“တပ် နှင့် တပ်ထွက်ပြဿနာ”

Min Aung

“တပ် နှင့် တပ်ထွက်ပြဿနာ”

တပ်ထွက်တွေမှာ တပ်သံယောဇဉ် ပါလာတယ်။
တပ်မတော် သောက်တလွဲကြီးမှားခဲ့တယ် လို့ သူတို့ ဘယ်တော့မှ ပြောမထွက်ဘူး။
မြန်မာ့သမိုင်းမှာ ၆၂ စစ်အာဏာသိမ်းမှုတကြိမ်၊ ၈၈ စစ်အာဏာသိမ်းမှုတကြိမ် နှစ်ကြိမ်စလုံး မှန်သလား၊ မှားသလား။

မှားရင် မှားတဲ့ လုပ်ရပ်ကို မှားတယ် လို့ ခုထိကို မပြောရဲ့ တပ်။
ပြည်သူကို ဖိနှိပ် သတ်ဖြတ် ဖမ်းဆီး နှိပ်စက်ခဲ့ပြီး ကျနော်တို့ တပ်မတော်အနေနဲ့ ပြီးခဲ့တဲ့ ဖြစ်ရပ်တွေအတွက် ပြည်သူတွေကို တောင်းပန်ပါတယ် လို့ ဒီကနေ့အထိ ပြောရဲတဲ့ သတ္တိမရှိဘူး။
ခုထိ တပ်မတော်သာလျှင်အမိ၊ အဖ ဆိုပြီး စည်းကန့်ထားတယ်။
၂၀၀၈ ဥပဒေ ကို တပ်မတော်အနေနဲ့ နိုင်ငံရေးအရ အသာစီးရဖို့ ပြဌာန်းခဲ့တာ ဆိုတယ်။ ငါ့လခွမ်း တပ်မတော် က ပြည်သူ ကို (နိုင်ငံရေးအရ) အသာစီးရချင်မှတော့ တပ်မတော် ဖြစ်တော့မလား။ မာဖီးယားဂိုဏ်းကြီးပဲ ဖြစ်ပေတော့မပေါ့။ ဒွန်သန်းရွှေ၊ ဒွန်နေဝင်းတို့ ထောင်ထားတဲ့ မာဖီးယားဂိုဏ်း။

ဦးတင်ဦး အပါအဝင် NLD ထဲက တပ်ထွက်တွေဟာ ဒေါ်စု ကို တပ်နဲ့ပါတ်သက်ပြီး လှော်ခဲ့ လော်ခဲ့ ဟန် ရတယ်။
ဆိုပါတော့ စစ်ဗိုလ်ချုပ်တစုသာ မကောင်းပေမဲ့ အောက်ခြေ အရာရှိအရာခံအကြပ်တပ်သားတွေ ဘယ်လိုဆင်းရဲ ဘယ်လိုတိုက်ပွဲဝင် ပြည်သူကို ပြည်ထောင်စုကို ကာကွယ်နေကြ ဆိုတာမျိုး။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ဘယ်လိုဆိုး၊ ဗကပ ဘယ်လိုဆိုးလို့ တိုက်ရတာပါ ဆိုတာမျိုး။

အမှန်က တပ်က ဟိုး အမြင့်ဆုံးကနေ အနိမ့်ဆုံးအောက်ခြေအထိ တတပ်လုံး ပျက်နေတာ။
တနင်္သာရီမှာ စစ်သားတယောက် ခွင့်နဲ့ပြန်တယ်။ လမ်းမှာ ကြိမ်လှေနဲ့ ဆုံရင် ဆက်ကြေးကောက်သွားတယ်။ ယူနီဖေါင်းဝတ်ထားတာနဲ့ ပိုက်ဆံတောင်းလို့ရတယ်။ အောက်ခြေတပ်သား က အစ၊ အရာရှိ အရာခံ အကြပ်တပ်သားအားလုံး အဲသလို ပျက်နေတာ။

