မြန်မာနိုင်ငံဟာ ခင်ဗျားတို့ ဗမာလူမျိုး တမျိုးထဲသာ ပိုင်တဲ့ ဆိုင်တဲ့နိုင်ငံမဟုတ်ဘူး…. ကျုပ်တို့..မြန်မာမွတ်စလင်တွေ ခရစ်စယန်တွေလည်း ပိုင်တယ် ဆိုင်တယ်

Maung Maung

ခင်ဗျားတို့…စကားပြောတာ…လူပါးဝပြီးမပြောကြနဲ့….

မြန်မာနိုင်ငံဟာ…ခင်ဗျားတို့…ဗမာလူမျိုး…တမျိုးထဲသာ…ပိုင်တဲ့…ဆိုင်တဲ့နိုင်ငံမဟုတ်ဘူး….
ခင်ဗျားတို့…ဗမာလူမျိုး…ဗုဒ္ဓဘာသာဝင်အများစုရှိတယ်….
ခင်ဗျားတို့ရဲ့ သာသနာဟာ…တိုင်းပြည်မှာ ထင်ရှားတဲ့ ဝိသေသထူးတွေနဲ့ရှိနေတယ်…
ဒါကို…ဘယ်သူမှ…မငြင်းဘူး…..



မြန်မာနိုင်ငံဟာ…ခင်ဗျားတို့ပိုင်သလို…ဆိုင်သလို…
ကျုပ်တို့…မြန်မာမွတ်စလင်တွေလည်း…ပိုင်တယ်…ဆိုင်တယ်…
မြန်မာ ခရစ်စယန်တွေလည်း…ပိုင်တယ်…ဆိုင်တယ်….
ရိုးရာ နတ်ကိုးကွယ်သူတွေလည်း..ပိုင်တယ်…ဆိုင်တယ်..
နောက်ထပ်…မြန်မာနိုင်ငံကို…ပိုင်တဲ့…ဆိုင်တဲ့…တိုင်းရင်းသားတွေအများကြီးရှိသေးတယ်

တိုင်းပြည်ထဲကို…ခိုးဝင်လာတဲ့သူဆိုရင်…ကျုပ်တို့လည်း…လက်မခံဘူး…ဆိုတာ..သေသေ ချာချာ သဘောပေါက်ထားလိုက်….
အခုဖြစ်နေတဲ့ပြသနာက…အုပ်ချုပ်နေတဲ့ မတရားတဲ့အစိုးရက…သူတို့ လုပ်ထားတဲ့ အရှုပ်ထုတ်ကို…ပြည်တွင်းမှာရှိပြီးသား…တိုင်းရင်းသား လူမျိုးတမျိုးနဲ့ ရောထွေးအောင်လုပ်ပြီး..တိုင်းပြည်ကို…လူမျိုးရေး…ဘာသာရေးမှိုင်းတိုက်နေတာ…သူတို့ အာဏာရှင် သက်ဆိုးရှည်အောင်…လုပ်နေတာ

…ဒါလောက်ကလေးမှ သဘောမပေါက်ဘဲ…တဖက်ပိတ် ဦးနှောက်တွေနဲ့…တဖက်စွန်းရောက် အမျိုးချစ်တွေ လုပ်ပြမနေနဲ့…

ဒီနိုဘယ်လ်ဆုရှင်တွေဘဲ…ဒီစစ်အာဏာရှင်တွေကို ကန့်ကွက်ခဲ့တုန်းက… ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး…အရေးဆိုခဲ့တုန်းက…အဖမ်းဆီးခံ ကျောင်းသားတွေနဲ့ …နိုင်ငံရေး..အကျဉ်းသားတွေလွှတ်ပေးဖို့ တောင်းဆိုခဲ့တာကို…မေ့သွားကြပြီလား…

ကျုပ်ပြောနေတာ…သူတို့ပြောသမျှ အားလုံးမှန်တယ်…သူတို့ပြောသလို…လုပ်ရမယ်လို့…ပြောနေတာ…မဟုတ်ဘူး…

