သာကေတက မွတ်စ်လင်မ်တွေ မိုးရွာကြီးထဲမှာ ဝတ်ပြုနေကြရတဲ့ဓါတ်ပုံကိုတွေ့တော့ အင်မတန်မှဘဲ စိတ်မချမ်းမသာဖြစ်ရတယ်

Paw Lwin

မွတ်စ်လင်မ်ပြဿနာ ဝိပဿနာ နှင့် နိုင်ငံရေးအတွေးများ

သာကေတက မွတ်စ်လင်မ်တွေ
မိုးရွာကြီးထဲမှာ ဝတ်ပြုနေကြရတဲ့ဓါတ်ပုံကိုတွေ့တော့
အင်မတန်မှဘဲ စိတ်မချမ်းမသာဖြစ်ရတယ်

ဝိပဿနာအလုပ်တရားကို လေ့ကျင့်နေသူအနေနဲ့
ငါ့စိတ်ကလေး ဘယ်ရောက်သွားသလဲ ဆိုတာကို အမြဲမပြတ်
(သတိကပ်မိတဲ့အချိန်တိုင်း) စောင့်ကြည့်နေရလေတော့
အဲလို မြင်လိုက်ရတဲ့ ဓါတ်ပုံတွေအပေါ်မှာ မူတည်ပြီး
ကိုယ့်စိတ်ရဲ့ ဆင့်ကဲဆင့်ကဲ ပြောင်းလဲသွားတဲ့ ဖြစ်စဉ်တွေကို
တိတိကျကျ မှတ်မှတ်သားသား သတိထားမိလိုက်တယ်

မြင်မြင်ချင်းမှာ အော် ဖြစ်မှဖြစ်ရပလေ လို့ ရင်ထဲဆို့သွားတယ်
တဆက်တည်းမှာ ငဒို့ကြောင့်ဖြစ်ရရှာလေခြင်း လို့ ယူကြုံးမရဖြစ်တယ်
(ကိုယ့်လူမျိုး ကိုယ့်ဘာသာဝင်တွေလက်ချက်ကြောင့်ဖြစ်ရတာဆိုတော့
ကိုယ့်စနက်လဲမကင်းဘူး လို့ လိပ်ပြာမလုံတဲ့ အငုံ့စိတ် အခံရှိတာကိုး)
ဒီဓါတ်ပုံတွေကို တစ်ကမ္ဘာလုံးက မြင်ကြတော့မှာဘဲ ဒုက္ခဘဲ
ငဒို့ မြန်မာဗုဒ္ဓဘာသာဝင်တွေ အကုန်သိက္ခာကျပြီ လို့ စိုးရိမ်စိတ်
အလကား တစောက်ကန်းကောင်တွေ လျှောက်လုပ်လို့ကွာ
ငဒို့ပါ တစ်နွယ်ငင်တစ်စင်ပါ အရှက်ကွဲရတယ် ဒေါသစိတ်

(အဲဒီနောက်မှာတော့ အတွေးတွေက မြန်လွန်းလို့ ဖမ်းမမိတော့ဘူး
ဝိပဿနာမူကြိုတန်းအဆင့်ဆိုတော့လဲ ဒီလောက်မိတာကိုတောင်
ကိုယ့်ကိုယ်ကို ကျောသပ်ရင်သပ် ချီးမွမ်းပေးနေရတယ် 🙂 )

