လူဖြူလက်ယာအစွန်းရောက်အကြမ်းဖက်သမားတွေဟာ အမေရိကန်နိုင်ငံသားတွေအားလုံးအတွက် အန္တရာယ်ကောင်တွေ

Myanmar Muslim Media မေ ၂ ၊ ၂၀၁၇

လူဖြူလက်ယာအစွန်းရောက်အကြမ်းဖက်သမားတွေဟာ အမေရိကန်နိုင်ငံသားတွေအားလုံးအတွက် အန္တရာယ်ကောင်တွေဆိုတာ အကြမ်းဖက်တိုက်ခိုက်မှုအရေအတွက်တွေအရ ဖုံးကွယ်လို့မရပါဘူး

ဒိုဒီ ဘာသာပြန်သည်။
အိုရှောင်ဒပ်ဖီဘယ်မှာလဲ

Image may contain: one or more people

လက်ယာအစွန်းရောက်လူဖြူအကြမ်းဖက်သမားတွေရဲ့အမေရိကန်နိုင်ငံသားတွေအပေါ် အန္တရာယ်ဖြစ်စေတဲ့အနေအထားဟာ အစ္စလာမ်မစ် ဒါမှမဟုတ် ဂျီဟတ်ဝါဒီအကြမ်းဖက်သမားတွေလို့ခေါ်ကြတဲ့သူတွေရဲ့အနေအထားမျိုးမဟုတ်ဘူးဆိုတာဘာကြောင့်လဲဆိုတာမသိပေမယ့်မတူတဲ့အချက်တစ်ချက်ကိုတော့ ကျွန်တော်ပြောပြနိုင်ပါတယ်လို့ Wisconsin ရီပက်ဘလစ်ကန် ဥပဒေပြုလွှတ်တော်အမတ် ဒပ်ဖီက စီအင်န်အင်န်ရုပ်သံဂျာနယ်လစ် Alysyn Camerota ကို ဖေဖေါ်ဝါရီလတုန်းက ပြောကြားခဲ့ပါတယ်။ ၀တ်ပြုနေသူ မွတ်စလင်ခြောက်ဦးသေဆုံးခဲ့တဲ့ ထရမ့်ကို ထောက်ခံသူ လူဖြူအမျိုးသားရေးဝါဒီတစ်ဦးက Quebec မှာရှိတဲ့ ဗလီတစ်လုံးမှာ တိုက်ခိုက်ခဲ့တဲ့ ဖြစ်ရပ်ဟာ တစ်ကြိမ်ပဲဖြစ်ခဲ့တဲ့ ဖြစ်ရပ်မျိုးလို့လည်း သူက ပြောကြားခဲ့ပါတယ်။

တစ်ခါတည်းဖြစ်ပြီး နောက်ထပ်မဖြစ်တော့တဲ့ ဖြစ်ရပ်မျိုးလို့ သူတကယ်ပြောနေတာလား။ဒပ်ဖီဟာဒီရက်ပိုင်းသတင်းစာတွေဖတ်ဖြစ်ရဲ့လား။ မေလ ၂၀ရက်နေ့မှာ အမေရိကန်စစ်တပ်က အသက်၂၃ နှစ်အရွယ် လူမည်း ဒုဗိုလ်ရစ်ချတ်ကောလင်း (၃)ဟာ မေရီလန်းတက္ကသိုလ်ကို အလည်သွားရင်း ဖေ့စ်ဘွတ်ခ်မှာ ထောင်ထားတဲ့ Alt-Reich: Nation အဖွဲ့ဝင်တစ်ဦးက သတ်လို့ သေဆုံး သွားခဲ့ ပါတယ်။ဒီအဖွဲ့ဟာ လူနည်းစုတွေ အထူးသဖြင့် အာဖရိကန်-အမေရိကန်တွေ ပျက်စီးရာ ပျက်စီး ကြောင့် စက်ဆုတ်ဖွယ်အဖျက်လုပ်ရပ်တွေကို အားပေးအားမြှောက်လုပ်နေတယ်လို့ မေရီလင်း တက္ကသိုလ်ရဲမှူး ဒေးဗစ်မစ်ရှဲလ်က ပြောပါတယ်။