အဓိက အဆိုးဆုံးက သူတို့စိတ်ထဲမှာ ငတို့ဟာ တိုင်းပြည်ကာကွယ်နေတယ် လို့ အမှားကို အမှန်ယုံကြည်သက်ဝင်နေတာပဲ။
၆၂ အာဏာသိမ်းတယ်။ မသိမ်းခင်ကထဲက ဗိုလ်ချုပ်အောင်ဆန်း သေပြီးကထဲက ဖဆပလမှာ ဆိုရှယ်လစ်နဲ့ မဟာဗမာဝါဒီတွေ ကြီးစိုးပြီး ဘယ်တုန်းကမှ မရခဲ့တဲ့ ဗိုလ်ချုပ်နဲ့ ရှမ်း ကချင် တိုင်းရင်းသားတွေ ရဲ့ ပြည်ထောင်စုမူကြီး ကို ဖျက်သိမ်းပစ်လိုက်တယ်။ ၅၈ ပင်လုံစာချုပ် ပါ ၁၀ နှစ်ပြည့်ချိန်မှာ အိမ်စောင့်အစိုးရ အာဏာလွှဲပြီး ဖက်ဒရယ်မူ စ ဖေါက်တယ်။ ၆၂ အာဏာသိမ်းတဲ့အခါ ပြည်ထောင်စုပြိုကွဲမယ့်အန္တရာယ်ကြောင့် ခေါင်းစဉ်တပ်တယ်။
တပ်မတော် ဟာ အဲဒီ အတုအယောင် လုပ်ကြံခေါင်းစဉ်နဲ့ ရပ်တည်ေ နတာ ဒီကနေ့အထိပါ။

ဗိုလ်ချုပ်အောင်ဆန်း က ဖက်ဒရယ်ပြည်ထောင်စုမူ ကို ရဲရဲ ချ ခဲ့သူပါ။
ဗိုလ်နေဝင်း က နု တို့ ငြိမ်းတို့ လို မဟာဗမာဝါဒ နဲ့ ဖက်ဒရယ် ကို
လက်မခံ တပ်ကိုလဲ သတင်းမှား လော့ဂျစ်အမှားတွေနဲ့ ပြည်တွင်းစစ် ခင်းစေခဲ့သူပါ။
နှစ် ၆၀ လုံးလုံး ပြည်ထောင်စုသားလူငယ်လေးတွေဟာ အချင်းချင်း မုန်းတီးစွာ သတ်ဖြတ်ခဲ့ကြတဲ့ ပြည်တွင်းစစ် ကို အဲဒီတပ်မတော် က ဝါဒဖြန့်ချိမှုအမှားတွေနဲ့ ခင်းခဲ့ကြတယ်။

ဆိုပါတော့ ကွယ်လွန်သူစာရေးဆရာတင်သန်းဦး က တပ်မတော်ဝတ္ထုတွေ အများကြီးရေးခဲ့တယ်။ မြန်မာအသံ၊ ဇာတ်လမ်းပမာတွေ ကနေ တိုင်းပြည်ကို သောင်းကျမ်းသူတွေ လက်ထဲက တပ်မတော်က ဘယ်လို ကယ်တင် ခဲ့ လို့ ဝါဒမှားတွေ ဖြန့်ခဲ့တယ်။
ကရင်ရွာတွေ ရွာလုံးကျွတ် ထိုးစစ်တွေဆင်၊ မီးတွေရှို့၊ အဖိုးအိုအဖွားအို လူမမယ်တွေ တဘက်နိုင်ငံကို စစ်ပြေးကြရ၊ ကရင်တွေ နှစ်ထောင်ချီ နေခဲ့တဲ့ ဒေသတွေကနေ ကရင်တွေ ထကြွသောင်းကျမ်း လို့ ခေါင်းစဉ်နဲ့ မောင်းထုတ်ခံရ။

