ရမ်မဒန်လမြတ် ဟာမွတ်စလင်တွေအတွက် ဘာကြောင့်အရေးပါနေသလဲ

၂၀၁၇ခုနှစ် ရမ်မဒန်လမြတ် နဲ့ဒီလမြတ်ဟာမွတ်စလင်တွေအတွက် ဘာကြောင့်အရေးပါနေသလဲ

မေ ၂၅၊ ၂၀၁၇ Myanmar Muslim Media

ရမ်မဒန်ဟာ မွတ်စလင်တွေအတွက်အမြင့်မြတ်ဆုံးလဖြစ်ပါတယ်။ နှစ်စဉ် ကမ္ဘာတစ်ဝန်းလုံးကမွတ်စလင်တွေ ဟာနေ့အချိန်တွေမှာဥပုသ်စောင့်ထိန်းကြပါတယ်။ ဒါဟာဘာကြောင့်များပါလဲ။

ရမ်မဒန်ဆိုတာဘာလဲ

Image may contain: one or more people, people standing and people walking

ရမ်မဒန်ဟာ မွတ်စလင်လပြက္ခဒိန်ရဲ့ ကိုးလမြောက်လဖြစ်ပါတယ်။ ကျန်းမာပြီးအရွယ်ရောက်ပြီးသား မွတ်စလင်တွေဟာ မနက်အာရုံတက်ကနေ ညနေစောင်းထိ ရမ်မဒန်လမှာဥပုသ်စောင့်ထိန်းကြပါတယ်။ ဒီအထဲမှာ သောက်ခြင်း စားခြင်း အကျင့်ပျက်လုပ်ဆောင်မှုတွေနဲ့ ဒေါသတွေကို စောင့်ထိန်းရှောင်ကြဉ်ကြပါတယ်။ တစ်ခြားဝတ်ပြုခြင်းပုံတွေဖြစ်တဲ့ ၀တ်ပြုဆုတောင်းတာ ကုရ်အာန်ကျမ်းမြတ်ကို ဖတ်ကြားတာ နဲ့ လူ့မှုလုပ်ငန်းတွေဆောင်ရွက်တာတွေက ရမ်မဒန်လမြတ်အတွင်း စိတ်ခွန်အားဖြစ်စေတာတွေဖြစ်ပါတယ်။ ကုရ်အာန်ကျမ်းမြတ်ကို ရမ်မဒန်လမြတ်အတွင်းမှာထုတ်ပြန်ခဲ့တယ်လို့ မွတ်စလင်တွေကယုံကြည်ထားကြပါတယ်။

ဒီမြင့်မြတ်တဲ့လအတွင်း မွတ်စလင်တွေဟာအာရုဏ်ဦးအကြိုအစားအစာကိုစောစောထစားသောက်ကြပြီး ဥပုသ်စောင့်ထိန်းကာ အစားအသောက်နဲ့ပဲ ဥပုသ်ဖြေကြပါတယ်။ ဗလီတွေမှာလည်း ကြီးမားတဲ့ Iftars(အစားအသောက်နဲ့ဥပုသ်ဖြေ) ပွဲတွေကိုလက်ခံကျင်းပကြပါတယ်။ အထူးသဖြင့် ဆင်းရဲတဲ့သူတွေနဲ့ လိုအပ်နေတဲ့သူတွေအတွက် ဖြစ်ပါတယ်။ ညအချိန်ဝတ်ပြုမှုတွေကိုလည်း Iftar ပြီးနောက် ဗလီတွေမှာဝတ်ပြုကြပါတယ်။

ရမ်မဒန်ဥပုသ်လအတွင်း ကွဲပြားခြားနားတဲ့ယဉ်ကျေးမှုတွေမှာ မတူကွဲပြားတဲ့ရိုးရာတွေရှိကြပါတယ်။ အထူးစားသောက်ဖွယ်ကိုချက်ပြုတာပဲဖြစ်ဖြစ် မိသားစုနဲ့အတူ Iftar(ဥပုသ်ဖြေ) အတူစားသောက်ကြတာပဲဖြစ်ဖြစ် အစ္စလာမ်မစ်သက်ဝင်ယုံကြည်မှုဖြစ်တဲ့ ရက်ရောတဲ့ပေးကမ်းစွန့်ကြဲမှု စတဲ့ရိုးရာဓလေ့အများအပြားနဲ့စေ့ဆော်ပေးနေတာပဲဖြစ်ပါတယ်။ အစားအသောက်ဝေငှပေးကမ်းမှု နဲ့ Iftar အတွက်ဧည့်သည်တွေကိုဖိတ်ကြားတဲ့ဓလေ့တွေလည်းရှိကြပါတယ်။

