ရခိုင်ပြည်နယ်အရေးမှတ်တမ်းရုပ်ရှင် မြန်မာ့လူ့အခွင့်အရေးရုပ်ရှင်ပွဲတော်မှာပြသခွင့်တားဆီးခံရ

Myanmar Muslim Media

ရခိုင်ပြည်နယ်အရေးမှတ်တမ်းရုပ်ရှင် မြန်မာ့လူ့အခွင့်အရေးရုပ်ရှင်ပွဲတော်မှာပြသခွင့်တားဆီးခံရ

ဇွန် ၈၊ ၂၀၁၇ Myanmar Muslim Media

ရခိုင်ပြည်နယ်ကဗုဒ္ဓဘာသာနဲ့ ရိုဟင်ဂျာမွတ်စလင်ကြားဘာသာရေးတင်းမာမှုအကြောင်း ရိုက်ကူးထားတဲ့မှတ်တမ်းဗီဒီယိုကို မြန်မာဆင်ဆာအဖွဲ့က တားမြစ်ပိတ်ပင်ခဲ့တယ်လို့ ရုပ်ရှင်ပွဲတော်စီစဉ်ဆောင်ရွက်သူက ကြာသပတေးနေ့မှာပြောကြားခဲ့ပါတယ်။ မြန်မာအရပ်သားအစိုးရသစ်ကို ဒုက္ခပင်လယ်ဝေစေတဲ့ ထိလွယ်ရှလွယ်တဲ့အရေးအခင်းကို ရည်ညွှန်းပြောကြားခဲ့ပါတယ်။

Image may contain: 5 people

ရခိုင်ပြည်နယ်ရဲ့မြို့တော်နာမည်ဖြစ်တဲ့ “စစ်တွေ”လို့ ခေါင်းစဉ်ပေးထားတဲ့၁၈မိနစ်စာမှတ်တမ်းဗီဒီယိုဖြစ်ပါတယ်။ နိုင်ငံမဲ့ရိုဟင်ဂျာအများစုပါဝင်တဲ့ လူပေါင်း၁သိန်းကျော်နေရာရွှေ့ပြောင်းခံခဲ့ရတဲ့ ၂၀၁၂ခုနှစ်ကဒေသတွင်းဆူပူအုံကြွမှုကြောင့် ဗုဒ္ဓဘာသာနဲ့မွတ်စလင်ဆယ်ကျော်သက်တွေအပေါ်သက်ရောက်မှုတွေရှိခဲ့ပါတယ်။

၂၀၁၆ခုနှစ်အောက်တိုဘာမှာ ဆူပူအုံကြွမှုတစ်ခုကိုနှိမ်နင်းဖို့စစ်တပ်ကရိုဟင်ဂျာတွေအပေါ်ဖိနှိပ်တဲ့အချိန် ရခိုင်ပြည်နယ်မြောက်ပိုင်းဟာ အကြမ်းဖက်မှုဒုစရိုက်နယ်မြေတစ်ခုဖြစ်လာခဲ့ပါတယ်။ “ရုပ်ရှင်ကိုလူထုကြားမပြသဖို့ပြောကြတယ် အကြောင်းက ယဉ်ကျေးမှုနဲ့ဘာသာရေးကိစ္စတွေကြောင့်”လို့ လူ့အခွင့်အရေးဂုဏ်သိက္ခာရုပ်ရှင်ပွဲတော်မှာဦးဆောင်တာဝန်ခံ ကို မင်းထင်ကိုကိုကြီးက အေအက်ဖ်ပီသတင်းဌာနကိုပြောကြားခဲ့ပါတယ်။

“ဒါပေမယ့် ရုပ်ရှင်ကိုကြည့်ခဲ့ပြီးပြီ ဒါပေမယ့်ဘာသာရေးတွေကြားအရေးအခင်းတွေဖြစ်ပေါ်လာစေနိုင်တဲ့ အကြောင်းတရားတွေဖြစ်နိုင်တာမျိုးမတွေ့ဘူး”လို့ သူကထပ်ဖြည့်ပြောကြားခဲ့ပါတယ်။
မြန်မာအရပ်သားခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံသားအဖြစ်ငြင်းပယ်ခံထားရတဲ့ရိုဟင်ဂျာတွေအတွက် အဖြေရှာဖို့နဲ့ စစ်တပ်ရဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးဖို့နိုင်ငံတကာဖိအားနဲ့ရင်ဆိုင်နေရပါတယ်။

