ကဲ ဇ ရှိလား စမ်းကြည့်လိုက်ပေါ့…မဘသအဖွဲ့ကို ဖျက်သိမ်းမည်မဟုတ်ဟု ဦးဆောင်ဆရာတော် မိန့်ကြား

ကဲ……..ဇ ရှိလား…….စမ်းကြည့်လိုက်ပေါ့….ဘယ်သူက သာလဲ ဆိုတာ….

မဘသအဖွဲ့ကို ဖျက်သိမ်းမည်မဟုတ်ဟု ဦးဆောင်ဆရာတော် မိန့်ကြား

MaBaTha01-Zayar-Chan-Aye

By   24 May 2017အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ)ကို ဖျက်သိမ်းလိုက်တာ မဟုတ်ဘဲ မဘသဆိုင်းဘုတ်တွေ၊ အလံတွေ ဖြုတ်ချခိုင်းတာနဲ့ မဘသအမည်နဲ့ လှုပ်ရှားမှုတွေမလုပ်ဖို့ လက်မှတ်ထိုးခဲ့တာသာ ဖြစ်တယ်လို့ မဘသ ဦးဆောင်ဆရာတော်တပါးဖြစ်တဲ့ ဆရာတော် ဦးသောပါက က မိန့်ကြားပါတယ်။

မဘသအဖွဲ့နဲ့ပတ်သက်ပြီး မေ ၂၃ ရက်က ကျင်းပတဲ့ နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ ဆရာတော် ၄၇ ပါး ပဉ္စမအထူးအစည်းဝေးမှာ မဘသအဖွဲ့အနေနဲ့ လိုက်နာရမယ့် အချက် ၄ ချက်ကို ထုတ်ပြန်ခဲ့ပြီး မဘသ ဦးဆောင်ဆရာတော်တွေက ဝန်ခံကတိ ရေးထိုးခဲ့ကြပါတယ်။

မဘသအဖွဲ့ လိုက်နာရမယ့် စည်းကမ်းတွေထဲမှာ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ဝင် သံဃာတော်တွေနဲ့ လူပုဂ္ဂိုလ်တွေအားလုံးဟာ မဘသအမည်နဲ့ တဦးချင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ မည်သည့်အမှုကိစ္စမျိုးကိုမှ မဆောင်ရွက်ဖို့၊ မြန်မာတနိုင်ငံလုံးမှာ စိုက်ထူထားတဲ့ မဘသ ဆိုင်းဘုတ်တွေကို ဇူလိုင် ၁၅ ရက် နောက်ဆုံးထားပြီး ဖြုတ်သိမ်းပေးဖို့ ပါရှိပါတယ်။

ဒါ့အပြင် ဆုံးဖြတ်ချက်တွေကို မလိုက်နာခဲ့ပါက ရဟန်းဖြစ်ရင် သံဃာအဖွဲ့အစည်းဆိုင်ရာ ဥပဒေ ၂၀/၉၀ နဲ့ အရေးယူသွားမှာ ဖြစ်သလို လူပုဂ္ဂိုလ်ဖြစ်ပါက တည်ဆဲဥပဒေတွေနဲ့ အရေးယူသွားမှာ ဖြစ်တယ်။ ပြည်ထဲရေးဌာနကလည်း အမြန်ဆုံး အရေးယူဆောင်ရွက်ရမယ်လို့ လိုက်နာရမယ့် စည်းကမ်းချက်တွေထဲမှာ ထည့်သွင်းဖော်ပြထားတာပါ။

မဘသဆရာတော်တွေအနေနဲ့ နိုင်ငံတော်သံဃမဟာနာယက ဦးဆောင်ဆရာတော်တွေရဲ့ ဆုံးဖြတ်ချက်ကို လိုက်နာသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် မဘသအဖွဲ့ကို ဖျက်သိမ်းပေးဖို့အတွက် မဟနဆရာတော်တွေရဲ့ ဆုံးဖြတ်ချက်တွေထဲမှာ မပါဝင်တာကြောင့် မဘသအဖွဲ့ကို ဖျက်သိမ်းသွားမှာမဟုတ်ဘဲ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးလုပ်ငန်းတွေ ဆက်လက်လုပ်ကိုင်ဖို့ ရှိနေမှာဖြစ်တယ်လို့ မဘသ ဦးဆောင်ဆရာတော်တပါးဖြစ်တဲ့ ဦးသောပါက က မိန့်ကြားပါတယ်။

ဘယ်လိုပုံစံနဲ့ ဆက်လက်လုပ်ဆောင်သွားမယ် ဆိုတာကို မဘသ ဦးဆောင်ဆရာတော်တွေနဲ့ တိုင်ပင်ပြီး ထုတ်ပြန်သွားမယ်လို့လည်း မဘသ ဆရာတော်က ဆက်လက်မိန့်ကြားခဲ့ပါတယ်။

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကတော့ လာမယ့် ၂၇ ရက်နေ့ ကျင်းပမယ့် မဘသအဖွဲ့ရဲ့ နှစ်ပတ်လည်ပွဲကိုလည်း ဖျက်သိမ်းဖို့ပါ ဆုံးဖြတ်ကြေညာထားတာပါ။