အင်္ဂလိပ်ဟာ မြန်မာပြည်ကို ကယ်တင်စောင့်ရှောက်ဖို့ အကြောင်းပြချက်နဲ့ သိမ်းပိုက်ခဲ့တယ်။ အင်္ဂလိပ် ကို ဗမာတွေ သူပုန်ထကြတော့ သောင်းကျမ်းသူတွေ အနေနဲ့ ချေမှုန်းခဲ့တယ်။ ကရင်မှားတယ်၊ ကချင်မှားတယ် ထင်ရင် အင်္ဂလိပ်ကို ပုန်ကန်ခဲ့တဲ့ ဗမာဘိုးဘွားတွေ မှားသလား လို့စဉ်းစားပါ။
ဘာအတွက်ကြောင့်မှ ဗမာပြည်ကို အင်္ဂလိပ်ပိုင်စရာ အကြောင်းမရှိသလို ကရင် ကချင် ဘိုးဘွားနှစ်ထောင်ချီနေလာတဲ့ ဒေသတွေ ဗမာပိုင်စရာ အကြောင်း မရှိပါ။ ကချင်ပြည်က ထွက်တဲ့ ကျောက်စိမ်းတုံးကြီး တဘက်နိုင်ငံကို ခိုးထုတ်မှာမို့ ကချင်သောင်းကျမ်းသူတွေလက်ကနေ တပ်မတော်သားတွေ အသက်ပေးတိုက်ပြီး ကာကွယ်ပေးခဲ့သတဲ့။ မဆလဝါဒဖြန့်ခဲ့၊ တင်သန်းဦးတို့ ဝတ္ထုတွေ ရေးခဲ့ပေါ့။ ပြီးတော့ကော လို့ ဆက်ရေးခိုင်းရမှာ။
ပြီးတော့ အဘတို့ ဘယ်သူ့ရောင်းလိုက်မှန်းတောင် မသိရဘူး မဟုတ်လား။ သေလိုက်ကြရတာ အဲဒီကျောက်စိမ်းရဖို့ တပ်မတော်ထဲက လူငယ်လေးတွေ။ ဘာတိုင်းပြည်အတွက်၊ ပြည်သူအတွက် မှ မဟုတ်ဘူး။ ဂေါ့ဒ်ဖါးသားကြီးဒွန်နေဝင်း နိုင်ငံတကာလှည့် ဖါချ၊ မြင်းလောင်း သောက်စားပျော်ပါးဖို့ အတွက်။
ခုကော ဖါးကန့်မှာ စာရင်းမရှိ အင်းမရှိ ထုတ်ပြီး တဘက်နိုင်ငံကို ပို့နေတယ် မဟုတ်လား။ တပ်မတော် က အဲဒီလုပ်ရပ်ကို လုပ်တာနဲ့ ကေအိုင်အေ လုပ်တယ် ဆိုတာနဲ့ ဘာများကွာလို့တုန်း။

ဦးတင်ဦး တို့လို တပ်ထွက်တွေဟာ ခုနက ကရင်ရွာတွေလဲ တိုက်ခဲ့တယ်။ နေဝင်းသစ္စာမခံဘဲ ရာထူးစည်းစိမ်တွေ စွန့်လွှတ် လက်နက်ကိုင်တော်လှန်ခဲ့ကြတဲ့ ရဲဘော်သုံးကျိတ်ဝင်တွေကအစ ပါခဲ့တဲ့ ဗကပ ကိုလဲ တိုက်ခဲ့ကြတယ်။ သူတို့ကိုယ်သူတို့
“တရားသောစစ်”တွေ တိုက်ခဲ့တာလို့လဲ ခံယူခဲ့ကြတယ်။
သူတို့မှာ နိုင်ငံရေးအမြင် မရှိတာ၊ ကျဉ်းမြောင်းတာ၊ လူတဦးတယောက်၊ ဆွေစုမျိုးစုတစု က သူတို့ကို လှည့်စား အသက်ရင်း ပြည်ထောင်စုသားချင်း ရန်တိုက်ပေး တိုက်ခိုင်းနေတာ ဆိုတဲ့ ပကတိအမှန် ကို မမြင်နိုင်ဘူး။ ခုထိကို မမြင်သေးဘူး။

၈၈ ဒုတိယစစ်အာဏာသိမ်းပြီးချိန်မှာ တပ်မတော်ဟာ အရင် မဆလတပ်မတော်နဲ့ ပုံစံကွဲ ထွက်လာတယ်။

အရင်က ဦးနေဝင်းရဲ့ တသွေးတသံတမိန့် ပဒေသရာဇ်ဆန်အာဏာရှင်ပုံစံ။

၈၈ နောက်ပိုင်း ဦးနေဝင်းလွန်သွားတဲ့အခါ တပ်မတော်ဟာ လယ်ဗယ်ဗိုလ်ချုပ်ကြီးတွေ ဂိုဏ်းဖွဲ့ အာဏာပြိုင်တွေ ယူခဲ့ကြတယ်။ အဲဒီကနေ ဦးသန်းရွှေ က အကုန်ဖြိုခွင်းပြီး သူက တပ်တွင်းအာဏာပြန်သိမ်းနိုင်ခဲ့တယ်။ ဦးသန်းရွှေ ဟာ တပ် ကို မာဖီးယားဂိုဏ်းကြီး လို တည်ဆောက်ထားခဲ့တယ်။ သစ္စာခံ လူယုံကို လွှဲပေးပြီး အနားယူသွားတဲ့ ဒွန်ကြီး လို သူနေတယ်။

