သာကေတ အာရဗီစာသင်ကျောင်း ၂ ကျောင်း ပြန်ဖွင့်ပေးဖို့ HRW တိုက်တွန်း

Sayad Arafat KhanFollow

သာကေတ အာရဗီစာသင်ကျောင်း ၂ ကျောင်း ပြန်ဖွင့်ပေးဖို့ HRW တိုက်တွန်း

=====================================

မြန်မာအစိုးရအနေနဲ့ မကြာသေးခင်က ပိတ်ပင်လိုက်တဲ့ အစ္စလာမ် အာရဗီစာသင်ကျောင်း ၂ ကျောင်းကို အမြန်ဆုံး ပြန်ဖွင့်ပေးသင့်ကြောင်းနဲ့၊ မြန်မာနိုင်ငံမှာ ဘာသာပေါင်းစုံအတွက် ဘာသာရေး လွတ်လပ်ခွင့်ရှိတာကို လူသိထင်ရှား ပြောဆိုကာကွယ် စောင့်ရှောက်ပေးသင့်တယ်လို့ အမေရိကန် ပြည်ထောင်စုအခြေစိုက် HRW လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး အဖွဲ့ကြီးက တိုက်တွန်းလိုက်ပါတယ်။

ဒီနေ့နေ့စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ HRW အဖွဲ့ရဲ့ ကြေညာချက်မှာ… ပြီးခဲ့တဲ့ဧပြီလကုန်ပိုင်းက ဖြစ်ပျက်ခဲ့တဲ့ ဘာသာရေးစာသင်ကျောင်း ပိတ်ပင်မှုဟာ ဘာသာရေးအမည်ခံ အမျိုးသားရေး အစွန်းရောက်သူတွေရဲ့ ဖိအားပေးမှုကြောင့် အာဏာပိုင် တွေက ပိတ်ပင်ခဲ့တာလို့ ရေးသားထားပါတယ်။

HRW ရဲ့ အာရှရေးရာ လက်ထောက်ညွန်ကြားရေးမှူး Phil Robertson က… အစိုးရအနေနဲ့ ဒီလုပ်ရပ်ကို ချက်ချင်းပြန်သုံးသပ်ပြီး ပိတ်ပင်တာတွေ ပြန်ဖွင့်ဖို့၊ လူနည်းစုတွေရဲ့ ဘာသာရေးလွတ်လပ်ခွင့်ကို အကာအကွယ်ပေးဖို့အပြင်၊ ဘာသာရေးအမည်ခံပြီး ဥပဒေ ချိုးဖောက်နေတဲ့ အစွန်းရောက် မျိုးချစ်တွေကိုလည်း အရေးယူသင့်ကြောင်း တိုက်တွန်းလိုက်ပါတယ်။

RFA

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s