Myanmar Gov Information Ministry’s book shops are selling Hate Speeches ”ပြန်ကြားရေးဝန်ကြီးဌာနရဲ့လက်အောက်က ဌာနတစ်ခုမှာ ”လူသတ်သောဘုရားနှင့် မိုက်လုံးကြီးသော ဖန်ဆင်းရှင်” စာအုပ် တင်ရောင်းနေတယ်

Min Mahar Kyaw Win

ကျော်နေမင်း (မြို့ပြ) ရေးသားသည်။

ပြန်ကြားရေးဝန်ကြီးဌာနရဲ့ စာပေဖြန့်ဖြူးရာဌာနခွဲ

တစ်ခုဖြစ်တဲ့ ရန်ကုန်မြို့ (၃၇) လမ်းက စာပေဗိမာန်မှာ

”လူသတ်သောဘုရားနှင့် မိုက်လုံးကြီးသော ဖန်ဆင်းရှင်”

အမည်ရတဲ့ စာအုပ်တစ်အုပ်သွားဝယ်ပါတယ်၊

ဆိုင်ကဝန်ထမ်းအမျိုးသမီးက ”အဲ့စာအုပ်ကို ဒီနေ့မနက် (၂၃.၅.

၂ဝ၁၇) ကပဲ လာပြန်သိမ်းသွားပါတယ်” ဒီဆိုင်မှာ တင်

ရောင်းပါသလားမေးတော့ ”ရောင်းပါတယ်” လို့ဖြေခဲ့ပါ

တယ်၊ ဒါနဲ့ စာအုပ်ထဲမှာ မှတ်ထားတဲ့ ဖြန့်ချိရေးဖုန်းနံ

ပါတ်ကို ဆက်လိုက်တဲ့အခါမှာ ”စာပေဗိမာန်မှာ တင်ထား

ပါတယ်၊ များများတော့မရှိနိုင်ပါဘူး၊ အကယ်၍များ များများ

လိုချင်ရင် ”စာပေနန်းတော်” မှာ ဝယ်လို့ရပါတယ်လို့ ပြန်

ဖြေခဲ့ပါတယ်။ ဒါကြောင့် သေချာတာကတော့ ဒီစာအုပ်ကို

”ပြန်ကြားရေးဝန်ကြီးဌာနရဲ့လက်အောက်က ဌာနတစ်ခုမှာ

တင်ရောင်းနေတယ်ဆိုတာ သေချာနေပါပြီ၊ သာသနာရေး

နှင့် ယဉ်ကျေးမှုဝန်ကြီးဌာနညွှန်ကြားရေးမှူး ဦးအောင်ဆန်း

ဝင်းက သတင်းဌာနတချို့ကို ပြောကြားရာမှာ ”ဗုဒ္ဓဂုဏ်

ရည် အရှင်အဂ္ဂဓမ္မ (နိက္ခမ) ရေးသားသည့် ”လူသတ်သော

ဘုရားနှင့် မိုက်လုံးကြီးသောဖန်ဆင်းရှင်” စာအုပ်နှင့်

ပတ်သက်၍ ပြန်ကြားရေးဝန်ကြီးဌာနက မိမိတို့ဝန်ကြီးဌာန

ထံ အကြောင်းကြားထားခြင်းမရှိသေးကြောင်း ပြောကြား

ခဲ့ပါတယ်။ ဆက်လက်ပြီး news watch သတင်းဌာနကို

ပြောကြားရာမှာ ဒီဆရာတော်ပဲ ရေးတဲ့ ပထမစာအုပ်ဖြစ်

တဲ့ ဖန်ဆင်းရှင်မရှိသော စကြဝဠာနှင့် ဘုန်းကြီးဝတ်ခဲ့သော

