ရာမဒွန် ဥပုသ်ကာလအတွင်းမှာ (ဘုရားရှိခိုး) ၀တ်ပြုဆုတောင်းမှု့အတွက် မြန်မာမွတ်စလင်များ တရားစွဲဆိုခံရ

Myanmar Muslim Media

နမားဇ် (ဘုရားရှိခိုး) လို့ ဖမ်းခံရသတဲ့လား

ရာမဒွန် ဥပုသ်ကာလအတွင်းမှာ (ဘုရားရှိခိုး) ၀တ်ပြုဆုတောင်းမှု့အတွက် မြန်မာမွတ်စလင်များ တရားစွဲဆိုခံရ

မိုး.Z. Y ဘာသာပြန်ဆိုသည်။

မြန်မာမွတ်စလင်တွေ အမြဲတမ်း ၀တ်ပြုဆုတောင်းနေကြ နေရာတစ်ခုဖြစ်တဲ့ ဘာသာရေးစာသင်ကျောင်းတွေကို အမျိုးသားရေးသမား အကြမ်းဖက် အစွန်းရောက်တွေက ပိတ်ပစ်ပြီးနောက်ပိုင်းမှာ လမ်းပေါ်ထွက် ၀တ်ပြုကြတဲ့ လူသုံးဦး ကို ရဲက တရားစွဲဆိုလိုက်ပါတယ်။

ရာမဒွန် ဥပုသ်ဆောက်တည်တဲ့ ကာလအတွင်းမှာ သူတို့ အမြဲတမ်း ခေတ်အဆက်ဆက် ၀တ်ပြုလေ့ရှိခဲ့တဲ့ ဒေသဆိုင်ရာ ကျောင်းတစ်ကျောင်းကို အမျိုးသားရေး အစွန်းရောက် ဘုန်းတော်ကြီးတစ်ပါးကနေ လာရောက် ပိတ်ပစ်ခဲ့ပြီးနောက်ပိုင်းမှာ လူသုံးယောက်ကို လမ်းပေါ်ထွက် ၀တ်ပြုတယ်ဆိုပီး မြန်မာ အာဏာပိုင်များက တရားစွဲဆိုလိုက်တာပါ။

ရန်ကုန် သာကေတမြို့နယ်ထဲက လမ်းတစ်လမ်းပေါ်မှာ ဗုဒ္ဓဟူးနေ့က လူငါးဆယ်လောက် စုရုံးပြီး လမ်းပေါ်တက် နမာဇ်ဖတ် (၀တ်ပြုဆုတောင်းခဲ့ကြ) တဲ့အတွက် ရဲတွေက လာပြီး တရားစွဲဆိုခဲ့ကြတာ ဖြစ်ပါတယ်။ ဒီနေရာဟာ အစ္စလာမ့် အထိမ်းအမှတ် ပွဲတော်သဘင် ကျင်းပတာနဲ့ ပတ်သတ်ပြီး ဗုဒ္ဓဘာသာ သဘောထား တင်းမာသူများက အခုနောက်ပိုင်း တိုးတက်လုပ်ဆောင်လာတဲ့ ၀င်ရောက်စီးနင်းတဲ့ နေရာ တော်တော်များများထဲက တစ်နေရာ ဖြစ်ပါတယ်။

တစ်ခုနဲ့ တစ်ခု သိပ်အလှမ်းမကွာလွန်းတဲ့ အနီးအနားက အစ္စလာမ် ဘာသာရေး စာသင်ကျောင်း နှစ်ခုကိုလည်း ပြီးခဲ့တဲ့ ဧပြီလတုန်းကပဲ သာကေတ မွတ်စလင်တွေက တရားမ၀င် နမာဇ် ၀တ်ပြုဆုတောင်းတယ်ဆိုပီး ဗုဒ္ဓဘာသာ အမျိုးသား ရေး အစွန်းရောက် အကြမ်းဖက်သမား အုပ်စု တစ်စုက ပိတ်ပစ်လိုက်ကြပါသေးတယ်။

အာဏာပိုင်တွေ ပြောတာကတော့ အခုလို ပိတ်ခဲ့တာမျိုးဟာ ယာယီသာဖြစ်တယ်လို့ ပြောခဲ့ကြပေမဲ့ ဘယ်တော့ ပြန်ဖွင့်ခွင့် ပေးမလဲ ဆိုတာကိုတော့ အချိန်အတိကျ မပြောခဲ့ကြပါဘူး။

“ကျနော်တို့ အတော်လေးကို စိတ်မကောင်းဖြစ်မိတယ် ခင်ဗျ။ ဒီလက ကျနော်တို့ အတွက် အရေးကြီးတဲ့ လလည်း ဖြစ်တယ်လေ” အရင် အပတ်ကမှ စတင်ခဲ့တဲ့ မွတ်စလင်ဘာသာဝင်တို့ရဲ့ အထွဋ်မြတ်ထားရာ ရိုဇာဥပုသ် ဆောက်တည် ကြတဲ့ ရာမဒွန်လကို ရည်ညွန်းပြီး ဒေသခံ မွတ်စလင်ခေါင်းဆောင် ကိုဇော်မင်းလတ်က ပြောပြခဲ့ပါတယ်။

