သတိ​တော့ထား​ပေါ့ … ဆိုင်းဘုတ်​အ​ဟောင်းချပွဲပြီး ​နောက်​တစ်​ရက်​မှာ ဆိုင်းဘုတ်​အသစ်​ထပ်​၀င်​လာရင်​ အရင်​အတိုင်းပဲလို့သာ သ​ဘော​ပေါက်
MBT
သတိ​တော့ထား​ပေါ့ … ဆိုင်းဘုတ်​အ​ဟောင်းချပွဲပြီး ​နောက်​တစ်​ရက်​မှာ ဆိုင်းဘုတ်​အသစ်​ထပ်​၀င်​လာရင်​ အရင်​အတိုင်းပဲလို့သာ သ​ဘော​ပေါက်
Swe Mon
မဘသ အမည်​သုံးခွင့် မ​ရှိ​တော့လို့ မွတ်​စ်​​တွေဖက်​က ၀မ်းသာစရာ ဘာမှ မရှိဘူး။
တကယ်​၀မ်းသာသင့်​တာက ဗုဒ္ဓဘာသာဝင်​ အစစ်​​တွေပဲ။
သင်္ကန်းပတ်​ပြီး ဗုဒ္ဓဘာသာကို အကြိမ်​ကြိမ်​ သိက္ခာချခဲ့တဲ့ အဖွဲ့အစည်းတစ်​ခု ဒီ​နေ့ရပ်​သွားလို့ ၀မ်းအသာသင့်​ဆုံးဟာ မြန်​မာပြည်​သား ဗုဒ္ဓဘာသာဝင်​​တွေပဲ။
အချို့​ပြော​နေကြပြီ။ မွတ်​စ်​​တွေ ၀မ်းသာ​နေကြပြီတဲ့ … ကျုပ်​တို့ ၀မ်းလည်း မသာသလို ​ပျော်​စရာကိစ္စလည်း မဟုတ်​ဘူး။
ကျုပ်​တို့မှာ လာမယ့်​ ရက်​ပိုင်းအတွင်း ကျ​ရောက်​​တော့မယ့်​ ၀ါတွင်းဥပုသ်​ကာလက​လေးကို ​မျှော်​ပြီး ၀မ်းသာ​နေကြတာက လွဲရင်​ ကျန်​တဲ့ကိစ္စ အထူးအ​ထွေ ဘာမှ မရှိဘူး။
သတိ​တော့ထား​ပေါ့ … ဆိုင်းဘုတ်​အ​ဟောင်းချပွဲပြီး ​နောက်​တစ်​ရက်​မှာ ဆိုင်းဘုတ်​အသစ်​ထပ်​၀င်​လာရင်​ အရင်​အတိုင်းပဲလို့သာ သ​ဘော​ပေါက်​တာ အ​ကောင်းဆုံး၊
Advertisements
3 thoughts on “သတိ​တော့ထား​ပေါ့ … ဆိုင်းဘုတ်​အ​ဟောင်းချပွဲပြီး ​နောက်​တစ်​ရက်​မှာ ဆိုင်းဘုတ်​အသစ်​ထပ်​၀င်​လာရင်​ အရင်​အတိုင်းပဲလို့သာ သ​ဘော​ပေါက်
  1. Swe Mon
    15 hrs ·
    အနိုင်​ကျင့်​​နေသူ​တွေကို အရင်​ရှင်းကြပါ။
    .
    .
    ကိုယ့်​သာသနာတိုးတက်​​ရေးသီးသန့်​လုပ်​ပြီး ဘယ်​ဘာသာဝင်​​တွေကိုမှ ​စော်ကားတိုက်​ခိုက်​ အမုန်းတရားဖြန့်​တာမျိုး မလုပ်​ခဲ့ရင်
    မဘသဟာ ဒီ​နေ့ ဒီအချိန်​မှာ စင်​​ပေါ်မှာပါ။
    အများအကျိုး​ဆောင်​တဲ့ ချစ်​စရာရည်​ရွယ်​ချက်​​တွေနဲ့ မဘသအတွက်​ NLD မှာ ​နေရာ တစ်​​နေရာ​တောင်​ ဖန်​တီး​ပေးထား​လောက်​ပါတယ်​။ သာသနာ​စောင့်​​ရှောက်​​တိုးတက်​ရေးဝန်​ကြီးဋ္ဌာန​တွေ ဘာ​တွေ ဖန်​တီးတာမျိုး ဖြစ်​လာနိုင်​​လောက်​ပါတယ်​။
    ဒါ​ပေမယ့်​ မဘသရဲ့ မူရင်းရည်​ရွယ်​ချက်​ မူရင်းပစ်​မှတ်​က ဘယ်​တုန်းကမှ ​မွတ်​စ်​ မဟုတ်​ခဲ့ဘူး။
    မဘသ အပါအ၀င်​ အမျိုးသား​ရေးသမားအမည်ခံ​သူ​တွေ၊ ၉၆၉ ​တွေ၊ မျိုးချစ်​ဆိုသူ​တွေ၊ ဘာဓမ္မကွန်​ရက်​၊ ညာ ၀ံသာနု ရက္ခိတကွန်​ရက်​ ဘာနာမည်​တပ်​တပ်​ … သူတို့အားလုံးရဲ့ ပစ်​မှတ်​က မ​ပြောင်းလဲခဲ့ပါဘူး။ သူတို့အားလုံးရဲ့ ပစ်​မှတ်​ဟာ ​ဒေါ်​အောင်​ဆန်းစုကြည်​ နဲ့ NLD ကိုပါပဲ။