မဘသအဖွဲ့အနေနဲ့ လိုက်နာပြီး နှစ်ပတ်လည်ပွဲကို မကျင်းပဘူးလို့ ဝန်ခံကတိပေးခဲ့ပေမယ့် ၂၇ ရက်နေ့မှာ မဟနဆရာတော်တွေရဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ ရှင်းလင်းပွဲ ကျင်းပသွားဖို့ရှိနေပြီး ဒီပွဲကို တက်ရောက်ဖို့အတွက် တနိုင်ငံလုံးမှာရှိတဲ့ မဘသအဖွဲ့ဝင်တွေကိုလည်း ဖိတ်ကြားထားပါတယ်။

Advertisements

One thought on “ကဲ ဇ ရှိလား စမ်းကြည့်လိုက်ပေါ့…မဘသအဖွဲ့ကို ဖျက်သိမ်းမည်မဟုတ်ဟု ဦးဆောင်ဆရာတော် မိန့်ကြား

  1. ရန်ကုန်၊ မေ ၂၃

    အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) အဖွဲ့ကို အပြီးတိုင်ဖျက်သိမ်းရန်နှင့် နိုင်ငံအနှံ့ရှိ မဘသအဖွဲ့၏ ဆိုင်းဘုတ်များကို ဖြုတ်သိမ်းရန် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က ယနေ့ အမိန့်ထုတ်ပြန်လိုက်ပြီဖြစ်သည်။

    အဆိုပါ အမိန့်ထုတ်ပြန်ချက်ကို မဘသ ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တတ တိလောကာ ဘိဝံသနှင့် ဘဒ္ဒန္တ သီလက္ခန္ဓာဘိဝံသတို့က သဘောတူ လက်မှတ်ထိုးခဲ့ပြီဖြစ်သည့်အတွက် မဘသအဖွဲ့ကို ဖျက်သိမ်းရတော့မည်ဖြစ်သည်။

    သံဃမဟာနယကအဖွဲ့၏ ဆုံးဖြတ်ချက်ကို မဘသအဖွဲ့အနေနှင့် “တိကျစွာလိုက်နာမည် ဖြစ်ကြောင်းနှင့် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ) ကျန်အဖွဲ့ဝင် ဆရာတော်များအားလည်း အသိပေးပြောကြားမည်ဖြစ်ကြောင်း” ဝန်ခံကတိ လက်မှတ်ရေးထိုးခဲ့ထားသည်ကို မဟန၏ ထုတ်ပြန်ချက်တွင် တွေ့ရှိရသည်။

    မဟန၏ အမိန့်စာအရ မည်သူတဦးတယောက်မှ အဖွဲ့လိုက်ဖြစ်စေ၊ တဦးချင်းဖြစ်စေ၊ မဘသ၏ အမည်ကို သုံးစွဲခွင့်ရတော့မည် မဟုတ်ဘဲ၊ ဇူလိုင် ၁၅ ရက်နောက်ဆုံးထား၍ တနိုင်ငံလုံးရှိ မဘသ၏ ဆိုင်းဘုတ်များကို ဖြုတ်သိမ်းပစ်ရမည်ဖြစ်သည်။

    အထက်ပါ ဆုံးဖြတ်ချက်များကို မလိုက်နာပါက လူပုဂ္ဂိုလ်ဖြစ်စေ၊ ရဟန်းဖြစ်စေ တရားဥပဒေအရ ပြည်ထဲရေးဝန်ကြီးဌာနက “အမြန်ဆုံး အရေးယူဆောင်ရွက်ရန်” ဟု ပါရှိသည်။

    ထိုကဲ့သို့ ဆုံးဖြတ်ချက်များကို မဘသ ဆရာတော်များက လက်ခံပြီး လာမည့် မေ ၂၇ နှင့် ၂၈ ရက်များတွင် ကျင်းပရန် လျာထားသည့် မဘသ (၄) နှစ်ပြည့်ညီလာခံကို မကျင်းပတော့သော်လည်း အဆိုပါနေ့တွင် အထူးရှင်းလင်းပွဲ ကျင်းပသွားမည်ဟု မဘသ၏ ဦးဆောင်ဆရာတော်တပါးဖြစ်သူ အရှင်သောပါက က ၎င်း၏ ဖေ့စ်ဘွတ်စာမျက်နှာမှတဆင့် ကြေညာထားသည်။

    မဘသ အဖွဲ့ကြီး ဖျက်သိမ်းရတော့မည်ဖြစ်သော်လည်း ပြီးခဲ့သည့် မေ ၁၆ ရက်နေ့က ကျင်းပသည့် မဘသ သတင်းစာရှင်းလင်းပွဲတွင် မိတ်ဆက်ထားသည့် ဓမ္မဝံသာနုရက္ခတ အသင်းဟူသည့် မဘသ၏ ကိုယ်ပွားအဖွဲ့တဖွဲ့ ကျန်ရှိနေသေးသည်။

    အဆိုပါ အဖွဲ့ကို အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီပိုင်ရှင် ဦးစိုးထွန်းရှိန်က အတွင်းရေးမှူးရာထူး ရယူထားပြီး စာရေးဆရာ မောင်သွေးချွန်က ဥက္ကဋ္ဌ အဖြစ်တာဝန်ယူထားသည်။

    သတင်း- မြတ်ကျော်သူ

    Like

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s