ခရစ်တော်ယေရှုစာအုပ်ကို ပြန်ကြားရေးကပေးလာတဲ့

အတွက် မဟနကို တင်ထားပါတယ်၊ အရင်တုန်းကတင်

ထုတ်ဆိုတော့ ဒါတွေ မရှိဘူးပေါ့၊ အခုက ထုတ်ပြီးမှ တင်တဲ့

စနစ်ဆိုတော့ စိစစ်လို့မရသေးဘူးပေါ့နော်၊ ဒီစာအုပ်

(လူသတ်သောဘုရားနှင့် မိုက်လုံးကြီးသောဖန်ဆင်းရှင်) နဲ့

ပတ်သက်လို့ မသိသေးဘူး၊ ဘာမှတက်လာတာမရှိသေး

ဘူး။ ဖြစ်လာတဲ့အပေါ် မူတည်ပြီးတော့မှ လုပ်ဆောင်ရမယ့်

ဟာကို ကျွန်တော်တို့ သတင်းထုတ်ပြန်ပေးမှာ ဖြစ်ပါတယ်”

ဟု ဦးအောင်ဆန်းဝင်းက ပြောကြားခဲ့ပါတယ်။

ဘယ်လောက်အထိတောင် ဘာသာတရားတွေကို

အမုန်းတရားရဲ့ ရှုထောင့်ကနေပြီး ပုတ်ခတ်ရေးသားခဲ့သလဲ

ဆိုရင် ပါဝင်တဲ့အခန်းခေါင်းစဉ်တွေကို ကြည့်ရှုတာနဲ့

သိသာလှပါတယ်။

အခန်း (၁) အမှန်အကန် ဘုရားနှင့် အကြံဖန်ဘုရား

(၁) အမှန်အကန်ဘုရား

(၂)တစ်ဖက်ပိတ်ယုံကြည်ရတဲ့ ခရစ်ယာန်ဘုရား

(၃) အကြံအဖန်ဘုရား

(၄) ဘုရားလည်းမဟုတ် ဆိုးသောဂုဏ်များ (သို့)

ယေရှု (ဂျီးဆပ်ခရိုက်)

(၅) ခရစ်ယာန်ဘုရား၏ ဆိုးသောဂုဏ်များ (သို့)

မစင်လူးတဲ့ရဲယိုသီး

အခန်း (၂) ဗုဒ္ဓငါးပါးသီလနှင့် မိုက်ချက်က ကမ်းကုန်သော

ခရစ်ယာန်ဒေသနာ

(၁) (က) လူအသက်ကို မသတ်ရနှင့် (ပါဏာတိ

ပါတာ)

(ခ) ဒေါင်းယောင်ဆောင်ထားသော ယေရှု

(၂) အဓမ္မဘုရားနှင့် ခိုးရာပါပစ္စည်း (အဒိန္ဒဒါနာ)

(၃) (က) ကာမတဏှာနှင့် ခရစ်ယာန်ဘုရား

(ကာမေသုမိစ္ဆာစာရာ)

(ခ)ကိုယ်တုံးလုံးချွတ်ထားသော မိန်းမကြီးနှင့်

ယေရှု

(ဂ) ယေရှု၏ သိုးယောင်ဆောင်သော

ဝံပုလွေ

(ဃ) ကြာခိုသော မိန်းမနှင့် အထာပေးသော

ယေရှု

(၄) (က) လိမ်ပြောသော ခရစ်ယာန်ဘုရားနှင့်

(မုသာဝါဒ)

(ခ) လိမ်ပြောလို့ အသတ်ခံရသောယေရှုနှင့်

လစ်ဘရယ်အကြောင်းပြ စော်ကားခြင်းနှင့် တာဝန်မဲ့သော ပြန်ကြားရေး

ကျော်နေမင်း (မြို့ ပြ)