    မွတ်​စ်​ကို တိုက်​တယ်​။ အမုန်းတရားဖြန့်​တယ်​။ အဓိကရုဏ်းတမင်​ဖန်​တီးတယ်​။ အာဏာပိုင်​​တွေ မျက်​စိမှိတ်​​ပေးထားတယ်​။ မြို့ရွာ​တွေကို ဖျက်​ဆီး​နေတာ​တွေကို ခွင့်​ပြုရတယ်​။ ​နောက်​တဆင့်​ မွတ်​စ်​ = NLD ဒါ​ကြောင့်​ မွတ်​စ်​​တွေကို တိုက်​သလို NLD ကို တိုက်​ရမယ်​။ မွတ်​စ်​အား​ပေး၊ မွတ်​စ်​မယား၊ မွတ်​စ်​ကို ​ထောက်​ခံတဲ့ NLD ဖြစ်​တဲ့အတွက်​ NLD ကို တိုက်​ကို တိုက်​ရမယ်​လို့ လမ်း​ကြောင်းခင်းကာ ဒီလမ်း​ကြောင်းက​နေ ဘယ်​​တော့မှ မဖယ်​ခွာခဲ့ကြဘူး။
    ဒီအဖွဲ့အားလုံးဟာ အမျိုး၊ ဘာသာ၊ သာသနာ၊ တစ်​သံတည်း ထွက်​တယ်​။ ၁၉၈၈ ကတည်းက ဗိုလ်​ချုပ်​ခင်​ညွန့်​က​နေ စပြီး ပုံစံ​ပြောင်း အဖွဲ့​ပြောင်း လူ​ပြောင်း​ပေမယ့်​ မူဝါဒ မ​ပြောင်းလဲဘဲ စဉ်​ဆက်​မပြတ်​ ​ဒေါ်​အောင်​ဆန်းစုကြည်​တစ်​ဦးတည်းကိုပဲ တစိုက်​မတ်​မတ်​ တိုက်​လာခဲ့တယ်​။
    ဒါကိုပဲ ဒီ​နေ့​ခေတ်​မှာ ပုံစံ​ပြောင်း ​ဗုဒ္ဓအ​ရေခြုံထားတဲ့အတွက်​ ပြည်​သူ​တွေအမြင်​မရှင်းခဲ့တာပဲ ရှိမယ်​။
    ပါတီ ၁၃ ခုထိ ပွားထားတဲ့အပြင်​ ကွန်​ရက်​​ပေါင်းစုံ အဖွဲ့အစည်း​ပေါင်းစုံ ထဲမှာ သင်္ကန်းရုံထားတဲ့ ပုဂ္ဂိုလ်​အများအပြား​နေရာယူ စိမ့်​ဝင်​ထားပြီးဖြစ်​တဲ့အတွက်​ အမြစ်​ဖြတ်​ဖို့ ထင်​သ​လောက်​ မလွယ်​ပါဘူး။
    တစ်​ဖွဲ့ကို ဖျက်​ရင်​ ​နောက်​တစ်​ဖွဲ့က အမည်​​ပြောင်းပြီး ဒီအလုပ်​ကိုပဲ ဆက်​လုပ်​ကြပါလိမ့်​ဦးမယ်​။ ပြသနာအားလုံးရဲ့ အဓိက ​ရေ​သောက်​မြစ်​ အဖွဲ့အစည်းရဲ့ ​နေရာတကာမှာ ခ​လောက်​ဆန်​ အ​ကောက်​ကြံလိုတဲ့ သ​ဘောထားကို ​ပြောင်းလဲချင်​တဲ့ ဆန္ဒမရှိမချင်း မြန်​မာပြည်​ ​ရှေ့ဆက်​သွားဖို့ မရှိနိုင်​ပါဘူး။
    တဆင့်​ပြီး တဆင့်​ အ​ပြောင်းအလဲကို ​ဖော်​​ဆောင်​ချင်​ရင်​ ပြည်​သူအားလုံး လက်​မတွဲမချင်း မညီညွတ်​မချင်း အိမ်​ကြက်​အချင်းချင်း ဘာသာ​ရေး လူမျိုး​ရေးနဲ့ မှိုင်းတိုက်​ အိုးမည်းသုတ်​ပြီး ဆက်​ခွပ်​ခိုင်းတာကို ​ကျေ​ကျေနပ်​နပ်​ကြီး ခံ​နေကြရပါဦးမယ်​။
    ဒီမို​လော်​ဘီ ဒီမိုဘက်​​တော်​သား အမည်​ခံ​သူတွေကိုလည်း ​ပြောပါရ​စေ။ လက်​ရှိ မြန်​မာနိုင်​ငံထဲက ပြသနာအားလုံးနီးပါးဟာ ဒိ့ပြင်​ ဘာသာခြားဆီမှာ #လုံးဝ ရှိမ​နေပါဘူး။ မြန်​မာပြည်​ကို ပြသနာ​ပေါင်းစုံဖန်​တီးဖို့ ကြံရွယ်​​နေသူတိုင်းဟာ (အတွင်းရန်​သူ) အတွင်းမှာပဲရှိသူ​တွေ ဖြစ်​ပါတယ်​။