ဒါပေမယ့် စစ်ဆင်ရေးကာလအတွင်း စစ်သားတွေကရိုဟင်ဂျာတွေကို အဓ္ဓမပြုကျင့်တာ နှိပ်စက်တာ သတ်ဖြတ်တယ်ဆိုတဲ့စွပ်စွဲချက်တွေကို ကုလစုံစမ်းစစ်ဆေးဖို့ကိုသူမကငြင်းပယ်ထားခဲ့သလို အကြောင်းအရာကိုလူသိရှင်ကြားဆွေးနွေးခြင်းကနေ အကာအကွယ်ယူထားပါတယ်။ ၂၀၁၃ခုနှစ်မှာတည်ထောင်ခဲ့တဲ့ ရုပ်ရှင်ပွဲတော်ဟာ စစ်အစိုးရရဲ့ဆယ်စုနှစ်ပေါင်းများစွာအုပ်ချုပ်မှုပြီးနောက် ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ ဇွန်၁၄ရက်နေ့မှာ ပြသမှာလည်းဖြစ်ပါတယ်။

မြန်မာနိုင်ငံသတင်းအချက်အလက်ဝန်ကြီးဌာနက အဖွဲ့ဝင်၁၅ယောက်ပါဝင်တဲ့ဘုတ်အဖွဲ့ကထုတ်ပြန်ခဲ့တာဖြစ်ပြီး ဒေါ်စုလက်အောက်မှာ အနုပညာလွတ်လပ်ခွင့်ခေတ်သစ်ပေါ်ပေါက်ဖို့မျှော်လင့်ထားတဲ့ ရုပ်ရှင်အဖွဲ့အစည်းအတွက် စိတ်ပျက်စရာဖြစ်ခဲ့ပါတယ်။ သူမအစိုးရလက်ထက်မှာလည်း လွတ်လပ်စွာပြောဆိုခွင့်တွေဟာလည်း အကန့်အသတ်ရှိသလို စစ်တပ်ကဗျူရိုကရေစီအတော်များများကို ထိန်းချုပ်ထားဆဲဖြစ်ပါတယ်။

ရိုဟင်ဂျာတွေဟာ ဗုဒ္ဓ၀ါဒီအမျိုးသားရေးသမားတွေရဲ့ပုတ်ခတ်ဝေဖန်မှုကိုခံနေရပြီး ထိလွယ်ရှလွယ်အရေးတစ်ခုလို ဖြစ်နေဆဲဖြစ်ပါတယ်။ “ရခိုင်ပြည်နယ်အရေးဟာ အထိအခိုက်မခံနိုင်တဲ့ထိလွယ်ရှလွယ်အရေးဆိုတာ နားလည်ပါတယ်” လို့ပိတ်ပင်ခံရတဲ့မှတ်တမ်းဗီဒီယိုရဲ့အမေရိကန်ဒါရိုက်တာ ဂျေနီဟောအ်စီက ပြောကြားခဲ့ပါတယ်။

“ဒါပေမယ့်တကယ်တော့ငြိမ်းချမ်းရေးတည်ဆောက်တဲ့အကြောင်းမှတ်တမ်းဗီဒီယိုပါ အပြန်အလှန်ဆွေးနွေးမှုတွေဖန်တီးဖို့ရည်ရွယ်ထားတာ” လို့သူမကအေအက်ဖ်ပီ သတင်းဌာနကိုပြောကြားခဲ့ပါတယ်။

လူ့အခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာအမည်နဲ့ မြန်မာနိုင်ငံမှာကျင်းပနေတဲ့ မှတ်တမ်းရုပ်ရှင်ပွဲတော်မှာ အကြမ်းဖက်မှုတွေဖြစ်ပွားခဲ့တဲ့ မိတ္ထီလာမြို့ က ဘာသာမတူသူနှစ်ဦးရဲ့မေတ္တာတရားအကြောင်းအခြေခံရိုက်ကူးထားတဲ့ ဒါရိုက်တာ ကြယ်ရီလင်းစစ်ရဲ့ Open Sky မှတ်တမ်းရုပ်ရှင်ကိုလည်း ၂၀၁၄ ခုနှစ်က ပြသခွင့်ပိတ်ပင်ခဲ့ဖူးပါတယ်။

Myanmar Muslim Media & AFP

ဓာတ်ပုံ၊ မြန်မာနိုင်ငံမှ ရိုဟင်ဂျာဆန့်ကျင်ရေးလှုပ်ရှားမှုပုံရိပ်

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s