြောသလို ကံကြီးထိုက်နိုင်တယ်”

“ဟုတ်လား”

“နောက်တစ်မျိုးက သမ္မုတိသံဃာ လို့ခေါ်တယ်”

“အဲ့ဒါက ဘယ်လိုရဟန်းတွေပါတာလဲ?”

“အရိယာ သံဃာဖြစ်ဖို့ကြိုးစားနေတဲ့ ရဟန်းတွေလို့ အကြမ်းသတ်မှတ်လို့ရတယ်။ အဲ့ဒီ ရဟန်းတော်တွေဟာ အရိယာသူတော်စင်မဖြစ်သေးတဲ့အတွက် ဘုရားရှင်သတ်မှတ်ထားတဲ့ ဝိနည်းကိုစောင့်ထိန်းပြီးကျင့်ကြံနေထိုင်ရတယ်။ စောင့်ထိန်းရတဲ့ ဝိနည်းကံအလိုက် အနည်ဆုံး ရဟန်းလေးပါး ကနေ ရဟန်းအပါး ၂၀ ထက်ကျော်တဲ့ အများစု သံဃာအစုအဝေးအထိ ရှိတတ်တယ်”

“သြော်”

“ဒီတော့ သံဃာဆိုတာ… ရဟန်း ရှစ်ပါးအစုအဝေးဖြစ်တဲ့အရိယာ သံဃာ နဲ့ အရိယာသံဃာဖြစ်ဖို့ ဝိနည်းတော်ကို ထိန်းသိမ်းရင်း ရဟန်းအမှုပြုနေတဲ့ ရဟန်းအစုအဝေး နှစ်မျိုးပဲရှိတယ်”

“ဟုတ်လား?”

“ဒီတော့ မင်း မ.ဘ.သ မှာ အရိယာသံဃာ ဘယ်နှပါးပါသလဲ?”

“အဲ”

“သမ္မုတိသံဃာလို့ သတ်မှတ်ရအောင်လည်း ဝိနည်းတော်ကို အသေအချာထိန်းသိမ်းနေတာလား ဝိနည်းတော်ကို အပြင်းအထန် ဆန့်ကျင်နေကြသလားဆိုတာ မင်းမြင်တဲ့အတိုင်းပြောကြည့်စမ်း”

“ဟင်”

“ဘုရားပညတ်ခဲ့တဲ့ ဝိနည်းတော်ကိုလည်း မလိုက်နာ၊ သူတော်စင် အရိယာသံဃာတွေလိုလည်း မကျင့်ကြံတဲ့ ရဟန်းအစုအဝေး ကို ငါက သံဃာလို့သတ်မှတ်ရမှာလား?”

“အဲ”

“သံဃာ လို့ အမည်ခံပြီး သံဃာတို့ရှိအပ်တဲ့ ဂုဏ်အင်္ဂါမရှိတာဟာ ငါတို့လူသဘောမှာတော့ လူလိမ်ပဲ။ လူတွေကိုလိမ်ပြီး လူတွေရဲ့ အပူဇော်ခံနေတာကို မြတ်စွာဘုရားက နှစ်သက်လိမ့်မယ်ထင်သလား?”

“အဲ”

“ကုလားမုန်းတယ်၊ လူတွေအပေါ် ဥပဒေတွေလျှောက်ပြဌာန်းပြီး ချုပ်ကိုင်တယ်၊ အခြားသူတပါးကို ပုတ်ခတ်ဆဲရေးနေလည်း အပြစ်မဖြစ်သလို ပြုမူတယ် …. ကဲ ဒါဘုရားရှင်ပညတ်တဲ့ ဝိနည်းတွေလား?”

“အဲ”

“ဒီကြားထဲ ပြည်သူအပေါ် ဘာကောင်းကျိုးမှ မပေးတဲ့ အဖွဲ့အစည်းကို ဇွတ်ထောက်ခံပံ့ပိုးနေသေးတယ် ဒါလား ရဟန်း? ဒါလား သံဃာ?”

“ဟာဗျာ”

“ဒီတော့ ငါက သံဃာကို စော်ကားသလား?”

“ဒါပေမယ့်ဗျာ … ကိုယ့်အမျိုး ကိုယ့်ဘာသာအတွက်လုပ်တဲ့ ရဟန်းတော်တွေကို ဦးလေး အဲ့လိုတော့ မပြောသင့်ပါဘူး”

“မင်းဒီလိုပြောတော့ ဟိုးခေတ်က ဆရာတော်ကြီး ဦးဗုဒ် ကို သွားပြီး သတိရတယ်”

“ဘာဖြစ်လို့လဲ ဦးလေး”

“ဦးဗုဒ်ကို အင်းဝဘက်မှာ ကျောင်းဆောက်ပြီး လှူတော့ ကျောင်းထိုင်ဖို့ ကြွလာရတယ်”

“အင်း”

“ကြွလာတော့ ဧရာဝတီမြစ် ဒီဘက်ကမ်းကနေ ဆရာတော်ကြီးတွေလည်း ကြိုကြတာပေါ့။ ဆရာတော် ဦးဗုဒ် ဒီဘက်ကမ်း ဆိုက်တယ်ဆိုရင်ပဲ ကြိုနေတဲ့ ဆရာတော်ကြီးတွေက ဆီးပြီး လျှောက်တင်ကြတယ်”

“ဘယ်လိုလျှောက်ကြတာလဲ?”