လစ်ဘရယ်နဲ့ စော်ကားခွင့်က ကွာခြားပါတယ်၊ ဒါပေမယ့်

သေချာတာတစ်ခုကတော့ လူနည်းစုတွေ ကိုးကွယ်တဲ့

ဘာသာတရားတွေကို အမုန်းတွေနဲ့ စော်ကားနေကြတာဟာ ဒီနိုင်ငံမှာ

အတော့်ကို အရိုးစွဲနေပါပြီ၊ လူများစုတွေ ကိုးကွယ်တာကို

ဒီလိုစော်ကားတာမျိုးသာ လုပ်ခဲ့မယ်ဆိုရင်’ ပဋိပက္ခတွေ

အကြမ်းဖက်မှုတွေကတစ်ဆင့် အဓိကရုဏ်းတွေ ဖြစ်ပေါ်လာပြီး၊

လူနည်းစုတွေ နှိပ်ကွပ်ခံရမယ်ဆိုတာ ဒီနိုင်ငံရဲ့ သမိုင်းမျက်နှာစာမှာ

ဖျောက်ဖျက်လို့မရတဲ့ ခါးသီးမှုတွေပါ။

(ဖရု သဝါစာ)

(၅) (က) အရက်သေစာနှင့် စပျစ်ဝိုင်ကြိုက်သော

ခရစ်ယာန်ဘုရား

(ခ) လူထက်သာအောင် မိုက်မဲသော ခရစ်ယာန်

ဘုရား

အခန်း (၃) ဘုရားအသေနှင့် ယေရှုအသေ ဘယ်လို

ကွာခြားသလဲ

အခန်း (၄) မိုက်လုံးကြီးသော သဗ္ဗညုတÓဏ်တော်

ရှင် (သို့) ခရစ်ယာန်ဘုရား၏

ဂုဏ်တော်များ

အခန်း (၅) ဘုန်းကြီးဝတ်ခဲ့သော ခရစ်တော်ယေရှု

(ပထမပိုင်း)

(၁) ယေရှုဆိုတာ ဖခင်မရှိဘဲ အမျိုးမိုက်က

မွေးလာ တာပါလို့

(၂) သုံးရက်မြောက်မှာ သေနေတဲ့ ယေရှုက

ရှင်ပြန်ထမြောက်တယ်

(၃)တကယ်သေသူကိုတော့ အသက်ရှင်အောင်

ပြန်မလုပ်ပေးနိုင်သော ယေရှုနှင့် ကျောက်

ခေတ်သမ္မာကျမ်းစာ

(၄) ယေရှုထက်နှစ်ပေါင်း-၂၄၄-နှစ်လောက်စော

ပြီး သာသနာပြုခဲ့တဲ့ အာသောက မင်းကြီး

(၅) ၁၂နှစ်အရွယ် ယေရှုနှင့် ပျောက်ဆုံးနေသော

(၁၈) နှစ်ကာလတို့အပြင် ရွံရှာဖွယ်ကောင်း

သောရှေးဟောင်း ခရစ်ယာန်တရားတော်များ

(၆) (၁၈) နှစ် ပျောက်ဆုံးနေရာမှ ပြန်ပေါ်လာ

တဲ့ယေရှုနှင့် အသတ်ခံရတော့မည့်အကြောင်း

အရာများဘုန်းကြီးဝတ်ခဲ့သော ခရစ်တော်

ယေရှု (ဒုတိယပိုင်း)

