Wirathu is addicted to the stimulant drugs

Maung Maung

ဝီရသူ…..မူးယစ်ဆေးစွဲနေပါတယ်..လို့…ကျ တော် တင်ပြခဲ့ တာ ကြာပါပြီ.


သူ့ကို မူးယစ်ဆေးဝါးတွေ မလုပ်ဖို့ ကိုယ်တိုင် တားဘူးပါတယ်…….

အခု သူပြောနေတာ အားလုံး…ဆေးကောင်းပြီးပြောနေတာပါ….

ဆေးမှ…အခဲ မြို ပြီး ပြောနေတာပါ……..(ဆေးအရည် လုံးဝ မဟုတ်ပါ)

Frontier news:

အဆိုပါ ရှင်းလင်းပွဲတွင် မဘသ ဦးဆောင်ဆရာတော်တပါးဖြစ်သည့် ဦးဝီရလည်း တက်ရောက်ခဲ့ပြီး ပွဲပြီးခါနီးတွင်မှ ဟောပြောမှုပြုလုပ်ခဲ့ရာ ပရိတ်သတ်များက တခဲနက်လက်ခုပ်တီး၍ သြဘာပေးခဲ့သည်။

“မဘသ ဆရာတော်တွေ၊ တကယ့်ယုံကြည်ချက်နဲ့ အလုပ်လုပ်နေတာတွေကို စော်ကားမော်ကား ပြုနေတာတွေကို ရပ်တန်းကရပ်လိုက်ပါ” ဟု တရားဟောခွင့် တနှစ်ပိတ်ပင်ခံထားရသည့် ဦးဝီရသူက မာန်ပါပါဖြင့် ဟောပြောခဲ့သည်။

ထို့အပြင် သာသနာရေးဝန်ကြီး သူရဦးအောင်ကို ကို ရည်ညွှန်း၍ “လကောင်ကြီး” ဟု အော်ဟစ်ခေါ်ဝေါ် သုံးစွဲခဲ့ပြီး တက်ရောက်လာသူ လူပုဂ္ဂိုလ်များနှင့် ဘုန်းတော်ကြီးများက လက်ခုပ်တီး၍ အားပေးခဲ့ကြသည်။

မဘသ၏ ယခု လေးနှစ်ပြည့်တွေ့ဆုံပွဲသည် ယခင် ၂၀၁၆ ခုနှစ်က ကျင်းပခဲ့သည့် အောင်ဆန်းတောရကျောင်းတွင် ကျင်းပခဲ့ခြင်းဖြစ်သော်လည်း တက်ရောက်လာသည့် ရဟန်းနှင့်လူပုဂ္ဂိုလ်ဦးရေမှာ ယခင်နှစ်ကထက် နှစ်ဆခန့် များပြားခဲ့သည်။

သတင်း-မြတ်ကျော်သူ

ဓာတ်ပုံ-တေဇလှိုင်

Image may contain: 2 people, flower

အဆိုပါ ရှင်းလင်းပွဲတွင် မဘသ ဦးဆောင်ဆရာတော်တပါးဖြစ်သည့် ဦးဝီရလည်း တက်ရောက်ခဲ့ပြီး ပွဲပြီးခါနီးတွင်မှ ဟောပြောမှုပြုလုပ်ခဲ့ရာ ပရိတ်သတ်များက တခဲနက်လက်ခုပ်တီး၍ သြဘာပေးခဲ့သည်။ ဓာတ်ပုံ-တေဇလှိုင်


Nyo Tun

ရောဂါ

ဦးဝီရသူကနေ ဝန်ကြီးဦးအောင်ကိုကို ‘နကောင်ကြီး’ လို့ ခေါ်ဝေါ်သုံးစွဲတဲ့ ဗွီဒီယိုကို တွေ့လိုက်ရပါတယ်။ နကောင်ကြီး ဆိုတာ ‘နကန်းကြီး’ လို့ ဆိုလိုချင်တာ ဖြစ်ပါလိမ့်မယ်၊ မြန်မာစကားဝေါဟာရတွေကို မေ့ပြီး ရောထွေးကာ သုံးနေတာနဲ့ တူပါတယ်။