“ဆရာတော်ဦးဗုဒ် ကြွလာတာ တပည့်တော်တို့အရပ်မှာ သာသနာတော်ကြီး နေလိုလလို ထွန်းလင်းတော့မှာမို့ ဝမ်းသာမိပါတယ် လို့ လျှောက်ကြတာပေါ့။ အဲ့ဒီလို လျှောက်တော့ ဦးဗုဒ်က ဆရာတော်တွေကို ဘာပြန်မိန့်တယ်ထင်သလဲ?”

“မသိဘူး”

“ကျုပ်လာမှ သာသနာတော်ထွန်းကားမယ်ဆိုတော့ ကျုပ်မရှိခင်တုန်းက ကိုယ်တော်တို့က ဘာလုပ်နေကြသတုန်း? တဲ့ ဟိုဆရာတော်ကြီးတွေလည်း ဘာပြန်ပြောရမှန်းမသိပဲ ပါးစပ်ပိတ်ကုန်ကြရော”

“အဲ့ဒီတော့ ဘာဖြစ်လဲဗျာ?”

“ဟဲ့ သောက်ပိန်း … သာသနာတော်ကွယ်ပျောက်တယ်ဆိုတာ ရဟန်းတွေ ညံ့မှဖြစ်မှာဟဲ့ …. မြတ်စွာဘုရားရဲ့ မေတ္တာ ၊ ကရုဏာ ၊ ကိုယ်ချင်းစာတရားတွေပြည့်နှက်နေတဲ့ ဓမ္မတရားတော်တွေကို ရဟန်းတွေပျံ့ပွားတည်တံ့အောင် မလုပ်နိုင်ဘူးဆိုမှ သာသနာကွယ်မှာကွ။ တယ် … ငါနှီးနဲ့ထိုးလိုက်လို့ ကိုင်းသွားဦးမယ်”

“အင်”

“သာသနာဆိုတာ ကာကွယ်ဖို့မဟုတ်ဘူး ပြန့်ပွားအောင်လုပ်ဖို့ဆိုတာ မင်းလက်ခံလား?”

“လက်ခံတယ်”

“လက်ခံရင် ဘာကြောင့် ဇွတ်ကာကွယ်ပြနေတဲ့ မ.ဘ.သ ကို ထောက်ခံနေတာလဲ?”

“အဲ”

“သူ့အသက်မသတ်ဖို့၊ လိမ်မပြောဖို့၊ သူးများဥစ္စာပစ္စည်းနဲ့ သူများသားမယားကို မပစ်မှားဖို့ ၊ မေတ္တာထားဖို့၊ ကိုယ်ချင်းစာကြဖို့ စတဲ့ အခြေခံလူမှုစိတ်ဓါတ်အဆင့်ကနေ မိမိစိတ်နှလုံး ငြိမ်းချမ်းဖို့အထိ သွန်သင်ညွှန်ကြားပြသထားတဲ့ ဓမ္မတွေကို လူတွေကြားထဲစိမ့်ဝင်ပြန့်နှံ့အောင်လုပ်ဖို့ တာဝန်အရှိဆုံးက ရဟန်းတွေပဲ”

“ဟုတ်တယ်လေ”

“မင်းရဲ့ မ.ဘ.သ က အဲ့ဒါတွေလုပ်နေသလား?”

“အဲ”

“အာသောကမင်းကြီးကို မင်းသိလား?”

“သိတယ်လေ”

“သူ့ကြောင့် ဗုဒ္ဓ သာသနာ ကြီးမားတဲ့အတိုင်းအတာနဲ့ စည်ပင်ပြန့်ပွားခဲ့တာကို မင်းလက်ခံသလား?”

“လက်ခံတယ်”

“အသောကမင်းကြီးဟာ အခြားဘာသာတရားများကိုလည်း အလေးထားဖို့ အထူးတိုက်တွန်းပြီး ကျောက်စာတောင်မှ ရေးထိုးမှတ်တမ်းတင်ခဲ့ဖူးတာမင်းသိလား?”

“အဲ”

“အာသောကမင်းကြီး ဗုဒ္ဓဘာသာဝင် ဘယ်လိုဖြစ်လာသလဲဆိုတာရော မင်းသိလား?”

“ကိုရင်လေးကြောင့်မဟုတ်လား?”

“ဟုတ်တယ် နိဂြောဓ သာမဏေ ဆွမ်းခံကြွတာကို မြင်ပြီး ဆွမ်းလုပ်ကျွေးဖို့ပင့်ရင်းက ဘုရားအဆုံးအမကို လေ့လာမိသွားတာ”

“ဟုတ်လား?”