(၇) ရင်နင့်စရာကောင်းသော ယေရှုနှင့် သူ၏

နောက်ဆုံးချိန် (သို့) သူချစ်ရသော ပြည့်တန်

ဆာမနှင့် ကွေကွင်းရသော ယေရှု

(၈) ထာဝရဘုရားသခင်၏ အလိုတော်အရဆိုပြီး

(၉) အမတ်ကြီး ဦးပေါ်ဦး၏ဆင်ဖြူအကြောင်းနှင့်

(၁ဝ) မကယ်နိုင်သော ယေရှု၊ အမှန်မရေးတဲ့

ကျမ်းစာနှင့်

အခန်း (၆) နှစ်ပေါင်းခြောက်ထောင် ခရစ်ယာန် ကမ္ဘာနှင့်

တိရစ္ဆာန်ဝါဒ

(က) ရင်ထဲက သမ္မာတရားများကို ဖွင့်ချခြင်း

(ခ) မှားယွင်းနေသော ခရစ်ယာန်ကမ္ဘာဦးနှင့် ခရစ် ယာန်

လူသားအစ

(ဂ) ယောနိလမ်းကြောင်းထဲက ထွက်ကျလာသော

ယေရှုနှင့် ခြောက်ပါးတစ်ဆူ ခရစ်ယာန်ဘုရား

(ဃ) နှစ်ပေါင်း ခြောက်ထောင်ကမ္ဘာအတုထဲက ဂျူး၊

ခရစ်ယာန်နှင့် မွတ်စလင်ဘာသာများ

(င) အစမကောင်း အနှောင်းမသေချာသော ပရမ်း ပတာ

ယုံကြည်မှု

(စ) ဘုံပျောက်နေသော ခရစ်ယာန်များ

အခန်း (၇) ညောင်စေ့လောက်လှူ၊ ညောင်ပင်

လောက်ရသည့် ကျေးဇူးတော်တရားများ

အခန်း (၈) ရှင်ပြန်ထမြောက်ပါတယ်ဆိုတဲ့ ယေရှုနှင့်

သူများပြောတိုင်းယုံကြည်တဲ့ ခရစ်ယာန်များ

အခန်း (၉) ထာဝရ အသက်ရမယ်ဆိုတာကြီးက

အလိမ်ခံရတာနော်

အခန်း (၁ဝ) မကယ်နိုင်သော ယုံကြည်ခြင်းနှင့် ဘုရား

လည်းမဟုတ်၊ သားလည်းမဟုတ်သော ယေရှု

(က) ကယ်တင်နိုင်သလားဆိုသောမေးခွန်းနှင့် မကယ်တင်

နိုင်သော အဖြေများ

အခန်း (၁၁) ဘုရားနှင့်တရား ထိုနှစ်ခုမှာ အရေးကြီးဆုံး

ကဘာလဲ

အခန်း (၁၂) အလိမ်ခံနေရသော ကယ်တင်ခြင်း ကျေးဇူး

တော်နှင့် ခိုးပြင်နေသော သမ္မာကျမ်းစာ

(၁) ဗုဒ္ဓမြတ်စွာဘုရား၏ ကျေးဇူးတော်

(၂) ယေရှုခရစ်တော်၏ ကျေးဇူးတော်

(၃) ခိုးပြင်နေသော သမ္မာကျမ်းစာ

အခန်း (၁၃) ယုံကြည်မှု လွန်ကဲသော အရူးပြဿနာ များ

အခန်း(၁၄) ခရစ်ယာန်သမ္မာကျမ်းတော်လာ လော

ကပျက်စီးကြောင်း တရားတော်စတဲ့ အခန်း (၁၄) ခန်း

ပါဝင်ပြီး အခန်းခေါင်းစဉ်တွေ ဖတ်ကြည့်လိုက်တာနဲ့ ဘယ်

လိုအယူအဆ ရှုထောင့်တွေကနေ ရေးသားထားလဲ ဆိုတာ

ထင်ရှားနေပါတယ်

တစ်နေရာစာမျက်နှာ (၆၂) မှာ ရေးထားတဲ့အချက်