သို့သော် ဗွီဒီယိုထဲမှာ ဦးဝီရသူကို ကျနော် ထူးထူးခြားခြား သတိပြုမိတာက ပုဂ္ဂိုလ်၏ မျက်တောင်ခတ်ခြင်းပါ။ ၄င်းဟာ စကားအပြတ်အတောက်နေရာ တခုရောက်တိုင်း ဥပမာ “သည်ကောင်ကြီးဟာ နကောင်ကြီး။” မျက်တောင်ကို လေးငါးဆယ်ချက် ဆက်တိုက်ခတ်တာကို တွေ့ရပါတယ်။ လူတယောက် မျက်တောင်ခတ်နုန်းဟာ ပုံမှန်အားဖြင့် တမိနစ်ကို ၁၅ ကြိမ်မှ ၁၈ ကြိမ်ထိသာ ရှိပါတယ်၊ သည်တော့ သုံးလေးစက္ကန့်အတွင်းတွင် မျက်တောင် လေးငါးဆယ်ချက် ခတ်တယ်ဆိုတာ အရမ်းကို လွန်ကဲနေတဲ့ မျက်တောင်ခတ်နုန်းပါပဲ။
မျက်တောင်ခတ်နုန်း ဘာလို့ မြင့်သလဲဆိုတာ FBI ဒါရိုက်တာဟောင်း ကိုမီကို သွားမေးရင် လိမ်ပြောတာကို သူ့စုံထောက်တွေ ဖမ်းလို့ရတယ်လို့ ဖြေလိမ့်မယ်။ လိမ်ပြောခြင်းနှင့် မျက်တောင်ခတ်ခြင်း ဆက်စပ်မှုကို သေချာတိုင်းတာ လေ့လာထားတဲ့ သုတေသန တခု ရှိပါလေရောလား။ လိမ်ပြောတဲ့သူဟာ လိမ်ပြောနေတဲ့ အချိန်အခါတွင်းမှာ ပုံမှန်မျက်တောင်ခတ်နုန်းထက် များစွာ နှေးကွေးသွားပြီး လိမ်ပြောပြီးတဲ့ အခါမှာ မျက်တောင်ခတ်နုန်းဟာ ပုံမှန်ထက် အလွန်တရာမြန်ဆန်လာတယ်လို့ ဆိုပါတယ်။

ဦးဝီရသူရဲ့ မျက်တောင်ခတ်နုန်း ပုံမှန်မဟုတ်ဘဲ မြန်ဆန်နေခြင်း ကတော့ လိမ်ပြောခြင်း (ဝါ) လိမ်ပြောတာကို သိနေခြင်းကြောင့်တော့ ဟုတ်ဟန်မတူပါဘူး။ သည်မှာ ကျနော်တို့ ဇီဝကမ္မဗေဒ ရူဒေါင့်ကနေ တချက် စဉ်းစားကြည့်ပါမယ်။ ဗဟိုအာရုံကြောစနစ်မှာ မျက်တောင်ခတ်နုန်းကို မြန်ဆန်စေတဲ့ အာရုံပေါင်းကူးဓာတုဒြပ်ပေါင်း (neurotransmitters) နှစ်မျိုးဟာ ဒိုပါမင်း(dopamine) နဲ့ နစ်ကိုတင်း (nicotine) တို့ ဖြစ်ပါတယ်။

