မြန်မာနိုင်ငံကို လက်ရှိနယ်နိမိတ်အတိုင်း…လွတ်လပ်ရေးပေးလိုက်တာကိုက… အင်္ဂလိပ် ရဲ့ အမှား…အင်္ဂလိပ်ရဲ့ အမွေဆိုးပါ

Maung Maung with Ko Ko Gyi.

ကိုလိုနီခေတ်ရဲ့ အမွေဆိုး….
××××××××××××××××××××××××××××××××××××
မှန်တာပေါ့ဗျာ…နိုင်ငံ နှစ်နိုင်ငံ…နယ်နိမိတ်ချင်းထိစပ် နေတဲ့နေရာတွေမှာ…တဖက်က တဖက်…ကူးလူးဆက်ဆံပြီး…လူဝင်မှုပြသနာဆိုတာ…အနည်းနဲ့ အများ..ရှိတတ်တာဘဲ ပေါ့…ဒါတွေကို…တည်ဆဲဥပဒေတွေနဲ့ အညီ ကာကွယ်ထိန်းသိမ်းကြရမှာပေါ့…အဲ့ဒီလိုမှ မဟုတ်ဘဲ…ငါတို့နဲ့ လူမျိုးမတူဘူး…ကိုးကွယ်တဲ့ဘာသာမတူဘူး…ဒါကြောင့် အားလုံး နိုင်ငံခြားသားတွေ…ခိုးဝင်လာတဲ့လူတွေလို့ သတ်မှတ်လို့…ဘယ်လိုလုပ်ရနိုင်မှာလည်း…
ခိုးဝင်လာသူက ခိုးဝင်လာသူ သပ်သပ်….ဒီနိုင်ငံသားက ဒီနိုင်ငံသားသပ်သပ်…ခွဲခြားမြင် တတ်ရမှာပေါ့….

ရိုဟင်ဂျာဆိုတာ မြန်မာပြည်မှာမရှိဘူး…ဘင်္ဂါလီတွေလိုဘဲခေါ်နိုင်မယ်…ဆိုတာမျိုး ကိုးကန့်တို့ ဝ တို့ဆိုတာ မြန်မာနိုင်ငံသားမဟုတ်ဘူး…တရုတ်တွေဘဲ ဆိုတာမျိုး…ဘယ်သူ့မှာမှ ပြောခွင့်မရှိပါဘူး….
ဒါတွေဟာ…ကိုလိုနီစနစ်ရဲ့ ဆိုးမွေတွေလို့လည်း…တဘက်သပ် အပြစ်ပြောလို့မရ ပါဘူး….
-မြန်မာနိုင်ငံမှ မဟုတ်ပါဘူး….ကိုလိုနီလက်အောက်က လွတ်လပ်ရေး ရယူခဲ့တဲ့ နိုင်ငံ တိုင်းမှာ…နိုင်ငံ လွတ်လပ်ရေးရယူပေးခဲ့တဲ့ ခေါင်းဆောင်တွေဟာသူတို့ တခါဘူးမှ မပိုင်ဘူးတဲ့မြေတွေရော…မရောက်ဘူးတဲ့မြေတွေရော…အဲ့ဒီမြေပေါ်မှာနေထိုင်ကြတဲ့လူတွေကိုပါ လက်ခံသဘောတူညီပြီးတော့….လွတ်လပ်ရေးကို ရယူခဲ့ကြ…နိုင်ငံတွေ ထူထောင် ခဲ့ကြတာဘဲလေ….

ဒီမြေတွေနဲ့ ဒီမြေပေါ်မှာ…ဘယ်နေ့ဘယ်ရက်မှာရှိနေတဲ့လူတွေနဲ့အတူ….အားလုံး သာတူညီမျှ…အခွင့်အရေးတွေနဲ့…လူ့အခွင့်အရေးတွေကို တန်းတူခံစားကြပြီးတော့… တိုင်းပြည်တခုကို ထူထောင်ကြပါမယ်…လို့…ကတိတွေအပြန်အလှန်ပြုကြ…ပင်လုံ စာချုပ်လိုမျိုး…စာချုပ်တွေ ချုပ်ဆိုပြီး…လွပ်လပ်ရေးပေးပါမယ့်အကြောင်း…ကိုလိုနီပြု ထားတဲ့ နိုင်ငံကိုတင်ပြ…ကတိတွေပေးလို့…လွတ်လပ်ရေးဆိုတာ..ရခဲ့ကြတာလေဗျာ…

အောင်ဆန်း-အက်တလီ စာချုပ်….နု-အက်တလီ စာချုပ်ဆိုတာတွေက…အလကား ချုပ်ခဲ့တာမှ…မဟုတ်တာဘဲလေ….