မေလ ၂၆ရက်နေ့မှာလည်း အော်ရီဂွန်ပြည်နယ် ပို့တ်လန်းက မီးရထားထဲမှာ ပုဝါခြုံထားတဲ့ မွတ်စလင်မ်အမျိုးသမီးတစ်ဦးကို နှောင့်ယှက်နေတဲ့ လူဖြူလူမျိုးကြီးဝါဒီတစ်ဦးကို ဟန့်တားရာမှာ သူကဓားနဲ့တိုက်ခိုက်တာကြောင့် အသက်၅၃နှစ်အရွယ်အမေရိကန်စစ်မှုထမ်းဟောင်းရစ်က်ဘက်စ်နဲ့မကြာသေးခင်ကမှတက္ကသိုလ်ဘွဲ့ရဖြစ်လာတဲ့အသက်၂၃နှစ်အရွယ်TaliesinMyrddinNamkaiMecheတို့အသတ်ခံခဲ့ရပြီးအသက်၂၁နှစ်အရွယ်ကဗျာဆရာMicahDavidColeFletcherဒဏ်ရာပြင်းပြင်းထန်ထန်ရခဲ့ပါတယ်။

အခုလို ယုတ်ညံ့လှတဲ့ ပြည်တွင်းအကြမ်းဖက်သူတွေကြောင့် ဖြစ်ပေါ်လာတဲ့ ခြိမ်းခြောက်မှုနဲ့ပတ်သက်ပြီး စီအင်န်အင်န်သတင်းဌာနရဲ့ လူသိရှင်ကြားရှုတ်ချမှုအပေါ် ဒပ်ဖီက ဘာကြောင့် မထောက်ခံတာလဲ။ လူဖြူလက်ယာအစွန်းရောက်တွေရဲ့ အန္တရာယ် မဲဆန္ဒရှင်တွေအပေါ် ကျရောက်နေတာနဲ့ပတ်သက်ပြီး ရီပက်ဘလစ်ကန် နိုင်ငံရေးသမားတွေနဲ့ မီဒီယာသမားတွေ ဘာကြောင့် ကျယ်ကျယ်လောင်လောင် သတိမပေးကြတာလဲ။

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ဆီတင်ထားတဲ့ တွစ်တာပို့်စ်အတွဲလိုက်ဟာ တစ်ပတ် အတွင်းမှာ အစ္စလာမ်မစ်အကြမ်းဖက်သမားတွေကြောင့် အမေရိကန်မြေမှာ တာဝန်ထမ်း ဆောင်ဆဲ စစ်သား တစ်ဦးနဲ့ စစ်မှုထမ်းဟောင်းတစ်ဦး သေဆုံးသွားတဲ့အကြောင်းဖြစ်နေ တယ်ဆိုရင် ဘယ်လိုဖြစ်မလဲ မြင်ယောင်ကြည့်လိုက်ပါ။ Fox News သတင်းဌာနရဲ့ ၂၄နာရီထုတ်လွှင့်နေတဲ့ နောက်ဆုံးရသတင်း ကဏ္ဍမှာ ပိုလန်က ရထားပေါ်မှာ အမျိုးသမီးနှစ်ဦးကို ကာကွယ်ပေးခဲ့တဲ့ Good Samaritans သုံးဦးရဲ့ လည်ပင်းကို ဓားနဲ့ခုတ်ခဲ့တဲ့ မွတ်စလင်မ်အမျိုးသားအကြောင်း ဖော်ပြလိုက်မယ်ဆိုရင် ဘယ်လိုဖြစ်မ လဲ မြင်ယောင်ကြည့်လိုက်ပါ။