ဗဟိုအာရုံကြောစနစ်မှာ ပါဝင်တဲ့ ဦးနှောက်ကနေ ဒိုပါမင်းတွေရဲ့ ထွက်ရှိလှုပ်ရှားသက်ရောက်မှု လွန်ကဲရင် လူတယောက်ဟာ မျက်တောင်ခတ်နုန်း သာမန်ထက် ထူးကဲမြန်ဆန်မယ်၊ ဦးနှောက်ကနေ ဒိုပါမင်းထွက်တာ ကျဆင်းရင် မျက်တောင်ခတ်နုန်း သာမန်ထက် လေးလံနှေးကွေးမယ်။ ဥပမာ မိုဟာမက်အလီမှာ စွဲကပ်ကျရောက်တဲ့ ပါကင်ဆန်ရောဂါ (Parkinson’s disease) လိုမျိုးမှာဆို ဒိုပါမင်းထုတ်တဲ့ (ဦးနှောက်ရဲ့) substantia nigra အစိတ်အပိုင်းက ဆဲလ်တွေဟာ ပျက်သုန်းသွားတဲ့ အတွက် ဝေဒနာရှင်ရဲ့ မျက်တောင်ခတ်နုန်းဟာ အဆမတန် လေးကွေးသွားတယ်။

ကိုကင်းစတဲ့ မူးယစ်ဆေးဝါးတွေကို သုံးစွဲရင်လည်း ဆေးသမားရဲ့ ခန္ဓာကိုယ်ထဲက သွေးလှည့်ပတ်မှုမှာ ဒိုပါမင်းတွေ များနေတယ်။ အဲသလို ခန္ဓာကိုယ်ထဲမှာ ဒိုပါမင်းတွေများနေရင် ကျနော်တို့ ဆေးပညာ အခေါ်အဝေါ်အရတော့ down-regulation ဆိုတာ ဖြစ်တယ်၊ ဦးနှောက်ဆဲလ်တွေရဲ့ ဒိုပါမင်းကို လက်ခံတဲ့ receptor (ပရိုတိန်းတံခါးပေါက်) တွေဟာ ဗီဇပြောင်းလဲပြီး “ထုံ”သွားတာပေါ့၊ ခန္ဓာကိုယ်ထဲမှာ သိပ်ကိုများနေတဲ့ ဒိုပါမင်းကို လက်မခံချင်တော့ဘူးလေ။ အဲသည်အခါမှာလည်း မျက်တောင်ခတ်မှု ကျဆင်းနိုင်ပါတယ်။ ယျေဘုယျအားဖြင့် ကိုကင်းသမားတွေရဲ့ မျက်တောင်ခတ်နုန်းဟာ တမိနစ်ကို ခုနှစ်ကြိမ်မှ ကိုးကြိမ်ခန့်သာ ရှိတဲ့အတွက် သိသိသာသာ (သာမန်ထက် ၅၀%) ပိုနှေးကွေးပါတယ်။ သည်တော့ ဦးဝီရသူရဲ့ ပုံမှန်မဟုတ်သော လက္ခဏာဟာ ကိုကင်းစတဲ့ မူးယစ်ဆေးဝါးကြောင့်တော့လည်း ဟုတ်ဟန်မတူပါဘူး။

သို့ဆိုလျှင် စဉ်းစားစရာ အဓိကတခုတော့ ရှိပါတယ်။ စိတ်ရောဂါကုဆေး၊ အထူးသဖြင့် စိတ်ကျရောဂါကုဆေးတွေဟာ ဦးနှောက်ရဲ့ ဒိုပါမင်းထုတ်လုပ်မှုကို သွယ်ဝိုက်ပြီး တိုးမြှင့်သက်ရောက်နိုင်ပါတယ်။ ဘယ်လို သက်ရောက်သလဲဆို စိတ်ကျရောဂါကုဆေးတွေဟာ လူနာတိုင်းတော့ မဟုတ်ပေမယ့် တချို့သော လူနာတွေမှာ sleep-deprivation (အိပ်စက်လို့ မရခြင်း) ကို ဖြစ်ပေါ်စေတတ်တယ်။ အဲသလို မအိပ်ဘဲနေတဲ့ လူနာတွေမှာ ဒိုပါမင်းတွေ အများကြီး ပိုမိုထုတ်လုပ် ထွက်ရှိလာခြင်းကြောင့် ဖြစ်နိုင်တယ်ဆိုတဲ့ အယူအဆကို တင်ပြထားတဲ့ ဆေးသုတေသန စာတမ်းတခု ရှိပါတယ်။

