သာကေတတွင် အစ္စလာမ့်ဝတ်ပြုဆောင်များပိတ်ပင်ခံထားရသဖြင့် လမ်းပေါ်ထွက်ဝတ်ပြု

Myanmar Muslim Media added 4 new photos.

သာကေတတွင် အစ္စလာမ့်ဝတ်ပြုဆောင်များပိတ်ပင်ခံထားရသဖြင့် လမ်းပေါ်ထွက်ဝတ်ပြု

ဟိန်းအောင် Myanmar Muslim Media မေ ၃၁၊ ၂၀၁၇

Image may contain: one or more people and outdoor

သာကေတမြို့နယ်အတွင်း အစ္စလာမ်ဘာသာရေးဝတ်ပြုရာနေရာများကို ဒေသအာဏာပိုင်များက ပိတ်သိမ်းထားသဖြင့် အစ္စလာမ်ဘာသာဝင်များက လမ်းပေါ်တွင် စုပေါင်းဝတ်ပြုမှုတစ်ရပ်ကို ယနေ့စတင်ပြုလုပ်လိုက်သည်။

Image may contain: 2 people, people standing and outdoor

“ကျွန်တော့်အသက် ၃၂ ရှိပြီ ကျွန်တော်တို့လူမှန်းသိတတ်စအရွယ်ကတည်းက သာကေတမှာရှိတဲ့ကျောင်း ၈ ကျောင်းလုံးမှာ တရားဝင်ဝတ်ပြုခဲ့ကြတယ်။ဝတ်ပြုဆောင်တွေ စာသင်ကျောင်းတွေကနေ ဘယ်တုန်းကမှ ပြဿနာမဖြစ်ခဲ့ဖူးဘူး။ကျွန်တော်တို့ရဲ့အခွင့်အရေးတွေကိုပိတ်ပင်တဲ့အတွက် ကျွန်တော်တို့ လမ်းပေါ်မှာထွက်ဝတ်ပြုခြင်းဖြစ်တယ်”ဟု ကိုမင်းနောင်က Myanmar Muslim Media သို့ပြောသည်။

Image may contain: one or more people and phone

အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ သြဇာခံများက “တရားမ၀င်ဗလီ”(ဘာသာရေးစာသင်ကျောင်းအတွင်း ၀တ်ပြုမှု)ဟုဆိုကာ ကန့်ကွက်မှုကြောင့် သာကေတမြို့နယ်အတွင်း အစ္စလာမ့်ဘာသာရေးဝတ်ပြုဆောင် ၈ ခု တွင် ၀တ်ပြုခွင့်ကို ဒေသအာဏာပိုင်များက ဧပြီလ ၂၈ ရက်နေ့မှစတင်ကာပိတ်ပင်ခဲ့သည်။

Image may contain: one or more people, people standing and outdoor

“ကျွန်တော်တို့ရဲ့ မိတ်ဆွေ အသိုင်းအ၀ို်င်းကြားထဲမှာ ဗုဒ္ဓဘာသာအများစုက ကျွန်တော်တို့ ၀တ်ပြုတာကို ကန့်ကွက်ထားတာမရှိဘူး။မရှိတဲ့ကြားထဲက နိုင်ငံတော်အဆင့်လူကြီးမင်းတွေက ဘာ့ကြောင့်ဒီအဖျက်အမှောင့်လုပ်တဲ့ လူတစ်စု ရဲ့ တွန်းအားပေးမှုကြောင့် ကျွန်တော်တို့ဝတ်ပြုတာကို ကန့်သတ်တာလဲ ချုပ်ချယ်တာလဲဆိုတာ နိုင်ငံတော်အဆင့်လူကြီးမင်းတွေ ကျွန်တော်တို့ကို တရားဝင်ဖြေပေးစေချင်ပါတယ်”ဟု ကိုမင်းနောင်ကပင်ဆက်လက်ပြောကြားသည်။

သာကေတမြို့နယ်အတွင်းနှစ်ပေါင်းများစွာ အစဉ်အဆက်ဝတ်ပြုလာခဲ့သည့်
အစ္စလာမ်ဘာသာရေးစာသင်ကျောင်း ၉ ခုရှိပြီး ၂၀၁၂ တွင် မဒရဆာတစ်ခုကို ဘာသာရေးအစွန်းရောက်လူအုပ်စုတစ်စုကအကြမ်းဖက်ဖျက်ဆီးခဲ့ပြီး ယင်းကျောင်းမှာယနေ့ထက်တိုင်ပြန်လည်ဖွင့်လှစ်ခွင့်မရသေးပေ။

ဓာတ်ပုံ၊ အောင်ဟိန်းသစ်(Myanmar Muslim Media)

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s