လက်ယာစွန်းရောက်လူဖြူလူမျိုးကြီးဝါဒီအကြမ်းဖက်သမားတွေရဲ့ ခြိမ်းခြောက်မှုကိုသတိပေးနေတဲ့ကျွန်တော်တို့လိုသူတွေကိုအိုင်အက်စ်အိုင်အက်စ်နဲ့အယ်လ်ကိုင်ဒါအဖွဲ့တွေ့အပေါ် အာရုံစိုက်မှု ပြောင်းသွားအောင်ကြိုးပမ်းနေကြတယ်လို့ စွပ်စွဲခံနေကြရပြီး မွတ်စလင်မ်တွေဖက်က ကာကွယ်ပြော ဆိုသူတွေအဖြစ် စွပ်စွဲခံကြရတာ ကြာလှပါပြီ။

ပြည်ပက ဂျီဟဒ်ဝါဒီတွေရဲ့ ခြိမ်းခြောက်မှု မြင့်တက်လာတဲ့အချိန်မှာ လက်ယာအစွန်း ရောက်အဖွဲ့တွေရဲ့ ပြည်တွင်းအကြမ်းဖက်ခြိမ်းခြောက်မှုလျော့သွားအောင် နိုင်ငံရေးသမားတွေ၊ ပညာရှင်တွေနဲ့ လုံခြုံရေးဆိုင်ရာကျွမ်းကျင်သူတွေလို့ ဆိုကြသူတွေက ကြိုးပမ်းနေကြတာလည်း ကြာလှပါပြီ။

အစ္စလာမ်မစ်အကြမ်းဖက်သမားတွေနဲ့ လက်ယာအစွန်းရောက်အကြမ်းဖက်သမားတွေကို နှိုင်းယှဉ်ဖော်ပြရရင်အစ္စလာမ်မစ်အကြမ်းဖက်သမားတွေကိုကိုယ့်ဘာသာရေးယုံကြည်ချက်ကြောင့်တစ်ယူသန်စိတ်နဲ့သတ်ဖြတ်လိုစိတ်တွေရှိနေကြသူတွေအဖြစ် ပုံဖော်ထားကြပေမယ့် ဖေဖေါ်ဝါရီလမှာ Kansasပြည်နယ်က ဘားတစ်ခုမှာ ဟိန္ဒူနှစ်ဦးကို သေနတ်နဲ့ ပစ်သတ်ခဲ့သူ၊ ၂၀၁၅ခုနှစ်မှာ တောင် ကယ်ရို လိုင်းနား ပြည်နယ်ချာလက်စတန်က ဘုရားကျောင်းတစ်ခုမှာ အမေရိကန်လူမည်းကိုးဦးကို သတ်ခဲ့သူ၊ ဒါမှမဟုတ် ၂၀၁၂ခုနှစ်မှာ ဒပ်ဖီပိုင် Wisconsin ပြည်နယ်မှာ ဆစ်ခ်လူမျိုး ဘုရားကျောင်း တက်နေသူ ၆ယောက်ကို သတ်ခဲ့သူ လက်ယာအစွန်းရောက်အကြမ်းဖက်သမားတွေကိုတော့ စိတ်ရောဂါရှိတဲ့သူတွေအဖြစ်ပဲ ပုံဖော်ထားကြပါတယ်။

Oregon မှာ မကြာသေးခင်က လူနှစ်ဦးအသတ်ခံခဲ့ရပြီးတဲ့နောက်မှာ ပို့တ်လန်းရဲတပ်ဖွဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် Pete Simpson က “ (လူသတ်သမားလို့သံသယရှိသူ)ဟာ စိတ်ကျန်းမာရေး ကောင်းမကောင်း ကျွန်တော်တို့ မသိပါဘူး” လို့ ကြေငြာဖို့ အချိန်သိပ်မယူခဲ့ပါဘူး။ (ဘာကြောင့် မှန်းတော့မသိပါဘူး ကျွန်တော်တို့ မွတ်စလင်မ်တွေမှာ စိတ်ကျန်းမာရေး ပြဿနာမဖြစ်ကြတာ ထူးဆန်းနေပါတယ်။ မာရှာအလ္လာဟ်)

