နေမျိုး​ဝေ တပည့်​”ကိုသီရိ ဘာကြောင့် အဖမ်းခံရလဲ

Sai Waiyan Htet

နေမျိုး​ဝေ တပည့်​”ကိုသီရိ ဘာကြောင့် အဖမ်းခံရလဲ
👉👉👉👉👉👉👉👉👉👉👉👉👉👉👉👉
ဒီနေ့ပွဲမှာ မျိုးညစ်တွေရဲ့ ဟောပြောပွဲ လူတစ်ယောက်
အဖမ်းခံလိုက်ရတယ်။ အဲ့တစ်ယောက်ကတော့ အများသိပြီးသား
နေမျိုးဝေရဲ့ တပည့်ကျော် ကိုသီရိလေ။

Image may contain: 3 people, people standing

နေမျိုးဝေဆိုတာက တချိန်က ဒီအဖွဲ့မှာ ဘုရင်တစ်ပါးလေ။
ဒီလိုပွဲမျိုးလိုက်တဲ့ နေ့စားတွေအတွက် နေ့တွက်ခတွေကိုတောင်
နေမျိုးဝေကနေတဆင့်မှ အဘတွေဆီက ဒီကောင်တွေအတွက် ပြန်ကျတာ။ ဒါကြောင့်လည်း အဲ့အချိန်က ဒီအဖွဲ့က
လူတွေကိုယ်တိုင်ပဲ နေမျိုးဝေကို မင်းလောင်းတစ်ယောက်လို
ဝိုင်းဘောမခဲ့ကြသေးတာကို မှတ်မိကြဦးမှာပါ။

ဖြစ်ချင်တော့ နေမျိုးဝေတစ်ယောက် ၆၆ ဃ နဲ့ ပုသိမ်ထောင်
ရောက်နေချိန်မှာ သူ့နေရာကို စွေစောင်းက တာဝန်ယူပြီး
ရိုဟင်ဂျာကန့်ကွက်ပွဲတွေ မြန်မာပြည်အနှံမှာ လုပ်ပါလေရော
ဒီတော့ နေ့စားခတွေကိုယ်တိုင်ကိုင်ရှင်း၊ လူစာရင်းတွေပိုပြ
စပွန်ဆာတွေကလည်း ပွဲဖြစ်ဖို့က အဓိက အသေးစိတ်ကို
သိပ်ဂရုမစိုက်ဘူးဆိုတာ သိလာတော့ မျိုးညစ်အဖွဲ့ရဲ့
ခေါင်းဆောင်နေရာကို မက်လာကြတယ်

ဒါနဲ့ နေမျိုးဝေအထဲက အချိန်မတိုင်ခင် ပြန်ထွက်လာတော့
နေမျိုးဝေရဲ့ နေရာမှာ စားပေါက်ချောင်မှန်း သိလာတဲ့
စွေစောင်းက သူ့လူရင်း သက်မျိုးဦးတို့နဲ့ ပေါင်းပြီး
နေမျိုးဝေကို ပုန်ကန်ပါလေရော။ ဒဲ့ပြောရရင်တော့ မျိုးညစ်အဖွဲ့ထဲမှာ အာဏာလုတာပေါ့ဗျာ။

နေမျိုးဝေနဲ့ သူတို့တိုက်ပွဲ အတော်ပြင်းထန်သွားသေးတယ်
လိုင်းပေါ်မှာ နေမျိုးဝေကိုတောင် ဓါးကြိမ်းကြိမ်းတဲ့သူက
သတ်မယ်ဖြတ်မယ် ကြိမ်းခဲ့ကြတာ အချို့တွေ မှတ်မိကြဦးမှာပါ။
နေမျိုးဝေ အထဲရောက်နေတဲ့ ၃ လလောက်မှာ သူ့အဖွဲ့ထဲက
၁၀၉ ၁၁၀ တွေက လက်ရှိငွေထုတ်ပေးနေတဲ့ စွေစောင်းတို့အဖွဲ့
ကိုပဲ အဖေပြောင်းခေါ်ပြီး နေမျိုးဝေကို ကန်ထုတ်ခဲ့ကြရာကနေ
နေမျိုးဝေနဲ့ စွေစောင်းတို့ ကမ္ဘာ့ရန်ဖြစ်ခဲ့တာပဲ။

စွေစောင်းနဲ့ နေမျိုးဝေ အာဏာလုပွဲမှာ ထပ်ကွဲသွားသူ
နှစ်ယောက် အဲ နှစ်ပါးက ဝီရသူနဲ့ ဦးပါမောက္ခ၊ နေမျိုးဝေလို အာကြမ်းလျှာကြမ်း မထင်ရင် ခံလှန်ပြောတတ်တဲ့ ယစ်ထုပ်ထက်
စွေစောင်းကို ဦးဝီရသူက စပွန်စာတွေထံ ထောက်ခံပေးတယ်။
ဦးပါမောက္ခကတော့ နေမျိုးဝေ ဘက်က။ ဒါပေမဲ့ ဦးဝီရသူ
ထောက်ခံမှုပါ ရတဲ့ စွေစောင်းတို့အဖွဲ့ကို နေမျိုးဝေ အရှုံးပေးပြီး
နောက်ဆုပ်ပေးခဲ့ရတယ်။

