တရုပ်​တာဝန်​ရှိသူတစ်​ဦး “ခင်​ဗျားတို့တိုင်းပြည်​ထဲက လူမျိုး​ရေး၊ဘာသာ​ရေးပဋိပက္ခ​တွေ​အောက်​ကမီးခလုပ်​က ကျ​နော်​တို့လက်​ထဲမှာပါ”

တရုပ်​ပြည်​ကို​လေ့လာ​ရေးသွားတဲ့ NLD အမတ်​တစ်​ချို့ကို တရုပ်​တာဝန်​ရှိသူတစ်​ဦး​ပြောခဲ့တာ​လေးပါ။

“ခင်​ဗျားတို့တိုင်းပြည်​ထဲက လူမျိုး​ရေး၊ဘာသာ​ရေးပဋိပက္ခ​တွေက

  • မီးဖို​ပေါ်ကအိုးဆိုရင်

  • ​အောက်​ကမီးခလုပ်​က ကျ​နော်​တို့လက်​ထဲမှာပါတဲ့”

မ​နေ့က ဦးရဲထွဋ်ရဲ့ အင်​တာဗျူးတစ်​ခုနား​ထောင်​လိုက်​ရပါတယ်​။


သူ​ပြောသွားတာ​တွေထဲမှာ ပြည်​သူအများစုက ​လျော့​လျော့​ပေါ့​​ပေါ့ တွေးထားတတ်​တဲ့ အ​ကြောင်းအရာတစ်​ခုသွား​တွေ့ပါတယ်​။

“တရုပ်အစိုးရအ​နေနဲ့ သူတို့နဲ့နယ်​​မြေခြင်းထိဆက်​​နေတဲ့ တိုင်းပြည်​တစ်​ခုမှာ လစ်​ဘရယ်​ဒီမိုက​ရေစီနိုင်​ငံတစ်​ခု​ပေါ်​ပေါက်​လာမှာကို ကြိုက်​လိမ့်​မယ်​လို့ခင်​ဗျားတို့ထင်​​နေသလားတဲ့ ”

အဓိပ္ပာယ်​အများကြီး ဆန့်​ထွက်​နိုင်​ပြီး ကျ​နော်​တို့ပြည်​သူ​တွေပါ ပါးပါးနပ်​နပ်​နဲ့ ​ရှောင်​ကွင်းနိုင်​ကာပါမှ ဒီအန္တရာယ်​ကို ​ကျော်​ဖြတ်​နိုင်​လိမ်​မယ်​လို့မြင်​မိပါတယ်​။တဆက်​ထဲ​ခေါင်းထဲပြန်​ဝင်​လာတာက တရုပ်​ပြည်​ကို​လေ့လာ​ရေးသွားတဲ့ NLD အမတ်​တစ်​ချို့ကို တရုပ်​တာဝန်​ရှိသူတစ်​ဦး​ပြောခဲ့တာ​လေးပါ။

“ခင်​ဗျားတို့တိုင်းပြည်​ထဲက လူမျိုး​ရေး၊ဘာသာ​ရေးပဋိပက္ခ​တွေက မီးဖို​ပေါ်ကအိုးဆိုရင်​ ​အောက်​ကမီးခလုပ်​က ကျ​နော်​တို့လက်​ထဲမှာပါတဲ့”

အဲဒီ​တော့ ကျ​နော်​တို့တိုင်းပြည်​ရဲ့ အတွင်းစည်းအ​တော်​များများမှာ သူတို့ဆဲလ်​​တွေရှိ​နေပြီး၊ကျ​နော်​တို့တိုင်းပြည်​ရဲ့ ကံကြမ္မာအ​တော်​များများကိုလည်း သူတို့ထိမ်းချုပ်​ထား​ကြောင်းက​ပေါ်လွင်​​နေပါတယ်​။

ကျ​နော်​တို့အ​နေနဲ့ ​ရှောင်​လွဲလို့မရတဲ့ အိမ်​နီးချင်းလည်းဖြစ်​၊ကမ္ဘာဆူပါပါဝါနိုင်​ငံကြီး တစ်​နိုင်​ငံလည်းဖြစ်​တဲ့တရုပ်​ရဲ့သြဇာကို ကျ​နော်​တို့တစ်​ခဏနဲ့ ​ကျော်​လွှားနိုင်​ဖို့မလွယ်​ပါဘူး။
တရုပ်​ကိုအလွန်​အကျွံမှီခိုခဲ့တာ​တွေရဲ့ ​နောက်​ဆက်​တွဲဆိုးကျိုးဆိုပါ​တော့။

ပြည်​တွင်းငြိမ်းချမ်း​ရေးကိုလည်း သူတို့လိုသလိုကစား​နေမှာ​သေချာပါတယ်​။
ဒါ​ကြောင့်​ လက်​ရှိကျင်းပ​နေတဲ့ညီလာခံဟာလည်း လွယ်​လွယ်​ကူကူ​အောင်​မြင်​ဖို့မရှိပါဘူး။ကျ​နော်​တို့အချိန်​တစ်​ခု​ပေးပြီး စိတ်​ရှည်​လက်​ရှည်​နဲ့ နဲနဲခြင်း ရွေ့ရင်း တစ်​​နေ့​နေ့​တော့ မိုးလင်းလာမှာ​​သေချာပါတယ်​။

Advertisements

3 thoughts on “တရုပ်​တာဝန်​ရှိသူတစ်​ဦး “ခင်​ဗျားတို့တိုင်းပြည်​ထဲက လူမျိုး​ရေး၊ဘာသာ​ရေးပဋိပက္ခ​တွေ​အောက်​ကမီးခလုပ်​က ကျ​နော်​တို့လက်​ထဲမှာပါ”

  1. Min Min Latt သူပုန်လည်းမွေးထားပေး တပ်ကိုလည်း ကူညီပေး ယာလည်းညက်စေ ကြက်လည်းမောစေ …..

    Like

  2. This is just a hearsay evidence. We may need the confirmation video clip of former Information Minister U Ye Htut’ interview and need to investigate and confirm with the NLD delegate to China.

    Like

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s