ခင်ဗျားတို့အခု သိပ်ချစ်သွားတဲ့…စစ်ဗိုလ်ချုပ်တွေကို…နိုင်ငံတကာမှာ…သမာသမတ်ကျတဲ့သူတွေရှေ့မှာ…အရှိကို…အရှိအတိုင်း…အမှန်ကို…အမှန်အတိုင်း…ရှင်းခိုင်းလိုက်….မြန်မာနိုင်ငံအပေါ်…နိုင်ထက်စီးနင်းနဲ့…လူပါးဝလာတာမျိုးဆိုရင်…ဘယ်နိုင်ငံကြီးဘဲ ဖြစ်ပေ့စေ…ကျုပ်တို့ကလဲ…လုံးဝလက်မခံဘူး…ဘင်္ဂလားဒေ့ရှ်က…ရှိတ်ဟစီနာ…လူပါးဝနေတာ…မိုက်ရိုင်းနေတာလဲ…ကျုပ်တို့သိတယ်… ဘယ်ဘင်္ဂလားသားကိုဘဲဖြစ်ဖြစ်…(ဘာသာတူတူ…မတူတူ) ကျုပ်တို့က လက်မခံဘူး..ရိုဟင်ဂျာတွေ…ကိုယ်တိုင်ကလဲ…ဘင်္ဂါလီကို…လက်မခံပါဘူး….ကျုပ် ၂၀၁၂ နှစ်ဦးပိုင်းကထဲက…ရေးခဲ့ဘူးတယ်…ရိုဟင်ဂျာဆိုတာ…လူနဲစုလေးရယ်…ဒါတွေကို…မှန်မှန်ကန်ကန် စီစစ်ပြီးလက်ခံသင့်တယ်…နောက်ကွယ်က…ရိုဟင်ဂျာအမည်ခံပြီး…တကမ္ဘာလုံးမှာပြန့်နေတဲ့ ဘင်္ဂါလီတွေကို…စီစစ်ရမယ်ဆိုတာကို..

.အခုအချိန်အထိ…ခင်ဗျားတို့ လောလောဆယ်…ချစ်သွားတဲ့ အစိုးရက…ပွင့်လင်းမြင်သာစွာနဲ့…ရိုးရိုးသားသား ဖြေရှင်းဖို့..မစီစဉ်သေးဘူး…ပြည်တွင်းမှာ…လူမျိုးရေး…ဘာသာရေးပြသနာတွေဖြစ်လာအောင်ဘဲ…ဖန်တီးနေသေးတယ်..

.ပြည်တွင်းမှာ ပြသနာဖြစ်ပြီး…ရှုတ်ထွေးကုန်ရင်…ဒီပြသနာကို…ကြိုက်သလို ဖြေရှင်းလို့ ရမယ်လို့များထင်နေလား… တိုင်ပြည်…နာသွားမှာစိုးလို့…တိုင်းပြည် တအားနာသွားမှာစိုးလို့…ပြောနေတာဗျ…
– ဒါကိုသဘောမပေါက်ဘူး…ဒီမိုဆိုတဲ့သူတွေရော…လစ်ဗျယ်ဆိုတဲ့သူတွေရော…အမျိုးဘာသာ…သာသနာ..တအားချစ်ပြနေကြတယ်….ကိုယ့်အမျိုး…ကိုယ့်ဘာသာ…ကိုယ့်သာသနာ…ကိုယ်ချစ်တာ…အပြစ်မပြောပါဘူး…ချစ်ကို ချစ်ကြရမှာပါ…ကာကွယ်ကြရမှာပါ…စောင့်ရှောက်ကြရမှာပါ…

ဒါပေမဲ့…ဘက်ဆိုတာ…မျှမျှတတကြည့်တတ်ရတယ်လေ…မျက်ကမ်းမျိုးချစ်တွေတော့ မဖြစ်ကြစေနဲ့ပေါ့ဗျာ….အဲ့ဒီတော့ ပြောစရာရှိတယ်…ငါ့ဟာငါ…မျက်ကမ်းချစ်တော့ ဘာဖြစ်လဲလို့…ချစ်ကြပေါ့ဗျာ…မျက်ကမ်းချစ်တာ…ဝီရသူ ကမ္ဘာမှာ…ဘယ်လိုနံမယ်ကျော်သွားလဲ…ကြည့်လိုက်ပေါ့ဗျာ….

ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေဟာလဲ…ခင်ဗျားတို့…တာဝန်ဘဲပေါ့…..

မည်သူ မပြု…မိမိမှု…တဲ့ဗျ…

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s