မကြာပါဘူး။ မိတ္တူဆိုင်လေး ဖွင့်ထားတဲ့ စွေစောင်းလည်း
နေမျိုးဝေလို ကားတွေဘာတွေနဲ့ ဖြစ်သွားတယ်။ ဒီပြဿ နာက
သူတို့ထဲမှာ လှိုက်လောင်နေတာ ကြာခဲ့ပြီ။ နေမျိုးဝေ
တပည့်ရင်းတွေက စွေစောင်းနဲ့ ဝီရသူကို ကမ္ဘာမကျေ
ငြိုးနေကြတာ။ ဆရာကိုယ်တိုင် အဘတွေနဲ့ ဝီဝီ့ကို မကျော်နိုင်လို့
ငြိမ်နေလို့သာ သူတို့ဘာမှ မလုပ်ကြတာ။

ဒီနေ့ပွဲမှာတော့ နေမျိုးဝေတပည့်ကျော် ကိုသီရိက အရက်မူးအောင်သောက်ပြီး ပွဲစင်ထောင့်ကနေ ဦးဇန္တိ
ဟောပြောနေတုန်းမှာ ဦးဝီရသူအကြောင်း ပါလာတာနဲ့
အဲ့ကောင်ဝီရသူကို ရဟန်းလို့ မပြောနဲ့။ မစိုးရိမ်ကျောင်းကကောင်
လို့ပြောဆိုပြီး အော်ကြီးဟစ်ကျယ် ထပြဿ နာ ရှာရကနေ
ဦးဝီရသူ လူတွေနဲ့ ပြဿ နာတက်ကြပြီး ရဲကိုခေါ်ဖမ်းခိုင်းခဲ့တာပါ

သူတို့အချင်ချင်း ပေမယ့် နေရာလုကြရာကနေ စခဲ့ကြတဲ့
ကျောင်းတော်က ရန်ငြိုးတွေ လူစုံတုန်း အထုပ်ဖြေဖို့ ရဲဆေးတင်ပြီး ရောက်လာတဲ့ ကိုသီရိကို အချိန်မှီ ရဲလက်အပ်
ခဲ့လို့သာ ဒီပွဲဒီလောက်နဲ့ ရပ်သွားခဲ့ရတာပါ။
ဒါပေမဲ့ ဒီပွဲက မပြီးသေးပါဘူး။ ဒီကိစ္စ နေမျိုးဝေတို့ဘက်ကလည်း
လုံးဝ မကျေနပ်ဘူးလို့ သူ့လူတွေဆီက ကြားသိရပါတယ်။

မျိုးညစ်အဖွဲ့မှာ နေမျိုးဝေ နေရာကို ဆက်ခံတဲ့ စွေစောင်း
တစ်ယောက်လည်း ပုဒ်မ နှစ်ခုနဲ့ ဂျေးအောင်းသွားတာ အနဲဆုံး
နှစ်နှစ်ကြာမယ်ဆိုတော့ အဖွဲ့ခေါင်းဆောင် တိုက်ပွဲတွေ
မကြာခင်မှာ စတင်လာတော့မှာပါ။ ဒီနေရာဟာ သူတို့လို
လူစားတွေအတွက် တကယ်လည်း တကယ်လည်း
မက်လောက်စရာပါ။ နေမျိုးဝေ စွေစောင်းတို့လို ဘာအလုပ်မှ
မရှိပဲ ကားကိုယ်စီနဲ့ စားနိုင်သွားနိုင် သုံးနိုင် ဖြုန်းနိုင်
နေတာကို အားကျလိုချင်နေသူတွေ သူတို့ထဲမှာ
အများကြီး ရှိနေပါတယ်။

လောလောဆယ် ဒီနေရာကို ဒေါ်ခင်ဝိုင်းကြည် ခဏကိုင်ထားပေမယ့် ဦးဝီရသူ ထောက်ခံတဲ့ လူငယ်ပိုင်းထဲကပဲ
စွေစောင်းရဲ့ နေ့စားကိုယ်စားလှယ်တာဝန်ကို ရဖို့ ရှိနေတယ်လို့ သိရပါတယ်။

PS: ဒီသတင်းကို အမည်မဖော်လိုတဲ့ အမျိုးသားရေး အဖွဲ့ဝင်တစ်ယောက်က ပို့ပေးတာကို စာစီရေးသားပြီး ဖော်ပြခြင်းသာ ဖြစ်ပါတယ်။

ZN.H
SW.H

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s