    ဒါကို မြင်​​အောင်​ မကြည့်​တတ်​​ဘဲ မွတ်​စ်​​ကြောင့်​ မွတ်​စ်​​တွေ​ကြောင့်​ … လို့ပဲ မြင်​တတ်​တဲ့ အရည်​အချင်းက​လေးပဲရှိပြီး အားတိုင်း မွတ်​စ်​​တွေကို လိုက်​​ညှောင့်​တတ်​တဲ့ အကျင့်​​လောက်​ပဲရှိရင်​​တော့ လိုချင်​တဲ့ အ​ဖြေ အ​တော်​ကြီးကို ​ဝေး​နေပါပြီလို့ ဒဲ့​ထောက်​ပါရ​စေ။
    ထပ်​​ပြောပါမယ်​။
    ခင်​ဗျားတို့ ကျွန်​​တော်​တို့ သိပ်​လိုချင်​တဲ့ ဒီမိုက​ရေစီစနစ်​ကို ၀ိုင်းအုံပြီး အဓမ္မကျင့်​ ဖျင်​၀ိုင်းချ​နေသူ​တွေကို အရင်​ရှင်း အရင်​ဗျင်းကြပါ။ ပြည်​တွင်းရန်​ကို အားလုံးက ၀ိုင်းရံ အသံထွက်​ကြမှ လိုချင်​တဲ့ခရီး အ​ပြောင်းအလဲကို အမှန်​တကယ်​ရဖို့ နီး​လောက်​ပါတယ်​လို့သာ ဒဲ့​ထောက်​ပါရ​စေ။
    ဒီမိုက​ရေစီလား … ခု ရ​နေတဲ့ ၁% ​လောက်​ အခွင့်​အ​ရေးက​လေးဟာ အချင်းချင်း ရန်​ဖြစ်​​နေကြရင်း ချ​နေကြရင်း ​ဒေါ်​အောင်​ဆန်းစုကြည်​ အသက်​မထွက်​ခင်​မှာပဲ ဖိနပ်​နံ့​ ပြင်းပြင်းရှရှ ပြန်​ရလာနိုင်​တာကို အားလုံး သိ​နေကြတာပဲဗျာ … ​နော့။ Take it OR leave the chance ပါ။
    အားလုံး ညီညွတ်​မှာကို သူတို့ အ​ကြောက်​ဆုံးပါ။ အ​ရောင်​မတူသူ​တွေ လက်​တွဲသွားမှာကို သူတို့ အ​ကြောက်​ဆုံးပါ။
    United we stand ပါပဲ။ ကျန်​တာကို အားလုံး သိကြပါတယ်​။
    #SM
    Like
  2. Htet Teza Hlaing
    10 hrs ·
    မဘသ အဖွဲ့ကြီး ဖျက်သိမ်းရတော့မည်ဖြစ်သော်လည်း ပြီးခဲ့သည့် မေ ၁၆ ရက်နေ့က ကျင်းပသည့် မဘသ သတင်းစာရှင်းလင်းပွဲတွင် မိတ်ဆက်ထားသည့် ဓမ္မဝံသာနုရက္ခတ အသင်းဟူသည့် မဘသ၏ ကိုယ်ပွားအဖွဲ့တဖွဲ့ ကျန်ရှိနေသေးသည်။
    အဆိုပါ အဖွဲ့ကို အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီပိုင်ရှင် ဦးစိုးထွန်းရှိန်က အတွင်းရေးမှူးရာထူး ရယူထားပြီး စာရေးဆရာ မောင်သွေးချွန်က ဥက္ကဋ္ဌ အဖြစ်တာဝန်ယူထားသည်။
    Like
  3. Maung Maung
    4 hrs · Kuala Lumpur ·
    မင်းတို့ကွာ
    ဒီနာမယ်တော့ ဆက်မသုံးပါနဲ့
    လုပ်စရာရှိတာတော့ ဆက်လုပ်ကြပေါ့
    Like
Leave a Reply
Fill in your details below or click an icon to log in:
WordPress.com Logo
You are commenting using your WordPress.com account. Log Out / Change )
Twitter picture
You are commenting using your Twitter account. Log Out / Change )
Facebook photo
You are commenting using your Facebook account. Log Out / Change )
Google+ photo
You are commenting using your Google+ account. Log Out / Change )
Connecting to %s