There are some rotten racist monks even in Ma Ha Na

Image may contain: 1 person, text

ဦး​နေ၀င်း ၏ ​မြေး ​အေး​နေ၀င်းရဲ့ မ ဘ သ ဖျက်​သိမ်းခြင်းအ​ပေါ် သုံးသပ်​ချက်​။
Advertisements

2 thoughts on “There are some rotten racist monks even in Ma Ha Na

  1. Maung Maung
    1 hr ·
    ကာချုပ်ကတော်က ဒီကိစ္စကို ဒီလိုမြင်ပါတယ်
    KyuKyu Hla
    21 hrs ·
    (Public တင်ပေးပါ။အများသိစေချင်လို့ပါ-လို့
    တောင်းဆိုလာလို့ တင်ပေးလိုက်ပါတယ်)
    မေ ကတော့ဒီတစ်ခါ တစ်ခါမှ မရေး
    ခဲ့၊မတင်ခဲ့ဘူးတဲ့ အကြောင်းအရာ တစ်ခု နဲ့
    ပတ်သက်ပြီးရေးချင်ပါတယ်။ဒါ ကတော့-
    မနေ့က မဟန ကနေ မဘသ ကိုဖျက်သိမ်းမိန့်
    ထုတ်တယ်ဆိုပြီး ဘာသာ၊သာသနာ ကြည်ညို
    မြတ်နိုးသူတော်တော်များများ ဝမ်းနည်းစိတ်မ
    ကောင်းဖြစ်ကြတယ်။ မကျေမနပ်ဖြစ်ကြတယ်။
    သို့လော သို့လော အတွေးများနဲ့ နာလိုခံခက်
    ဖြစ်ကြတယ်။FB စာမျက်နှာမှာလဲတွေ့မြင်ဖတ်ရှု
    ရပါတယ်။မေ့ ဆီကို တိုက်ရိုက် စိုးရိမ်စိတ်နဲ့လာ
    အသိပေးကြသူများ၊ထင်မြင်ချက်ပေးကြသူများ
    လဲ ရှိကြပါတယ်။
    ဒီကိစ္စဟာ သာသနာရေးကိစ္စဖြစ်
    တဲ့အတွက် မေကတော့ ဘာမှ မပြောလိုပါဘူး။
    မဝေဖန်လိုပါဘူး။ထင်မြင်ချက်၊ကောက်ချက်တွေ
    လဲ မချလိုပါဘူး။ဒါပေမယ့်-မိရိုးဖလာ ဗုဒ္ဓဘာသာ
    ဝင်တစ်ယောက်ဖြစ်တဲ့အပြင် တရားထူးတရားမြတ်
    ကိုကျင့်ကြံအားထုတ်ပြီး ဘဝကူးချိန်မှာတောင်
    တရားနှလုံးသွင်းရှုမှတ် ချုပ်ငြိမ်းသွားသော မိဘ
    တွေရဲ့ အမွေကိုခံယူထားပြီး၊ ထေရဝါဒဗုဒ္ဓအယူ
    စစ်စစ်ကိုသာ လက်ခံယုံကြည်ကိုးကွယ်နေသူ
    တယောက်အနေ နဲ့တော့ ချစ်သော မိတ်ဆွေ
    သူငယ်ချင်းအပေါင်းအသင်းများကို ပြောကြားလို
    တာ တစ်ခုရှိပါတယ်။
    မဟန က ထုတ်တဲ့ မဘသ ကို
    တားမြစ်ချက်စာ ကတော့ အကြောင်းရှိလို့ဖြစ်လာ
    တဲ့အကျိုးတစ် ရပ်လို့မြင်မိပါတယ်။အကြောင်းရင်း
    ဘာလဲဆိုတာတော့ ကိုယ်တွေမသိကြတာပါ။ဒီလို
    အမိန့်ကို ထုတ်တဲ့အတွက်လဲ မဟန ကို အမြင်မမှား
    ကြဘို့၊သံသယ မထားကြဘို့၊မပြစ်မှားကြဘို့ကိုသာ
    မေ က ချစ်ခင်တဲ့စေတနာနဲ့ ပြောကြားလိုတာပါ။
    မဟန အဖွဲ့ကြီးမှာပါဝင်နေတဲ့ ဆရာတော်ကြီးများ
    သည်နှယ်နှယ်ရရ ပုဂ္ဂိုလ်ကြီးများ မဟုတ်ပါ။ပညာ
    ဂုဏ်၊သီလဂုဏ်၊သမာဓိဂုဏ်၊သိက္ခာဂုဏ်ကြီးမား
    တော်မူလှသော ဆရာတော်၊သံဃာတော်ကြီးများ
    သာဖြစ်ပါတယ်။ဒါကြောင့် အကြောင်းရှိလို့ဖြစ်လာ
    တဲ့အကျိုးရပ်လို့လက်ခံကြစေချင်ပါတယ်။ပြီးတော့
    မဟန အဖွဲ့အနေနဲ့ ဆန်ရင်းနာနာဖွတ်တဲ့သဘော၊
    ဆိုဆုံးမလွယ်သူကိုသာ ဆုံးမတဲ့သဘော၊အကျယ်
    မဖြစ်အောင် တားမြစ်ရပ်တန့် လိုက်တဲ့သဘောလို့
    သာ သိမြင်လက်ခံကြစေလိုပါတယ်။လောကမှာ
    အမြတ်ဆုံးရတနာသုံးပါးမှာ ပါဝင်တဲ့ သံဃာရတနာ
    ကို ပြစ်မှားမိရင် ဘယ်လိုငရဲမှာဘယ်လိုခံရမယ်ဆို
    တာ သိနားလည်အောင်ဆုံးမခံခဲ့၊နာခံလက်ခံခဲ့သူ
    မို့ ချစ်သူများကိုစေတနာရှေ့ထား ပြောကြားလိုက်
    ရခြင်းဖြစ်ပါတယ်။ ထေရဝါဒ ဗုဒ္ဓဘာသာနိုင်ငံတစ်
    ခုဖြစ်တဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်မှာ
    ယုံကြည်ကိုးကွယ်ရာ ဗုဒ္ဓဘာသာ သာသနာ အဓွန့်
    ရှည်တည်မြဲပါစေကြောင်း၊သာသနာ ယုံကြည်ကိုး
    ကွယ်မြတ်နိုးသူများက ကာကွယ်စောင့်ရှောက်နိုင်
    ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းပါတယ်ရှင်။