ကနေ့ခေတ်မှာတော့ လက်ယာအစွန်းရောက် လူဖြူလူမျိုးကြီးဝါဒီတွေရဲ့ အကြမ်းဖက်ခြိမ်း ခြောက်မှုဟာ နာမည်တောင်မကိုင်ရဲလောက်တဲ့ အကြမ်းဖက်ခြိမ်းခြောက်မှုဖြစ်နေပါပြီ။အထင်ကရ ကွန်ဆားဗတစ်တွေနဲ့ လစ်ဘရယ်ပါတီဝင်တချို့ဟာ သူတို့ရင်ဆိုင်နေရတဲ့ ခြိမ်းခြောက်မှုကို မှေးမှိန် အောင်လုပ်ဖို့ နဲ့ ပြည်တွင်းက လူဖြူအစွန်းရောက်တွေအပေါ် အာရုံစိုက်မှုကို သမ္မတထရမ့်က အစွန်း ရောက် အစ္စလာမ်မစ်အကြမ်းဖက်ဝါဒလို့ သမ္မတထရမ့်ကခ်ါတဲ့ဖက်ဆီ လမ်းကြောင်းပြောင်း အာရုံလွှဲဖို့ စိတ်အားထက်သန်နေကြပါတယ်။

ဒါပေမဲ့ အစ္စလာမ်ကြောက်စိတ်လွန်နေသူတွေက ဆောင်ရွက်ခဲ့ကြတဲ့ ကိစ္စမျိုးတွေ ဖြစ်နေရင် တောင် အကြမ်းဖက်တိုက်ခိုက်မှုအရေအတွက်တွေကတော့ လိမ်ညာလို့မရပါဘူး။ Government Accountability Office (အစိုးရတာဝန်ခံရုံး)(ဂျီအေအို)က ဥပဒေပြုလွှတ်တော်အတွက် မကြာသေး ခင်က ပြင်ဆင်ထားတဲ့ အစီရင်ခံစာတစ်ရပ်မှာ ၂၀၀၁ခုနှစ် စက်တင်ဘာလ ၁၂ရက် ကတည်းက ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းအကြမ်းဖက်အစွန်းရောက်တွေကြောင့် သေဆုံးသူအရေအတွက်ဟာ နှစ်တစ်နှစ်စီအတွင်း တစ်ဦးကနေ ၄၉ဦးအထိ ရှိတယ်လို့ ဖော်ပြထားပါတယ်။

၂၀၀၁ခုနှစ် စက်တင်ဘာ၁၂ကစပြီး ၁၅နှစ်အတွင်းက စာရင်းတွေအရ လက်ယာအစွန်း ရောက်အကြမ်းဖက်အစွန်းရောက်ဝါဒီတွေရဲ့တိုက်ခိုက်မှုကြောင့်သေဆုံးသူအရေအတွက်ဟာအစွန်းရောက်အစ္စလာမ်မစ်အကြမ်းဖက်အစွန်းရောက်ဝါဒီတွေကြောင့် သေဆုံးသူ အရေအတွက် ထက်ပိုများတာ ၁၀နှစ်မှာ တွေ့ရပြီး ၃နှစ်မှာတော့ အရေအတွက်တူတာကို တွေ့ရပါတယ်။ စဉ်းစားတာ ကြည့်ကြပါတော့။

” ၂၀၀၁ခုနှစ် စက်တင်ဘာ၁၂ရက်ကတည်းက လူသေမှုဖြစ်ပေါ်စေခဲ့တဲ့ အကြမ်းဖက်အစွန်း ရောက်လုပ်ရပ်၈၅ခုမှာ လက်ယာအစွန်းရောက်အကြမ်းဖက်အစွန်းရောက်ဝါဒီတွေ ကျူးလွန်ခဲ့တဲ ဖြစ်ရပ်က ၆၂မှု (၇၃ရာခိုင်နှုန်း) ရှိပြီး အစွန်းရောက် အစ္စလာမ်မစ်အကြမ်းဖက်အစွန်းရောက်ဝါဒီတွေ ကျူးလွန်ခဲ့တဲ့ဖြစ်ရပ်က ၂၃မှု (၂၇ရာခိုင်နှုန်း) ရှိတယ်” လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ လူဖြူအစွန်းရောက်၃မှုကျူးလွန်မှ အစ္စလာမ်မစ်အစွန်းရောက် တစ်မှုကျူးလွန်တာကို တွေ့ကြရမှာပါ။