မြန်မာနိုင်ငံ လွတ်လပ်ရေးကို ရယူပေးခဲ့တဲ့…ဗိုလ်ချုပ်အောင်ဆန်းအမှူးပြုတဲ့ ခေါင်းဆောင်တွေဟာ…နိုင်ငံကို အင်္ဂလိပ်လက်အောက်က လွတ်လပ်ရေးရဘို့အတွက် ဒီ ပြည်ထောင်စုမြန်မာနိုင်ငံရဲ့ မြေဧရိယာပေါ်မှာရှိတဲ့…တိုင်းရင်းသားတွေ…နိုင်ငံသား တွေ…နိုင်ငံခြားသားတွေကို…ကတိတွေ အထပ်ထပ်ပေးပြီး…သူတို့ရဲ့ သဘောတူညီမှုနဲ့ လွတ်လပ်ရေးကို ရယူခဲ့တယ်ဆိုတာကို..မသိကြတာလား…မေ့ပစ်လိုက်ကြတာလား…

တကယ်လို့…အဲ့ဒီ ကတိစကားတွေမပေးခဲ့ဘူးဆိုရင်…မြန်မာပြည်ဆိုတဲ့မြေပေါ်မှာ မှီတင်းနေထိုင်ခဲ့ကြသူတွေက…ဗမာနဲ့ အတူ..လွတ်လပ်ရေးယူဖို့ သဘောမတူခဲ့ဘူး ဆိုရင်…ဟော့ဒီ…မောင့်ဘက်တန်သူ့သဘောနဲ့သူ ရေးဆွဲခဲ့တဲ့…မြေပုံအတိုင်း… လွတ်လပ်ရေး ရနိုင်ပါမလား ဆိုတာ စဉ်းစားကြည့်ပါ….

ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ…လွတ်လပ်ရေးခေါင်းဆောင်တွေဟာအားလုံးတန်းတူညီမျှ အခွင့်အရေးတွေ..ရ ရစေပါမယ်ဆိုတဲ့ အာမခံစကားတွေကို…တတိုင်းပြည်လုံးကို…အာ ပေါက်အောင်ပြောခဲ့ကြတာပါ…ကတိစကားတွေ…နားတွေနဲ့ မဆန့်အောင်…ပေးခဲ့ကြ တာပါ…

ဒါကို တိုင်းရင်းသားအားလုံးကလည်း ယုံကြည်ကြလို့…တပေါင်းတစည်းထဲ လွတ်လပ် ရေးရခဲ့ကြပြီး…ဒီကနေ့ ဗမာစစ်အစိုးရရဲ့ ယုံကြည်မှုကို အလွဲသုံးစားလုပ်နေတဲ့ဒဏ်ကို ခံနေကြရတာပါ…

စဉ်းစားကြည့်စမ်းပါ….

တကယ်လို့…အဲ့ဒီအချိန်က ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့တဲ့ စကားတွေကို….ရှမ်းတွေက မယုံကြည်လို့…လက်တွဲဖို့ မဆုံးဖြတ်ခဲ့ဘူးဆိုရင်…အင်္ဂလိပ်အစိုးရက မြန်မာပြည်ကို လွတ်လပ်ရေးပေးတဲ့အချိန်မှာ….ရှမ်းပြည်ကို မြန်မာပြည်ထဲ ထည့်ခဲ့မယ်ထင်သလား…

ကချင်က မယုံကြည်လို့ လက်မတွဲခဲ့ရင်….ကချင်ပြည်နယ်ကို…မြန်မာပြည်မြေပုံထဲ ထည့်ခဲ့မယ်လို့ ထင်နေပါသလား….

ကတိစကားတွေပေးပြီး…ယုံကြည်မှုသာ မတည်ဆောက်နိုင်ခဲ့ဘူးဆိုရင်….ရန်ကုန်မြို့လို နေရာမျိုးတောင်…မြန်မာပြည်မြေပုံထဲ…အကုန်ရောက်စရာမရှိဘူး…
ဘာဖြစ်လို့လည်းဆိုတော့…အဲ့ဒီ လွတ်လပ်ရေးရယူခဲ့တဲ့အချိန်က…ရန်ကုန်မြို့ကြီးဟာ …တရုတ် တွေ…ကုလားတွေ …ယူရိုပီယန်တွေက လူများစု ဖြစ်နေခဲ့လို့လေ….

တဘက်က ပြည်သူလူထုကို ယုံကြည်အောင်ကတိတွေပေးသလို…ဒီလူတွေက ယုံကြည်ကြတဲ့အကြောင်း…အင်္ဂလိပ်အစိုးရကို တင်ပြနိုင်လို့…ဒီကနေ့ရှိနေတဲ့…မြန်မာ ပြည်မြေပုံအတိုင်း…လွတ်လပ်ရေး…ရခဲ့တာပေါ့….

