တပ်မတော် က တပ်မတော်စစ်စစ်ရပ်တည်ချက်ပြောင်းဖို့လိုသလို၊ သံဃာလဲ သာသနာစစ်စစ်ကို ပြောင်းမှ တိုင်းပြည် ကောင်းပါမယ်

Min Aung

” တပ်မတော် က တပ်မတော်စစ်စစ်ရပ်တည်ချက်ပြောင်းဖို့လိုသလို၊ သံဃာလဲ သာသနာစစ်စစ်ကို ပြောင်းမှ တိုင်းပြည် ကောင်းပါမယ် “

မြန်မာပြည် ဗုဒ္ဓသာသနာ တည့်မတ်ဖို့

၁။ ရဟန်းများ ပရိက္ခရာ ၈ ပါး လွန် မည်သည့် အသုံးအဆောင်မှ ကိုင်ဆောင် သုံးစွဲ မှု မပြုစေရန် ပိတ်ပင်တားဆီးပါ။ဥပမာ –
– ရဟန်းများ လက်ကိုင်ဖုန်း မသုံးရ။( ကျောင်းမှာ လိုင်းဖုန်းချိတ်သွယ်ခွင့်ပြုလို့ရပါတယ်)။
– အင်တာနက် ချိတ် ကွန်ပျူတာသုံးခြင်း မသုံးရ။
– ဓမ္မစာပေ ပြန့်ပွားရန် အင်တာနက်တင်ခြင်းကို လူတို့ကြားခံ လုပ်ပါစေ။
– ငွေကြေးကိုင်ဆောင် သုံးစွဲခြင်း။
– ကျောင်းပိုင် ယာဉ်ကား ဝယ်ယူခြင်း။ (ဒကာ ဒကာမ နာမည်ဖြင့် ဖြစ်စေ၊ ကျောင်းမှာ ယာဉ်ကား ကိုယ်ပိုင် ထားရှိ သုံးစွဲခြင်း)
– မည်သည့် ယာဉ်ကား ရထားမဆို ရဟန်းတို့ သာသနာရေး ခရီးသွားတိုင်း အခမဲ့ သတ်မှတ်ပေးပါ။
– တီဗီ၊ အောက်စက်(ဗီစီဒီ၊ ဒီဗီဒီကြည့်စက်)၊ ကက်စက် စသော နစ္စ၊ ဂီတ ဖျော်ဖြေရေးဆိုင်ရာ ကိရိယာများ မထားရှိရ။
( ဓမ္မာရုံလို ခန်းမမျိုးမှာ တရားဟောခြင်း၊ ဆရာတော်ကြီးများ တရားခွေဖွင့်ခြင်း ကို လူတို့မှတဆင့်သာ ပြုစေရန်)

၂။ ရဟန်းများ မည်သည့် ပွဲလန်းသဘင် ရုပ်ရှင်၊ ဘောပွဲ ကိုမှ မကြည့်ရ။ တွေ့ရှိပါက နေရာမဆိုင်း လူဝတ်လဲပြီး အလုပ်စခန်းပို့။

၃။ ရဟန်းများ မိမိတို့သက်ဆိုင်ရာ စာဖြေ၊ စာသင်ရုံမက ဝိပဿနာကမ္မဌာန်း မထိုင်မနေရ၊ သတ်မှတ်သလို အားထုတ်ခြင်း၊ သီတင်းသုံးနေထိုင်ခြင်း မရှိပါက လူဝတ်လဲရမည်။

၎။ ရဟန်းများ ရဟန်းကိစ္စနှင့် မသက်ဆိုင်သော မည်သည့်နိုင်ငံရေး၊ လူမှုရေးများမှာမှ ဝင်ရောက်စွက်ဖက်ပါတ်သက်ခြင်း မပြုရ။
(လက်ရှိတိုင်းပြည်မှာ စာသင်ကြားရေးမှအစ၊ မိဘမဲ့ကလေးထိန်းကျောင်းအထိ ရဟန်းတွေ ဝင်ရောက်လုပ်ကိုင်နေသမျှ ဟာ အစိုးရအဆက်ဆက်၏ တာဝန်လျစ်ဟင်းမှုသာ ဖြစ်ပါတယ်။ ဒါ အစိုးရ လုပ်ရမယ့်အလုပ်တွေသာ ဖြစ်ပါတယ်။ ယခုအချိန်မှ စ ပြီး၊ အစိုးရ နဲ့ အရပ်ဘက်အဖွဲ့အစည်းများ လွှဲပြောင်းတာဝန်ယူကြဖို့ လိုပါတယ်။ သာသနာသန့်ရှင်းရေအတွက် ရဟန်းတွေ မိမိတို့ သာသနာကိစ္စ မှတပါး တခြားသော မည်သည့် အရေးမှာမှ ဝင်ရောက်စွက်ဖက်မှု မပြုကြရန် ဝိုင်းဝန်းဆောင်ရွက်ကြဖို့ လိုပါတယ်။)