    Like

  2. Maung Maung
    May 25, 2015 ·
    ကျွန်တော်တို့ဟာ…အဖိနှိပ်ခံတွေဖြစ်ပါတယ်…
    ကျွန်တော်တို့ဟာ…နာကျင်ခံစားတတ်သူတွေလည်း ဖြစ်ကြပါတယ်….
    ကျွန်တော်တို့ဟာ…အမှတ်သည်းခြေ ကြီးတဲ့သူများလည်းဖြစ်ကြပါတယ်….
    ကိုယ်ပြုဘူးတဲ့… ကျေးဇူးကို ဖော်ထုတ်လိုခြင်းမရှိပေမဲ့…မေ့မသွားတတ်ပါဘူး…
    ကိုယ့်အပေါ်ပြုဘူးတဲ့…ကျေးဇူးရှိရင်…တသက်လုံးကျေးဇူးတင်တတ်ပါတယ်…

    ကျွန်တော်တို့အပေါ်…မွတ်စလင်တွေအပေါ်…အစ္စလာမ်သာသနာအပေါ်….ကျူးလွန်စော်ကား ခံခဲ့ရခြင်းများကို…ကျွန်တော်တို့…တသက်လုံး…မေ့ပျောက်သွားမှာ…မဟုတ်ပါဘူး…
    ဒီကနေ့…ဖြစ်ပျက်ခဲ့သမျှ…ခံစားခဲ့ရသမျှကို…သားစဉ်မြေးဆက်…လက်ဆင့်ကမ်း…သယ်ဆောင် သွားကြမှာပါ….

    ဒီနေရာမှာ…တခုပြောချင်တာက
    လစ်ဘရယ်ကျပါတယ်ဆိုတဲ့သူတွေ
    ကျွန်တော်…ကျွန်မတို့ကတော့…လူမျိုးရေး..ဘာသာရေး..ခွဲခြားမှုတွေမှာ…မပါဝင်ပါဘူး
    ဆိုတဲ့သူတွေ….
    ဘာတွေရေးတတ်ကြတယ်…ဘာတွေ…တင်တတ်ကြတယ် ဆိုတာလေးတွေကိုလည်း… ကျွန်တော်တို့…သိနေ…မြင်နေပါတယ်…
    အစ္စလာမ်ဘာသာကို…ထိခိုက်စေမဲ့သတင်းမျိုးဆိုရင်..ရှာရှာဖွေဖွေ ယူလာပြီးတင်တတ်ကြ တယ်…
    တကမ္ဘာလုံးက…လှေစီး ဒုက္ခသည်တွေထဲမှာ…ရိုဟင်ဂျာတွေရော…ဘင်္ဂလားဒေ့ရှ်နိုင်ငံသား တွေပါ…ပါတယ်ဆိုတုန်းက..စိတ်မဝင်စားသလိုနေကြပြီး…အခု..ဗမာအစိုးရ..ဝါဒဖြန့်ရေးသားထားတဲ့…လှေစီးတွေဟာ…ဘင်္ဂါလီတွေချည်းပါဘဲဆိုတဲ့သတင်းကိုကျတော့…ပြူးတူးပြဲတဲနဲ့…Share ထားကြတယ်…

    ဟိုရက်ကလည်း…ဆော်ဒီမှာ…ဗလီ တလုံး…ဗုံးကွဲတော့…ဝမ်းသာအားရ..Share လိုက်ကြတာ.. သတိထားမိပါတယ်…

    ISIS ကမဟုတ်တာလုပ်လိုက်တဲ့သတင်းတွေ…ဘိုကိုဟရမ်သတင်းတွေက…သူတို့ သည်းခြေကြိုက်တွေပေါ့…

    နေမျိုးဝေ ဘာရေးရေး…ဘာလုပ်လုပ်…ဝီရသူ..ဘာကြေငြာချက်ထုတ်ထုတ်…ပါမောက္ခ ဘာတွေလုပ်နေ လုပ်နေ…သူတို့.ထင်မြင်ချက်..မပေးကြဘူး…ငြိမ်နေကြတယ်…
    ငါတို့က…သူတို့ဘက်မပါဘူး…ဆိုတဲ့ပုံစံနဲ့…စကားပြောရင်…ကျေးဇူးရှင်ကြီးတွေလို…ပြောတတ် ကြသေးတယ်…

    အဲ့ဒီတော့ ပြောလိုတာက…..
    ကျွန်တော်တို့ဟာ…နာကျင်ခံစားတတ်သူတွေလည်း ဖြစ်ကြပါတယ်….
    ကျွန်တော်တို့ဟာ…အမှတ်သည်းခြေ ကြီးတဲ့သူများလည်းဖြစ်ကြပါတယ်….ဆိုတာကိုပါ….။

    Like

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s