တစ်ခုက ”ထိုဘုရားက လူတွေထက် ဘယ်လိုမျိုးသာသလဲ

ဆိုတာကတော့ ခရစ်ယာန်ဘုရားလောက် လူသတ်နိုင်

သောသူ လောကမှာ မရှိသေးပါဘူး၊ လိမ်ညာပြောဆိုခြင်း၊

မူးယစ်သောက်စားခြင်းနှင့် ငါးပါးအာရုံကာမဂုဏ်

ခံစားခြင်းများအပြင် ဘုရားမတန်ဘဲ တိုက်ယူသိမ်းယူတာ

နှင့် လုယူခိုင်းတဲ့ အကျင့်တွေလည်း စကြဝဠာတစ်ခုလုံးတွင်

”ထိုခရစ်ယာန်နှင့် မွတ်စလင်တို့ အတူကိုးကွယ်ကြသော

ဘုရားလောက် ဆိုးသွမ်းမိုက်မဲမှုပြုသူများ ဤလောကတွင်

မရှိနိုင်တော့ဘူးဆိုတာ ပြောဆိုရေးသားပြီးလို့ အပြီးမှာ

တော့” လို့ရေးသားရင်း စာရေးသူရဲ့ အာဘော်ကို ယခုလို

ရေးသားထားခဲ့ပါတယ်။

”ခရစ်ယာန်ဘာသာကို လေ့လာနေသော လူငယ်

များ၊ ပညာရှင်များ၏ အကျိုးကို ရည်ရွယ်၍ မိမိနားလည်

သမျှ အားလုံးကို တင်ပြပါသည်၊ အမုန်းပွားစော်ကားနေခြင်း

မဟုတ်ဘဲ ဒီလိုမြင် ဒီလိုတွေး ဒါမျိုးရော မမှန်နိုင်ဘူးလား

ဆိုသော လစ်ဘရယ်အတွေး၊ ပွင့်လင်းသော အမြင်တို့

တင်ပြခြင်းအား စော်ကားသည်ဟု မှတ်ရှုခံစားသူသာ

အပြစ်တော်ရှိနေခြင်းသာ ဖြစ်ပေမည်” တဲ့ခင်ဗျား။

ဒီလိုသာ ”လစ်ဘရယ်” ကျကျ တွေးမြင်ခြင်းဖြင့်

”လွတ်လပ်စွာစော်ကားခွင့်” ကို ဒီနိုင်ငံမှာ အထူးပြုဝိသေသ

နဲ့ ပြည့်စုံတဲ့ ဗုဒ္ဓဘာသာအပေါ်မှာသာ ဝေဖန်တဲ့ စာအုပ်

မျိုးထွက်လာခဲ့ရင် ပြန်ကြားရေးဝန်ကြီးဌာနရဲ့ စာပေဗိမာန်

စာအုပ်ဆိုင်မျိုးမှာ တင်ရောင်းမှာလားဆိုတဲ့ မေးခွန်းမျိုး

ထုတ်ရပါလိမ့်မယ်၊ လစ်ဘရယ်နဲ့ စော်ကားခွင့်က ကွာခြား

ပါတယ်၊ ဒါပေမယ့် သေချာတာတစ်ခုကတော့ လူနည်းစု

တွေ ကိုးကွယ်တဲ့ ဘာသာတရားတွေကို အမုန်းတွေနဲ့ စော်

ကားနေကြတာဟာ ဒီနိုင်ငံမှာ အတော့်ကို အရိုးစွဲနေပါပြီ၊

လူများစုတွေ ကိုးကွယ်တာကို ဒီလိုစော်ကားတာမျိုးသာ

လုပ်ခဲ့မယ်ဆိုရင်” ပဋိပက္ခတွေ အကြမ်းဖက်မှုတွေက

တစ်ဆင့် အဓိကရုဏ်းတွေ ဖြစ်ပေါ်လာပြီး၊ လူနည်းစုတွေ

နှိပ်ကွပ်ခံရမယ်ဆိုတာ ဒီနိုင်ငံရဲ့ သမိုင်းမျက်နှာစာမှာ

ဖျောက်ဖျက်လို့မရတဲ့ ခါးသီးမှုတွေပါ၊