မွတ်စ်လင်မ်တွေအနေနဲ့က ဒါဟာ ဘာသာရေးကိစ္စ
ကိုယ့်ဖက်ကကြည့်ရင်တော့ ဒါဟာ နိုင်ငံရေးပြဿနာဖြစ်နေတယ်
အခြားတစ်ပါးသောပြဿနာတွေလဲရှိတော့ရှိပါတယ်
ဥပမာ စစ်ဘေးရှောင်စခန်းတွေက တိုင်းရင်းသားဒုက္ခသည်မိသားစုတွေ
ဒါပေမယ့် မွတ်စ်လင်မ်ပြဿနာက ပိုများတယ် ပိုလဲရှင်းဖို့ခက်တယ်
အခုဖြစ်နေတဲ့ပြဿနာကိုကြည့်
#တိုင်သူ ရှိလို့ ဝတ်ပြုတဲ့နေရာတွေချိတ်ပိတ်ရာကစတယ်
#တိုင်သူ ရှိလို့ စတုဒိသာမဏ္ဍပ်တွေ ပြန်ဖျက်ခိုင်းရတယ်
အဲဒီ #တိုင်သူ ကို မတိုင်အောင် ဘယ်လိုလုပ်မလဲ
သူတို့ရင်ထဲက အမုန်းစိတ်တွေပျောက်အောင် ဘယ်လိုလုပ်မလဲ

နိုင်ငံရေးမှာ ဘာတစ်ခုမှ စွမ်းစွမ်းတမံ ဝင်မလုပ်ဖူးပေမယ့်
ကိုယ့်ရဲ့ ဝေလေလေ အော်သံလေးကိုတော့ တန်ဖိုးရှိရှိအသုံးချချင်တယ်
ဘက်မှားပြီးမရပ်မိအောင် နိုင်ငံရေးဝိပဿနာ အမြဲရှုမှတ်နေရတယ်

တစ်ကိုယ်တည်းရပ်တည်နေတဲ့ ဧကစာနိုင်ငံရေးသမားတစ်ဦးအနေနဲ့
ဘယ်လိုအစိုးရမျိုးကို ကိုယ်လိုချင်သလဲ ဆိုတာ
ဘာသီအိုရီမှမပါဘဲ ရိုးရိုးလေး ပြောပြနိုင်ပါတယ်

တိုင်းပြည်တိုးတက်ကြီးပွားဖို့ အလုပ်ကြီးကြီးတွေ လုပ်နေရင်းမှာဘဲ
လတ်တလောမှာ အနွေးထည်မဝတ်နိုင်တဲ့ ဆင်းရဲသားပြည်သူတစ်ဦးကို
သူ့ကိုယ်ပေါ်ကအနွေးထည် ချက်ခြင်းချွတ်ပြီး ဝတ်ပေးခဲ့တဲ့
ဗိုလ်ချုပ်အောင်ဆန်း လို စိတ်ဓါတ်မျိုးရှိသူတွေနဲ့ချည်း ဖွဲ့စည်းထားတဲ့
မိခင်နှင့်တူသော အစိုးရမျိုးကို ကျွန်တော် အလိုရှိပါတယ်

မာတာ ယထာ နိယံပုတ္တ
မာယုသာ ဧကပုတ္တ မနုရက္ခေ

Advertisements

One thought on “သာကေတက မွတ်စ်လင်မ်တွေ မိုးရွာကြီးထဲမှာ ဝတ်ပြုနေကြရတဲ့ဓါတ်ပုံကိုတွေ့တော့ အင်မတန်မှဘဲ စိတ်မချမ်းမသာဖြစ်ရတယ်

  1. Maung Maung Ko
    May 28 at 3:31pm · Yangon, Myanmar ·
    ဖြစ် ရ တယ် ကွယ်.ခွင့် ပြု တယ် ဆို လို့..ထိုး တဲ့..ယာ ဂု ကြို မဲ့ ‘ တဲ ‘..တိုင်း အ ထိ တိုင် လို့ ဖျက် ပေး ရ တယ် တဲ့…..
    တိုင်း က.တာ ဝန် ရှိ သူ တွေ က..လည်း… အေး..ဟ…သူ တို့..သည် တစ် လ..ယာ ဂု ကြို..အ ရပ် ထဲ ဝေ ငှ..တာ…
    တစ် လ နေ တော့ ဖျက် လိမ့် မယ် လို့..မ ပြော ရဲ ရှာ ဘူး..

    Like

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s