အဲ့ဒီတော့….ပေးထားခဲ့ဘူးတဲ့ ကတိစကားအတိုင်း…ဒီမြေပေါ်ကလူတွေကို…လူ့အခွင့် အရေးအပြည့်နဲ့ တန်းတူညီမျှတဲ့နိုင်ငံသား အခွင့်အရေး…အပြည့်အဝပေးရမှာပေါ့…

အဲ့ဒီလိုမှ မဟုတ်ရင်…ကွန်ပျူတာတွေကို FORMAT ချသလိုမျိုးလုပ်ပြီး…RE_START နဲ့ ကိုလိုနီခေတ် ပြန်သွားကြည့်လိုက်ပါလား….ဘယ်သူတွေက…ဗမာတွေနဲ့အတူတူ လွတ်လပ်ရေးယူမလဲဆိုတာ…ကြည့်လိုက်ရအောင်….

အခု…ရိုဟင်ဂျာတွေဖြစ်နေတဲ့ ပြသနာ…ဆိုတာ…မြေတော့ ငါတို့ကပိုင်တယ်…လူတွေ ကတော့ ကိုးကွယ်တဲ့ ဘာသာမတူလို့…ငါတို့က လက်မခံနိုင်ဘူး…ဆိုတဲ့…ပြသနာပါ…

မောင့်ဘက်တန် ဆွဲခဲ့တဲ့ မြေပုံအတိုင်း…ရှိရှိသမျှမြေ…ဗမာကဘဲပိုင်တယ်…ဗမာလုပ် သမျှ…အားလုံးကခံရမယ်….ဗမာဘဲ…သမ္မတလုပ်မယ်…ဗမာဘဲ…ကာကွယ်ရေးဦးစီးချုပ်လုပ်မယ်….ဗမာဘဲဝန်ကြီးလုပ်မယ်…ဆိုတဲ့ မဟာဗမာလူမျိုးကြီး ဝါဒကြောင့်…ပြသနာ တွေဖြစ်နေကြတာပါ…

တကယ်တော့..တိုင်းရင်းသားတွေက…သူတို့ဒေသဘဲ သူတို့ စိတ်ဝင်စားကြတာပါ…. သူတို့တိုင်းရင်းသားဒေသတွေမှာ…ကိုယ်ပိုင်အုပ်ချုပ်ခွင့်…ကိုယ်ပိုင် ပြဌာန်းခွင့်လောက် ကိုသာ…စိတ်ဝင်စားကြတာပါ….မွတ်စလင်လူနဲစု…လူမျိုးစုတွေကလည်း… လူ့အခွင့် အရေးအပြည့်အဝရရှိရေးနဲ့…လွတ်လပ်စွာကိုးကွယ်ခွင့်ရရှိရေးကိုဘဲ စိတ်ဝင်စားတာပါ… ဒီနိုင်ငံမှာ…နိုင်ငံကိုအုပ်ချုပ်ဖို့…သမ္မတလုပ်ဖို့ စိတ်မဝင်စားကြပါဘူး…အခုတော့ စစ်အုပ်စုက…ဒေါ်အောင်ဆန်းစုကြည်ကိုတောင်…သမ္မတမဖြစ်စေချင်ပေမဲ့…နိုင်ငံကို အုပ်ချုပ်ကြီးစိုးနေတဲ့ စစ်ဗိုလ်ချုပ်တွေနဲ့…ဝန်ကြီးတွေထဲမှာ…တရုတ်လူမျိုးနဲ့ တရုတ် ကပြားတွေက သုံးပုံ နှစ်ပုံလောက်ပါနေပါပြီ….

အဲ့ဒီတော့…ဒီကနေ့ မြန်မာနိုင်ငံမှာဖြစ်နေတဲ့…ပြည်တွင်းစစ်ပြသနာ…လူမျိုးစုပြသနာ မှန်သမျှဟာ…ကိုလိုနီစနစ်ရဲ့ အမွေဆိုးတွေလို့ တထစ်ချပြောမယ်ဆိုရင်…
မြန်မာနိုင်ငံကို လက်ရှိနယ်နိမိတ်အတိုင်း…လွတ်လပ်ရေးပေးလိုက်တာကိုက… အင်္ဂလိပ် ရဲ့ အမှား…အင်္ဂလိပ်ရဲ့ အမွေဆိုးပါဘဲလို့ ပြောရပါလိမ့်မယ်….။

မောင်မောင်(ရွှေကရဝိက်)
ခေတ္တ-ကွာလာလမ်ပူရ်
၁၈-၅-၂၀၁၅

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s