”ပျမ်းမျှ၁၅နှစ်အတွင်း စုစုပေါင်း လူသေတဲ့အရေအတွက်ကတော့ သိပ်မကွာလှဘူး” လို့ ဒီအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။လူဖြူအစွန်းရောက်တွေကြောင့် သေဆုံးသူအရေအတွက်က ၁၁၉ဦးရှိပြီး အစ္စလာမ်မစ်အစွန်းရောက်တွေကြောင့် သေဆုံးသူအရေအတွက်ဟာ ၁၀၆ဦးရှိ ပါတယ်။ဒါပေမဲ့အစ္စလာမ်မစ်အစွန်းရောက်တွေကြောင့် သေဆုံးသူအရေအတွက်ရဲ့ ၄၁ရာခိုင်နှုန်းဟာ ၂၀၁၆ခုနှစ် ဖလော်ရီဒါနိုက်ကလပ်တိုက်ခိုက်မှုတစ်ခုတည်းက သေဆုံးသူအရေ အတွက်ဖြစ်တယ်လို့ လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အမေရိကန်မြေပေါ်မှာ လက်ယာအစွန်းရောက်အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုက ပိုများ နေပေမယ့် တိုက်ခိုက်မှုတစ်ခုစီရဲ့သေဆုံးသူအရေအတွက်အရ အစ္စလာမ်မစ်အကြမ်းဖက် သမားတွေ ကြောင့် သေဆုံးသူအရေအတွက်က ပိုများနေပါတယ်။ နယူအမေရိကဖောင်ဒေးရှင်းကနေ Combatting Terrorism Center at West Pointအထိ အစီရင်ခံစာတွေနဲ့ လေ့လာမှုတွေ ပြုလုပ်ခဲ့ ရာမှာ ဒီအချက်နဲ့ပတ်သက်ပြီး ဂျီအေအိုကို ထောက်ခံထားကြပါတယ်။ အစ္စလာမ်မစ်အ စွန်းရောက် ၀ါဒီတွေနဲ့ယှဉ်လိုက်ရင် လက်ယာအစွန်းရောက်ဝါဒီတွေရဲ့ အတွေးအခေါ်အယူအဆတွေအရ ကျူး လွန်တဲ့ ဖြစ်ရပ်တွေ သိသိသာသာ ပိုများဖွယ်ရာရှိတာကို သုတေသနအဖွဲ့တစ်ဖွဲ့က တွေ့ရှိထားပါတယ်။

ဒီလိုအချိန်အတွင်းမှာပဲ အမေရိကန်ဥပဒေစိုးမိုးရေးအေဂျင်စီတွေဟာ” အစွန်းရောက် မွတ်စလင်မ် တွေအဖြစ်မသတ်မှတ်ဘဲ အစိုးရဆန့်ကျင်ရေး အကြမ်းဖက်အစွန်းရောက်ဝါဒီတွေ အဖြစ်သတ်မှတ်ပြီး သူတို့ရင်ဆိုင်နေရတဲ့ နိုင်ငံရေးအကြမ်းဖက်မှုရဲ့ အပြင်းထန်ဆုံး ခြိမ်းခြောက် အဖြစ် ယူဆထားကြတယ်လို့ အကြမ်းဖက်ဝါဒနှင့် ပြည်တွင်းလုံခြုံရေးဆိုင်ရာ တြိဂံစင်တာက ပြုလုပ်တဲ့ လေ့လာမှုတစ်ရပ်မှာ ဖော်ပြထားပါတယ်။