“တပ်မတော်သာလျှင် အမိ၊ အဖ” ဆိုတာ သူတို့အတွက် အမှန်ပဲ။
မာဖီးယားဂိုဏ်းတဂိုဏ်း လို သစ္စာခံ၊ သစ္စာစောင့် အချုပ်တွေနဲ့ တပ်ကို ဆက်တည်ထားတယ်။
မာဖီးယားဂိုဏ်းတဂိုဏ်း ကို အခွင့်ထူးခံ၊ ငွေကြေးခံစားခွင့်တွေနဲ့ ထိန်းသလို လက်ရှိတပ်ကို တပ်ထွက်တွေကို ထိန်းထားတယ်။
တိုင်းပြည်မှာ ထင်တိုင်းကျဲ သယံဇာတတွေ ထုတ်ယူဝေမျှခံစားတယ်။ ဗိုလ်ချုပ်တွေရဲ့ သားသမီးတူတူမတွေဟာ နယ်ပယ်အသီးသီးမှာ သူတို့ တရားမဝင်ရထားတဲ့ ငွေမည်းတွေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပြုထားတယ်။
အာဏာနဲ့ ဗမာပြည်ကို ပြန်ပြီး ကိုလိုနီပြုတယ်။ စစ်ဗိုလ်တွေ နည်းနည်းအိုလာရင် အရပ်ဘက်ပြောင်း။ ငွေမည်းရှာ။ တခြားစီးပွားရေး မြှုပ်နှံ လုပ်ထားတယ်။ အဆင်မပြေ ကုန်ပြီ ဆို သူတို့တပ်တွင်းမှာ သစ္စာခံခဲ့တဲ့ အဘတယောက်ယောက်ဆီပြေးတယ်။ အဘ လုပ်ပါဦး။ ကျနော့်ကို ကြည့်ပါဦး။ ဒီတော့ အဘ လုပ်သူက ခွင်တခုခု ချပေး။ အစိုးရပရောဂျက်တခုခု။ သူက ၁၀၀ တန်ကို တသိန်းတင်။ အဘတော်ကို တသောင်းလောက်ကန်တော့ ဆိုပါတော့။ ဒီလိုနဲ့ တိုင်းပြည်ဘဏ္ဍာကို ဆရာတပည့်တွေ ဝေစားမျှစားလိုက်တယ်။ အဲဒီကုန်ကျစရိတ်မချိမဆန့်ကို ပြည်သူတွေက စုခံရတယ်။ ချွေးနည်းစာတွေနဲ့ပေးရတယ်။
အဲဒါ လက်ရှိ မြန်မာပြည် လည်ပတ်နေပုံပဲ။

အဲဒီလို တပ် ကို ပေါင်းဖို့ လှော်သူ လော်သူတွေဟာ အဲဒီတပ်က ခုထိ အချိုးမပြောင်းဘဲ ဘာသာရေး လူမျိုးရေးပဋိပက္ခတွေ ဖန်တီးလိုက်၊ ဒေါ်စု ကို ခြေပုန်းခုတ်လိုက်၊ ပြည်သူကို ဖိနှိပ်လိုက်၊ လုပ်နေသေးပါလျှက် တစက်ကလေးမှ ကောင်းလာတာ မမြင်ရပါဘဲ ကောင်းတော့မယ် ဇွတ် လိမ်ညာဖုံးကွယ်နေကြတာဟာ နောင်တချိန် သမိုင်းတရားခံတွေ ဖြစ်ဦးမယ့်သူတွေ လို့သာ မြင်တော့တယ်။

အဲဒီစစ်ဗိုလ်တွေကို မီဂျီခေတ်ဆာမူရိုင်းတွေကို အမြစ်လှန် ရှင်းလင်းပစ်လိုက်သလို မြေလှန်တော်လှန်နိုင်မှ မြန်မာပြည်ကောင်းပါလိမ့်မယ်။ ပြည်သူတွေ အမှန်တကယ် ချမ်းသာ ပါလိမ့်မယ်။

ချိုတူးဇော်

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s