၅။ ရဟန်းပိုင်၊ ကျောင်းပိုင် မည်သည့်ဘဏ်စာရင်းဖွင့်ထားမှုမဆို စိစစ်ပြီး နိုင်ငံတော်ပိုင်အဖြစ်သိမ်းဆည်းရန်။
ရဟန်းများ စာရေး ထုတ်ဝေ၊ ဟောပြောမှုများကို အခကြေးငွေဖြင့် မပြု လုပ်ရန်။

၆။ မည်သူမှ ရဟန်းများကို ပစ္စည်းလေးပါး၊ ပရိက္ခရာ ၈ ပါး မှ လွဲ၍ ငွေကြေး ယာဉ်ကား အသုံးအဆောင်တို့ လှူဒါန်းခြင်း မပြုရ။ လှူဒါန်းသော လူပုဂ္ဂိုလ်အား သာသနာတော် ညှိုးနွမ်းစေသော ပုဒ်မဖြင့် အရေးယူပါရန်။

၇။ ရဟန်းတို့ ဗုဒ္ဓကျမ်းဂန်လာ နိဗ္ဗာနပစ္စယော ဟောပြောမှု မှ လွဲ၍၊ တခြားသော နိုင်ငံရေး၊ တခြားဘာသာများကို ပုတ်ခတ်တိုက်ခိုက်ဟောပြောမှု တို့ကို ပြုလျှင် ပြင်းထန်စွာ အရေးယူရန်။

၈။ သာသနာမပျော်လျှင် လူထွက်ကုန်ကြလိမ့်မယ် စု စိုးရိမ်ရမည့်ခေတ် မဟုတ်တော့ပါ။ သာသနာ ဆိုတာ အပျော်နေစရာ အရပ်လဲ မဟုတ်ပါ။ တိုင်းပြည်က တင်ကျွေးထားရသောသူတို့ ရဟန်းဝတ်ညီ မနေချင်လို့ ထွက်ကြလေ ကောင်းလေ။

တို့ ဖြစ်ပါတယ်။

NLD အစိုးရ လုပ်နိုင်မည် ဟု မရည်ရွယ်၊ ရဟန္တာဖြစ်မည့်ဗိုလ်ချုပ်ကြီးများ သာသနာစစ်ကို လိုလားစွာ လုပ်မလား မျှော်ကိုး ရေးရပါတယ်။
ဘုန်းကြီး က တခြားလူတွေကိုသာ ဟောက်စားတတ်တာ၊
သေနတ်တော့ ကြောက်သဗျ။

နောင်အရှည် သာသနာစစ်တည်တံ့ဖို့
မြန်မာပြည်မှာ အနော်ရထာတခေတ် ပြန်လိုပြီပ။

ချိုတူးဇော်

 

Advertisements

One thought on “တပ်မတော် က တပ်မတော်စစ်စစ်ရပ်တည်ချက်ပြောင်းဖို့လိုသလို၊ သံဃာလဲ သာသနာစစ်စစ်ကို ပြောင်းမှ တိုင်းပြည် ကောင်းပါမယ်