ဥပဒေပြုလွှတ်တော်အမတ် ဒပ်ဖီကိုမေ့လိုက်ပါ။ ဒီအေဂျင်စီတွေဟာ သူတို့ရဲ့ ရီပက်ဘလစ်ကန်သမ္မတသစ်ဆီကနေ ညှာတာထောက်ထားမှု များများစားစား ရမှာလည်း မဟုတ်ပါဘူး။ဖေဖေါ်ဝါရီလအစောပိုင်းမှာ ရိုက်တာသတင်းဌာနက ဖော်ပြထားသလိုပဲ သမ္မတထရမ့်သမ္မတတာဝန်လွှဲပြောင်းရယူပြီး နှစ်ပတ်လောက်မှာ သမ္မတရုံးက အမေရိကန်အစိုးရရဲ့ အကြမ်းဖက်မှုတန်ပြန်တိုက်ခိုက်ရေးအစီအစဉ်ကို ပြန်လည်ပြင်ဆင်ရေးဆွဲဖို့ရှိတယ်လို့ ကြေငြာထားပါတယ်။ အစီအစဉ်သစ်ဟာ အစ္စလာမ်မစ်အစွန်းရောက်တွေအပေါ်ပဲ အဓိကထားဆောင်ရွက်မှာဖြစ်ပြီး လူဖြူလူမျိုးကြီးဝါဒီတွေက အမေရိကန်နိုင်ငံတွင် ပြုလုပ်တဲ့ ဗုံးခွဲမှုတွေနဲ့ ပစ်ခတ်မှုတွေကို အဓိကမထားတော့ဘူးလို့ ပြောထားပါတယ်။

ဒီသတင်းဟာ လက်ယာအစွန်းရောက်အုပ်စုတွေအတွက် အားရစရာ သတင်းကောင်း ဖြစ်ခဲ့ပါတယ်။ ဒေါ်နယ်ထရမ်ကတော့ ကျုပ်တို့ကို လွှတ်ထားပေးပြီ” လို့ neo-nazi Daily Stormer ၀က်ဆိုက် အယ်ဒီတာ အန်ဒရူးအန်းလင်းက ရေးထားပါတယ်။

WhiteGenocideTM လို လူဖြူလူမျိုးကြီးဝါဒီတွစ်တာအကောင့်တွေကို မကြာခဏ ပြန်ပြီး တွစ်လုပ်တတ်တဲ့ သမ္မတစ်ဦးဟာ ကယ်လီဖိုးနီးယားမှာ လူဖြူအမျိုးသားရေးဝါဒီတစ်ဦးကို သူ့ကိုယ်စား လှယ်အဖြစ် ဘာကြောင့်ခန့်အပ်ထားတာလဲ၊လူဖြူအမျိုးသားရေးဝါဒီ ခေါင်းဆောင် တွေဆီကနေ ရွေးကောက်ပွဲရန်ပုံငွေအလှူလက်ခံခဲ့တာလဲ။သမ္မတရုံးအိမ်ဖြူတော်မှာ သူ့ရဲ့ မဟာဗျူဟာမြောက် တွေးခေါ်သူခေါင်းဆောင်နေရာမှာ ဘာကြောင့် လူဖြူအမျိုးသားရေးဝါဒီတစ်ဦးကိုမှ ရွေးခန့်ထား တာလဲ။ အမေရိကန်နိုင်ငံသားတွေရဲ့ ဘ၀ကို အန္တရာယ်ထဲမှာ ထားပြီး လူဖြူလူမျိုးကြီး ၀ါဒီတွေနဲ့ အမျိုးသာရေးဝါဒီတွေရဲ့ ပြည်တွင်းအကြမ်းဖက်ခြိမ်းခြောက်မှုကို မသိချင်ယောင် ဆောင်ချင်တဲ့ ကေသုံးလုံးအဖွဲ့ရဲ့ တရားဝင်ထောက်ခံမှုဘာကြောင့် ရနေတာလဲ။ကျွန်တော်ကတော့ မစဉ်းစား တတ်အောင်ပါပဲ။
————————————————————–
ဆောင်းပါးရှင် Mehdi Hasan ရေးသားသည့် The Numbers Don’t Lie: White Far-Right Terrorists Pose a Clear Danger to Us All ကို ဒိုဒီ (Myanmar Muslim Media) က ဆီလျှော်အောင်ဘာသာပြန်ဆိုသည်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s