နိဂုံးချုပ်အနေနဲ့ စာရေးသူတစ်ဦးရဲ့ အတွေးအမြင်၊

စိတ်ခံစားချက်၊ တင်ပြရေးသားမှုတွေဟာ ပိတ်ပင်တားဆီး

လို့မရတဲ့ အရာတွေပါ။ ဒါပေမယ့် နိုင်ငံတော်မှာ

တာဝန်ရှိတဲ့ ပြန်ကြားရေးဝန်ကြီးဌာနဆိုတာ ပြည်သူတွေ

နိုင်ငံသားတွေ အထူးသဖြင့် ကိုးကွယ်မှုအစုံအလင်ရှိတဲ့

တိုင်းရင်းသားတွေ အားလုံးအတွက် ကောင်းမွန်တဲ့

အသိပညာကို မျှဝေပေးတဲ့ ယန္တရားကြီးတစ်ခုပါ။ လက်ရှိ

ဝန်ကြီး ”ဦးဖေမြင့်” ဆိုရင် အထင်ကရ စာရေးဆရာကြီး

တစ်ဦးပါ။ ကျွန်တော်တို့ရဲ့ စာပှေုခသည ကြီးတစ်ဦးပါ။

ဒီလိုပုဂ္ဂိုလ်မျိုး တာဝန်ခံတဲ့ ဝန်ကြီးဌာနတစ်ခုမှာ ဒီလို

”လွတ်လပ်စွာစော်ကားခွင့်ပြုတဲ့ စာပေ” မျိုးတွေ မဖြန့်

ချိသင့်သလို မပြန့်ပွားစေသင့်ပါ၊ ခရစ် ယာန်ကို ဖိနှိပ်ရေးလို့

ခရစ်ယာန်တွေ ဘယ်သူကမှ ပျော်ရွှင် ဝမ်းမြောက်နေမှာ

မဟုတ်သလို၊ ခရစ်ယာန်မဟုတ်တဲ့ တခြား ဘာသာဝင်

တွေလည်း စိတ်မကောင်းဖြစ်ကြရမှာပါ၊ အထူးသဖြင့်

လူမျိုးဘာသာခွဲခြားမှုတွေကို ဒီမိုကရေစီနိုင်ငံတော် ကနေ

ပပျောက်စေချင်တာပါ၊ ထုတ်/တင် စနစ်ဖြစ်ပေမယ့်

စိစစ်ရာဌာနမှာ ချက်ချင်းစိစစ်ပြီး အမုန်းတရားတွေ၊

လွတ်လပ်စွာစော်ကားမှုတွေ၊ မတရားစွပ်စွဲမှုတွေ၊ ပုဂ္ဂလ

ဓိဌာန်စွပ်စွဲမှုတွေ စသည်ဖြင့် စာပေအင်္ဂါရပ်နဲ့ မညီတဲ့

စာအုပ်မှန်သမျှ မြန်မာပြည်မှာ ထုတ်ဝေဖြန့်ချိခွင့်တွေကို

ပိတ်ပင်သင့်ပါတယ်။ ထိုနည်းတူစွာပဲ တရားမဝင် ထုတ်ဝေ

ဖြန့်ချိနေတဲ့ စာအုပ်မျိုးတွေကိုလည်း ဈေးကွက်ထဲမှာ

ရှာဖွေပြီး စိစစ်ပြီးနောက် လိုအပ်သလို အရေးယူတဲ့

အာဏာပါဝါမျိုးရှိသင့်တဲ့ ဝန်ကြီးဌာနတစ်ခုအဖြစ်

အကောင်အထည်ဖော်ဆောင်ရွက်သင့်ပါကြောင်း တိုက်

တွန်းလိုက်ရပါတယ်ခင်ဗျား။

မှတ်ချက်။ ။ ဤဆောင်းပါးတွင် ရေးသားဖော်ပြချက်

များသည် စာရေးသူ၏ အာဘော်အချက်အလက်များသာ

ဖြစ်ပြီး၊ Friday Times နှင့် မသက်ဆိုင်ပါကြောင်း စာဖတ်

ပရိသတ်များအား အသိပေးအပ်ပါသည်။

Friday. မှCopy

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s