  1. Min Aung
    15 hrs ·
    ” လူ့စည်း၊ ရဟန်းစည်း ခြားကြ ရအောင် ”
    သာသနာ ဂုဏ်သရေညှိုးလွန်းလို့ပါ။
    ပရိယတ္တိသာသနာ ပြန့်ပွားရုံသက်သက်နဲ့တော့ ရဟန်းမဝတ်ကြပါနဲ့တော့။
    ပရိယတ္တိအလုပ်လုပ်နိုင်ဖို့ကတော့ ဓမ္မာစရိယအောင် ပရိယတ္တိတတ်တဲ့ လူပုဂ္ဂိုလ်တွေ လုပ်ရင် လုံလောက်ပါပြီ။ တခြားဘာသာတွေမှာလဲ သူတို့ သာသနာဗဟုသုတ သုတေသနပြု၊ လေ့လာဆည်းပူးကြတာ ပြန်လည်သင်ကြားကြတာ လူပုဂ္ဂိုလ်တွေပဲ လုပ်ကြတာပါ။
    စနစ်တကျ လေ့လာ၊ သိပ္ပံနည်းကျ ကျမ်းပြု ဆိုတာတွေကိုလဲ လုပ်သင့်ပါပြီ။ တဆိတ်ရှိ ထေရဝါဒ ခေါင်းစဉ်တပ်ပြီး ပယ်၊ ပိတ်၊ ငါတို့နဲ့ မတူ ရန်သူ လုပ်တာလဲ မရှိသင့်တော့ပါ။
    တကယ်တမ်းကျ ဘာမှ ချေချေမြစ်မြစ် ပြောနိုင်တာလဲ မဟုတ်။ ဘုန်းကြီးပါးစပ်နဲ့ ဂေါပကပါးစပ်ထဲ ရှိသမျှ ဘုရားသမိုင်းလုပ်၊ လက်ညှိုးထိုးမိသမျှ ဖေါင်တော်ဦးစေတီဖြစ်နေတာပါ။
    တခြားဘာသာတွေက စနစ်တကျ ရှေးဟောင်းသုတေသနတွေနဲ့ သိပ္ပံနည်းကျ လေ့လာ ကျမ်းပြု မှတ်တမ်းတင်ကြတာပါ။
    ဒီမှာ ခုထိ ဘုန်းတန်ခိုးတော်ကြောင့် လုပ်နေကြပြီး ဘဝင်မြင့်နေကြတာ။
    ခင်ဗျားတို့ ဉာဏ်နည်းလေ၊ သာသနာ ဂုဏ်သိက္ခာမဲ့လေ ဖြစ်ရတယ်။
    မကြာသေးခင်က ကိုရီးယားတိုးရစ်စ်တွေ မြန်မာဆင်းတုတော်မှာ နှုတ်ခမ်းနီဆိုး၊ အိုင်းလိုင်နာဆိုး၊ ခြေသည်းလက်သည်းဆိုး ထားတာကို တီဗီအစီအစဉ်အနေနဲ့ကိုလွှင့် ရယ်စရာ ဖြစ်နေကြပါရော။
    လူတွေကို ခြောက်လှန့်ပြီး ကျဉ်းမြောင်းမနေကြပါနဲ့တော့။
    နောက် ပရိယတ္တိပညာရှင်တွေဟာ လူ ဆိုတော့ လူလိုနေလဲ အပြစ်မဖြစ်၊ မြင်စရာလဲ မလို။ သူ့ဖါသာ ဟောစားစား၊ ရေးစားစား လူ လို့ နားလည်ခွင့်လွှတ်လို့လဲ ရပါတယ်။
    ရဟန်း ဆိုတာကတော့ ရဟန်း လိုနေမှ ရဟန်းဖြစ်မှာပါ။ ဗုဒ္ဓရဟန်းလုပ်၊ ဟောတော့ သံသရာဝဋ်ဆင်းရဲ၊ ဒုက္ခသစ္စာ ပြီးတော့ ဇိမ်ခံကားစီး ဇိမ်ခံနေထိုင်နေတာ ရဟန်း နဲ့ကို မတူတဲ့အတွက် ရဟန်း ကို မမည်ပါ။
    သူတို့ကြောင့် သာသနာအပေါ် အကြည်ညိုလဲ ပျက်ရတယ်။
    ရဟန်း ဟူ၍လဲ ကိုးကွယ်စရာ မထိုက်၊ သာသနာ့ဂုဏ်လဲ ညှိုးရတယ်။
    ရဟန်း လို လောကီကိစ္စ အကုန်ဖြတ်နေနိုင်မှ၊ လောဘ ဒေါသ မောဟ ချုပ်ငြိမ်းအောင် ထိန်းသိမ်းအားထုတ် စိတ်ပိုင်းဖြတ်နေနိုင်မှ ရဟန်းဝတ်ကြစေချင်ပါတယ်။
    သာမန် ဗုဒ္ဓပရိယတ္တိ လေ့လာဆည်းပူးသင်ကြားချင်ရုံသက်သက်ကတော့ လူဝတ်ကြောင်တွေအနေနဲ့သာ လုပ်ကြဖို့ တိုက်တွန်းပါရစေ။
    ချိုတူးဇော်

    Like

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s