“ကျနော်တို့ အဲဒီမှာ နမာဇ် ဖတ်နေတာ တော်တော်ကြာပီ။ အခုလို ကန့်သတ်ချက်တွေ၊ တားမြစ်တာတွေ လုပ်လာတာ နှစ် ခြောက်ဆယ်ကြာပီးမှ ဖြစ်လာတာပါ။ ”
ဒေသဆိုင်ရာ အာဏာပိုင်တွေကတော့ မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော် တစ်ခုဖြစ်တဲ့ ရန်ကုန်မြို့ရဲ့ အရှေ့ပိုင်း ခရိုင်မှာ နေထိုင်ကျတဲ့ အဓိကကျတဲ့ မွတ်စလင် အိမ်နားနီးချင်းတွေကို အခုလို နမားဇ်ဖတ်တာဟာ တရား ဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်ရေးကို ခြိမ်းခြောက်ရာကျတယ်ဆိုပီး ကြေညာချက်တစ်စောင်မှာ ဖေါ်ပြထားပါတယ်။

အမည်မဖ်ါလိုတဲ့ ရဲအရာရှိတစ်ယောက်ကတော့ အခုလို တရားစွဲဆိုလိုက်တာကို အတည်ပြုခဲ့ပါတယ်။

သောကြာနေ့က မဒရဆာ တစ်ခုဆီကို ရောက်သွားတဲ့ အေအက်ဖ်ပီက သတင်းထောက်တွေ AFP journalists ကို ဗီဒီယို မရိုက်အောင်၊ ဓာတ်ပုံ မရိုက်အောင်လို့ အရာရှိနှစ်ယောက်က လာရောက်တားမြစ်ခဲ့ပါသေးတယ်။
“ဒါဟာ ကျနော်တို့ရဲ့ ဗလီလည်း ဖြစ်သလို၊ ကျောင်းလည်းဖြစ်တယ် ဗျ။ ဘယ်တော့ ပြန်ဖွင့်မလဲ ဆိုတာကိုတော့ မပြော တတ်တော့ဘူး။” လို့  အသက်ငါးဆယ် အရွယ်ရှိတဲ့ ဒေသခံတစ်ယောက်ဖြစ်တဲ့ ခင်စိုးက ပြောပြပါတယ်။ သူ့ခင်မြာ တစ်ခြား မြို့နယ် တစ်ခုကို ဘုရား ၀တ်ပြုဖို့ သွားသွားနေရတယ်လို့လည်း ဆိုပါတယ်။

ဗုဒ္ဓဘာသာ အများစု နေထိုင်ရာ ပြည်တွင်းမှ သဘောထားတင်းမာသူတွေက မွတ်စလင် ဆန့်ကျင်ရေးတွေ လုပ်ပြီး တိုင်းပြည်ကို ၀င်ရောက်နှောက်ယှက်ပြီးတဲ့နောက်မှာ မြန်မာအစိုးရက အမုန်းတရားတွေကို လျော့ပါးသွားအောင် ကြိုးစား လုပ်ဆောင်နေကြချိန်မှာ အခုလိုမျိုး ကိစ္စ ပေါ်ပေါက်လာတာပဲ ဖြစ်ပါတယ်။

နိုင်ငံတကာက ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ရှုံချခဲ့လို့ သိက္ခာတစ်ပြားမှ မရှိတော့တဲ့ သွေးထွက်သံယို ဖြစ်အောင် စစ်တပ်က အကြမ်းဖက်ဖြိုခွင်းခဲ့တဲ့ အောက်တိုဘာလတုန်းက ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာ မွတ်စလင်တွေက ရဲစခန်းတွေကို ၀င် ရောက်စီးနင်းခဲ့စဉ် ကတည်းကစလို့ ဘာသာရေးဆိုင်ရာ တင်းမာမှု့တွေဟာ အစွမ်းကုန် မြင့်တက်လာခဲ့ပါတယ်။
ပြီးခဲ့တဲ့ အပတ်ကပဲ မြန်မာနိုင်ငံရဲ့ ထိပ်တန်း ဗုဒ္ဓဘာသာ အာဏာပိုင်တွေ (သံဃနာယက အဖွဲ့) က တို့မီးရှို့မီးလုပ်တတ်တဲ့ ချိုကြွနေတဲ့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ၀ီရသူနဲ့ ဆက်နွှယ်နေတဲ့ အစွန်းရောက် အမျိုးသားရေး အဖွဲ့တစ်ခုဖြစ်တဲ့ မဘသ ကို တရားဝင် ပိတ်ပင်လိုက်ပြီးနောက်ပိုင်းမှာ အဲဒီ အဖွဲ့ကလည်း သူတို့ နံမည်ကို ပြောင်းလဲပစ်လိုက်ပါတယ်။
တရားမ၀င် ခိုးဝင် ရိုဟင်ဂျာတွေ အိမ်တစ်အိမ်မှာ ပုန်းအောင်နေတယ်လို့ ရဲတပ်ဖွဲ့ကို သွားရောက်ရှာဖွေဖို့ တွန်းအား ပေးခဲ့ ကြပီး နောက်ပိုင်းမှာ ရန်ကုန်မြို့က မွတ်စလင်တွေ အများဆုံးနေထိုင်ကြတဲ့ အခြားရပ်ကွက်တစ်ခုမှာ မွတ်စလင်တွေနဲ့ အမျိုးသားရေး အကြမ်းဖက် အစွန်းရောက်တွေ အကြား ပဋိပက္ခဖြစ်ပြီး နောက်ပိုင်းမှာ အခုလို အပြောင်းအလဲ ဖြစ်ပေါ် လာခဲ့တာ ဖြစ်ပါ
တယ်။

Myanmar Muslims face charges for holding Ramadan prayers

https://www.theguardian.com/…/myanmar-muslims-face-charges-…

The Guardian သတင်းစာကြီးတွင် ဖေါ်ပြပါရှိသော ဆောင်းပါးကို မိုး.Z. Y က ဘာသာပြန်ဆိုထားပါသည်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s