“နိဂြောဓ သာမဏေက ဘယ်လို ဆွမ်းခံကြွတယ်လို့မင်းထင်လဲ?”

“မပြောတတ်ဘူး”

“ဝိနည်းတော်အတိုင်း မျက်လွှာချလို့ တည်တည်ငြိမ်ငြိမ် သပိတ်လေးပိုက်ပြီး ဆွမ်းခံကြွတာ။ အဲ့ဒီလို ဆွမ်းခံကြွနေတဲ့ ကြည်ညိုဖွယ်ရာ ကိုရင်လေးတစ်ပါးကိုမြင်လိုက်ရတဲ့အချိန်မှာ အာသောကမင်းကြီးဟာ ငြိမ်းအေးမှုကို ခံစားလိုက်ရတယ်။ တစ်ဆက်တည်း သူတွေးမိတာက ဒီလို ကလေးငယ် ကိုရင်လေးတောင်မှ ဒီလောက်တည်ငြိမ်နေရင် သူ့ကို ကိုရင်ဝတ်ပေးတဲ့ သူ့အထက်က လူကြီးက ပိုပြီး တည်ငြိမ်ရင့်ကျက်မှာပဲလို့ သူတွေးမိသွားတာဖြစ်လောက်တယ်”

“အင်းနော်”

“အဲ့ဒီကိုရင်လေးသာ အမျိုးစောင့်မယ်ဘာညာလျှောက်အော်ပြီး ဖာသည်မတွေဘာတွေ လျှောက်ဆဲနေရင် အာသောကမင်းကြီးက ကြည်ညိုပါ့မလား?”

“အဲ”

“အဲ့ဒီ ကိုရင်လေးသာ ဥပဒေတွေ လျှောက်ပြဌာန်းပြီး အသောကမင်းကြီးကို ခွေးတရားတွေ ငှက်ပျောသီးတရားတွေ သွားဟောနေရင် အသောကမင်းကြီး ဗုဒ္ဓဘာသာဝင်တောင် ဖြစ်လာမယ်လို့ မင်းထင်သလား?”

“အဲ”

“အသောကမင်းကြီးကြောင့် ရေတွင်း ၊ ရေကန်၊ သိမ်၊ ကျောင်း၊ ဇရပ်တွေ ပွားများခဲ့တာအားလုံးသိတယ်။ အသောကမင်းကြီးလောက် သာသနာပြုနိုင်တဲ့မင်း သမိုင်းမှာမင်းတွေ့ဖူးသလား?”

“ဟုတ်တယ်နော် .. မတွေ့ဖူးဘူး”

“ဒီတော့ ဝိနည်းတော်ကို ထိန်းသိမ်းရင်း ဆွမ်းခံကြွတဲ့ ကြည်ညိုဖွယ်ကိုရင်ငယ်လေးတစ်ပါးဟာ ဧကရာဇ်ဘုရင်တစ်ပါးကို ကြီးမားတဲ့အတိုင်းအတာနဲ့ သာသနာပြုတဲ့ တတိယ သင်္ဂါယနာတင်သူ သာသနာပြုမင်းကြီး ဖြစ်စေခဲ့တယ်ဆိုရင် မင်းဘာပြောမလဲ?”

“အဲ”

“ဝိနည်းတော်ကို ထိန်းသိမ်းတဲ့ ကိုရင်ငယ်လေးတစ်ပါးတောင်မှ အာရှတခွင်ပြဲပြဲစင်အောင် မင်းတစ်ပါးကို သာသနာပြုစေနိုင်တယ်ဆိုတော့ ငါတို့မြန်မာပြည်မှာ ဒီလောက်များတဲ့ ရဟန်းတွေသာ ဝိနည်းတော်ကို ထိန်းသိမ်းနိုင်ခဲ့ရင် ဘယ်လိုဖြစ်သွားမလဲ?”

“ဟာ … ဘာပြောကောင်းမလဲ ဦးလေးရယ် သာသနာတော်ကြီး ကြီးပွားစည်ပင်ပြီး နေလိုလလို ထွန်းတောက်လာမှာပေါ့ဗျာ”

“သာသနာတော်အဓွန့်ရှည်ဖို့အတွက် ရဟန်းတွေအားလုံး ဝိနည်းအတိုင်းနေထိုင်ကျင့်ကြံလိုက်ရုံနဲ့ အဆင်ပြေသွားမယ့် ကိစ္စကို ဘာကြောင့် မ.ဘ.သ အဖွဲ့ကြီးဖွဲ့ပြီး လိုက်စောင့်ရှောက်နေရတာလဲ?”

“အဲ”

“မ.ဘ.သ ဆိုတာ တို့မြန်မာနိုင်ငံမှာ ရှိသင့်တဲ့အဖွဲ့လား?”

မရှိသင့်တဲ့အဖွဲ့လား ဆို

credited @

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s