ကျနော့်လောလောဆယ် ကောက်ချက်ကတော့ ဦးဝီရသူဟာ ‘ဆေးသောက်နေရတဲ့ လူလား’ ပေါ့။ သည်ကောက်ချက်ကို အားဖြည့်ပေးနိုင်တဲ့ တချက်ကလည်း ဟိုတလောက ကိုယ်တော်ဟာ Facebook မှာ ဘယ်သူနဲ့မဆို စကားပြောဆွေးနွေးမယ်ဆိုပြီး live လွှင့်ပါလေရောလား၊ ည (၂) နာရီထိ ပြောလို့ရတယ်လို့ သူကပြောတယ်လေ။ မအိပ်နိုင်တာကို ပြတာပေါ့။ ဒိုပါမင်းတွေ အများကြီး ထွက်နေတာပေါ့။ ဆေးသောက်ပြီး စိတ်တွေ တအားတက်ကြွ၊ လောကကြီးတခုလုံး ခါးစောင်းတင်ပြမယ်လို့ သည်ကိုယ်တော် ဖြစ်နေသလားပေါ့။

မဟန၏ ဆုံးဖြတ်ချက်များကို မဘသ ပြင်းပြင်းထန်ထန် တုံ့ပြန်

Image may contain: one or more people, crowd and indoor

ရန်ကုန်၊ မေ ၂၇

အမျိုးဘာသာ၊ သာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ) ကို ဖျက်သိမ်းရမည့် ဆုံးဖြတ်ချက် အပါအဝင် နိုင်ငံတော်သံဃမဟာနာယက (မဟန) ၏ ဆုံးဖြတ်ချက်များကို မဘသအဖွဲ့က ၎င်းတို့၏ လေးနှစ်မြောက်တွေ့ဆုံပွဲတွင် ပြင်းပြင်းထန်ထန် တုံ့ပြန်ရှုံ့ချလိုက်သည်။

ယခုပွဲကို ယခင်က အဖွဲ့ကြီး၏ လေးနှစ်ပြည့်ညီလာခံအဖြစ် ကျင်းပရန် စီစဉ်ခဲ့သော်လည်း မဟနက မဘသကို ဖျက်သိမ်းရန် ဆုံးဖြတ်ပြီးနောက် ညီလာခံမဟုတ်ဘဲ အထူးရှင်းလင်းပွဲဟူ၍ ပြောင်းလဲ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

စကားပြောစင်တွင် ဦးဆောင်ဟောပြောသည့် ဆရာတော်အများစုသည် သာသနာရေးဝန်ကြီး သူရဦးအောင်ကိုအပေါ် စောင်းပါးရိပ်ချည် ခနဲ့၊ ပြောဆိုသွားပြီး မဟန အဖွဲ့၏ ရပ်တည်ချက်များအပေါ်လည်း ထေ့လုံး၊ ငေါ့လုံးများဖြင့် လှောင်ပြောင်ခဲ့ကြသည်။

ထို့ပြင် မဟနအနေနှင့် မဘသအဖွဲ့အစည်းကို ဖျက်သိမ်းရန် ဆုံးဖြတ်မှုသည် တရားမျှတမှုမရှိကြောင်းနှင့် လုပ်ပိုင်ခွင့်မရှိကြောင်း တက်ရောက်လာသည့် ဦးဆောင်ဘုန်းတော်ကြီးများက တုံ့ပြန်ဝေဖန်ခဲ့သည်။

မဟန အနေနှင့် မဘသ ဖျက်သိမ်းရန်နှင့် မသဘ နာမည်ကို လူပုဂ္ဂိုလ်ဖြစ်စေ၊ ရဟန်းဖြစ်စေ မသုံးစွဲရန် မေ ၂၃ ရက်နေ့က ထုတ်ပြန်ခဲ့သည်။ ယင်းအမိန့်ကိုဆန့်ကျင်သူများအား ‘အလျင်အမြန်’ အရေးယူရန် ပြည်ထဲရေးဝန်ကြီးဌာနကို တွန်းအားပေးထားသည်။