ရမ်မဒန်ဥပုသ်လဟာဘယ်အချိန်လဲ

ရမ်မဒန်လဟာ လပြက္ခဒိန်ရဲ့အစိတ်အပိုင်းပဲဖြစ်ပါတယ်။ ဂရီဂိုရီယန်ပြက္ခဒိန်ပေါ်မူတည်ပြီး နှစ်စဉ်ပြောင်းလည်မှု နေ့ပဲဖြစ်ပါတယ်။ ရမ်မဒန်လပထမနေ့ကိုမကြေငြာခင် လသစ်ရောက်ရှိလာဖို့အတွက် မွတ်စလင်တွေကစောင့်ဆိုင်းကြပါတယ်။ ဒါပေမယ့်လည်း အဲဒီနေ့ကိုသူတို့ကြိုတင်ခန့်မှန်းနိုင်ပါတယ်။ ဒီနှစ် ရမ်မဒန်လမြတ်ဟာ မေ ၂၇ ဒါမှမဟုတ် မေ ၂၈ ရက်နေ့မှာစတင်မှာဖြစ်ပါတယ်။

ရမ်မဒန်ဥပုသ်လဘယ်လောက်ကြာသလဲ

လသစ်မြင်တဲ့အပေါ်မူတည်ပြီး လနဲ့သက်ဆိုင်တဲ့လတွေဟာ ၂၉/၃၀ကြား ကြာရှည်ပါတယ်။ ၂၉ရက်နေ့ညမှာ လမမြင်ခဲ့ဘူးဆိုရင် ရမ်မဒန်လဟာ ရက်ပေါင်း၃၀ကြာရှည်နိုင်ပါတယ်။ လအကုန်လောက်မှာမှတ်သားပြီး မွတ်စလင်တွေက ကိုးကွယ်ယုံကြည်မှုနဲ့ အောင်မြင်စွာဥပုသ်စောင့်ထိန်းနိုင်ခဲ့တာအတွက် အစ်ဒ်အဲလ်ဖစ်ဒ်တာ(Eid al-filt) ဂုဏ်ပြုမှုတွေကျင်းပကြပါတယ်။

ရမ်မဒန်လမြတ်မှာမွတ်စလင်တွေဘာကြောင့် ဥပုသ်စောင့်ထိန်းကြသလဲ

ရမ်မဒန်လမြတ်အတွင်း ဥပုသ်စောင့်ထိန်းတာဟာ အစ္စလာမ်ရဲ့မဏ္ဍိုင်ကြီးငါးရပ်ထဲမှာ တစ်ခုအပါအ၀င်ဖြစ်ပါတယ်။ ကုရ်အာန်ကျမ်းမြတ်ထဲမှာလည်းဟောကြားချက်ပါရှိပါတယ်။ ကျန်းမာပြီးအရွယ်ရောက်တဲ့မွတ်စလင်အားလုံး တစ်နေ့တာဥပုသ်စောင့်ထိန်းကြဖို့ဖော်ပြထားပါတယ်။ ဒါမှသာ မွတ်စလင်တွေရဲ့ဥပုသ်စောင့်ထိန်းမှုဟာ ကိုးကွယ်ယုံကြည်မှုလုပ်ဆောင်ချက်ဖြစ်သလို ဖန်ဆင်းရှင်နဲ့နီးစပ်ဖို့ အခွင့်အရေးရရှိလာမှာဖြစ်ပါတယ်။ ပြီးတော့ လိုအပ်နေတဲ့သူတွေကို ပိုပြီးကိုယ်ချင်းစာနာစိတ်တွေဖြစ်ပေါ်လာမှာလည်းဖြစ်ပါတယ်။ ဥပုသ်စောင့်ထိန်းခြင်းဟာ စိတ်ရှည်သည်းခံမှုနဲ့ မကောင်းတဲ့အမူအကျင့်တွေကိုချိုးဖျက်ဖို့ လေ့လာသင်ယူတဲ့နည်းတစ်ခုလည်းဖြစ်ပါတယ်။

Source : Al Jazeera
ဘာသာပြန် : ညောင်နီရွက်

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s