မဘသ ဥပဒေ အထောက်အကူပြုအဖွဲ့ အတွင်းရေးမှူး ရှေ့နေ ဒေါ်ခင်ခင်ဌေးက “နာမည်တခုကို မသုံးစွဲရဘူးလို့ ဥပဒေပြဌာန်းထားတာ မရှိသေးဘူး၊ ဒါကြောင့် မဘသ ဆိုတဲ့နာမည်ကို မသုံးစွဲရဘူးလို့ အမိန့်ထုတ်တာဟာ ဥပဒေနဲ့ မလျော်ညီဘူး” ဟု အဆိုပါပွဲတွင် မေးမြန်းသူများကို ပြန်လည်ဖြေကြားခဲ့သည်။

 

ယခုပွဲကို တက်ရောက်လာသည့် ရဟန်းနှင့်လူပုဂ္ဂိုလ်ဦးရေမှာ ယခင်နှစ်ကထက် နှစ်ဆခန့် များပြားခဲ့သည်။ ဓာတ်ပုံ-တေဇလှိုင်

မဘသ (ဗဟို)၏ ဦးဆောင်ဆရာတော်တပါးဖြစ်သည့် အရှင် ပါသောက က “အရင်ကတော့ မဟန ဆရာတော်ကြီးတွေက မိန့်တယ်။ တကယ်လို့ မဘသ သာ မဟနနဲ့ပူးပေါင်းမယ်ဆိုရင် ကြိုဆိုတယ်ပေါ့။ ကောင်းတယ်ပေါ့။ ဒါပေမယ့် ခုတော့ ဘာကြောင့် ပြောင်းလဲသွားလဲဆိုတာ မသိပါဘူး” ဟု မဟန၏ ဆုံးဖြတ်ချက်အပေါ် တုံ့ပြသည်။

အဆိုပါ ရှင်းလင်းပွဲတွင် မဘသ ဦးဆောင်ဆရာတော်တပါးဖြစ်သည့် ဦးဝီရသူလည်း တက်ရောက်ခဲ့ပြီး ပွဲပြီးခါနီးတွင်မှ ဟောပြောမှုပြုလုပ်ခဲ့ရာ ပရိတ်သတ်များက တခဲနက်လက်ခုပ်တီး၍ သြဘာပေးခဲ့သည်။

“မဘသ ဆရာတော်တွေ၊ တကယ့်ယုံကြည်ချက်နဲ့ အလုပ်လုပ်နေတာတွေကို စော်ကားမော်ကား ပြုနေတာတွေကို ရပ်တန်းကရပ်လိုက်ပါ” ဟု တရားဟောခွင့် တနှစ်ပိတ်ပင်ခံထားရသည့် ဦးဝီရသူက မာန်ပါပါဖြင့် ဟောပြောခဲ့သည်။

ထို့အပြင် သာသနာရေးဝန်ကြီး သူရဦးအောင်ကို ကို ရည်ညွှန်း၍ “လကောင်ကြီး” ဟု အော်ဟစ်ခေါ်ဝေါ် သုံးစွဲခဲ့ပြီး တက်ရောက်လာသူ လူပုဂ္ဂိုလ်များနှင့် ဘုန်းတော်ကြီးများက လက်ခုပ်တီး၍ အားပေးခဲ့ကြသည်။

မဘသ၏ ယခု လေးနှစ်ပြည့်တွေ့ဆုံပွဲသည် ယခင် ၂၀၁၆ ခုနှစ်က ကျင်းပခဲ့သည့် အောင်ဆန်းတောရကျောင်းတွင် ကျင်းပခဲ့ခြင်းဖြစ်သော်လည်း တက်ရောက်လာသည့် ရဟန်းနှင့်လူပုဂ္ဂိုလ်ဦးရေမှာ ယခင်နှစ်ကထက် နှစ်ဆခန့် များပြားခဲ့သည်။

သတင်း-မြတ်ကျော်သူ

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s